← Chapters

သေပေးရလိမ့်မယ်

Vol. 27 Ch. 387

သေပေးရလိမ့်မယ်

Vol. 27 Ch. 387

...

သန့်စင်ပရောဟိတ်မသည် သူမ၏ သီးသန့် အဆောင်သို့ ပြန်သွားခဲ့သည်။

ဧည့်ခံပွဲတစ်လျှောက်လုံးတွင် သန့်စင်ဧကရာဇ်မှ သူမအား ဆန့်ကျင်ခဲ့ချိန်များ၌ပင် သူမသည် တည်ငြိမ်သော ဟန်ပန်ကို ထိန်းသိမ်းထားခဲ့ရ၏။

သို့သော် သူမသည် သူမ၏ သီးသန့်နေရာသို့ ပြန်ရောက်သည်နှင့် သူမ၏ အစစ်အမှန် ပုံစံကို ထုတ်ဖော်မိတော့သည်။

သူမသည် ထိုနေရာရှိ ပစ္စည်းများကို တွေ့ကရာ ပစ်ပေါက်နေမိသည်။

သူမ၏ မျက်နှာအမူအရာမှာလည်း အလွန်မှောင်မိုက်လွန်းနေခဲ့၍ သန့်စင်ဧကရာဇ်အား အစိမ်းလိုက် ဆွဲဖြဲပစ်ချင်နေသည်အထိ ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့ဟန်ရသည်။

နစ်ခရိုမန်ဆာမျှော်စင်၏ တည်ရှိမှုသည်သာ သူမအတွက် စိုးရိမ်ပူပန်စရာ ကိစ္စမဟုတ်ခဲ့ပါက သူမသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ထိုဧည့်ခံပွဲ အတွင်းမှာပင် ထိုသန့်စင်ဧကရာဇ်အား သတ်ပစ်ခဲ့မိပေလိမ့်မည်။

သန့်စင်ဧကရာဇ်သည် သူမ၏ သနားကြင်နာမှုကြောင့် အသက်ရှင်နေခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ယခု သူမအတွက် သူ့အား ဖယ်ရှားပစ်ရန် လိုအပ်နေသည့် အချိန်တွင်မှ သူက ရုတ်တရက် ထ၍ ပြဿနာရှာနေသည်တဲ့လား...။

“ဒီအရူးကောင်ကတော့ ... အရှေ့တိုက်က အကူအညီနဲ့ဆိုရင် ငါ့ကို ဆန့်ကျင်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေခဲ့တာလား။ အဲဒီသူအာကိုးတကြီး ဆက်ဆံနေတဲ့ အရှေ့တိုက်ကြီးက လူတွေတောင် ငါ့အတွက် နယ်ရုပ် သက်သက်တွေပဲဆိုတာ သူ မသိသေးဘူး” ဟု ပရောဟိတ်မသည် ဒေါသတကြီး ဆူပူပြောဆိုနေမိခဲ့သည်။

သူမသည် အစပိုင်းကတည်းက မဟာအကြီးအကဲရန်အား အတိုင်းအတာတစ်ခုအထိ အသုံးချပြီးနောက် သတ်ပစ်ရန် စီစဉ်ထားခဲ့ပြီးဖြစ်သည်။

သို့သော် ထိုသူသည် သန့်စင်ဧကရာဇ်နှင့်အတူ ပေါ်ပေါ်တင်တင်ပင် ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်သောကြောင့် သူ့အား တစ်စက္ကန့်မျှပင် ဆက်လက် အသက်ရှင်ခွင့်ပေးချင်စိတ် မရှိတော့ပေ။

မကြာမီပင် သူမသည် သူမ၏ နန်းဆောင်ဆီမှ ထွက်ခွာလာခဲ့ကာ အာရန်အား မြောက်ပိုင်းတိုက်ကြီးအား စုံစမ်းရန် လိုက်ပို့ပေးမည့် ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ကာဒီနယ်ရဟန်းအမတ် ထရီနီယယ်သည် သန့်စင်ဘုရားကျောင်းတော်သို့ ပြန်ရောက်ခဲ့ချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။

အကြောင်းအမျိုးမျိုးကြောင့် အစောပိုင်းက ဘာတွေဖြစ်ခဲ့သည်ကို သူ ကောင်းစွာ မှတ်မိမနေခဲ့ပေ။

အရေးကြီးသော တစ်ခုခုကို သူကိုယ်တိုင် မေ့လျော့သွားခဲ့သည့်အလားပင်။

သူ တကယ်ပဲ ထိုစဥ်က အိပ်ငိုက်သွားခဲ့ခြင်းလား။

သူ၏ ခန္ဓာကိုယ်သည် ဤမျှထိပင်ပင်ပန်းနေခဲ့သည်တဲ့လား...။

ထရီနီယယ်သည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့သော်လည်း ၎င်းအကြောင်းကို စဉ်းစားရန် သူ့တွင် အချိန်မရှိခဲ့ပေ။

သူ ပြန်ရောက်သည်နှင့် သန့်စင်ပရောဟိတ်မက သူ့အား တန်း၍ ခေါ်ယူခဲ့၏။

အစည်းအဝေးခန်းမသို့ ရောက်သောအခါ ထရီနီယယ်သည် အခြား ကာဒီနယ်ရဟန်းအမတ်များ ဤနေရာတွင် ရှိမနေသည်ကို သတိပြုမိလိုက်သည်။

သန့်စင်ပရောဟိတ်မတစ်ဦးတည်းသာ ဖယောင်းတိုင်အနည်းငယ် ထွန်းညှိထားသော အစည်းအဝေးခန်းအတွင်း ထိုင်နေခဲ့သည်။

ထရီနီယယ်သည် သန့်စင်ပရောဟိတ်မအား နှုတ်ဆက်ပြီးနောက် မတ်တပ်ရပ်လျက်ပင် သူမ၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေခဲ့သည်။

“မနက်ဖြန် ရှင် မြောက်ပိုင်းတိုက်နယ်မြေကို အရှေ့တိုင်းသံတမန်တွေနဲ့အတူ လိုက်သွားမယ်မလား” ဟု သန့်စင်ပရောဟိတ်မက မေးလိုက်သည်။

“ဟုတ်ပါတယ်” ဟု ထရီနီယယ်က ခေါင်းညိတ်ပြန်ဖြေလိုက်၏။

“သူတို့ထဲက ဘယ်သူမှ အသက်ရှင်လျက်ပြန်လာလို့ မရဘူး၊ အထူးသဖြင့် အဲဒီရန်ဆိုတဲ့လူ။ တစ်ချိန်တည်းမှာ ရှင်လည်းအဲ့ဒီမှာပဲ သေရလိမ့်မယ်...” ဟု သန့်စင်ပရောဟိတ်မသည် မျက်နှာအမူအရာ တစ်ချက်ပင် မပြောင်းလဲဘဲ ဆက်တိုက် ပြောလိုက်သည်။

သူမ၏ စကားများကို ကြားသောအခါ ထရီနီယယ်၏ စိတ်ထဲတွင် ဗလာကျင်းသွားခဲ့သည်။

အရှင်မသည် တကယ်ပဲ သူ့ကို သေစေလိုနေခြင်းလား။

မိစ္ဆာဂိုဏ်းကို နစ်ခရိုမန်ဆာမျှော်စင်၏ လက်ချက်ဖြစ်ကြောင်း ယုံကြည်စေရန်အတွက် စတေးရန်လား...။

ထရီနီယယ်သည် ပရောဟိတ်မမှ သူ့အား သေစေရန် ညွှန်ကြားခဲ့သော်လည်း သူ သည် ထိုသို့လုပ်ဆောင်ရန် ဆန္ဒရှိနေခဲ့သည်။

သူ၏ အမြင်တွင် သန့်စင်ပရောဟိတ်မအတွက်ဆိုလျှင် ပေးဆပ်မှုအားလုံးက ထိုက်တန်‌သည်။

“ကျွန်ုပ်သေခြာအောင် လုပ်ဆောင်ခဲ့ပါ့မယ်” ဟု ထရီနီယယ်သည် အနည်းငယ်မျှပင် ဆန့်ကျင်ခြင်းမရှိဘဲ ချက်ချင်းပြန်လည် သဘောတူခဲ့သည်။

သန့်စင်ပရောဟိတ်မ၏ ညွှန်ကြားချက်များကို ရရှိပြီးနောက် သူသည် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

“နောက်ထပ် တစ်ခု ရှိသေးတယ်...” ဟု သန့်စင်ပရောဟိတ်မက ပြောလိုက်ရာ ထွက်ပေါက်ဝတွင် ရောက်နေသော ထရီနီယယ်မှ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ထရီနီယယ်က သန့်စင်ပရောဟိတ်မ ထပ်ပြေသည့် စကားအချို့ကို ကြားသောအခါ သူ၏ မျက်လုံးများ မှေးစင်းသွားခဲ့သည်။

ထို့နောက် ထူးဆန်းသော အပြုံးတစ်ခုသည် သူ၏ နှုတ်ခမ်းထက်တွင်ပေါ်လာကာ တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြီး အခန်းတွင်းမှ ထွက်ခွာသွားခဲ့ကာ သန့်စင်ဘုရားကျောင်း၏ စင်္ကြံလမ်းများတစ်လျှောက် ထွက်ခွာသွားရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သန့်စင်ပရောဟိတ်မသည်သာ ထိုအခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး တစ်ယောက်တည်းပြောနေဟန်ဖြင့် စကားလုံးအချို့သည် သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ကျလာခဲ့လေသည်။

“သန့်စင်ဧကရာဇ်...ဟမ့်။ ရှင့်ရဲ့ ကမ္ဘာတစ်ခုလုံး မနက်ဖြန် ပြိုလဲသွားတဲ့အခါ ရှင် ဘယ်လို တုံ့ပြန်မလဲဆိုတာ မြင်တွေ့ရဖို့ ကျွန်မမစောင့်နိုင်အောင်ပါပဲ” ဟူ၍ ပြောလိုက်သည်။

...

တစ်ညလုံးတွင် ကာဒီနယ်ရဟန်းအမတ်သည် သန့်စင်ပရောဟိတ်မ၏ ညွှန်ကြားချက်များအတိုင်း သေချာစွာ ပြင်ဆင်နေခဲ့သည်။

မနက်ဖြန်သည် သူ့အတွက် မဟာအကြီးအကဲနှစ်ဦးကို သတ်ပစ်ရမည့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်တော့မည်။

မြောက်ပိုင်းတိုက်ကြီး၏ နယ်မြေတွင် ရှိနေစဉ် မဟာအကြီးအကဲနှစ်ဦးကို သတ်ရန် မှာ သူ့အတွက် ထင်သ‌လောက် မလွယ်ကူပေ။

မြောက်ပိုင်းတိုက်ကြီးတွင် သူသည် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များကို ကောင်းစွာ အသုံးပြုနိုင်မည် မဟုတ်သောကြောင့် အနောက်တိုက်ကြီးတွင် ရှိနေသည်ထက် များစွာ အားနည်းနေပေလိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့် အာရန်နှင့် ဇီယာတို့သည် သူ့ကဲ့သို့ နယ်မြေကန့်သတ်ချက်များ၏ သက်ရောက်မှုမျိုး မရှိပေ။

၎င်းတို့သည် အရှင်သခင်တစ်ဦး၏ သီးသန့်နယ်မြေ.... အာရန် ယခင်က ကြုံတွေ့ခဲ့ရသော သန့်စင်ပရောဟိတ်မ၏ ကောင်းချီးနယ်မြေကဲ့သို့သော နေရာများ၏ သက်ရောက်မှု မရှိသရွေ့ ၎င်းတို့သည် မည်သည့်တိုက်ကြီးသို့ ဝင်ရောက်သည်ဖြစ်စေ ၎င်းတို့၏ ခွန်အားသည် အမြဲတမ်း တူညီနေလိမ့်မည်။

ထရီနီယယ်သည် မြောက်ပိုင်းတိုက်ကြီးတွင် အာရန်နှင့် ဇီယာတို့အား သတ်ရန်မှာ လွန်စွာ မလွယ်ကူကြောင်း သိနေခဲ့သည်။

တတိယမြောက် မဟာအကြီးအကဲသည်သာ ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့ပါက အတော့်ကို ခက်ခဲသွားပေလိမ့်မည်။

သို့သော် ကံကောင်းစွာဖြင့် သန့်စင်ပရောဟိတ်မက ရှုယင်အတွက် တစ်စုံတစ်ရာ စီစဉ်ပေးထားပြီးဖြစ်ရာ သူမအတွက်စိုးရိမ်စရာ မလိုတော့ပေ။

အာရန်နှင့် ဇီယာတို့နှစ်ဦးသာ ဤခရီးတွင် သူ့နှင့်အတူလိုက်ပါလာမည်ဖြစ်ရာ ဤအစီအစဉ်သည် အောင်မြင်နိုင်ချေ ပို၍များသွားစေခဲ့၏။

သူ၏ သေဆုံးမှုသည်လည်း ဤအရာအားလုံးကို ပိုမို ရှုပ်ထွေးသွားစေလိမ့်မည်ဖြစ်သည်။

မနက်ဖြန်သည် ကာဒီနယ်ရဟန်းအမတ်အတွက် ထိုမျှ ကြီးမားသော နေ့ဖြစ်လာမည်ဖြစ်သောကြောင့် သူ့အတွက်ညတာသည် အလွန်ရှည်လျားနေခဲ့ဟန်ရလေသည်။

သူသည် အာရန်တို့အား ဖယ်ရှားရန် အလုပ်များနေစဉ် အာရန်မှာမူ ပို၍ပင် စိတ်အေးလက်အေး ရှိနေဟန်ရနေခဲ့၏။

...

အာရန်သည် သူ၏ ကိုယ်ပွားအား သန့်စင်ဧကရာဇ်၏ နေရာတွင် အစားထိုးထားခဲ့လေသည်။

သူ့အတွက်ကံကောင်းသည်မှာ ၎င်းသည်လည်း သူ၏ အော်ရာအတိုင်း တုပ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။

ယခု သူသည် သစ္စာဖောက်များအားလုံးကို ဖယ်ရှားပြီးဖြစ်သောကြောင့် တော်ဝင်နန်းတော်သည် သူ၏ ကိုယ်ပွားအတွက် ပို၍ ဘေးကင်းသောနေရာတစ်ခုဖြစ်လာခဲ့ပြီးဖြစ်၏။

အာရန်သည် သူ၏ ကိုယ်ပွားအား သန့်စင်ဧကရာဇ်၏ ရာထူးကို ယာယီအားဖြင့် ယူထားစေပြီးနောက် သူသည် ရှုယင်နှင့်အတူ အခန်းတစ်ခုအတွင်း၌ အတူတူ ရှိနေခဲ့လေသည်။

ရှုယင်နှင့် သူ မတွေ့ခဲ့ရသည်မှာ အလွန်ကြာနေပြီလည်းဖြစ်သည်။

ထိုမိန်းကလေးသည် အာရန်၏ အခန်းတွင်း၌ ဆက်လက်နေရန် အလွန်ပင် ခေါင်းမာနေခဲ့ရာ သူသည် အခြားသူများအား မျက်နှာပူစွာဖြင့်ပင် ၎င်းတို့၏ အခန်းများသို့ ပြန်ပို့ပေးခဲ့ရလေသည်။

အခြားညများနှင့်မတူဘဲ ဤတစ်ကြိမ်တွင်မူ အာရန်သည် အသံတိတ်အစီအရင်များကိုအခန်းပတ်လည်တွင် ချထားသောကြောင့် စင်္ကြံတစ်လျှောက် မည်သည့်အသံမျှ ထပ်မံထွက်ပေါ်နေခြင်းမျိုးတော့မရှိတော့ချေ။

အခန်းအတွင်း၌ ဘာဖြစ်နေသည်ကို မည်သူမျှ ထပ်မံကြားရတော့မည် မဟုတ်ပေ။

အချိန်အတော်ကြာပြီးနောက် ရှုယင်သည် နောက်ဆုံးတွင် အာရန်၏ ရင်ခွင်ထဲတွင် မှေးစက်သွားခဲ့သည်။

သူမသည် အာရန်နှင့် ခွဲခွာနေခဲ့ရသည်မှာ အတော်ကြာမြင့်ပြီဖြစ်သောကြောင့် သူ့အား အလွန်လွမ်းဆွတ်နေခဲ့မိ၏။

အချိန်တစ်ခုကြာပြီး နောက်ဆုံးတွင် သူမသည် အာရန်၏ ခန္ဓာကိုယ်တစ်ခုလုံးအား သူမ၏ ကိုယ်သင်းနံများဖြင့် ထပ်မံဖုံးလွှမ်းစေနိုင်ခဲ့ကာ သူ၏ နယ်မြေများကိုလည်း ထိုတစ်ညတာအတွက် သူမ၏ အပိုင်နယ်မြေများအဖြစ် ကျူးကျော်သိမ်းပိုက်လိုက်တော့သည်။

တစ်ညလုံးတွင် သူမသည် အာရန်ကို တစ်မိနစ်မျှပင် အနားမပေးခဲ့ပေ။

သို့မဟုတ် သူမကို အနားမပေးခဲ့သူမှာ အာရန်ကိုယ်တိုင်ပင်လည်းဖြစ်နိုင်လေသည်။

အာရန်သည်လည်း ရှုယင်၏ နယ်မြေ အစိတ်အပိုင်းတိုင်းကို စိတ်အားထက်သန်စွာဖြင့် ကျူးကျော်ဝင်ရောက် နေခဲ့သောကြောင့်ပင်။

မည်သို့ပင်ဆိုစေ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ညတာလုံး အလွန်စိတ်အားထက်သန်စွာဖြင့် အားသွန်ခွန်စိုက်ရှိနေခဲ့ကြရာ မှန်ကန်သော အဖြေတစ်ခုကို ရှာတွေ့ရန်မှာမူ မဖြစ်နိုင်တော့ပေ။

#Catfoot

All Chapters