← Chapters

ဖေး၏ ထိန်းချုပ်မှု

Vol. 27 Ch. 385

ဖေး၏ ထိန်းချုပ်မှု

Vol. 27 Ch. 385

….

နစ်ခရိုမန်ဆာမျှော်စင်သည် မြောက်ပိုင်းတိုက်ကြီးရှိ အခြားသော မှော်မျှော်စင်များ အားလုံးကို ဖျက်ဆီးခဲ့သော်လည်း ၎င်းသည် အသက်များ အားလုံးကို နှုတ်ယူခဲ့သည်ဟုတော့ မဆိုလိုပေ။

နစ်ခရိုမန်ဆာမျှော်စင်အား မြောက်ဘက်တိုက်၏အာဏာလုပွဲများအတွင်း ထောက်ခံအားပေးခဲ့သည့် အင်အားစုများစွာလည်း ရှိနေခဲ့လေသည်။

ထိုအင်အားစုတစ်ခုစီကို ၎င်းတို့၏ကိုယ်ပိုင် နယ်မြေတစ်ခုစီအားဖြင့် နစ်ခရိုမန်ဆာများမှ ပြန်လည်ချီးမြှင့်ခဲ့၏။

မြောက်ဘက်တိုက်ကြီး၏ အစစ်အမှန် အုပ်ချုပ်သူမှာ နစ်ခရိုမန်ဆာမျှော်စင် သာဖြစ်နေဆဲဖြစ်သော်လည်း ထိုအင်အားစုများကို နစ်ခရိုမန်ဆာမျှော်စင်အတွင်းရှိ နယ်မြေအချို့ကို စီမံခန့်ခွဲခွင့် ပြုထားခဲ့လေသည်။

ထိုအင်အားစုများသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများမှ အရင်းအမြစ်များ အားလုံးကို မူပိုင်ခွင့်ဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သဖြင့် ထိုအင်အားစုများသည် တဖြည်းဖြည်း ပိုမို၍ အင်အား ကြီးမားလာခဲ့ကြသည်။

၎င်းတို့သည် အရင်းအမြစ်အများစုကို နစ်ခရိုမန်ဆာမျှော်စင်အား ဆက်သပေးခဲ့ရသော်လည်း ပိုမိုအားကောင်းလာစေရန်မူ လုံလောက်စွာ စုဆောင်းနိုင်ခဲ့ကြသည်။

တစ်ချိန်က အခြား မှော်မျှော်စင်များရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ဖြစ်ခဲ့သော ၎င်းအင်အားစုလေးများသည် ယခုအခါ တစ်ချိန်ကထိုမျှော်စင်များနှင့် အင်အားချင်းပင် ကောင်းစွာ ယှဉ်ပြိုင်နေနိုင်ပြီဖြစ်၏။

ယခင် လေမှော်မျှော်စင်ခွန်အားကြီမားခဲ့စဥ်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သော အင်အားစုအချို့ပင် ရှိလာခဲ့လေသည်။

ထိုကဲ့သို့သော အင်အားစုများသည် စုစုပေါင်အဖွဲ့ (၂၀) ခန့်ရှိနေခဲ့ပြီး ၎င်းတို့အား နောက်ပိုင်းတွင် မှော်မိသားစုကြီးများဟု ခေါ်တွင်လာခဲ့ကြသည်။

နစ်ခရိုမန်ဆာမျှော်စင်ကို ချန်လှပ်ထားမည်ဆိုလျှင် မြောက်ပိုင်းတိုက်ကြီးတွင် သြဇာအရှိဆုံးမှာ ထိုမှော်မိသားစုကြီးများပင်ဖြစ်လေ၏။

ထိုမှော်မိသားစုကြီးအစု (၂၀) အနက် အားအနည်းဆုံးမှာ အနောက်တိုက်ကြီး ၏ နယ်စပ်အနီးရှိ နယ်မြေတစ်ခုကို ရရှိပိုင်ဆိုင်ထားသော မိသားစုတစ်စုဖြစ်သည်။

အနောက်တိုက်ကြီးနှင့် အဆက်မပြတ် ပဋိပက္ခများအတွင်း အဓိက ကြားညှပ်ခံရခြင်းကြောင့် ၎င်းတို့သည် အခြား မှော်အင်အားစုများထက် သိသိသာသာ ခွန်အားနည်းခဲ့ရခြင်းဖြစ်လေသည်။

သို့သော် အခြားမိသားစုများထက် အားနည်းနေသေးသည်ဆိုလျှင်ပင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဒေသ၏ အုပ်ချုပ်သူများ ဖြစ်နေဆဲပင်။

ထိုမိသားစုအမည်မှာ ကီးလ်မိသားစုဟုခေါ်တွင်လေသည်။

၎င်းတို့၏ ပြည်နယ်မှ လူများအတွက်မူ ကီးလ်မိသားစုအတွက် သာမန်အစောင့်တစ်ဦး ဖြစ်လာခြင်းသည်ပင် ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုဟု ဆိုနိုင်လေသည်။

ဤနယ်မြေမှ လူများ၏ အမြင်တွင် ကီးလ်မိသားစု၏ ခေါင်းဆောင်ကြီးသည် လက်တစ်ချက်တည်းဖြင့် ကောင်းကင်နှင့် မြေကြီးမှ လှုပ်ရှားမှုများကို ပြောင်းလဲပစ်နိုင်သည့် ဘုရားသခင်ကဲ့သို့သော တည်ရှိမှုတစ်ခုပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုပြည်နယ်ရှိမည်သူကမျှ ကီးလ်မိသားစု၏ ဘုရားသခင်သဖွယ် မှတ်ယူထားကြသော ထို ခေါင်းဆောင်ကြီးအား သာမန်အစေခံတစ်ဦးဖြစ်သော လူငယ်လေးတစ်ဦး၏ ရှေ့တွင် ဒူးထောက်ထိုင်နေရမည်ဟု စိတ်ကူးပင်ယဥ်ခဲ့ဘူးမည်မဟုတ်ပေ။

သေခြာကြည့်မည်ဆိုပါက ထိုခေါင်းဆောင်ကြီးဆိုသူ အဘိုးအို၏ မျက်လုံးများသည် အနည်းငယ် ဗလာကျင်းလျက်ရှိနေပြီး သူ၏ အတွေးများသည်လည်း အလွန်အမင်း ဝေဝါးလျက်ရှိနေခဲ့၏။

“ဒီမိသားစု (၂၀) ထဲက အားအနည်းဆုံးမိသားစုကိုတောင် ထိန်းချုပ်နိုင်ဖို့ ငါ ဒီလောက်အထိ ရုန်းကန်ခဲ့ရလိမ့်မယ်လို့ တကယ်ထင်မထားမိခဲ့ဘူး...”

မိသားစု ပလ္လင်ပေါ်တွင်ထိုင်နေသည့် လူငယ်လေးတစ်ဦးသည် ကီးလ်မိသားစု ခေါင်းဆောင်ကြီး၏ ရှေ့တွင် ဝံ့ကြွားစွာဖြင့် ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

အာရန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ထိုလူငယ်ကို မြင်သည်နှင့် ချက်ခြင်း အံ့အားသင့်သွားလိမ့်မည်ဖြစ်သည်။

ထိုလူငယ်မှာ အခြားမဟုတ် သူ၏ လက်တွင်းမှ လွတ်မြောက်သွားခဲ့သော မြောက်ပိုင်းတိုက်ကြီး၏ ကမ္ဘာကူးပြောင်းလာသူ ဖေးပင်ဖြစ်သောကြောင့်တည်း။

ပလ္လင်ပေါ်တွင်ထိုင်နေသော လူငယ်လေး ဖေးမှာ တစ်ချိန်က လေမျှော်စင်၏ အမွေဆက်ခံသူလည်းဖြစ်လေသည်။

ဖေးသည် သူ၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမည်ဆိုပါက မည်သူ့ကို မဆို ကျွန်အဖြစ် ပြောင်းလဲပစ်နိုင်သော ထူးခြားသည့် စွမ်းရည်တစ်မျိုး ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

သူသည် ပထမတွင် သူ၏ ငယ်သူငယ်ချင်းဖြစ်သူ မိန်းကလေးတစ်ဦးအပါအဝင် သူ၏ မိခင်ဖြစ်သူ လေမျှော်စင်၏ သခင်မကိုပါ ကျွန်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။

စာရေးသူဆိုသည့် ပုဂ္ဂိုလ်ထံမှ သိရှိနိုင်ခဲ့သော နည်းလမ်းအချို့ကို အသုံးပြု၍ မိစ္ဆာဂိုဏ်းချုပ် ဖန်ယုကိုပင် ကျွန်အဖြစ်အသုံးချရန် အရှေ့တိုက်ကြီးသို့ သွားရောက်ခဲ့လေသည်။

အရာအားလုံးသာ သူ၏ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တိုက်ကြီးတစ်ခုလုံးသည် မကြာမှီအချိန်ကပင် သူ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက်သွားခဲ့ရမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် အရေးအကြီးဆုံးအချိန်တွင် ဘယ်ကမှန်းမသိသည့် လူတစ်ဦးရောက်ရှိလာခဲ့ပြီး သူ၏ အစီအစဉ်တစ်ခုလုံးကို ဖျက်ဆီးခဲ့ကာ သူ၏ ဝိဉာဏ်ဝင်ရောက်ပူးကပ်ထားသော လက်ခံခန္ဓာကိုယ်ကိုပင် သတ်ပစ်ခဲ့၍ သူ့အား ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည်။

ဖေးသည် အာရန်အား ယခုအချိန်ထိ ထိတ်လန့်နေဆဲဖြစ်၏။

အထူးသဖြင့် အာရန်သည် သူအား ကမ္ဘာကူးပြောင်းလာသူဟူသည့် ကြီးမားသော လျှိူ့ဝှက်ချက်အား သိနေခဲ့သောကြောင့်ပင်။

အာရန်သည် ၎င်းအား မည်သို့ သိရှိနိုင်ခဲ့သည်ကို သူ မသိသေးပေ။

ထိုအာရန်သည်လည်း သူ့ကဲ့သို့ကမ္ဘာကူးလာသူတစ်ဦးပင်လော သို့မဟုတ် လူတစ်ဦး၏ အတိတ်ကို မြင်နိုင်သည့် အခြားထူးခြားသည့် နည်းလမ်းများပိုင်ဆိုင်ထားသည့် ဇာတ်လိုက်ကဲ့သို့ သူတစ်ဦးပင်လော...။

မည်သို့ပင်ဆိုစေ အာရန်သည် သူ့အတွက် အန္တရာယ်ရှိသော တည်ရှိမှုတစ်ခု ဖြစ်ကြောင်းကို လက်ခံထားခဲ့ကာ အရှင်သခင် များထက်ပင် သူ့အတွက်ပို၍ အန္တရာယ်ရှိနိုင်ကြောင်းလည်း နားလည်ထားသည်။

သူ၏ တည်ရှိမှုနှင့် သူ၏ နည်းလမ်းများကို မသိရှိနိုင်သော အရှင်သခင်များနှင့် မတူဘဲ အာရန်သည် အရာအားလုံးကို သိရှိထားပုံရလေသည်။

ထို့ပြင် အာရန်၏ ကိုယ်ပိုင်အချက်အလက်များကိုပင် မသိနိုင်သဖြင့် ဖေးသည် အရှေ့တိုက်ကြီးသို့ ထပ်မံဝင်ရောက်ခြင်းအား ရှောင်ရှားရန်သာရွေးချယ်ခဲ့သည်။

ထိုနေရာသည် သူ့အနေဖြင့် အာရန်ဆိုသူနှင့် ထပ်မံတွေ့ဆုံနိုင်သော နေရာတစ်ခု ဖြစ်သောကြောင့်လည်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် အာရန်၏ တည်ရှိမှုကို လျစ်လျူရှုထားပြီး အရှင်သခင် လေးဦးကို ကျွန်ပြုရန်သာ သူ၏ အဓိကရည်မှန်းချက်အဖြစ် အာရုံစိုက်ထားခဲ့ကာ သူ၏ နောက်ထပ် ပစ်မှတ်မှာ သန့်စင်ပရောဟိတ်မပင် ဖြစ်လေ၏။

ထိုအတွက်‌ ဖေးသည် နောက်လိုက်အပေါင်းအပါများ ပိုမိုလိုအပ်နေခဲ့သည်။

သူ၏ ကျွန်ပြုထားသူလူဟောင်းများကို အာရန်က ခေါ်ဆောင်သွားခဲ့သောကြောင့်လည်း လက်ရှိသူ့တွင် ကူညီရန်ကျွန်တစ်ယောက်မှမရှိ ဖြစ်နေခဲ့ရလေသည်။

ခုတစ်ကြိမ်တွင်တော့ ကိုယ့်ကိုကိုယ်အရမ်းအတင့်မရဲတော့ပဲ မြောက်ဘက်တိုက်ရှိ မိသားစုကြီး (၂၀) အတွင်းမှ အားအနည်းဆုံးတစ်ခုအတွင်းသို့ ဝင်ရောက်ရှိခဲ့သည်။

ဖေးသည် အချိန်တစ်ခုကြာသည်အထိ အစီအစဥ်များချပြီးနောက် နောက်ဆုံးတွင် ကီးလ်မိသားစု ခေါင်းဆောင်ကြီးဆိုသူအား သူ၏ ကျွန်အဖြစ်ပြောင်းလဲနိုင်ခဲ့လေ၏။

ကီးလ်မိသားစု ပိုင်ဆိုင်ထားသည့် နယ်မြေသည် အနောက်တိုက်ကြီးနှင့် ထိစပ်နေသောကြောင့် စာရေးဆရာထံမှ ကြားသိခဲ့ရသော အစီအစဉ်အရ ၎င်းသည် သူ့အတွက် ပြီးပြည့်စုံသော နေရာတစ်ခုလည်း ဖြစ်လေသည်။

“အဆင့် ၁၉ မှာရှိတဲ့ မိသားစုကြီးရဲ့ ခေါင်းဆောင်ကို ဒီဖိတ်စာပို့လိုက်” ဟု ဖေးက ကီးလ်မိသားစု ခေါင်းဆောင်ကြီးအား အမိန့်ပေးလိုက်သည်။

ယခု သူသည် မိသားစုခေါင်းဆောင်ကြီးတစ်ဦးကိုပင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ ကျန်သည့် မိသားစု (၁၉) စု ကို ဆက်လက်ထိန်းချုပ်ရန် အာရုံစိုက်နိုင်ပြီဖြစ်သည်။

ထိုမိသားစုများအား သူ၏ကျွန်အဖြစ် ဆက်လက်သွတ်သွင်းပြီးပါက သူ၏ နောက်ထပ် ပစ်မှတ်များမှာ သန့်စင်ပရောဟိတ်မနှင့် နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင်တို့ပင် ဖြစ်လေ၏။

“သခင်ရဲ့ အလိုတော်အတိုင်းပါ” ဟု ကီးလ်မိသားစု ခေါင်းဆောင်ကြီးမှ ဒူးထောက်နေဆဲမှာပင် ဖေး၏အမိန့်ကို လက်ခံလိုက်သည်။

ဖေးသည် ခေါင်းဆောင်ကြီး၏ ပလ္လင်ဆီမှ ထရပ်လိုက်သည်။

သူသည် ကီးလ်မိသားစု ခေါင်းဆောင်ကြီးထံ ပိုမိုနီးကပ်စွာ လျှောက်သွားပြီး ဦးခေါင်းကို ဖြည်းညှင်းစွာ ပုတ်လိုက်သည်။

“တော်လိုက်တဲ့ ကလေး”

ဖေးသည် မိသားစုခေါင်းဆောင်ကြီးအား သူ၏ အိမ်မွေးတိရစ္ဆာန်လေးတစ်ဦးအား ပြောနေသည့်ပမာ ဆက်ဆံပြုမူလိုက်၏။

“ပြီးတော့ ဟို မင်းသမီးဆိုတဲ့တစ်ယောက် ငါ ပထမဆုံး ဒီကိုရောက်လာတုန်းက တော်တော်ကို မာနကြီးတယ်” ဟုဖေးက ကီးလ်မိသားစု၏ မင်းသမီးလေးကို သတိရလိုက်သဖြင့် ထပ်လောင်းပြောဆိုလိုက်၏။

“အခု ဒီအင်အားစုတစ်ခုလုံး ငါ့အပိုင်ဖြစ်သွားပြီဆိုမှတော့ သူမကလည်း ငါ့အပိုင် ပဲပေါ့ ဟိဟိ ဒီည သူမကို ငါ့အိပ်ခန်းဆီ ပို့ထားလိုက်.... ငါ ကိုယ်တိုင် သူမကို ယဉ်ကျေးမှုနဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေသင်ပေးရလိမ့်မယ်”

ဖေးသည် ကီးလ်မိသားစု ခေါင်းဆောင်ကြီး၏ ဦးခေါင်းကို လွှတ်ပေးလိုက်ပြီးနောက် သူ၏ ခြေသံများသည် တစ်စတစ်စ ဝေးကွာသွားခဲ့လေသည်။

...

“သေတဲ့အကြောင်း ထပ်မပြောနဲ့တော့” ဟုယူရီယယ်သည် အာရန်အား ပြန်ပြောလိုက်သည်။

ဧကရာဇ်၏ညီတော်မှာ ထိုစကားများကြောင့် ဒေါသထွက်သွားသည်မှာ သိသာနေခဲ့သည်။

“တစ်ယောက်ယောက်က အကိုတော်ကို ထိခိုက်အောင် ပြမူချင်တယ်ရင် ကျုပ်အလောင်းကို အရင်ဆုံး ဖြတ်ကျော်နိုင်မှ ရလိမ့်မယ်”

အာရန်သည် တတ္ထုအတွင်း၌ သစ္စာစောင့်သိမှု၏ စံနှုန်းတစ်ခုအဖြစ် ဖော်ပြခြင်းခံထားရသော ယူရီယယ်ဆိုသူထံမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

အတုအယောင်ပရောဟိတ်မက တစ်ကမ္ဘာလုံးကို ဆန့်ကျင်ခဲ့ချိန်တွင်ပင် သူသည် သေခြင်းကို မကြောက်ရွံ့ဘဲ အမြဲတမ်း သူမဘက်မှ ရပ်တည်ပေးခဲ့သူဖြစ်၏။

“အဲဒီအကြောင်းကို အခုလော‌လောဆယ် ထပ်မပြောကြရအောင်” ဟု အာရန်သည် ယူရီယယ်တစ်ယောက် သူ၏ ဘက်တွင် ရှိနေသေးကြောင်း အတည်ပြုချက်ရပြီးနောက် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

“ဒါနဲ့ ညီတော် မင်း တော်ဝင်နန်းတော်ကို ဘယ်တော့လောက် ပြန်လာမှာလဲ”

“ပြန်လာရမယ်ဟုတ်လား”

ယူရီယယ်သည် သူ၏ အကိုတော်ကို စိတ်ရှုပ်ထွေးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

“နန်းတော်က မင်းရဲ့အိမ်ပဲလေ။ဒီလောက်အန္တရာယ်များနေတဲ့ကာလမှာ မင်း ဘယ်လောက်ကြာကြာ လျှောက်သွားနေဦးမှာလဲ”

ထိုသို့ပြောပြီးနောက် အာရန်သည် လှည့်ထွက်သွားလိုက်ကာ နန်းတော်အတွင်းသို့ ပြန်ဝင်သွားခဲ့ရင်း သူ၏ စကားများကိုသာ ညီတော်အားစဥ့်စားရန် ချန်ထားခဲ့လေသည်။

“ညီလေး မင်း အိမ်ပြန်လာဖို့ အချိန်တန်ပြီလို့ အကိုထင်တယ်။”

ယူရီယယ်သည် အကိုတော်၏ ဝေးကွာသွားသော ကျောပြင်ကို ငေးကြည့်ရင်း သူ၏ နှလုံးသားတွင် ထူးဆန်းသော စိတ်ခံစားမှုအချို့ဖြစ်ပေါ်လာခဲ့၏။

ထိုခံစားမှုတွင် ပျော်ရွှင်မှုများအပြင် ဝမ်းနည်းမှုများလည်း ရောနှောပါဝင်နေသည့်အလားပင်..။

#Catfoot

All Chapters