← Chapters

စစ်ပွဲတစ်ခုဆင်နွှဲလိုခြင်းလော... ...

Vol. 27 Ch. 378

စစ်ပွဲတစ်ခုဆင်နွှဲလိုခြင်းလော... ...

Vol. 27 Ch. 378

အာရန်သည် သူ့အပေါ် ကာဒီနယ်ရဟန်းအမတ်၏ ပြင်းထန်သော ရန်လိုမှုကို ခံစားနိုင်ခဲ့သည်။

ထိုပြင်းထန်သော ရန်လိုမှုကြားတွင် သူ့ကို ဆွဲဖြဲပစ်ရန် မစောင့်နိုင်တော့သည့်အလား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များလည်း အနည်းငယ် ပါဝင်နေလေ၏။

ဤသူသည် အာရန် ပထမဆုံး သန့်စင်မြို့တော်သို့ ရောက်ရှိလာစဉ်က မိစ္ဆာဂိုဏ်းကြီး၏ မဟာအကြီးအကဲများအား အားနည်းလွန်းသည်ဟု လှောင်ပြောင်ခဲ့သော ကာဒီနယ်ရဟန်းအမတ်ပင် ဖြစ်သည်။

ကာဒီနယ်ရဟန်းအမတ်၏ ထိုကဲ့သို့တုံ့ပြန်မှုကို တွေ့ရှိလိုက်ရသောအခါ အာရန်သည် ကာဒီနယ်ရဟန်းအမတ်တစ်ဦးအား သတ်ဖြတ်ခြင်းနှင့် ပတ်သက်သည့် ရွေးချယ်မှုတစ်ခုကို သူ တကယ်ပင် ရွေးချယ်ခဲ့သင့်သလားဟုပင် သူ့ကိုယ်သူ မေးခွန်းထုတ်မိခဲ့သည်။

မည်သို့ပင်ဆိုစေ သူတို့သည် ထိုရွေးချယ်မှုအားပြုလုပ်နိုင်ရန်သူ့အား အကြောင်းပြချက်တစ်ခု ပေးနေသကဲ့သို့ပင်တူညီနေလေ၏။

အာရန်သည် သူ၏ကျင့်ကြံခြင်းအဆင့် ၄၀ ကို မကျော်လွန်မီကပင် ကာဒီနယ်ရဟန်းအမတ်တစ်ဦးကို သူ၏စွမ်းရည်များဖြင့် နှိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။

သို့သော် ယခုမူ သူသည် ယခင်ထက် များစွာ ပိုမိုအားကောင်းလာခဲ့ပြီးဖြစ်သည်။ စတုတ္ထမြောက် အတားအဆီးနံရံကို ကျော်လွန်နိုင်ပြီးနောက် သူ၏ စွမ်းရည်များသည် တဟုတ်ထိုး တိုးတက်လာခဲ့သည်။

သို့သော် တစ်ချက်ရှိသည်မှာ ဤအနောက်တိုက်သည် သန့်စင်ဘုရားကျောင်းတော်၏ နယ်မြေပင်ဖြစ်ရာ ဤနေရာတွင် သူတို့သည် သာမန်ထက် ပိုမိုအားကောင်းလေ့ရှိကာ အခြားသူများမှာမူ ဆန့်ကျင်ဘက်ပင် ပို၍အားနည်းသွားလေ့ရှိကြသည်။

အာရန်တွင် ကောင်းချီးနယ်မြေ ၏ အကျိုးသက်ရောက်မှုများကို ပယ်ဖျက်နိုင်သော ဓားဧကရာဇ်၏ ‌အော်ရာအစွမ်းရှိနေခဲ့သော်လည်း ဤအခြေအနေတွင် ၎င်းကို အသုံးပြုခြင်းက သူ့အား ကြီးစွာသော ပြဿနာများကို ဖန်တီးပေးလိမ့်မည် ဖြစ်လေသည်။

အကယ်၍ တိုက်ခိုက်ရမည်ဆိုလျှင်လည်း ထိုသူအားလုံးကို ဖယ်ရှားနိုင်သည့်အခြေအနေမျိုးတွင်သာ ထိုအရာကို လုပ်ဆောင်လိုနေခဲ့သည်။

“မင်း...”

ကာဒီနယ်ရဟန်းအမတ်၏ မျက်နှာအမူအရာသည် ပိုမို၍ မှောင်မိုက်သွားခဲ့သည်။

သူသည် ရှေ့သို့ တစ်လှမ်းတိုးရန်ပြင်လိုက်စဥ် သူ၏ပခုံးပေါ်တွင် ရောက်ရှိလာသော လက်တစ်ဖက်ကြောင့် ရပ်တန့်သွားခဲ့ရသည်။

“ဒီက ကာဒီနယ်ရဟန်းအမတ်က ကျုပ်ရဲ့ အကိုတော်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာများလား”

အသံတစ်သံသည် သူ၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။

ကာဒီနယ်ရဟန်းအမတ်လည်း အသံကြားရာ နောက်သို့ ကြည့်လိုက်ရာ သန့်စင်ဧကရာဇ်၏ ညီတော်သည် သူ၏နောက်တွင် ရပ်လျက်ရှိနေသည်ကို တွေ့ရှိလိုက်လေသည်။

အကြောင်းတစ်ခုခုကြောင့် သူ၏ပခုံးပေါ်တွင်လည်း ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ဤ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့်ပင် သူသည် အလွယ်တကူ လွတ်မြောက်၍ မရနိုင်ကြောင်းနားလည်လိုက်၏။

သူ၏ နောက်ရှိ ထိုလူသည် အံ့သြစရာကောင်းလောက်အောင် ခွန်အားကြီးလွန်းနေခဲ့သည်။

...

ယူရီယယ်ဆိုသည့် သန့်စင်ဧကရာဇ်၏ ညီတော်သည် သန့်စင်မြို့တော်တစ်ဝန်းတွင် အတော်လေး နာမည်ကြီးခဲ့သူဖြစ်လေသည်။

ထိုညီတော်သည် ထူးခြားသည့်ကောင်းချီးခံ သန့်စင်သွေးမျိုးဆက်တစ်မျိုးဖြင့် မွေးဖွားလာခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။

သူ ဤကမ္ဘာတွင် စတင်မွေးဖွားရောက်ရှိလာသောအချိန်က ကောင်းကင်ယံတွင် ထူးဆန်းပြီး မင်္ဂလာရှိသော ဖြစ်ရပ်များစွာကို တွေ့မြင်ခဲ့ရသည်ဟုလည်းဆိုကြ၏။

ယူရီယယ်သည် ကြီးပြင်းလာသည်နှင့်အမျှ လက်ရှိ သန့်စင်ဧကရာဇ်ဖြစ်သူ ဒေမီယန်ထက်ပင် ပိုမိုအစွမ်းထက်သော စွမ်းရည်များကို ပြသနိုင်ခဲ့သည်။

သူ၏ သန့်စင်သွေးမျိုးဆက်သည် ဒေမီယန်ထက်ပင် ပိုမိုသန့်စင်သည်ဟု ယူဆကြရုံသာမက သူ၏စွမ်းရည်များမှာလည်း အလားတူပင် ထူးခြားလေသည်။

အသက် ဆယ်နှစ်အရွယ်တွင် ယူရီယယ်သည် သူ၏ ကိုယ်ခံပညာသင်ပြပေးသည့် ဆရာအားပြန်လည် အနိုင်ယူနိုင်နေပြီဖြစ်သည်။

အသက် ဆယ့်ငါးနှစ်အရွယ်တွင်မူ သူသည် လေ့ကျင့်ရေးတိုက်ပွဲတစ်ခုတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးကိုပင် အနိုင်ယူနိုင်ခဲ့လေသည်။

လူအများစုက ယူရီယယ်သည် နောက်ထပ် သန့်စင်ဧကရာဇ်တစ်ပါး ဖြစ်လာရန် ကံကြမ္မာပါလာခဲ့သူဟု ယုံကြည်ထားကြသည်။

မည်သို့ပင်ဖြစ်စေ သူသည် ညီငယ်တစ်ဦးဖြစ်သော်လည်း သူ၏အစွမ်းအစများသည် သူ၏ အစ်ကိုတော်ဖြစ်သူထက် များစွာ သာလွန်နေခဲ့၏။

ယူရီယယ်၏ ဦးဆောင်မှုအောက်တွင် တော်ဝင်မိသားစုသည် သူတို့၏ ယခင်ကကဲ့သို့ ဂုဏ်ကျက်သရေများကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။

ကံမကောင်းစွာပင် ယခင်သန့်စင်ဧကရာဇ်သည် ယူရီယယ်လေး အသက် ဆယ့်ရှစ်နှစ် မပြည့်မီမှာပင် ရုတ်တရက် ကွယ်လွန်သွားခဲ့ရသည်။

ထိုအချိန်က ယူရီယယ်သည် အရွယ်မရောက်သေးသောကြောင့် အစ်ကိုတော်ဖြစ်သူ ဒေမီယန်ကသာ နန်းတက်ခွင့်ရသွားခဲ့လေသည်။

ယခင်သန့်စင်ဧကရာဇ်သည် မည်သည့်ဖြစ်ရပ်ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ကို မည်သူမျှ မသိခဲ့ရပေ။

ထိုစဥ်အချိန်က သန့်စင်ဘုရားကျောင်းမှာ ထိုကိစ္စတွင် နောက်ကွယ်မှအဓိက ပါဝင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟူသော ကောလာဟလအချို့ပင် ထွက်ရှိခဲ့သေးသည်။

ဘုရားကျောင်းသည် ယူရီယယ် နန်းတက်ခြင်းကို မလိုလားသောကြောင့် ယခင်သန့်စင်ဧကရာဇ်ကို လုပ်ကြံခဲ့ကြခြင်းပြီး သူတို့ ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်သည့် ဒေမီယန်ကိုသာ အစားနန်းတက်စေခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုခဲ့ကြလေသည်။

ထိုကောလာဟလများသည် ထိုအချိန်က သန့်စင်ဘုရားကျောင်း၏ နာမည်ဂုဏ်သတင်းကို အတော်လေးထိခိုက်စေခဲ့သည်။

ထိုကောလာဟလများကြောင့် သန့်စင်ဘုရားကျောင်းသည် ထိုအချိန်က အတော်လေး အားနည်းသွားခဲ့သေးသည်။

ကံမကောင်းစွာပင် ကောလာဟလများသည် ကြာရှည်မခံခဲ့ပေ။

ထိုကောလာဟလများ ဖြန့်ဝေခဲ့ကြသည့် လူအများစုသည် ရုပ်တရက်

အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့ကြသောကြောင့် ဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ သန့်စင်ဘုရားကျောင်းသည် ၎င်းတို့၏ ယခင် သြဇာလွှမ်းမိုးသောကာလများဆီသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည်။

ယခုအခါ ထိုကောလာဟလများကိုပင် မည်သူကမျှ သတိမရကြတော့ပေ။

တစ်စုံတစ်ဦးက ထိုကောလာဟလများကို တစ်နေရာရာမှ ကြားခဲ့လျှင်ပင် ၎င်းတို့သည် လုပ်ကြံလိမ်ညာမှုများဟုသာ ယူဆကြတော့သည်။

ယူရီယယ်က သူ၏အကိုတော်သည် သူတို့ဖခင်၏ သေဆုံးမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သိထားသော်လည်း သူသည် တော်ဝင်အာဏာကို သန့်စင်ဘုရားကျောင်းတော်က ဒေမီယန်မှတစ်ဆင့် အလွဲသုံးစားလုပ်နေသည်ကို ဒီအတိုင်း ဆက်လက်၍ လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။

သူ၏ အကိုတော်ဖြစ်သူ ဒေမီယန်သည် သိသာစွာပင် ဘုရားကျောင်း၏ နယ်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ရသည်။

ထိုအရာများအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ သူ၏အကိုတော်ကို ပြန်လည် လုပ်ကြံ၍ ထီးနန်းကို သိမ်းပိုက်ရယူရန်သာ ဖြစ်သော်လည်း ယူရီယယ်သည် သူ၏ အကိုတော်အပေါ် ထိုသို့ မရက်စက်ရက်ခဲ့ပေ။

ယူရီယယ်သည် အကိုတော်၏ ဘုရားကျောင်းအပေါ် ကြောက်ရွံ့လွန်းမှုများအား မနှစ်သက်သော်လည်း ၎င်းတို့သည် တစ်အူတုံဆင်း ညီအကိုများပင်ဖြစ်သည် မဟုတ်ပါလော...။

သူ၏ အကိုတော်သည် သူငယ်စဥ်က သူ့အပေါ်အလွန်ကျင်နာစွာ ဆက်ဆံပေးခဲ့သူလည်း ဖြစ်လေ၏။

ယူရီယယ်သည် ဒေမီယန်အား သန့်စင်ဘုရားကျောင်းနှင့် လက်တွဲလုပ်ဆောင်နေသည့် အဖြစ်များကို ဆက်လက်ကြည့်မနေနိုင်တော့သော်လည်း အကိုတော်ဖြစ်သူအား တားဆီး၍ မရနိုင်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် တော်ဝင်နန်းတော်မှ ထွက်ခွာသွားခဲ့၍ သီးခြားစီ နေထိုင်ခဲ့ကာ အထူးပွဲတော်များရှိသည့် အခါသမယများတွင်သာ သူ၏အကိုတော်အား လာရောက် တွေ့ဆုံလေ့ရှိတော့သည်။

အချိန်များစွာကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူ၏အကိုတော်မှာ ဤကဲ့သို့ သန့်စင်ဘုရားကျောင်းအား ရဲဝံ့စွာ ရင်ဆိုင်နေသည့် မြင်ကွင်းမျိုးကို မြင်လိုက်ရသောအခါ အကိုတော်အတွက် ပထမဆုံးအကြိမ်အနေဖြင့် ဂုဏ်ယူမိခဲ့လေသည်။

ယူရီယယ်သည် ယခုသူ၏ရှေ့ရှိ အကိုတော်ဆီမှ သူတို့ဖခင်၏ အငွေ့အသက်အချို့ကိုပင် ပြန်မြင်နေရသည်ဟု ခံစားမိလိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အချိန်ကြာမြင့်စွာကည်းက အနယ်ထိုင်အေးစက်သွားခဲ့သော သွေးများသည် ယခုတစ်ခါ တစ်ဖန်ပြန်လည် ပွက်ပွက်ဆူလာသည် ဟုပင် ခံစားလိုက်ရသည်။

“မင်း...”

ကာဒီနယ်ရဟန်းအမတ်သည် ယူရီယယ်က သူ့ကို တားဆီးရန် ကြိုးစားနေခြင်းကြောင့် ပိုမိုဒေါသထွက်လာမိသည်။

ဤညီအစ်ကိုများသည် သန့်စင်ဘုရားကျောင်းကိုပင် မည်သို့ သဘောထားလာကြသနည်း။

သူတို့သည် သူတို့၏ နေရာကိုပင် မေ့နေကြပြီလား။

သူတို့တွင် တော်ဝင်သွေးမျိုးဆက် ရှိနေသောကြောင့် သူတို့ကိုယ်သူတို့ အမှန်တကယ် ထူးခြားသူများဟု ထင်နေကြခြင်းလော...။

“တော်ပြီ။”

ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် မနေသာတော့သဖြင့် ကြားဝင်စွက်ဖက်လိုက်ရပြီး အလွန်အကျွံ လုပ်ဆောင်တော့မည့် ကာဒီနယ်ရဟန်းအမတ်အား တားဆီးလိုက်လေသည်။

“ကျုပ်တို့တွေ ဒီကို ပွဲတက်ဖို့ ရောက်နေကြတာ၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး”

“မင်းသား ယူရီယယ်၊ သင်လည်း ဒီလိုပွဲမျိုးမှာ စိတ်အေးအေးထားသင့်ပါတယ်” ထရီနီယယ်သည် ယူရီယယ်ဘက်သို့ လှည့်လိုက်ပြီး အခြေအနေများကို ထိန်းချုပ်လိုက်သည်။

“ဒါက နားလည်မှုလွဲသွားတာလို့ ကျုပ်တော့ ယူဆမိပါတယ်။ အရှင်မင်းကြီးအပေါ် ကျုပ်တို့တွေက ရန်လိုစိတ်ထားစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော်တို့က ဒီအင်ပါယာကို ကာကွယ်စောင့်ရှောက်ကြသူတွေပါ၊ ရန်သူတွေ မဟုတ်ပါဘူး”

‘ဟမ့်... အမြဲတမ်း ပရိယာယ်များလွန်းတဲ့လူ’

ယူရီယယ်သည် ကာဒီနယ်ရဟန်းအမတ်ပေါ်မှ သူ၏လက်များကို ဖယ်ရှားရင်းတွေးလိုက်မိသည်။

ထို့နောက် ယူရီယယ်သည် ရှေ့သို့ တိုးလာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏ အကိုတော်ဘေးတွင် ရပ်နေလိုက်သည်။

ခန်းမထဲရှိ အစောင့်များသည် ဤကဲ့သို့ ညီအစ်ကိုနှစ်ဦး အတူတကွ ယှဥ်၍ ရပ်နေသည်အား နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်ကိုပင် မမှတ်မိတော့ပေ။

၎င်းသည် တကယ်ကို မမျှော်လင့်ထားသော ပြန်လည်ပေါင်းစည်းမှုတစ်ခုဟုပင် တွေးမိလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ စိတ်ဝင်စားစရာကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်နေလေသည်။

တော်ဝင်မိသားစုသည် သူတို့၏ ခွန်အားကို ပြန်လည် စုစည်းနေဟန်ရသည်။

အစောင့်များသည် ယခုအခါ ပြန်တွေးကြည့်သောအခါ သန့်စင်ဧကရာဇ်၏ အစောပိုင်း လုပ်ရပ်များမှာ ဤအကြောင်းကြောင့်ပေလားဟု သံသယစဝင်မိလိုက်ကြ၏။

တော်ဝင်စစ်တပ်တွင် သူ သတ်ခဲ့သောသူများ... ၎င်းတို့အားလုံးသည် နစ်ခရိုမန်ဆာမျှော်စင်၏ အမှန်တကယ် သစ္စာဖောက်များလား။

ထိုအရာက အဲဒါက နည်းနည်း ချဲ့ကားလွန်းနေပုံရသည်။

ဧည့်သည်တော်အချို့သည် သန့်စင်ဧကရာဇ်၏ ရည်ရွယ်ချက်များကို နားလည်နှင့်ပြီး ဖြစ်လေသည်။

သန့်စင်ဧကရာဇ် သတ်ခဲ့သောသူများသည် သူ့အပေါ် သစ္စာဖောက်သွားကြသူများ ဖြစ်သည်ဟုယူဆနိုင်သော်လည်း ၎င်းတို့သည် နစ်ခရိုမန်ဆာမျှော်စင်နှင့် ပူးပေါင်းခဲ့သော သစ္စာဖောက်များတော့ မဟုတ်ခဲ့ပေ။

အာရန် တိုက်ရိုက် မပြောခဲ့သော်လည်း ခန်းမထဲရှိ လူတိုင်းနီးပါးသည် ထိုအရာကို နားလည်လိုက်ကြသည်။

၎င်းတို့သည် သန့်စင်ဘုရားကျောင်းဘက်က လူများဖြစ်ကြောင်း ထင်ရှားလာခဲ့ပြီး ထို့ကြောင့် ဘုရားကျောင်းသည် အလွန်ဒေါသထွက်နေပုံရခြင်းဖြစ်လေသည်။

သန့်စင်ဧကရာဇ်သည် သန့်စင်ဘုရားကျောင်းအား စစ်ကြေငြာချင်နေတာလား။

ထိုသို့ဆိုပါက ထိုအရာသည် အလွန် မိုက်မဲလွန်းသောအရာသာ ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သန့်စင်ပရောဟိတ်မသည် အနောက်ဘက်တိုင်၏ အရှင်သခင်တစ်ဦး ဖြစ်နေသောကြောင့်ပင်တည်း။

တိုက်ကြီးတစ်ခုလုံးပေါင်း၍ ဆန့်ကျင်ခဲ့လျှင်ပင် သူမကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

သန့်စင်ဧကရာဇ်ကို မည်သည့်အရာက ထိုမျှ ယုံကြည်မှုများ ပေးနေသနည်းဟု ၎င်းတို့ စတင်တွေးတောမိလာကြသည်။

ဤအချိန်တွင် ဧည့်သည်တော်များစွာသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများကို တိတ်တဆိတ်လှမ်း၍ ကြည့်မိလိုက်ကြသည်။

#Catfoot

All Chapters