ကိုယ့်တွင်းကိုယ်ပြန်တူးမိခြင်း
Vol. 27 Ch. 382
....
သန့်စင်မြို့တော်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ ရှုယင်သည် ကောလာဟလများစွာ ကို ကြားခဲ့ရလေသည်။
မြို့တော်အတွင်းရှိ လူအများအပြားသည် ဧည့်သည်တော်များအဖြစ် ရောက်ရှိလာခဲ့သော မဟာအကြီးအကဲနှစ်ဦးအကြောင်း ပြောဆိုနေခဲ့ကြပြီး ၎င်းတို့သည် ချစ်သူများဖြစ်သည်ဟုလည်း အချို့ကဆိုကြသည်။
ထိုအချိန်က သူမသည် ၎င်းအကြောင်းကို သိပ်မတွေးခဲ့ပေ။
မိစ္ဆာဂိုဏ်းတွင် မဟာအကြီးအကဲများစွာ ရှိနေခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သူမျှ ဤနေရာတွင် တည်ရှိမနေသင့်ပေ။
ရှုယင်သည် လူအချို့မှာ သန့်စင် အင်ပါယာအား အခွင့်ကောင်းယူရန်အတွဥ် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု ထင်မိခဲ့သည်။
သူမသည် ထိုကဲ့သို့ဟန်ဆောင်မှုများအတွက် ၎င်းတို့ကို သင်ခန်းစာပေးရန်ပင် စီစဉ်နေခဲ့ပြီးဖြစ်သည်။
သူမသည် မြင်ကွင်းတစ်ခု ဖန်တီးရန် မျှော်လင့်ရင်းဖြင့် ခန်းမဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်လည်း ထိုမဟာအကြီးအကဲနှစ်ဦးကို မြင်လိုက်ရသည်နှင့် သူမ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။
၎င်းတို့ထဲမှ တစ်ဦးမှာ မဟာအကြီးအကဲ ဇီယာဖြစ်ပြီး နောက်တစ်ဦးမှာ သူမ၏ ချစ်သူ အာရန်ပင်ဖြစ်နေသည်မဟုတ်ပါလော....။
အာရန်သည် မိစ္ဆာဂိုဏ်းမှ အပြင်ဘက်တစ်နေရာသို့ ခေတ္တထွက်ခွာသွားခဲ့ကြောင်း ဖန်းယုထံမှ သိရှိပြီးဖြစ်သော်လည်း သူ၏ ဦးတည်ရာကို သူမမသိနိုင်ခဲ့ပေ။
သူသည် ယခုကဲ့သို့ အနောက်တိုက်ကြီးတွင် ရှိနေလိမ့်မည်ဟု သူမ ဘယ်တုံးမမှ မထင်ထားမိခဲ့ပေ။
ပို၍ဆိုးသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။
သူသည် မဟာအကြီးအကဲ ဇီယာနှင့်အတူ ရှိနေခဲ့ခြင်းဖြစ်လေသည်။
သူမမှာတော့ သူ့အတွက် စိုးရိမ်လွန်းနေခဲ့ရချိန်တွင် သူသည် ဇီယာနှင့် ပျော်ရွှင်နေဟန်ရပြီး ကာမစိတ်ပြင်းထန်သူတစ်ဦးအဖြစ်ပါ ထိုနေရာတွင် နာမည်ဂုဏ်သတင်း ကျော်စောနေခဲ့သေး၏။
သူမ အာရန်ကို ကြည့်လိုက်မိသောအခါ သူမ လမ်းတစ်လျှောက် ကြားခဲ့ရသော ကောလာဟလများအားလုံး သူမ၏ ခေါင်းထဲသို့ အစုလိုက်အပြုံလိုက် ပြန်လည် ရောက်လာခဲ့သည်။
သူမ၏ နှလုံးသားသည် ဘယ်တုံးကမျှ မခံစားခဲ့ရဖူးသော နာကျင်မှုမျိုးကို ခံစားမိလိုက်လေ၏။
သူမသည် အာရန်ကို ဘာစကားမျှထပ်မံမပြောချင်တော့ပေ။
ထို့ပြင် ခန်းမအတွင်းသို့ သူမသည် တစ်လှမ်းမျှပင် မဝင်ခဲ့ပေ။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် သူမသည် လာရာလမ်းအတိုင်း လှည့်ထွက်သွားခဲ့တော့သည်။
ရှုယင်၏ မျက်နှာသည် လုံးဝပျက်ယွင်းလျက်ရှိပြီး သူမသည် အမှန်တကယ် စိတ်နှလုံးကြေကွဲသွားခဲ့ပုံရလေသည်။
...
“ခဏလေးနေပါဦး”
အာရန်သည် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားဆဲပင်ဖြစ်စေကာမူ ရှုယင်နောက်သို့ ပြေးလိုက်သွားမိခဲ့သည်။
ရှုယင်သည် ဘာမှ မပြောခဲ့သော်လည်း သူမ ဘာတွေးနေသည်ကို သူ ကောင်းစွာ နားလည်ထားလေသည်။
ရှုယင်သည် တော်ဝင်နန်းတော်မှ ထွက်ခွာရန်ပြင်လိုက်သည်။
သူမသည် မဟာအကြီးအကဲများ ပျောက်ဆုံးသွားခြင်းကို စုံစမ်းရန် လာခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်တွင် သူမသည် ထိုအကြောင်းကို ဆက်လက် မစဉ်းစားချင်တော့ပေ။
ယခုအချိန်တွင် ခဏတာခန့် သူမ တစ်ယောက်တည်းသာ နေချင်တော့ပုံရလေ၏။
သူမ ထွက်ခွာနေစဉ် အာရန်သည် သူမနောက်သို့ ပြေးလိုက်လာပြီး တစ်စုံတစ်ရာကို ရှင်းပြလိမ့်မည်လားဟု မရဲတရဲမျှောင်လင့်မိခဲ့သေးသည်။
သူမသည် ဒေါသအလွန်ထွက်နေခဲ့သော်လည်း အာရန်အား သူမနောက်သို့ လိုက်လာပြီး ရှင်းပြပေးသည်ကို သူမတကယ်ကို မျှော်လင့်မိခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူမ နန်းတော်ဘက်သို့ ပြန်ကြည့်လိုက်သည်။
အာရန် တစ်ယောက် သူမနောက်သို့ လိုက်လာမလားဟူသော မျှော်လင့်ချက်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ခြင်းလည်းဖြစ်လေသည်။
သို့သော် ကံမကောင်းစွာပင် သူမ မည်သည့်နေရာတွင်မှ အာရန်အား မတွေ့ခဲ့ရပေ။
သူသည် သူမအား အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့သည့်အလားပင်။
ယင်းအစား သူမနောက်သို့ လိုက်လာသူမှာ သန့်စင်ဧကရာဇ်ကိုယ်တိုင်သာ ဖြစ်နေခဲ့သည်။
သူမသည် အမည်မသိလူတစ်ဦးက သူမနောက်သို့ အဘယ်ကြောင့် လိုက်လာသည်ကို နားမလည်ခဲ့သော်လည်း သူမသည် ယခုအချိန်တွင် အလုပ်အတွက် ဖြစ်စေဦးတော့ မည်သူနှင့်မျှ စကားပြောရန် စိတ်မပါနေခဲ့ပေ။
နန်းတော်အပြင်ဘက်တွင် နေရာယူထားသော အစောင့်များသည် ဧကရာဇ်သည် မိစ္ဆာဂိုဏ်းမှ အသစ်ရောက်လာသော အမျိုးသမီးတစ်ဦးနောက်သို့ လိုက်သွားသည်ကို ဒီအတိုင်း ရပ်ကြည့်နေမိခဲ့ကြသည်။
တစ်ဖန် ၎င်းတို့သည် သန့်စင်ဧကရာဇ်၏ ထူးဆန်းသော ပြုမူပုံကို ရှုပ်ထွေးနေကြသော်လည်း မည်သူမျှ မတားဆီးဝံ့ကြပေ။
ထိုစဥ် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည်လည်း ဧကရာဇ်၏ ထိုအပြုအမူကို စဥ့်စားခန်းဝင်နေမိသည်။
သန့်စင်ဧကရာဇ်သည် ထိုအမျိုးသမီးကို အရင်ကတည်းက သိနေခဲ့၍လားဟု တွေးမိလိုက်သည်။
ထိုသို့ဆိုပါက ဧကရာဇ်သည် သူတို့ ထင်ထားသည်ထက် မိစ္ဆာဂိုဏ်းနှင့် ပိုမိုရင်းနှီးနေသည်ဟု ဆိုလိုရာရောက်သည်မဟုတ်ပါလော...။
သူသည် သန့်စင်ဧကရာဇ်နောက်သို့ လိုက်ရန် ကြိုးစားလိုက်သော်လည်း အာရန်၏ ကိုယ်ပွားနှင့် ဇီယာတို့က သူ့အား တားဆီးလိုက်ကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် သူ့အား တစ်စုံတစ်ခု ဆွေးနွေးလိုသည်ဟု အကြောင်းပြကာ စကားများ ပြောဆိုရန်ကျိုးစားလိုက်ကြသည်။
ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် အမှန်တကယ် ဧကရာဇ်နောက်သို့ လိုက်သွားချင်မိခဲ့သော်လည်း သူသည် ဤနေရာမှပင် ထွက်ခွာခွင့်မရခဲ့ပေ။
ဇီယာတို့နှစ်ဦးသည် သူ့အား အာရုံပျံ့လွင့်အောင် ကျိုးစားခဲ့ကြသည်။
“ရှုယင် ခဏနေပါဦး မင်း နားလည်မှုလွဲသွားတာပါ”
အာရန်က လူရှင်းသော နေရာတစ်ခုသို့ ရောက်ရှိသောအခါ ရှုယင်၏ နာမည်ကို လှမ်း၍ အော်ခေါ်လိုက်သည်။
မြို့ဝင်ပေါက်အနီးသို့ သွားရာလမ်းတွင် ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုနေရာတွင် လူရှင်းလျက် ရှိနေခဲ့၏။
ရှုယင်က အခြားလူတစ်ဦးက သူမ၏ အမည်ကို လှမ်းခေါ်လိုက်သည်ကို ကြားလိုက်သောအခါ ဒေါသတကြီး သွေးများဆူပွက်လာခဲ့သည်။
နောက်သို့ လှည့်လိုက်ပြီး သူမနောက်သို့ လိုက်လာသူသည် သာမန်လူတစ်ဦးဖြစ်စေ သန့်စင်ဧကရာဇ်ဖြစ်စေ ဂရုမစိုက်တော့ပေ။
သူမ၏ လက်ချောင်းများအတွင်းမှ ဓားချီတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
“စိတ်အေးအေးထားပါဦး”
အာရန်သည် လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ဝင်ရောက်လာသော ဓားချီများကို မနည်းပင် ရှောင်တိမ်းလိုက်ရသည်။
အာရန်သည် သူ၏ အမြန်နှုန်းကို ချက်ခြင်းတိုးမြှင့်လိုက်ပြီး ရှုယင်ရှေ့သို့ ရောက်ရှိရန်ကျိုးစားလိုက်သည်။
“အဲဒီဓားချက်က ရှင့်အတွက် သတိပေးချက်ပဲ။ ရှင် ဂရုမစိုက်ရင်တော့ ရှင်ဘယ်သူပဲဖြစ်နေပါစေ နောင်ဘဝဆီအရောက် ပို့ပေးရလိမ့်မယ်”
ရှုယင်၏ ဒေါသများသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ထိုလူက သူမအား ရန်စရန် ကြိုးစားနေပါက သူမသည် သူ့အား သင်ခန်းစာပေးရန် ဆန္ဒရှိနေခဲ့သည်။
အာရန်အပေါ် သူမထားရှိခဲ့သော ဒေါသအားလုံးသည် ယခုအခါ သန့်စင်ဧကရာဇ်ထံသို့ ဦးတည်သွားခဲ့ပြီဖြစ်၏။
သူမသည် သန့်စင်ဧကရာဇ်အား ဆက်လက် တိုက်ခိုက်ခဲ့ရာ သူသည် တစ်ဖန် အရှိန်မြှင့်တင်ခြင်းအစွမ်းကို အသုံးပြု၍ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ရသည်။
ယင်းအစား ရှုယင်၏ တိုက်ခိုက်မှုသည် အနီးနားရှိ အဆောက်အအုံများကို ထိမှန်ခဲ့ရာ အဆောက်အအုံအများအပြား ပြိုပျက်သွားခဲ့ရသည်။
“တော်ပြီ ထပ်မတိုက်ခိုက်နဲ့တော့” အာရန်သည် ရှုယင်၏ နောက်ဘက်သို့ ရောက်ရှိသွားပြီး သူမ၏ လက်နှစ်ဖက်စလုံးကို ဖမ်းဆုပ်ထားလိုက်လေသည်။
ရှုယင်သည် ယခင်က သူ့ထက် ပိုမိုအားကောင်းခဲ့သော်လည်း သူ၏ မကြာသေးမီက အဆင့်တိုးမြှင့်မှုများကြောင့် အာရန်၏ စွမ်းရည်များသည် ယခင်ထက်များစွာ တိုးတက်လာခဲ့ပြီးဖြစ်၏။
“ရှင့်ကို ကျွန်မ သတ်ပစ်မယ်”
ရှုယင်သည် အာမေဍိတ်သံပြုလိုက်ရာ အာရန်သည် သူမ၏ တင်ပါးကို ခပ်ဆက်ဆက်လေးတစ်ချက် ရိုက်ပေးလိုက်သည်။
“မင်းက ကိုယ့် ခင်ပွန်းကိုတောင် ပြန်သတ်ပစ်ဖို့ တကယ်ကျိုးစားချင်နေတာလား ဘယ်တုန်းကများ ဒီလောက်တောင် ဆိုးသွမ်းသွားရတာလဲဟင်” ဟု အာရန်က အလွန်ရင်းနှီးသော လေသံဖြင့် မေးလိုက်သည်။
အာရန်သည် သူ၏ ဟန်ဆောင်မှုကို အနည်းငယ်ပြန်လည် ပြောင်းလဲလိုက်ပြီး သူ၏ လေသံကို နဂိုပုံမှန်အတိုင်း ပြန်လည်ပြောင်းလဲ၍ ရှုယင်အား သူ့ကို မှတ်မိစေရန်ကျိုးစားလိုက်သည်။
“နေပါဦ အဲဒီအသံက... ဘယ်လိုဖြစ်ပြီး...”
ရှုယင်သည် ထိုအသံကို ကောင်းစွာ မှတ်မိလိုက်ရာ အတော်လေး တုန်လှုပ်သွားမိခဲ့သည်။
သူမသည် အာရန်ကို ဇီယာနှင့်အတူ တွဲ၍မြင်ခဲ့သည်ကို သတိရလိုက်သည်။
ဤသို့ဆိုလျှင် ဤရှေ့ရှိသူသည် အဘယ်ကြောင့် အာရန်၏ လေသံနှင့် တူညီနေရသနည်း။
သူသည် တကယ်ပဲ အာရန်ကိုယ်တိုင် ဖြစ်နေခဲ့ခြင်းလော...။
အာရန်သည် သူ၏ နှုတ်ခမ်းများကို ရှုယင်၏ နားနားသို့ ပိုမိုနီးကပ်စေလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ကိုယ်ပါ ရန်ယန်လေ မင်းကိုယ့်ကို မမှတ်မိဘူးလား ဇီယာနဲ့အတူရှိနေတဲ့သူက ကို့ရဲ့ ကိုယ်ပွားသက်သက်ပဲ” ဟု ရှင်းပြလိုက်သည်။
“ခုတလောအတွင်း ဖြစ်ပျက်ခဲ့တာတွေက အရမ်းများလွန်းတယ်၊ဒါ့ကြောင့် ဒီမှာ မင်းကိုကိုယ် ရှင်းပြလို့ မရသေးဘူး။ ဒါပေမဲ့ ကိုယ့်အကြောင်း မင်းကြားထားတဲ့ ကောလာဟလတွေက တစ်ခုမှ မမှန်နေဘူး။ အဲဒါတွေက ကိုယ် ရည်ရွယ်ချက်ရှိရှိ နဲ့ တမင် ဖြန့်ထားခဲ့တာတွေ”
“ဒါဆို အဲဒါက ရှင် မဟုတ်ဘူးပေါ့”
ဇီယာနှင့်အတူရှိသော လူသည် အာရန် မဟုတ်ကြောင်း ကြားသိလိုက်သောအခါ ရှုယင်၏ မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်များပြန်လည် လင်းလက်လာခဲ့သည်။
သူမ၏ မနာလိုစိတ်များသည် ဖြည်းဖြည်းချင်းပြန်လည် တည်ငြိမ်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေးအား တင်းခံထားမှုသည် တဖြည်းဖြည်းချင်း ပြေလျော့လာခဲ့သည်။
“ဟုတ်တယ်... အဲဒါ ကိုယ် မဟုတ်ဘူး။ အဲဒါက ဟန်ဆောင်မှုသက်သက်ပဲ” ဟု အာရန်က သူမ၏ လက်များကို မလွှတ်ပေးမီ ထပ်မံအတည်ပြု ပြောဆိုလိုက်သည်။
အာရန်တစ်ယောက် ရှုယင်၏ သူ့ဘက်သို့ လှည့်လိုက်သည်ကို တွေ့ရသော အခါတွင်မှ ပြန်လည် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် သူမ၏ သူ့ကို ကြည့်လိုက်သောအကြည့်များသည် တဖြည်းဖြည်း တစ်ဖန် ပြန်လည် မှောင်မိုက်သွားခဲ့ပြန်သည်။
“... ဒါဆို အစောပိုင်းက သန့်စင်ပရောဟိတ်မကို လက်ထပ်ခွင့်ပန်တဲ့သူက ရှင်ကိုယ်တိုင်ပဲပေ့ါ” ဟု သူမက မေးလိုက်ရာ သူမ၏ ဒေါသသည် ပို၍ပင် ပြင်းထန်လာခဲ့ပုံရလေသည်။
ဇီယာနှင့် အခြေအနေမှ ရှင်းပြနိုင်ခဲ့ပြီထင်လိုက်စဥ်မှာပင် အာရန်တစ်ယောက် ထပ်မံ၍ ခေါင်းခဲသွားရပြန်လေသည်။
အာရန်သည် သူ၏ သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားခြင်းအား အသိပေးလိုက်ခြင်းသည် သန့်စင်ပရောဟိတ်မအား လက်ထပ်ခွင့်ပန်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်ဟု ဝန်ခံရာလည်းရောက်သွားခဲ့ကာ ၎င်းသည် ရှုယင်ကိုပင် သူတစ်ခါမှ မပြုမူရသေးသည့် အရာတစ်ခုပင်ဖြစ်သည်မဟုတ်ပါလော...။
သူမ၏ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ အာရန်သည်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပင် ဖြစ်သွားခဲ့ရသည်။
#Catfoot