← Chapters

မဖိတ်ခေါ်ပဲရောက်ရှိလာသူ...

Vol. 27 Ch. 388

မဖိတ်ခေါ်ပဲရောက်ရှိလာသူ...

Vol. 27 Ch. 388

...

အာရန်သည် ယခင်ညက မည်သည့်အချိန်တွင် အိပ်ပျော်သွားခဲ့မှန်းကိုပင် မမှတ်မိတော့ပါ။

မနက်မိုးလင်း၍ မျက်လုံးများဖွင့်လိုက်ချိန်တွင် ညက အနည်းငယ်မျှသာ အိပ်ပျော်ခဲ့ရသည့်အလား ခံစားလိုက်ရသည်။

နိုးထလာသောအခါ ပထမဆုံး မြင်တွေ့လိုက်ရသူမှာ သူ၏ လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုရင်း အိပ်ပျော်နေဆဲဖြစ်သည့် အလှကလေး ရှုယင်ပင် ဖြစ်သည်။

အာရန်သည် ဆက်လက်လှုပ်ရှားခြင်းမရှိသေးဘဲ ကလေးတစ်ဦးကဲ့သို့ ငြိမ်းချမ်းစွာ အိပ်ပျော်နေဆဲဖြစ်သော ရှုယင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

အာရန်သည် သူ၏ အခြားလက်တစ်ဖက်ဖြင့် သူမ၏ ကသောင်းကနင်းဖြစ်နေသော ဆံနွယ်စလေးများကို ညင်သာစွာ နောက်သို့ပြန်လည် သပ်ချပေးလိုက်၏။

“အင့်...”

အာရန်၏ ထိတွေ့မှုကို တုံ့ပြန်သည့်အလား ရှုယင်သည် မသိမသာ အသံလေးတစ်ချက် အလိုလိုပြုလိုက်မိသည်။

သူမသည် အာရန်ထံသို့ ပိုမိုနီးကပ်သွားလိုက်ပြီး သူမ၏ လက်တစ်ဖက်ကို သူ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်ကာ သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော နွေးထွေးမှုကို ခံစားနေလိုက်ရသည်။

သူမသည် အာရန်၏ ရင်ခွင်ထဲတွင် လုံခြုံသည်ဟု ခံစားရသည်။

ထိုကဲ့သို့သော ခံစားချက်သည် မွေးဖွားလာချိန်ကတည်းက သူမကဲ့သို့စရိုက်ရှိသူ တစ်ဦးအတွက် ရှားပါးသော ကွန်းခိုရာတစ်ခုဟုလည်း ယူဆ၍ရလေ၏။

သူမသည် မိစ္ဆာဂိုဏ်းမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ဤကဲ့သို့သော အခိုက်အတန့်များ ရရှိနိုင်ခဲ့သည်မှာ အတော်လေးရှားပါးနေဆဲပင်။

ဤသို့ဖြင့် နောက်ထပ် တစ်နာရီခန့်ကြာပြီးနောက် ရှုယင်တစ်ယောက် နောက်ဆုံးတွင် ပြန်လည် နိုးထစပြုလာခဲ့သည်။

သူမသည် မျက်လုံးများကို ဖွင့်လိုက်ရာ အာရန်တစ်ယောက် သူမ၏ ဘေးနားတွင် ဆက်လက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

မပြီးဆုံးစေချင်သော လှပသောအိပ်မက်လေးတစ်ခု မက်နေခဲ့သည့်အလား သူမ သည် တစ်ချက်ပြုံးပြလိုက်၏။

ထို့နောက် ရှုယင်သည် သူမ၏ နှုတ်ခမ်းများဖြင့် အာရန်အား ဖိကပ်၍ နမ်းရှိုက်လိုက်လေသည်။

“ရှင် နိုးနေရင်လည်း ကျွန်မကိုနှိုးလိုက်ရောပေ့ါ” ဟု သူမက အာရန်အား မေးလိုက်သည်။

“ကိုယ် ခုလေးတင်ပဲ နိုးလာတာပါ” ဟု အာရန်က သူမအား ပြန်လည်လိမ်ပြောလိုက်ပြီး သူနိုးနေသည်မှာ တစ်နာရီနီးပါးခန့် ရှိနေပြီဖြစ်ကြောင်းကိုမူ မသိစေခဲ့ပေ။

သူမ အိပ်ပျော်နေစဉ် သူသည် သူမအား အနှောင့်အယှက် မပေးချင်ခဲ့သောကြောင့်လည်း ဖြစ်သည်။

“ရှင် တကယ်ပဲ သွားကို သွားမှရမှာလား”

ရှုယင်သည် ကြောင်လေးတစ်ကောင်ကဲ့သို့ အာရန်၏ ရင်ခွင်ထဲတွင် တွယ်ကပ်နေရန်ကျိုးစားလိုက်သည်။

“ကျွန်မလည်း ရှင့်နောက်ကို လိုက်ခဲ့လို့ ရတယ်မလား”

အာရန်သည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်နှင့်အတူ မြောက်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်ရမည်ဖြစ်သည်။

သူမသည် အာရန်နှင့်အတူ လိုက်ပါလိုနေခဲ့သော်လည်း သူသည် သူမအား ငြင်းပယ်လိုက်ပြီး တစ်ယောက်ယောက် အနောက်တွင်နေရစ်ခဲ့ရန် လိုအပ်သည်ဟု ပြောလိုက်သည်။

ရှုယင်က မကျေနပ်သေးပဲသူမအစား ဇီယာကိုသာ နောက်ချန်ထားခဲ့ရန် ပြောလိုက်သော်လည်း ဇီယာကိုပါသူမနှင့်အတူ ကျန်ရစ်ခဲ့ရမည်ဖြစ်ကြောင်း အာရန်မှ အတည်ပြုပေးလိုက်သည်။

၎င်းသည် ရှုယင်ကို ပို၍ပင် စိုးရိမ်ပူပန်သွားစေခဲ့သည်။

အာရန်သည် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်နောက်သို့ တစ်ယောက်တည်း လိုက်သွားလိုနေခဲ့ပြီး အခြား မဟာအကြီးအကဲနှစ်ဦးကို သန့်စင်ဧကရာဇ်အား ကာကွယ်ရန် နောက်တွင်သာ နေရစ်ခဲ့စေချင်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန်အားနည်းသော သူ၏ ကိုယ်ပွားသက်သက်ပင် ဖြစ်နေသောကြောင့်ပင်တည်း။

အာရန်တစ်ယောက် မြို့ထဲတွင် မရှိသောအခိုက်အတံ့တွင် သူ၏ ကိုယ်ပွားသည် အနည်းငယ်မျှ ထိခိုက်မိသွားလျှင်ပင် ပျောက်ကွယ်သွားရပေလိမ့်မည်။

ထိုသို့ဖြစ်သွားခဲ့ပါက သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် အချည်းနှီးပင် ဖြစ်သွားပေလိမ့်မည် ဖြစ်လေသည်။။

တစ်ချိန်တည်းမှာပင် မူလ သန့်စင်ဧကရာဇ်သည် အချိန်ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သည်မှာလည်း ဖော်ထုတ်ခံရပေလိမ့်မည်။

ယခုအချိန်တွင် သန့်စင်မြို့တော်မှ ထွက်ခွာခြင်းသည် အရေးကြီးသကဲ့သို့ သူ၏ ကိုယ်ပွားနှင့် သန့်စင်မြို့တော်ရှိ သူ၏ အာဏာကို ကာကွယ်ရန်မှာလည်း ထပ်တူအရေးကြီးလေသည်။

ထိုအတွက် သူသည် ဧကရာဇ်၏ညီ‌တော် ယူရီယယ်ကိုသာ မှီခိုနေ၍ မရနိုင်ပေ။

သူသည် ရှုယင်နှင့် ဇီယာ နှစ်ဦးစလုံးကို အားကိုးရလိမ့်မည်ဖြစ်၏။

သူ၏တပည့်မလေးသည်လည်း နောက်တွင် ကျန်ရစ်နေခဲ့မည် ဖြစ်သောကြောင့် တော်ဝင်နန်းတော်သည် ဘေးကင်းလုံခြုံရန် ပို၍ပင် အရေးကြီးနေသည်။

“ကို့အတွက် စိတ်မပူပါနဲ့။ ခုလိုကာဒီနယ်ရဟန်းအမတ်တစ်ပါးတည်းဆိုရင်ကတော့ ကိုယ့်အနေနဲ့ အေးအေးဆေးကိုင်တွယ်နိုင်ပါတယ်။ ကို့အစား သူ့ရဲ့ ဘေးကင်းရေးကိုပဲ ပြန်ပြီး စိတ်ပူသင့်တယ်” ဟု အာရန်က ရိုးသားဟန်ဖြင့် ပြန်ပြောလိုက်သည်။

သူသည်သာ အနောက်တိုက်ကြီးတွင် ရှိနေသမျှ ကာဒီနယ်ရဟန်းအမတ်သည် သူ့အား ထိခိုက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သိနေခဲ့သည်။

အကယ်၍ ထိုသူသည် တစ်ခုခု ကြိုးစားမည်ဆိုလျှင် မြောက်ပိုင်းတိုက်ကြီးတွင်သာ ဖြစ်နိုင်ချေရှိပြီး သူ၏အပြစ်ကို နစ်ခရိုမန်ဆာများအပေါ်တွင် လွှဲချနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် အာရန်အတွက်လည်း အကျိုးရှိနေခဲ့သည်။

သူသည် မြောက်ပိုင်းတိုက်ကြီးတွင်သာ ကာဒီနယ်ရဟန်းအမတ်တစ်ဦးကို သတ်ပစ်မိခဲ့ပါက သန့်စင်ဘုရားကျောင်း၏ ထိန်းချုပ်မှုပြင်ပတွင် ဖြစ်နေသောကြောင့် ၎င်း၏ သေဆုံးမှုကို ချက်ချင်းဖော်ထုတ်ခံရတော့မည်မဟုတ်ပေ။

ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီယယ်၏ သေဆုံးတုံးက ဘုရားကျောင်းဘက်က အလွန်လျင်မြန်စွာ သိရှိခဲ့ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူသည် အနောက်တိုက်ကြီး၏ နယ်နိမိတ်အတွင်းတွင် သေဆုံးခဲ့သောကြောင့်ပင်တည်း။

အာရန်သည် ရှုယင်အား သန့်စင်အင်ပါယာမှ ထွက်ခွာခွင့် မပေးနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် မြောက်ပိုင်းတိုက်ကြီးသို့ သွားခြင်းအပြင် သန့်စင်အင်ပါယာပြင်ပတွင် ကိုင်တွယ်ရမည့် ကိစ္စများစွာ ရှိနေခဲ့သောကြောင့်လည်း ဖြစ်လေသည်။

လူတိုင်းက အာရန်အား မိစ္ဆာဂိုဏ်း၏ သံတမန်များ ပျောက်ဆုံးခြင်းကို စုံစမ်းရန် မြောက်ပိုင်းတိုက်ကြီးသို့ သွားလိုသည်ဟုသာ ယုံကြည်ထားကြသော်လည်း အမှန်တွင်မူ သူသည် သံတမန်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း သိနှင့်ပြီးဖြစ်၏။

ယခုအချိန်တွင် ၎င်းတို့သည် ဘေးကင်းလျက်ရှိနေခဲ့သည်။

ထို့ကြောင့် သူတို့အား လောလောဆယ်တွင် ကယ်တင်ရန် သူ မရည်ရွယ်ထားပေ။ ယင်းအစား အာရန်သည် ဤစုံစမ်းမှုကို လှည့်စားမှုတစ်ခုအဖြစ် အသုံးပြုလိုနေခဲ့ခြင်းဖြစ်သည်။

သူ၏ အစစ်အမှန် ပန်းတိုင်မှာ ပင်လယ်နဂါးဧကရီနှင့်အတူ ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေရန်ပင် ဖြစ်လေ၏။

ထိုအတွက် သူသည် မြို့မှ ထွက်ခွာပြီး ထရီနီယယ်ကို သတ်ပစ်ရမည်ဖြစ်ရာ သူ သည် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန်လိုအပ်လေသည်။

“မင်း သတိမထားလိုက်မိခင်မှာတင် ကိုယ် ပြန်လာခဲ့ပါ့မယ်” ဟု အာရန်သည် ရှုယင်၏ ပါးပြင်လေးတစ်ဖက်ကို ညင်သာစွာ ပွတ်သပ်ရင်းပြောလိုက်သည်။

သူမကို နောက်တစ်ကြိမ် ထပ်မံနမ်းပြီးနောက် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ ထရပ်လိုက်သည်။

အာရန်သည် ပြင်ဆင်မှုအချို့ပြုလုပ်ရန်အတွက် ရေချိုးခန်းအတွင်းသို့ ဝင်သွားခဲ့သည်။ ရေချိုးခန်းထဲတွင် သူ၏ လက်မောင်းပေါ်ရှိ ဓားအမှတ်အသားအား ကြည့်နေခဲ့ရာ ယခုအချိန်အထိ မည်သည့်ပြောင်းလဲမှုကိုမျှ သတိမပြုမိသေးပေ။

အာရန်တစ်ယောက် ဓားဧကရာဇ်၏ဓားကို ရရှိခဲ့သည်ဟု အိပ်မက်ပြီးနောက် အခြား ထူးဆန်းသော အိပ်မက်များကို ထပ်မံ မမက်တော့ပေ။

ထိုအိပ်မက်၏ အဓိပ္ပာယ်ကို သူ ယခုအချိန်ထိ ရှုပ်ထွေးနေဆဲပင်။

ခဏတာ ရေချိုးပြီးနောက် အာရန်သည် သူ၏ ခန္ဓာကိုယ်ကို နဂါးလျှာအစွမ်းဖြင့် အခြောက်ခံလိုက်သည်။

ထို့နောက် အာရန်သည် ဓားအမှတ်အသားကို အနက်ရောင် အဝတ်စဖြင့် ထပ်မံဖုံးအုပ်ပြီးမှသာ သူ၏ အဝတ်အစားများကို ပြန်လည် ဝတ်ဆင်လိုက်၏။

နောက်ဆုံး၌ မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်ရာ မဟာအကြီးအကဲရန်၏ ပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိုသို့ အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ပြီးနောက် အာရန်သည် ရေချိုးခန်းအတွင်းမှ ထွက်လာခဲ့သည်။

“မင်း စိတ်ဆိုးနေတုံးပဲလား”

အာရန်သည် ရှုယင်အားထိုသို့ မေးလိုက်သော်လည်း ရှုယင်သည် ကုတင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်ကာ သူ့အားကျောပေးထားဆဲပင်။

သူမကို ခေါ်မသွားနိုင်ခဲ့ခြင်းအတွက် သူမသည် အမှန်တကယ် စိတ်ပျက်သွားခဲ့ခြင်းလော..။

ထို့နောက် အာရန်သည် သူမထံသို့ ချဉ်းကပ်သွားခဲ့ရာ သူမကို သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ အလွန်အံ့အားသင့်သွားခဲ့ရသည်။

သူမသည် ကျောက်ရုပ်တုတစ်ခုအဖြစ် အသွင်ပြောင်းလဲခြင်းခံလိုက်ရသည့်အလား ရွေ့လျားနိုင်ခြင်း တစ်စက်မှပင် မရှိတော့ပေ။

ထို့အပြင် ယခုမှပင် အာရန်သည် ပတ်ဝန်းကျင်ရှိ အခြား ထူးဆန်းသောအရာများကို သတိပြုမိလိုက်သည်။

အချိန်ကိုယ်တိုင်ကပင် ရှုယင်ကဲ့သို့ပင် ရပ်တန့်သွားခဲ့သည့်အလားပင်။

“ခင်ဗျား ဘာလာလုပ်တာလဲ”

ဘာဖြစ်နေမှန်း သဘောပေါက်သွားသော အာရန်သည် နောက်သို့ ပြန်လှည့်ရင်း မေးလိုက်သည်။

ထိုသို့ အာရန်တစ်ယောက် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အိမ်တွင်းတွင်ပင် ထီးတစ်ချောင်းကို ကိုင်ထားသော ရင်းနှီးသည့် ပုဂ္ဂိုလ်တစ်ဦးကို သတိပြုမိလိုက်သည်။

ထိုပုဂ္ဂိုလ်ကို ကောင်းစွာ မမြင်နိုင်စေသော ထူးဆန်းသော မြူခိုးများကဲ့သို့ အရာတစ်ခုက သူ၏ပတ်ပတ်လည်တွင် ဖုံးလွှမ်းလျက်ရှိနေခဲ့၏။

ပုံမှန်အားဖြင့် အာရန်သည် ထိုပုဂ္ဂိုလ်ကို ဆင့်ခေါ်ချင်ပါက မေးခွန်းဘောက်ချာတစ်ခုကို အသက်သွင်းရန်လိုအပ်သော်လည်း ဤတစ်ကြိမ်တွင်မူ ထိုပုဂ္ဂိုလ်သည် ကိုယ့်သဘောနှင့်ကိုယ် ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

#Catfoot

All Chapters