ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ....
Vol. 27 Ch. 379
အရှင်သခင် တစ်ဦးကို ရပ်တန့်နိုင်သူမှာ အခြား အရှင်သခင် တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
ဤဧည့်ခံပွဲတွင် ရှိနေသော လူအားလုံးထဲတွင် အရှေ့တိုက်မှလာရောက်သော သံတမန်များသာ အရှေ့တိုက်မှ အရှင်သခင် ကို ကိုယ်စားပြုနေခဲ့ခြင်း ဖြစ်လေသည်။
ဧည့်သည်များမှာ သန့်စင်ဧကရာဇ်သည် အရှေ့တိုက်မှ အရှင်သခင် ၏ ထောက်ခံမှု ကိုပင် ရရှိထားခြင်းများလားဟု တွေးတောမိလိုက်ကြသည်။
သန့်စင်ဧကရာဇ်သည် သန့်စင်ပရောဟိတ်မထက် အရှေ့တိုက်မှ အရှင်သခင် ဘက်တွင် ရှိနေခဲ့မည်ဆိုပါက သူသည် သစ္စာဖောက်တစ်ဦးဖြစ်သွားပြီ မဟုတ်ပါလား...။
ဧည့်သည်များသည် ဤအကြောင်းများကို တွေးတောမိနေစဉ်တွင် သူတို့၏ အကြည့်များသည် မတည်မငြိမ် ဖြစ်လာခဲ့ကြလေသည်။
သို့သော်ကံဆိုးစွာပင် သူတို့တွင် အမှန်တရားကို အတည်ပြုနိုင်ရန် နည်းလမ်းမရှိခဲ့ကြပေ။
ဖြစ်နိုင်ခြေတစ်ခုမှာ သန့်စင်ဧကရာဇ်ဘက်မှ မှန်ကန်နေခဲ့ပြီး အနောက်တိုက်ကြီးသည် သစ္စာဖောက်များ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို အမှန်တကယ်ခံခဲ့ရခြင်းဆိုပါက သူ၏ ဒေါသတကြီးတုံ့ပြန်မှုသည် တရားမျှတသည်ဟုယူဆနိုင်လေသည်။
ယခုအချိန်တွင် ၎င်းတို့သည် မည်သည့်ဘက်မှာ မှန်ကန်သည်ကို မသိနိုင်ခဲ့ကြပေ။
သို့သော် သန့်စင်ဧကရာဇ်သည် သာမန်ပြည်သူများကဲ့သို့ သန့်စင်ဘုရားကျောင်းအပါ်တွင် သစ္စာခံထားခြင်း မရှိကြောင်း ဤဧည့်ခံပွဲတွင် ရောက်ရှိနေကြသော မှူးမတ်များနှင့် သြဇာကြီးမားသော ပုဂ္ဂိုလ်များသည် ပို၍ လက်တွေ့ကျကျ သိလိုက်ကြရသည်။
“ဧည့်ခံပွဲကို စတင်လိုက်ကြတော့မလား”
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် အခြေအနေများကို ပြန်လည်ထိန်းချုပ်ရန်ကျိုးစားလိုက်သည်။
သူသည် သန့်စင်ပရောဟိတ်မအား ဧကရာဇ်၏ ရာဇပလ္လင်ဘေးတွင် အထူးသီးသန့် စီစဉ်ထားသော ပလ္လင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သန့်စင်ပရောဟိတ်မသည် ဧကရာဇ်အနားတွင် ဖြတ်လျှောက်မိစဉ် သူ့အား တစ်ချက်လှမ်း ကြည့်လိုက်သည်။
ဤခန်းမအတွင်း ဧည့်ခံပွဲများကျင်းပလေ့ရှိတိုင်း သန့်စင်ပရောဟိတ်မအတွက် ယခုကဲ့သို့သော ပလ္လင်တစ်ခုကို စီစဉ်ပေးလေ့ရှိခဲ့၏။
သန့်စင်ဧကရာဇ်သည် အင်ပါယာ၏ တော်ဝင်အာဏာကို ကိုယ်စားပြုသော်လည်း သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမ၏ တည်ရှိမှုကို ကိုယ်စားပြုသောကြောင့် သန့်စင်ဧကရာဇ်၏ဘေးတွင် တူညီသောအဆင့်အတန်းဖြင့် ထိုင်ရန် အခွင့်အရေးကို ပိုင်ဆိုင်ထားလေသည်။
‘သူမက တော်တော် စိတ်ထိန်းနိုင်တာပဲ။ ဒါပေမဲ့ အဲဒါက ပိုကောင်းပါတယ်လေ’
အာရန်သည် သန့်စင်ပရောဟိတ်မကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ရာဇပလ္လင်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။
...
ဧည့်ခံပွဲကြီးသည် နောက်ဆုံးတွင် စတင်နိုင်ခဲ့ပြီး ဧည့်သည်များသည် မိမိတို့ကိုယ်ကို အသီးသီး မိတ်ဆက်ကာ အရှေ့တိုက်မှ သံတမန်များအား နှုတ်ခွန်းဆက်စကားများ ပြောဆိုခဲ့ကြသည်။
၎င်းတို့ထဲမှ အများစုသည် သံတမန်များ၏ အနားသို့မကပ်ခဲ့ကြပဲ ထိုအရာကို အဝေးမှသာ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
ဧည့်ခံပွဲတွင် အစပိုင်း၌ ပဋိပက္ခအချို့ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းအချိန်များတွင်မူ အတော်လေး တည်ငြိမ်အေးဆေးခဲ့လေသည်။
မှူးမတ်အချို့ပင် သူတို့၏ သတ္တိများကို စုဆောင်းပြီး မဟာအကြီးအကဲရန်၏ အနားသို့ ချဉ်းကပ်လာခဲ့ကြကာ စကားအနည်းငယ်ပြောဆိုရန် ကြိုးစားခဲ့လေသည်။
၎င်းတို့ထဲမှ အများစုမှာ မဟာအကြီးအကဲရန်ဆိုသူသည် ကာမစိတ် လွန်ကျူးသူ တစ်ဦးဖြစ်သည်ဟု ကြားသိထားကြလေသည်။
သူတို့သည် အာရန်အား အလွန်ချောမောလှပသည့် အမျိုးသမီးအချို့ကို ကမ်းလှမ်းခဲ့ကြပြီး သူလိုချင်သရွေ့ အရာအားလုံးကို စီစဉ်ပေးနိုင်သည်ဟုပင် ပြောဆိုခဲ့ကြသည်။
အာရန်၏ ကိုယ်ပွားသည် ဇီယာမှ သူ့အား ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ခြင်းကြောင့် ၎င်းတို့၏ အကြံပြုချက်များကို ရိုးရှင်းစွာပင် ပြန်လည် ငြင်းဆန်လိုက်ပုံ ရလေသည်။
မိဘများနှင့်အတူ လိုက်ပါလာသော လူငယ်များစွာသည် ဧည့်ပရိတ်သတ်များကြားတွင် ရိုးရှင်းစွာဖြင့် လှပလွန်းနေသော ယုလင်းအား တန်းတန်းစွဲ ဖြစ်မိသွားကြကာ သူမနှင့် ရင်းနှီးမှုတစ်ခုထူထောင်နိုင်ရန် ကြိုးစားခဲ့ကြ၏။
ယုလင်းသည် ၎င်းတို့ကဲ့သို့ သန့်စင်အင်ပါယာမှ မဟုတ်သော်လည်း သူမသည် မဟာအကြီးအကဲတစ်ဦး၏ တပည့်တစ်ဦးဖြစ်နေဆဲပင်ဖြစ်ကာ ကာဒီနယ်ရဟန်းအမတ်၏ ကိုယ်ပိုင်တပည့်နှင့် အဆင့်အတန်းခြင်းတူညီနေခဲ့သည်။
၎င်းတို့သာ သူမ၏ နှလုံးသားကို ရယူနိုင်၍ မဟာအကြီးအကဲတစ်ဦးနှင့် ရင်းနှီးနိုင်ခဲ့ပါက ၎င်းတို့ မိသားစုများအတွက်လည်း ကြီးစွာသော ကျောထောက်နောက်ခံတစ်ခု ရရှိလာနိုင်သည်ဟု ထင်မှတ်မိကြသောကြောင့်လည်း ဖြစ်လေသည်။
ထို့အပြင် ထိုမိန်းကလေးကိုယ်တိုင်ကပင် အလွန်တရာလှပလွန်းနေခြင်းကတော့ သူတို့၏ အဓိကအကြောင်းပြချက်ပင်တည်း။
ထိုလူငယ်အုပ်စုသည် ယူလင်းအနားသို့ ချဉ်းကပ်သွားမိစဉ် သူမအနီးသို့ မရောက်မီ မှာပင် ရုတ်တရက် ရေခဲတမျှ အေစက်လွန်းသော အော်ရာတစ်ခုကို ခံစားမိလိုက်ကြသောကြောင့် ၎င်းတို့သည် နောက်ပြန်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
ဤအချိန်တစ်လျှောက်လုံးတွင် ထိုမိန်းကလေးသည် ၎င်းတို့ကို ဒုတိယအကြိမ်ပင် ထပ်မံ မကြည့်တော့ဘဲ သူမ၏ မျက်လုံးများသည် သန့်စင်ဧကရာဇ်ပေါ်တွင်သာ အစမှအဆုံးထိ ရောက်ရှိနေခဲ့လေသည်။
...
အာရန်၏ ကိုယ်ပွားနှင့် စကားလက်ဆုံကျနေခဲ့သော ဧည့်သည်ပရိတ်သတ်များ အားလုံးသည် ကာဒီနယ်ရဟန်းအမတ်တစ်ဦး ထိုနေရာသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အသီးသီး နောက်ဆုတ်ထွက်ခွာသွားခဲ့ကြသည်။
ကာဒီနယ်ရဟန်းအမတ်သည် အာရန်နှင့် ဇီယာရှေ့တွင် ရပ်လိုက်ရင်း သူ၏လက်ထဲတွင် ဝိုင်တစ်ခွက်ကို ကိုင်ဆောင်ထားခဲ့သည်။
“ကာကွယ်ရေးဝန်ကြီးကို ကျုပ်တို့ စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်က လူအကြောင်း သူ့ဆီကနေ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တချို့ကို ကြားသိထားခဲ့ရတယ်” ဟု အာရန်အားအစချီ ပြောလိုက်ပြီး နောက် သူတို့၏ ပတ်လည်တွင် အသံအတားအဆီးတစ်ခုကို မသိမသာ ဖန်တီးလိုက်သည်။
“ဘယ်လိုများလဲ” ဟု အာရန်က ကာဒီနယ်ရဟန်းအမတ်အား ထိုအရာကို အတော်လေး စိတ်ဝင်တစား ရှိနေပုံဖြင့် ပြန်လည်မေးလိုက်လေသည်။
ကာဒီနယ်ရဟန်းအမတ်သည် ကာကွယ်ရေးဝန်ကြီး ပေါက်ကွဲသွားခြင်းအကြောင်းကို မပြောသည်မှာ အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေခဲ့သော်လည်း ထိုအရာကိုမူ နားလည်ပေး၍ရလေသည်။
မည်သို့ပင်ဖြစ်စေ ထိုကိစ္စသည် ၎င်းတို့အတွက် အလွန်အရှက်ရစရာဖြစ်ရပ်တစ်ခုပင် ဖြစ်သည်မဟုတ်ပါလော...။
“သင် ကျုပ်တို့ကြောင့် အတော်လေး ဒုက္ခခံခဲ့ရပုံရတယ်။ အဲဒါအတွက် တကယ့်ကို တောင်းပန်ချင်ပါတယ်” ဟုပြောပြီး ကာဒီနယ်ရဟန်းအမတ်သည် သူ့အား ခေါင်းငုံ့တောင်းပန်လိုက်ရာ အာရန်ကိုပင် အံ့အားသင့်စေခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်သည် သန့်စင်ဘုရားကျောင်းမှ နောက်ကွယ်တွင် လုပ်ဆောင်ခဲ့သည်အား ဖော်ပြလိုက်ခြင်းများလားဟုပင် အာရန်တစ်ယောက် တွေးမိလိုက်သေး၏။
သို့သော် ထိုသူသည် ထိုမျှ မိုက်မဲသူ ဖြစ်စရာအကြောင်းမရှိပေ။
ကာဒီနယ်ရဟန်းအမတ် အခု ဘာကို စီစဉ်နေသည်အား မြင်တွေ့ရရန် အာရန်သည်အတော်လေး စိတ်ဝင်စားနေခဲ့သည်။
“သန့်စင်ဧကရာဇ်က ဘုရားကျောင်းရဲ့ သြဇာလွှမ်းမိုးမှု တိုးတက်လာနေတာကို အမြဲတမ်း မပျော်မရွှင် ဖြစ်နေခဲ့တယ်။ သူက နစ်ခရိုမန်ဆာမျှော်စင်နဲ့ ပတ်သက်တဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး သန့်စင်ဘုရားကျောင်းရဲ့ ယုံကြည်သူတွေကို ရှင်းပစ်ဖို့ ဒီတိုက်ခိုက်မှုကို စီစဉ်ခဲ့ပုံရတယ်”
ကာဒီနယ်ရဟန်းအမတ် ထိုအရာကို ဆက်လက် ရှင်းပြသည်ကို နားထောင်ပြီးသောအခါ အာရန်သည် ထိုသူ၏ အစီအစဉ် အပြည့်အစုံကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
၎င်းသည် အမှန်တကယ် ဉာဏ်အမျှော်အမြင်ရှိသော ဗျူဟာတစ်ခုပင် ဖြစ်သောကြောင့် သူပင်ချီးကျူးမိလိုက်သည်။
ကာဒီနယ်ရဟန်းအမတ်သည် သန့်စင်ဧကရာဇ်မှာ အာရန်အား သတ်လိုသည်ဟု ဒီအတိုင်း အခိုင်အမာ ပြောခဲ့လျှင် အရူးတစ်ယောက်သာ ယုံပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သန့်စင်ဧကရာဇ်သည် သူ့အား ကာကွယ်ရေးဝန်ကြီးလက်မှ ကယ်တင်ရန် ကြိုးစားခဲ့သူဖြစ်လေသည်။
ယင်းအစား ကာဒီနယ်ရဟန်းအမတ်သည် သန့်စင်ဧကရာဇ်အား ပိုမိုနူးညံ့သိမ်မွေ့၍ ဖြစ်နိုင်ချေရှိသော နည်းလမ်းဖြင့် အပြစ်တင်ခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်၏ အဆိုအရ သန့်စင်ဧကရာဇ်သည် အာရန်ကို နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချလိုနေသည်။
ထိုလုပ်ကြံမှုတွင် ကျရှုံးသွားမှုသည်လည်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။
ဤအစီအစဉ်တစ်ခုတည်းဖြင့် သန့်စင်ဧကရာဇ်သည် ရည်မှန်းချက်နှစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ရန် ကြိုးစားခဲ့သည်ဟုပြောပြနိုင်ခဲ့သည်။
တစ်ဖက်တွင် သူသည် ကယ်တင်ရှင်အဖြစ် ပေါ်လာခြင်းဖြစ်ပြီး အာရန်နှင့် ရင်းနှီးမှုရယူလိုခဲ့သည်။
အခြားတစ်ဖက်တွင်မူ သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ ထိုးဖောက်ဝင်ရောက်ခြင်းနှင့်ဆိုင်သော ပုံပြင်များကို ဖြန့်ဝေရန် ကြိုးစားခဲ့ပြီး ထိုအကြောင်းပြချက်ဖြင့် ဝန်ကြီးများနှင့် တော်ဝင်အစောင့်များကြားရှိ သန့်စင်ဘုရားကျောင်း၏ ယုံကြည်သူများကို ဖယ်ရှားပစ်လိုခဲ့သည်။
ကာဒီနယ်ရဟန်းအမတ်ပြောဆိုသည့်အထဲတွင် နစ်ခရိုမန်ဆာမျှော်စင်ကို အသုံးချ၍ သန့်စင်ဘုရားကျောင်း၏ သစ္စာခံသူများကို ဖယ်ရှားခြင်းနှင့် ပတ်သက်၍မူ မှန်ကန်ခဲ့သည်။
သူ မှန်းဆနိုင်ခြင်းမရှိသည့် တစ်ခုတည်းသောအရာမှာ ဤဖြစ်ရပ်များနောက်ကွယ်မှ လူသည် သန့်စင်ဧကရာဇ် မဟုတ်ဘဲ သူ၏ရှေ့ရှိ ကိုယ်ပွားဖြစ်သော အာရန်ကိုယ်တိုင် ဖြစ်နေခြင်းပင်။
“သင်တို့လည်း ဒီအစီအစဉ်ရဲ့ သားကောင် ဖြစ်မသွားစေဖို့ တကယ့်ကို မျှော်လင့်ပါတယ်။ ဒါကြောင့် သင်တို့ကို အသိပေးသင့်တယ်ထင်လို့ လာပြောပြတာပါ” ဟုပြောရင်း ကာဒီနယ်ရဟန်းအမတ်သည် သူ၏ ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။
“ဒီအချက်အလက်သိပြီးပြီဆိုတော့ သင်တို့ ဘာလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုတာတော့ သင်တို့အပေါ်မှာပဲ မူတည်ပါလိမ်မယ်”
ထိုသို့ပြောပြီးနောက် ကာဒီနယ်ရဟန်းအမတ်သည် နောက်သို့ပြန်လှည့်သွားခဲ့ရာ သူ၏ပုံစံမှာ အနည်းငယ်ပေ့ါပါးသွားပုံရလေ၏။
သူသည် အာရန်ကို သန့်စင်ဧကရာဇ်အား ဆန့်ကျင်စေရန် တိုက်ရိုက် မပြောခဲ့သော်လည်း ထိုကဲ့သို့သော အကြံပြုချက်ကို သွယ်ဝိုက်စွာ ချန်ထားခဲ့ပြီးဖြစ်သည်။
“အင်း... အားလုံး စီစဉ်ပြီးပါပြီ။ မနက်ဖြန် သင်တို့ရဲ့ သံတမန်တွေ ပျောက်ဆုံးသွားမှုကို စုံစမ်းဖို့ ထွက်ခွာကြမယ်မလား။ ဒါကြောင့် ဒီနေ့က သန့်စင်မြို့တော်မှာ သင်တို့ရဲ့ နောက်ဆုံးတည်ရှိခွင့်ရမဲ့နေ့လည်း ဖြစ်သွားနိုင်တယ်” ဟု သူသည် အခြား ကာဒီနယ်ရဟန်းအမတ်များထံသို့ ပြန်လည်ထွက်ခွာမသွားမီ အာရန်အား ထပ်မံ သတိပေး ပြောကြားခဲ့သည်။
#Catfoot