← Chapters

ငြင်းပယ်ခံရခြင်း

Vol. 27 Ch. 381

ငြင်းပယ်ခံရခြင်း

Vol. 27 Ch. 381

...

အာရန်သည် ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် သူ၏ မျက်နှာအမူအရာများ လုံးဝတောင့်တင်းသွားခဲ့ရသည်။

သူမသည် ယခုအချိန်တွင် အရှေ့တိုက်ကြီးတွင် ရှိနေသင့်လေသည်။

ထို့ကြောင့် သူမသည် ဤနေရာသို့ အဘယ့်ကြောင့် ရောက်ရှိလာခဲ့ရသနည်း။

သန့်စင်ဧကရာဇ်အနေဖြင့်ကမ္ဘာကူးလာသူ ဖတ်ခဲ့ရသော ဝတ္ထုတွင်ပင် သူမသည် နောက်ပိုင်းရက်များမှသာ ဤနေရာသို့ ရောက်ရှိလာသင့်လေသည်။

သူ့ကြောင့်ပင် တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့သလားဟုပင်တွေးမိလိုက်သည်။

ထို့ကြောင့် ဖန်းယုသည် သူမအား စုံစမ်းစစ်ဆေးရန် ဤနေရာသို့ အစောကြီး ပို့လိုက်ခြင်းများလား...။

ဤသို့ ဖြစ်လာမည်ကို သူသာ ကြိုသိနေခဲ့လျှင် ပြင်ဆင်မှုအချို့ကို ကြိုတင် လုပ်ဆောင်ခဲ့မိပေလိမ့်မည်။

သို့သော် ယခုမူ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်၏။

ဤအချိန်တွင် အနောက်ဘက်တိုက်ကြီးတွင် သံတမန်သုံးဦးအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ ၎င်းတို့ထဲမှ တစ်ဦးတည်းသာ အစစ်အမှန် ဖြစ်လေသည်။

၎င်းမှာ ယခုရောက်ရှိလာသော ရှုယင်ပင်တည်း။

ယူလင်းကိုတော့ အာရန်၏ တပည့်မလေးဖြစ်သဖြင့် သံတမန်တစ်ဦးအဖြစ် မယူဆနိုင်ပေ။

အာရန်သည် ရှုယင်ကို စိုက်ကြည့်နေရင်းဖြင့် သူမ သူ့အား မှတ်မိမည်လားဟု တွေးမိလိုက်သည်။

အကယ်၍ သူမသာ သူ့အား မှတ်မိသွားပြီး သန့်စင်ပရောဟိတ်မကို လက်ထပ်ခွင့်ပန်နေသည်ကို မြင်လိုက်ရပါက အကြီးအကျယ် ရှုပ်ထွေးသွားပေလိမ့်မည်။

ကံကောင်းစွာပင် သူမ၏ အကြည့်သည် သူ့အပေါ်တွင် ရှိမနေခဲ့ပေ။

ယင်းအစား သူမသည် ဇီယာနှင့်အတူ ရပ်နေသော သူ၏ ကိုယ်ပွားကိုသာ စိုက် ကြည့်နေခဲ့မိသည်။

အာရန်လည်းလည်း သူမ၏ အကြည့်များအတိုင်း လိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာကိုပင် လက်ဖြင့် ပိတ်ရိုက်မိလုမတတ် ဖြစ်သွားခဲ့ရသည်။

ဇီယာသည် အာရန်ဘေးတွင် ရပ်လျက်ရှိနေခဲ့ပြီး သူမ၏ သေးသွယ်သော လက်ကလေးများဖြင့် အာရန်၏ လက်မောင်းကို ဆုပ်ကိုင်ထားလေသည်။

အာရန်က သူမ၏ ကိုယ်ပွားကို ထိခိုက်မှုမရှိစေရန်နှင့် ပျောက်ကွယ်မသွားစေရန်သာ ထိုသို့ လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သော်လည်း ၎င်းသည် အဆိုးဝါးဆုံး အချိန်အခါတစ်ခုနှင့် ပက်ပင်း ကြုံကြိုက်ခဲ့ရလေတာ့၏။

...

“ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်လို့ ထင်နေတာလဲ” ဟု သန့်စင်ပရောဟိတ်မသည် သူမအား လက်ထပ်ခွင့်ပန်ပြီးကာစ ဧကရာဇ်အား မေးလိုက်သည်။

သူမသည် သူ၏ ယခုကဲ့သို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။

ဧကရာဇ်တစ်ယောက် ဘာတွေကြံစည်နေခဲ့သနည်း။

အထူးသဖြင့် သူမကို လက်ထပ်ခွင့်ပန်ပြီးနောက် ဧကရာဇ်သည် သူမကိုပင် မကြည့်တော့ဘဲ နောက်ကွယ်ရှိ မဟာအကြီးအကဲများကို သူတို့၏ အတည်ပြုချက် တစ်ခုကို ရယူနေသည့်အလား လှမ်းကြည့်နေသည်မှာ ထူးဆန်းနေလေသည်။

ထိုသူများက သူမအား ယခုလိုမျိုး ရူးနှမ်းသည့်အရာတစ်ခုခု လုပ်ခိုင်းခဲ့၍များလားဟုပင် တွေးမိလိုက်သည်။

ထိုအချက်မှာ သူမသေခြာ စဉ်းစား၍ မရနိုင်ခဲ့ပေ။

ထို့နောက် ပရောဟိတ်မသည် ထိုနေရာတွင် ရှိနေသူများ အားလုံး၏ မျက်လုံးများအောက်မှာပင် ရိုးရှင်းစွာ လှည့်ထွက်သွားခဲ့သည်။

သန့်စင်ဧကရာဇ်သည် သန့်စင်ပရောဟိတ်မက သူ့ကို လုံးဝ ငြင်းပယ်ခဲ့သည့်အလား ဆက်လက်၍ တအောင်ကြာသည်အထိ ထိုနေရာတွင်ပင် ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။

အပြင်ဘက်သို့ ထွက်ခွာခါနီးတွင် သန့်စင်ပရောဟိတ်မသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲဝတ်စုံကို ဝတ်ဆင်ထားသော ရှုယင်အား သတိပြုမိလိုက်သည်။ နောက်ထပ်တစ်ဖန် သူမ အံ့အားသင့်သွားခဲ့ရပြန်သည်။

တတိယမြောက် မဟာအကြီးအကဲတစ်ဦးသည် ဤနေရာကို ဘယ်အတွက်ကြောင့် ထပ်မံ ရောက်ရှိလာရသနည်း။

မိစ္ဆာဂိုဏ်းက မဟာအကြီးအကဲများစွာကို ဤနေရာသို့ တစ်ယောက်ပြီးတစ်ယောက် အဘယ်ကြောင့် စေလွှတ်နေရသနည်း။ သူတို့ ဘာစီစဉ်နေခြင်းဖြစ်မည်နည်း။

သူမသည် ရှုယင်သည်သာ အစစ်အမှန်သံတမန်ဖြစ်ပြီး ကျန်သူများမှာ အတုအယောင်ဖြစ်သည်ဟု သံသယမဝင်မိခဲ့ပေ။

ဒီအတိုင်း မိစ္ဆာဂိုဏ်းမှ ထပ်မံရောက်ရှိလာသော တတိယမြောက်သံတမန်ဟုသာ မှတ်ယူထားလိုက်သည်။

အကာအကွယ်လွှာများရှိနေသော်လည်း သူမ မြို့တွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်းအား သန့်စင်ပရောဟိတ်မသည် ထိုမဟာအကြီးအကဲနှင့်အတူ လိုက်ပါလာသော အခြား ကာဒီနယ်ရဟန်းအမတ်တစ်ပါးအား မြင်လိုက်ရသောအခါတွင်မှ ရှင်းလင်းသွားခဲ့သည်။

ထို ကာဒီနယ်ရဟန်းအမတ်သည် တစ်စုံတစ်ရာ စီစဉ်ရန် မြို့တွင်းမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

ပြန်လာနေစဉ် သူသည် ရှုယင်မှ နယ်စပ်အစောင့်များနှင့် စကားပြောနေသည်ကို သတိပြုမိခဲ့သည်။

သူမသည်လည်း မိစ္ဆာဂိုဏ်းမ သံတမန်တစ်ဦး ဖြစ်ကြောင့် အချက်အလက်များကို အတည်ပြုပြီးနောက် သူမကို သူ့နှင့်အတူ မြို့တွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

သူသည် သန့်စင်ပရောဟိတ်မအား သံတမန်တစ်ဦးရောက်ရှိလာကြောင်း အသိပေးရန် ဤနေရာသို့ လာရောက်ခဲ့ခြင်းဖြစ်သော်လည်း သန့်စင်ဧကရာဇ်မှ ပရောဟိတ်မရှေ့တွင် ဒူးထောက်၍လက်ထပ်ခွင့်ပန်နေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ပြောစရာစကားများဆွံ့အ၍ အံ့သြမှင်သက်သွားခဲ့ရသည်။

သန့်စင်ပရောဟိတ်မသည် ရှုယင်ကို ဒီတိုင်းထား၍ ဖြတ်လျှောက် ထွက်ခွာသွားခဲ့လေသည်။

သူမသည်ယခုအချိန်တွင် မည်သူနှင့်မျှ စကားထပ်မံပြောဆိုရန် စိတ်ပါမနေခဲ့ပေ။

သူမသည် ရှုယင်ကို ခေါ်ဆောင်လာသော ကာဒီနယ်ရဟန်းအမတ်အား သူမနောက်သို့ လိုက်ခဲ့ရန် ပြောလိုက်သည်။

ကျန်ရှိသော ကိစ္စရပ်အဝဝကို ဆောင်ရွက်ရန် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်တစ်ဦးတည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။

သန့်စင်ပရောဟိတ်မ ထွက်ခွာသွားပြီးနောက်တွင်ပင် ခန်းမကြီးတစ်ခုလုံးသည် ဆက်လက် တိတ်ဆိတ်နေဆဲပင်။

လူတိုင်းသည် ရုတ်တရက် သန့်စင်ပရောဟိတ်မကို လက်ထပ်ခွင့်ပန်ခဲ့သော သန့်စင်ဧကရာဇ်ကို ကြောင်၍ ငေးကြည့်နေမိကြသည်။

သူ ငြင်းပယ်ခံရခြင်းအတွက်မူ မည်သူမျှထပ်မံ တုန်လှုပ်ခြင်းမရှိခဲ့ပေ။

၎င်းတို့ တုန်လှုပ်ခဲ့ကြသည်မှာ သန့်စင်ဧကရာဇ်သည် ထိုကဲ့သို့သော အရာမျိုးကို ကြိုးစားခဲ့ခြင်းကိုပင်တည်း။

သန့်စင်ဧကရာဇ်သည် အခြားမှူးမတ်များ၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုလိုက်သည်။

ငြင်းပယ်ခံရသော်လည်း သူ၏ မျက်နှာအမူအရာများမှာ ထိုကိစ္စသည် မည်သည့်အရာမျှ မဟုတ်သည့်အလား လုံးဝ တည်ငြိမ်နေခဲ့သည်။

ထို့နောက် အာရန်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကာ သူ၏ ဒူးများပေါ်မှ ဖုန်များကို ခါချလိုက်၏။

သူ၏ မျက်လုံးများမှာ အမြဲတမ်းလိုပင် အာရုံစူးစိုက်နေဟန်ရပြီး တည်ငြိမ်အေးဆေးနေခဲ့လေသည်။

သူသည် ဤငြင်းပယ်မှုကို ကြိုတင်မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။

သန့်စင်ပရောဟိတ်မသည် သူမ လိုချင်ခဲ့လျှင်ပင် သူ၏ ကမ်းလှမ်းမှုကို လက်ခံပေး၍မရပေ။

အကယ်၍ သူမသာ ဧကရာဇ်အား လက်ထပ်ရန် သဘောတူလိုက်မိပါက သူမ၏ ဂုဏ်သိက္ခာပိုင်းတွင် ဆိုးရွားစွာ ထိခိုက်သွားခဲ့လိမ့်မည်ဖြစ်လေသည်။

ယခုအချိန်တွင် ငြင်းပယ်ခံရခြင်းထက် အာရန်သည် ရှုယင်၏ မမျှော်လင့်ဘဲ ရောက်ရှိလာမှုကိုသာ ပို၍ စိုးရိမ်မိခဲ့သည်။

ခန်းမကြီးထဲတွင် တိတ်ဆိတ်စွာ တိုးတိုးလေး ပြောဆိုသံများသည် တစ်စထက်တစ်စပြန်လည် ကျယ်လောင်လာသည်နှင့်အမျှ မှူးမတ်အချို့သည် သတိကြီးစွာဖြင့် အချင်းချင်း အကြည့်များကို ဖလှယ်လိုက်ကြသည်။

သူတို့သည် သန့်စင်ဧကရာဇ်နှင့် ပတ်သက်၍ ဘာဖြစ်နေသည်ကို စဥ့်စားမရဖြစ်နေကြဟန်ရလေသည်။

သူတို့သည် သန့်စင်ဧကရာဇ်၏ မကြာသေးမီက အပြောင်းအလဲများအကြောင်းကို သိရှိထားခဲ့ကြပြီးဖြစ်သော်လည်း ယခုလုပ်ရပ်မှာမူ လက်ခံရန် အတော်လေး ခက်ခဲလွန်းနေခဲ့သည်။

သူသည် သန့်စင်ပရောဟိတ်မရှေ့တွင်ဒူးထောက်၍ သူမကို သူ့အား လက်ထပ်ရန် ကမ်းလှမ်းနေစဉ်တွင်ပင် ကြောက်ရွံ့မှုတစ်စိုးအစိမျှ ရှိမနေခဲ့ပေ။

ဧကရာဇ်သည် စစ်တပ်အတွင်းရှိ လူများစွာကို ကိုယ်တိုင် ကွက်မျက်ခဲ့ခြင်းသည် သန့်စင်ပရောဟိတ်မကို ထောက်ခံသူများဟု ယူဆခဲ့သောကြောင့်ဖြစ်တန်ရာ၏။

ဤသို့ဆိုပါက သူတို့သည် ဧကရာဇ်၏ နောက်ထပ် ပစ်မှတ်ထားခံရမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။။

သန့်စင်ဘုရားကျောင်းနှင့် နီးစပ်သူအချို့သည် သူတို့၏ ကိုယ်ပိုင်အနာဂတ်များ အကြောင်းကို စိုးရိမ်ပူပန်စပြုလာကြကာ သန့်စင်ဘုရားကျောင်းနှင့် အကွာအဝေးတစ်ခု ထိန်းသိမ်းထားရန် လိုအပ်သလားဟု ပင် တွေးမိလာကြသည်။

ယခု အင်အားကြီး နှစ်ဖက်သည် တစ်ဦးနှင့်တစ်ဦး ပေါ်တင်ပင် ဆန့်ကျင်ဘက်များ ဖြစ်လာကြပြီဖြစ်သည့်အပြင် သန့်စင်ဧကရာဇ်၏အစောပိုင်းအပြုအမူကလည်း မေးခွန်းထုတ်စရာများစွာရှိနေခဲ့လေသည်။

၎င်းတို့သည် ဘာမှန်းမသိသည့် ရွှံ့နွံတောထဲသို့ ဆွဲသွင်းခံရမည် ကို မလိုလားကြချေ။

မည်သည့်ဘက်ကို ရွေးချယ်သည်ဖြစ်စေ ၎င်းတို့အား ဒုက္ခတွေ့စေလိမ့်မည်ဟုတော့ ရေးတေးတေး ခံစားမိလိုက်ကြသည်ချည်းသာဖြစ်လေ၏။

သန့်စင်ဘုရားကျောင်းဘက်က ပိုမိုအားကောင်းသော်လည်း မိစ္ဆာဂိုဏ်း ပါဝင်လာသည်နှင့် အရာရာသည် မည်သို့ ပြောင်းလဲသွားမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိကြတော့ပေ။

ဧည့်သည်များသည် ပြီးဆုံးသွားသော ဧည့်ခံပွဲဆီမှ အသီးသီး ထွက်ခွာသွားကြစဉ် ၎င်းတို့တွင် စဉ်းစားစရာများစွာ ရှိနေပြီဖြစ်သည်ကို နားလည်လိုက်ကြလေသည်။

မကြာမီပင် ခန်းမကြီးတစ်ခုလုံး ဗလာကျင်းလုနီးပါးဖြစ်သွားခဲ့ကာ တော်ဝင်မိသားစုဝင်အချို့နှင့် မိစ္ဆာဂိုဏ်းမှ ဧည့်သည်တော်များသာ ကျန်ရစ်ခဲ့တော့၏။

ရှုယင်သည် ခန်းမဝင်ပေါက်ဝတွင် ရပ်နေဆဲဖြစ်ပြီး အာရန်၏ ကိုယ်ပွားကို မျက်လုံးများ မှေးစင်းကာ စိုက်ကြည့်နေခဲ့သည်။

အထူးသဖြင့် သူမ၏ မျက်လုံးများသည် အာရန်အား ဖက်တွယ်ထားသော ဇီယာ၏ လက်ပေါ်တွင် အာရုံရောက်နေခဲ့ခြင်းဖြစ်လေသည်။

#Catfoot

All Chapters