ဆယ်နှစ်....
Vol. 23 Ch. 360
လင်းယွမ်က ထိုအချိန်အတွင်း ပင်မလေဟာနယ်ပုံစံများကို နားလည်ခဲ့သောကြောင့် သူ၏ အတွင်းကမ္ဘာ အခြေခံအရွယ်အစားက မိုင်ရှစ်သိန်းကျော်လွန်သွားခဲ့သည်။ ထို့နောက် ၃.၃၃ဆ တိုးလာခြင်းက သူ၏ အတွင်းကမ္ဘာကို မိုင် ၂.၇သန်းနီးပါး ကျယ်ဝန်းသွားစေခဲ့သည်။
" အခု ငါ့ရဲ့ အတွင်းကမ္ဘာနဲ့တင် သာမန် အဋ္ဌမအလွှာ အထွတ်အထိပ်တွေကို နင်းခြေနိုင်ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
သာမန်အဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက်၏ အတွင်းကမ္ဘာက မိုင်လေးသိန်းရှိလေသည်။ မိုင်လေးသိန်းနှင့် မိုင် ၂.၇သန်းက ယှဉ်စရာပင် မလိုပေ။
" ဆက်လုပ်ရမယ်။ လိမ္မော်ရောင်အရည်က ဘယ်လိုလဲ ကြည့်ရအောင်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ ရှေ့မှ ဘူးသီးခြောက်ကို ကြည့်လိုက်သည်။
ဘူးသီးခြောက်က အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာနှင့် ခရမ်းဟူ၍ အရောင်ခုနှစ်မျိုး စုစည်းပေးနိုင်သည်။ လင်းယွမ်က အနီရောင်အရည်ကို အပြည့်အဝ စုပ်ယူပြီးသွားသောကြောင့် နောက်တစ်ဆင့်မှာ လိမ္မော်ရောင်အရည်ဖြစ်၏။
လင်းယွမ်က ဘူးသီးခြောက်ကို ဆုပ်ကိုင်ပြီး အဝကို အောက်သို့ လှည့်လိုက်သည်။ သူ၏ လက်နှင့် ထိတွေ့သည်နှင့် ဘူးသီးခြောက်မှ အနီရောင်က မှေးမှိန်သွားပြီး လိမ္မော်ရောင်က အစားထိုးလာသည်။
ဘူးသီးခြောက်၏ အဝတွင် လိမ္မော်ရောင်အရည်စက်က စုစည်းလာသည်။
" အရမ်းလှတာပဲ။ " လင်းယွမ်က လိမ္မော်ရောင်အရည်စက်ကို ကြည့်ပြီး အတွင်း၌ အသေးစားစကြာဝဠာတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူက လိမ္မော်ရောင်အရည်စက်ကို မျိုချလိုက်သည်။
ဝုန်း...
လိမ္မော်ရောင်အရည်က မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ဝုန်း....
လင်းယွမ်၏ ခန္ဓာကိုယ်က ချက်ချင်း ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ခနကြာသောအခါ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်က အသက်ဝင်လာပြီး လင်းယွမ်က ပြန်ပေါ်လာသည်။
" ဒါက..." လင်းယွမ်က အနည်းငယ် မှင်သက်သွားသည်။ " မြှင့်တင်မှုက အရမ်းများလို့ ငါမခံနိုင်တာလား။ "
လင်းယွမ်က ခနစဉ်းစားပြီး ကောက်ချက်ချလိုက်သည်။ " လိမ္မော်ရောင်အရည်ရဲ့ မြှင့်တင်မှုကို ခံနိုင်ရည်ရှိဖို့ အတွင်းကမ္ဘာက အနည်းဆုံး မိုင်ငါးသန်း ရှိရမယ်ထင်တယ်။ "
လေဟာနယ်နိယာမများကို နားလည်ခြင်းဖြင့် အတွင်းကမ္ဘာကို ချဲ့ထွင်ခြင်းနှင့်မတူဘဲ ဆန်းကြယ်သော ဘူးသီးခြောက်အတွင်းမှ အရည်၏ မြှင့်တင်မှုက အချို့သော ကန့်သတ်ချက်များနှင့် အတားအဆီးများကို အတင်းအကျပ် ချိုးဖျက်ပြီး အတွင်းကမ္ဘာကို ချဲ့ထွင်ခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်က ကြီးမားသည့် မြှင့်တင်မှုကို ခံနိုင်ရည်ရှိရန် လုံလောက်သော အခြေခံအုတ်မြစ်ရှိရမည်ဖြစ်သည်။
" အတွင်းကမ္ဘာ မိုင်ငါးသန်းရောက်ဖို့က ငါ့အတွက် မခက်ခဲပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
နဂါးငွေ့တန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် ပုံရိပ်ငါးခုက ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေကြသည်။
" ဒီဂြိုလ်ရဲ့ အဆင့်နှစ်ပြင်ဆင်မှုက ငါတို့ကို အသက်ရှုကြိမ်နည်းနည်းတော့ ထိန်းထားနိုင်တယ်။ " ရှေ့ဆုံးမှ အဋ္ဌမအလွှာ တားဆီးမရသူက ပြောလိုက်သည်။
ထိုအသက်ရှူကြိမ်အနည်းငယ်က နဂါးငွေ့တန်းကြယ်သခင်အား တစ်ခုခု မှားယွင်းနေသည်ကို သတိပေးနိုင်ပြီး သူ၏ ကိုယ်ပွားကို တိုက်ရိုက် ဖောက်ခွဲပစ်နိုင်လေသည်။ ထိုသို့ဖြစ်ခဲ့လျှင် သူတို့၏ တာဝန်က ကျရှုံးမည်ဖြစ်သည်။ သူတို့က အင်းဆက်မျိုးနွယ်၏ အပြစ်ပေးခြင်းမခံရသော်လည်း ရတနာများနှင့် ဆုလာဒ်များ ရရှိတော့မည်မဟုတ်ပေ။
" အခုဘာလုပ်ကြမလဲ။ " ဒုတိယမြောက် အဋ္ဌမအလွှာ တားဆီးမရသူက မျက်မှောင်ကြုတ်သွား၏။
နဂါးငွေ့တန်းကြယ်သခင်က ဂြိုလ်အတွင်း၌ရှိနေသည်။ သူတို့ကြားတွင် မိုင်ပေါင်းများစွာ ကွာဝေးသော်လည်း အဋ္ဌမအလွှာ တားဆီးမရသူများအတွက် တစ်ကြိမ် နေရာရွေ့ပြောင်းရုံနှင့် ရောက်ရှိနိုင်ပြီး သူတို့၏ ရှေ့တွင် ရှိနေခြင်းနှင့် မခြားပေ။
သို့သော် ဂြိုလ်၏ အဆင့်နှစ်ပြင်ဆင်မှုက နေရာရွေ့ပြောင်းခြင်းကို တားဆီးနိုင်ပြီး သူတို့က အများဆုံး ဂြိုလ်အပြင်ဘက်သို့သာ ရောက်နိုင်ပေလိမ့်မည်။
" စောင့်မယ်။ နဂါးငွေ့တန်းကြယ်သခင် သူ့ဘာသာသူ ထွက်လာမယ့်အချိန်ကို စောင့်မယ်။ " ရှေ့မှ အဋ္ဌမအလွှာ တားဆီးမရသူက ပြောလိုက်သည်။ " ငါတို့မှာ အခွင့်အရေသတစ်ကြိမ်ပဲ ရှိတယ်။ နဂါးငွေ့တန်းကြယ်သခင်က သတိထားမိသွားတာနဲ့ ငါတို့ ကျရှုံးပြီပဲ။ "
၎င်းကို ကြားသောအခါ အခြားလေးယောက်ကလည်း ခေါင်းညိမ့်လိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက သူတို့တစ်ယောက်ချင်းစီထက် နိမ့်ကျသည်မှာ အမှန်ဖြစ်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က သူတို့ကို တိုက်ရိုက်ရင်ဆိုင်ရန် မလိုအပ်ဘဲ သူ၏ ကိုယ်ပွားကို ဖောက်ခွဲလိုက်သည်နှင့် သူတို့ငါးယောက်က ဘာမှတတ်နိုင်မည်မဟုတ်ပေ။
နဂါးငွေ့တန်းကြယ်သခင်က ငယ်ရွယ်သော်လည်း အရူးတစ်ယောက်မဟုတ်ပေ။ အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်က သူ၏ နောက်သို့ လိုက်လာသည်ကို သတိပြုမိသည်နှင့် သူတို့တွင် သူ၏ မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်မည့် နည်းလမ်းများရှိကြောင်း ခန့်မှန်းနိုင်ပြီး သူ၏ ကိုယ်ပွားကို ရိုးရှင်းစွာ စတေးလိုက်မည်ဖြစ်သည်။
အဋ္ဌမအလွှာ တားဆီးမရသူများကို နယ်စပ်ကြယ်နယ်မြေတွင် နေရာချထားခြင်းက အတွင်းပိုင်းတွင် နေရာချထားခြင်းထက် ကုန်ကျစရိတ် နည်းလေသည်။ နယ်စပ်ကြယ်နယ်မြေများတွင် အဋ္ဌမအလွှာ တားဆီးမရသူများက လုပ်ကြံမှုအပြီးတွင် ထိလိုက်မှုမရှိဘဲ လွတ်မြောက်နိုင်လေသည်။
သို့သော် လူသားမျိုးနွယ်ပိုင်နက်၏ အတွင်းပိုင်တွင် အဋ္ဌမအလွှာ တားဆီးမရသူမပြောနှင့် နဝမအလွှာပင် သူတို့ကိုသူတို့ ထုတ်ဖော်သည်နှင့် သေဆုံးရန် သေချာလေသည်။
ထို့အပြင် အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်ကို တာဝန်ပေးရန်မှာ အထွတ်အထိပ်မျိုးနွယ်များပင် ထိုသို့သော အရင်းအမြစ်များကို ဖြုန်းတီးမည်မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ပစ်မှတ်၏ ကိုယ်ပွားနှင့် မူလခန္ဓာကိုယ်ကို အတူတကွ သတ်ဖြတ်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။
" ဟုတ်တယ် ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲရှိတယ်။ အဲ့ဒါကို အမိအရ ဖမ်းဆုပ်ရမယ်။ " သူတို့ငါးယောက်က အချင်းချင်း ကြည့်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
နဂါးငွေ့တန်းကြယ်သခင်က အပြင်တွင် လုပ်ကြံရန် စောင့်ဆိုင်းနေသည်ကို မသိသရွေ့ အချိန်ကျလျှင် ထွက်လာပေလိမ့်မည်။ ထိုအခါ သူတို့၏ အခွင့်အရေး ရောက်လာပေလိမ့်မည်။ သူတို့ စိတ်ရှည်စွာ စောင့်ဆိုင်းရသည့်အကြောင်းရင်းမှာ တာဝန်သာ ပြီးမြောက်သွားလျှင် အင်းဆက်မျိုးနွယ်မှ ပေးသည့် ဆုလာဒ်များက သူကတို့ကို နောက်တစ်ဆင့်သို့ တက်လှမ်းစေနိုင်မည်ဖြစ်သည်။
ထိုသို့ဖြင့် အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်က နဂါးငွေ့တန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် ဆယ်နှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ကြသည်။
နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်။ လေဟာနယ်၏ နက်ရှိုင်းသော နေရာ၌ မျိုးနွယ်ခြားငါးယောက်က စုစည်းနေကြသည်။ အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်သကဲ့သို့ သူတို့က အခြေခံအားဖြင့် လေဟာနယ်ပုံစံ ငါးထောင်မှ ခြောက်ထောင်အထိ နားလည်ထားကြပြီဖြစ်သည်။ သူတို့က လေဟာနယ်ထဲသို့ အလွယ်တကူ ပေါင်းစည်းနိုင်ကြသည်။
မူလကမ္ဘာ၏ လေဟာနယ်က ကျယ်ပြောလှပြီး နယ်နိမိတ်မရှိဘဲ အလွှာများစွာ မရေတွက်နိုင်ပေ။ မရေတွက်နိုင်သော လျို့ဝှက်နယ်မြေများက အချို့သော အလွှာများအတွင်း ရှိနေကြပြီး နှစ်ပေါင်းများစွာတိုင်အောင် ရှာတွေ့ခြင်းမရှိကြပေ။
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဘာလုပ်နေတာလဲ။ ဆယ်နှစ်လုံးလုံး ထွက်မလာဘူးလား။ " မျိုးနွယ်ခြားငါးယောက်က အံ့ဩနေကြသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ တံခါးပိတ်ကျင့်ကြံနေခြင်းက ထူးဆန်းသည့်ကိစ္စမဟုတ်သော်လည်း နဂါးငွေ့တန်းကြယ်သခင်က နဂါးငွေ့တန်းကြယ်နယ်မြေကို အုပ်ချုပ်ထားသည်မှာ မကြာသေးပေ။ ယေဘုယျအားဖြင့် သူက ထိုကြယ်နယ်မြေအတွင်း မကြာခဏ သွားလာရန် လိုအပ်လေသည်။
ကြယ်သခင်တစ်ယောက်က ပင်မကြယ်တွင် ပုန်းအောင်နေပြီး မျက်နှာထွက်မပြခြင်းက မည်သည့်နေရာတွင် ဖြစ်ပျက်ဖူးသနည်း။ ကြယ်သခင်တစ်ယောက်အနေဖြင့် ကိစ္စအားလုံး ကိုယ်တိုင်မလုပ်ဆောင်ရလျှင်တောင် မျက်နှာလေးတော့ ပြသင့်ပေသည်။
" မတတ်နိုင်ဘူး။ ငါတို့ စောင့်ရုံပဲရှိတယ်။ ဆယ်နှစ်နဲ့ မရရင် နှစ်ငါးဆယ်၊ နှစ်ငါးဆယ်နဲ့မရင် နှစ်ငါးရာပဲ။ "
ဦးဆောင်နေသော အဋ္ဌမအလွှာ တားဆီးမရသူက အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်အမည်ရှိသူဖြစ်သည်။ အမှောင်အကြေးခွံမျိုးနွယ်က အင်းဆက်မျိုးနွယ်မဟာမိတ်၏ အဖွဲ့ဝင်ဖြစ်ပြီး အခြားလေးယောက်ကလည်း အင်းဆက်မျိုးနွယ်၏ အဓိကမျိုးနွယ်စုများမှ လာခြင်းဖြစ်သည်။
အင်းဆက်မျိုးနွယ်တွင် အဋ္ဌမအလွှာ တားဆီးမရသူများဟူ၍ ခြွင်းချက်မရှိပေ။ အင်းဆက်မျိုးနွယ်အသိုက်တစ်ခုက မရေတွက်နိုင်သော အဋ္ဌမအလွှာ အင်းဆက်စစ်သည်များကို မွေးထုတ်ပေးနိုင်ပြီး တားဆီးမရသူများပင် သတိထားရပေလိမ့်မည်။
အင်းဆက်မျိုးနွယ်အသိုက်က အင်းဆက်စစ်သည် အဆင့်အမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်စည်။ အဋ္ဌမအလွှာ အင်းဆက်မျိုးနွယ်အသိုက်က အဋ္ဌမအလွှာ အမြင့်ဆုံး ထုတ်လုပ်ပေးနိုင်ပြီး အချိန်နှင့် အရင်းအမြစ်များ လုံလောက်လျှင် အဋ္ဌမအလွှာ အင်းဆက်စစ်သည်များကို အဆုံးမရှိ ထုတ်လုပ်နိုင်လေသည်။
ထိုစစ်သည်များက နိယာမများကို အခြေခံနားလည်မှု နိမ့်ကျနေခဲ့လျှင်တောင် အရေအတွက်က အရည်အသွေးကို ပြောင်းလဲသွားနိုင်လေသည်။ ၎င်းက အင်းဆက်မျိုးနွယ်၏ အင်းဆက်ပင်လယ်ဟုခေါ်သော နည်းလမ်းပင်ဖြစ်သည်။
" မှန်တယ်။ ငါတို့က နှစ်ထောင်ပေါင်းများစွာ စောင့်ရရင်တောင် ဘာဖြစ်လဲ။ " တတိယမြောက် မျိုးနွယ်ခြားက ပြောလိုက်သည်။ သူတို့က နဝမအလွှာသို့ တက်လှမ်းချင်ကြသော်လည်း နိယာမပေါင်းစည်းခြင်းက တံခါးပိတ်ကျင့်ကြံရုံနှင့် အသုံးမဝင်ပေ။
ပေါင်းစည်းနိယာမများကို နားလည်ရန် အခြေခံအထောက်အပံ့များကို လိုအပ်ရုံသာမက ကိုယ်တိုင်ကလည်း ဉာဏ်အလင်းပွင့်ရန် လိုအပ်လေသည်။
" နှစ်ထောင်ပေါင်းများစွာ စောင့်ရမှာလား။ " စတုတ္ထ တားဆီးမရသူက မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။
" အဲ့ဒီ နဂါးငွေ့တန်းကြယ်သခင်က ကြောက်စရာကောင်းတဲ့ အလားအလာနဲ့ အရည်အချင်းရှိပြီး အင်းဆက်မျိုးနွယ်ရဲ့ လုပ်ကြံစာရင်းထဲမှာတောင် ခုနှစ်ယောက်မြောက်အဖြစ် သတ်မှတ်ခံရတယ်။ သူက နှစ်ထောင်ချီ ကျင့်ကြံရင် နဝမအလွှာကို ရောက်နိုင်တယ်။ ဒါမှမဟုတ် အဋ္ဌမအလွှာ တားဆီးမရသူအဆင့်ကို ရောက်သွားနိုင်တယ်။ " သူက သူ၏ စိုးရိမ်မှုကို ဖော်ပြလိုက်သည်။