← Chapters

တစ်ယောက်ပြီးတစ်ယောက် ပြန်လာခြင်း

Vol. 018 Ch. 1746

တစ်ယောက်ပြီးတစ်ယောက် ပြန်လာခြင်း

Vol. 018 Ch. 1746

ဗဟိုအင်ပါယာဘုံမှ ရှန်ကလန်။

ယနေ့တွင် ရှန်ကလန်ကို နတ်အလင်းများ ဖြန်းပက်ထားသည်။ ကလန်မှ မရေမတွက်နိုင်သောလူများသည် ကောင်းကင်ထက်ကို မော့ကြည့်နေကြ၏။

ထို့နောက် အာကာသတံခါးတစ်ခုပေါ်လာကာ လူတစ်စု ထွက်လာ၏။

သူတို့အားလုံးမှာ ရန်ဟောင်အဆင့်များဖြစ်ကြကာ ထည်ဝါသော အရှိန်အဝါများ ရှိ၏။ ခေါင်းဆောင်လာသူထံမှ ပြင်းထန်သော နတ်အလင်းများ တောက်ပနေသည်။

နောက်ထပ်လူတစ်စု သူတို့ထံသို့ လျှောက်လာခဲ့သည်။ ဦးဆောင်လာသူတို့မှာ ရှန်ကလန်ခေါင်းဆောင်နှင့် အကြီးအကဲချုပ်ရှန်ကျဲ့တို့ဖြစ်သည်။ ကလန်၏အရေးအပါဆုံးလူနှစ်ယောက်က ဧည့်သည်များကို လာရောက်ကြိုဆိုကြခြင်းဖြစ်သည်။

“အဲဒါ ရှန်ကောင်းပဲ...” အကြီးအကဲအများအပြားက စိတ်လှုပ်ရှားမှုကို ဖုံးမရဖိမရဖြစ်ကာ ပြောကြသည်။

“အဲဒါ ဘယ်သူမို့လို့လဲ...” လူငယ်မျိုးဆက်များက သူ့ကို မသိကြပေ။

“ရှန်ကောင်း... သူဟာ တစ်ချိန်တစ်ခါက ရှန်ကလန်ရဲ့ ပါရမီအမြင့်ဆုံးလူငယ်မျိုးဆက်ပဲ။ သူက ဘုံသုံးထောင်ရဲ့အပြင်ဘက်မှာ လေ့ကျင့်ပြီးတော့ အခု ပြန်ရောက်လာခဲ့ပြီ” အကြီးအကဲတစ်ယောက်က ရှင်းပြသည်။ ရှန်ကလန်မှ တန်ခိုးရှင်များ အကြီးအကျယ် အံ့အားသင့်သွားကြ၏။ လူငယ်မျိုးဆက်များမှာ ရှန်ကောင်းကို တစ်ခါမှ မတွေ့ဖူးကြသော်လည်း သူ၏ကျော်ကြားသော အောင်မြင်မှုများကို ကြားဖူးကြပေသည်။

သူသည် ရှန်ကလန်၏အတော်ဆုံးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

ယနေ့တွင် သူ မည်မျှ အစွမ်းထက်လာမည် ဖြစ်သနည်း။

“မင်းပြန်လာပြီပဲ...” ကလန်ခေါင်းဆောင်က ရှန်ကောင်းကို ပြုံးလျှက်ပြောသည်။ ရှန်ကောင်း ထွက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

သူ့အနေဖြင့် ပြန်လာရန်မှာ အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။ သူ့အနေဖြင့် မဟာအင်ပါယာ၏ခွင့်ပြုချက်ရရန် လိုအပ်၏။

မဟာအင်ပါယာသည် ဘုံသုံးထောင်ကို ကာကွယ်ရန် ဆက်ကြောင်းကို ပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

နောက်ဆုံးတွင် ထိုပရမ်းပတာ ခေတ်ကာလကို အဆုံးသတ်ခဲ့သည်မှာ မဟာအင်ပါယာမဟုတ်ပါလား။

ထိုစဉ်က ဘုံသုံးထောင်သည် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့သည်။

အရှင်ဒွန်ဟောင်က ထိုဆက်ကြောင်း ဖြစ်ပေါ်လာသည်ကို သတိပြုမိသည်နှင့် ပြန်လည်၍ ပိတ်ဆို့လိမ့်မည်ဟု သူတို့ တွေးထင်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် မဟာအင်ပါယာက ဘုံသုံးထောင်နှင့် ပြင်ပဘုံကို ဆက်သွယ်ခွင့်ပြုလိုက်ဟန်ရသည်။ ယခု ရှန်ကောင်း ပြန်ရောက်လာခဲ့ပြီ။

“သူတို့က အထက်ဘုံက ကျုပ်တို့ကလန်ကလူတွေပဲ...” ရှန်ကောင်းက သူ့ဘေးမှ လူများကို ညွန်ပြကာ ပြောသည်။ ရှန်ကလန်မှလူများက ထိုအချက်ကို ရိပ်မိပြီးဖြစ်သည်။

အမှန်တကယ်အားဖြင့် ပြင်ပဘုံမှ ရှန်ကလန်နှင့် ဘုံသုံးထောင်မှ ရှန်ကလန်တို့မှာ ဆက်ကြောင်းပိတ်ခံထားရသောကြောင့် အဆက်အသွယ်မှာ မရှိသလောက်ဖြစ်သည်။ သူတို့မှာ သီးခြားအဖွဲ့အစည်းနှစ်ခုကဲ့သို့ ဖြစ်သည်။

သို့သော်လည်း သူတို့မှာ တူညီသောမျိုးရိုးတစ်ခုတည်းမှ ဖြစ်သည်။

ထို့အပြင် ရှန်ကလန်၏ဘိုးဘေးမှာ မဟာအင်ပါယာဖြစ်သည်။ သို့သော်လည်း ထိုအရာက ရှေးယခင်မှ တည်ရှိမှုဖြစ်၏။ များစွာသော အင်ပါယာများ ဆုံးပါသွားခဲ့ပြီးဖြစ်ကာ သူတို့၏မျိုးဆက်တချို့သာ ဆက်လက်ရှင်သန်ကျန်ရစ်ခဲ့ပေသည်။

ရှန်ကလန်ကား ထိုမျိုးဆက်များ၏အကိုင်းအခက်တစ်ခုသာဖြစ်သည်။

လူငယ်မျိုးဆက်များက ထိုကိစ္စမှာ သာမန်ပုံပြင်တစ်ပုဒ်ဟုသာ တွေးထင်ခဲ့ကြသော်လည်း ကလန်၏အဓိကပုဂ္ဂိုလ်များကတော့ ထိုကိစ္စမှာ အမှန်တကယ်ဖြစ်ကြောင်း သိကြပေသည်။

“ကျေးဇူးပြုပြီး ကြွပါ...” ကလန်ခေါင်းဆောင်က ပြောသည်။ လူစုက အောက်ကို ဆင်းကာ တော်ဝင်ခန်းမသို့ လှမ်းသွားလိုက်ကြတော့သည်။

ရှန်ကလန်ကား ဘုံသုံးထောင်တွင် အမြဲတမ်းအားဖြင့် ထိပ်သီးကလန်ဖြစ်သည်။ သူတို့၏နောက်ခံနှင့် သမိုင်းအမွေအနှစ်က သံသယ ဖြစ်စရာမလိုပေ။

ယခု သူတို့သည် ပြင်ပဘုံမှ ကလန်နှင့် အဆက်အသွယ်ပြန်ရပြီဖြစ်သည်။ ဘုံသုံးထောင်တွင် သူတို့၏အဆင့်အတန်းမှာ တဖန်မြင့်တက်လာဖွယ်သာရှိတော့သည်။

…

ရွှေရောင်နတ်ပြည်ထောင်အရှင်ကိုက်ထန်သည် ဤရက်ပိုင်းအတွင်း၌ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန်ရသည်။

တစ်နေ့တွင် ရွှေရောင်နတ်ပြည်ထောင်မြို့တော်၏ကောင်းကင်တစ်နေရာ၌ ရွှေရောင်အလင်းများ စူးရှစွာ ပေါ်လာခဲ့သည်။

နန်းတော်မှ လူများအားလုံးက ကောင်းကင်ကို မော့ကြည့်ကြ၏။

ထို့နောက်တွင် ထိုအလင်းနှင့်အတူ လူတစ်စု ပေါ်ထွက်လာသည်ကို မြင်ကြရသည်။ သူတို့အားလုံးမှာ ရွှေရောင်ဝတ်စုံများကို ဝတ်ထားကာ ကောင်းကင်ထက်၌ ထည်ဝါစွာ ရပ်နေကြ၏။

ထိုအဖြစ်က နန်းတော်မှ တန်ခိုးရှင်များကို သတိထားမိစေ၏။

နန်းတော်အစောင့်များက ကောင်းကင်ထက်ကိုတက်ကာ ကျူးကျော်ဝင်ရောက်လာသူများအား တားဆီးရန် ကောင်းကင်ထက်သို့ တက်သွားကြ၏။

“နောက်ဆုတ်ကြ...” ခန်းမထံမှ မိုးခြိမ်းသံအလား အသံတစ်သံကို ကြားကြရသည်။ အစောင့်များက နောက်ကို မြန်ဆန်စွာ ပြန်ဆုတ်လိုက်ကြ၏။ တချိန်တည်းတွင် ရွှေရောင်နတ်ပြည်ထောင်၏ဗိုလ်ချုပ်များက ကောင်းကင်ထက်ကို တက်ကာ ထိုလူစိမ်းများအား ဦးညွှတ်ကြ၏။

“နတ်အင်ပါယာကို ပြန်လည်ကြိုဆိုပါတယ်...”

နတ်အင်ပါယာ...။

သူကား ရွှေရောင်နတ်ပြည်ထောင်အရှင်၏အစ်ကိုဖြစ်သည်။

သူသည် အလွန်အစွမ်းထက်ကာ ထိုစဉ်ကသာ မထွက်သွားခဲ့လျှင် ရွှေရောင်နတ်ပြည်ထောင်၏အရှင်သခင်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

ယခု သူပြန်ရောက်လာချေပြီ။

ကိုက်ထန်က ရှေ့ကို တက်လာကာ ကျယ်လောင်စွာ ပြောသည် “မင်းပြန်လာတော့မယ်လို့ ငါထင်နေတာ...”

“မဟာအင်ပါယာက ဂိတ်တံခါးကို ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ငါက မဟာအင်ပါယာကို ခွင့်တောင်းပြီးတော့ ပြန်လာခဲ့တာ...” ကိုက်ချိန်က ပြောသည် “ငါတို့ပြည်ထောင်က လက်ရှိ အဆင်ပြေရဲ့လား...”

ကိုက်ချိန်၏မေးခွန်းကိုကြားလျှင် ကိုက်ထန်၏မျက်လုံးများက အေးစက်သွားသည်။ သူက ပြောသည် “မင်းရဲ့တူနှစ်ယောက်ကို မင်းမမြင်ဖူးလိုက်ဘူး။ သူတို့က ပါရမီကောင်းတယ်။ တစ်နေ့မှာ သူတို့က အထက်ဘုံသို့ သွားလေ့ကျင့်နိုင်မယ်လို့ ငါမျှော်လင့်ခဲ့တာ။ အခု သူတို့ မရှိတော့ဘူး...”

“သူတို့မရှိတော့ဘူး ဟုတ်လား...” ကိုက်ချိန် မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့ အသတ်ခံရတယ်...” ကိုက်ထန်က ပြောသည်။

ဟူး...

ကိုက်ချိန်၏မျက်လုံးများက အေးစက်သွားကာ ပြင်းထန်သော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့ အသတ်ခံရသည်တဲ့လား...။

“သူတို့ကို ဘယ်သူ သတ်ရဲတာလဲ...” ကိုက်ချိန်၏အသံက ရေခဲတမျှ အေးစက်နေသည်။

“ငါတို့ အောက်ကိုအရင်ဆင်းပြီးမှ ပြောကြမယ်...” ကိုက်ထန်က ပြောသည်။

“မင်းက ဘယ်လို ဘုရင်မျိုးလဲ...” ကိုက်ချိန်က အေးစက်စွာ ပြောသည် “လူသတ်သမားကို ဖမ်းဖို့ ငါ့ကို ခေါ်သွားစမ်း...”

သူ၏အသံက အလွန်ရင့်သီးလွန်းကာ ကြားသူတိုင်းကို တုန်လှုပ်စေသည်။ သူကား ရွှေရောင်နတ်ပြည်ထောင်အရှင်ကို ထိုသို့သော လေသံဖြင့် ပြောနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။

“သူတို့အတွက် ငါလည်း လက်စားချေချင်တာပဲ။ ဒါပေမဲ့ သူတို့က ရွှေရောင်နတ်ပြည်ထောင်ထက် အားမနည်းဘူး။ အောက်ကိုဆင်းပြီး ပြောကြမယ်...”

ကိုက်ချိန်က ကိုက်ထန်ကို ဒေါသတကြီးကြည့်သည်။ ထို့နောက် သူက ခက်ထန်စွာဖြင့် အောက်ကိုဆင်းသွား၏။

…

ဗဟိုအင်ပါယာဘုံ၊ နန်ထျန်းနတ်ပြည်ထောင်။

အင်ပါယာနန်သည် နန်းဆောင်တစ်နေရာတွင်ရပ်ကာ အဝေးကို ငေးကြည့်နေသည်။

ရင့်ကျက်တည်ငြိမ်ကာ ချောမောလှပသော အမျိုးသမီးတစ်ဦးသည် သူ့အနီးသို့ လျှောက်လာ၏။ သူမကား ဧကရီလော့ဖြစ်သည်။

“ရှင်ဘာတွေ တွေးနေတာလဲ...” ဧကရီလော့က အင်ပါယာနန်ကို တီးတိုးမေးသည်။

အင်ပါယာနန်က သက်ပြင်းချသည် “ငါတို့က ငြိမ်းချမ်းတိတ်ဆိတ်နေခဲ့တာကြာပြီ။ အခု မုန်တိုင်း ထန်လာတော့မယ့် အခြေအနေရှိတယ်”

“မဟာအင်ပါယာက ကောင်းကင်ဒေသတစ်ခုလုံးကို စုစည်းပြီးပြီပဲ။ ဘုံသုံးထောင်ဟာလည်း တည်ငြိမ်ပြီး အေးချမ်းနေတယ်။ မငြိမ်မသက်နည်းနည်းဖြစ်မယ်ဆိုရင်တောင်မှ ငါတို့ကို ထိခိုက်စေမယ်လို့ မထင်ဘူး...”

“အနာဂတ်မှာ ဘာဖြစ်မယ် ဘယ်သူသိနိုင်မှာလဲ။ ချင်းဟယ်ပြန်ရောက်လာတယ်။ ငရဲတံခါး ပြန်ပွင့်သွားတယ်။ တချို့အင်အားစုတွေက လက်ရှိအစီအစဉ်ကို သဘောကျမှာ မဟုတ်ဘူး။ ပြီးတော့ မဟာအင်ပါယာကလည်း ဘယ်တော့မှ ကိုယ်တိုင်ပါဝင်မှာ မဟုတ်ဘူး” အင်ပါယာနန်က ပြောသည် “မဟာအင်ပါယာက ကိုယ်တိုင်မပါဝင်ချင်တာ သူ့မှာ စိတ်ကူးတချို့ရှိလို့လည်း ဖြစ်နိုင်တာပဲ...”

“သိပ်အများကြီး မတွေးပါနဲ့။ဒီကလူတွေကိုထားဦး၊ ပြင်ပဘုံက လူနည်းနည်းလောက်ပဲ ငါတို့ကို အန္တရာယ်ပေးနိုင်တယ်” ဧကရီလော့က ပြုံးလျှက်ပြောသည်။ သူမသည် အင်ပါယာနန်၏စွမ်းရည်ကို အပြည့်အဝ ယုံကြည်၏။

“ကောင်းပြီ...” အင်ပါယာနန်က ခေါင်းညိတ်သည်။

“ရှင်သာ အရင်တုန်းက မဟာအင်ပါယာရဲ့နောက်ကို လိုက်သွားခဲ့ရင် ဒီထက် အများကြီးသန်မာနေမှာပဲ...” ဧကရီလော့က ပြောသည်။

“အဲဒါ မရိုးရှင်းဘူး။ ငါက မဟာလမ်းစဉ်ရဲ့အဆုံးသို့ ရောက်ခါနီးနေပြီ” အင်ပါယာနန်က ရယ်မောသည် “ပြီးတော့ ငါက ငါ့ရွေးချယ်မှုကို သဘောကျတယ်။ လော့ရှန်းမွေးကတည်းက အေးချမ်းတဲ့ဘဝမှာ ငါက အသားကျနေပြီ”

သူက ဧကရီလော့၏လက်ကို အသာကိုင်ကာ တိုးညင်းစွာ ပြောသည်။

“ရှင်က အဲဒါတွေကို ငြီးငွေ့နေတာလည်း ဖြစ်နိုင်တာပဲ...” ဧကရီလော့က ညင်သာစွာ ပြောသည်။ အင်ပါယာနန်ကား ယခင်က ချင်းဟယ်နတ်ဓားဖြင့် ထိပ်သီးတန်ခိုးရှင်များစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

အတိတ်တွင် သူကား အလွန်ကြောက်စရာကောင်းသောသူဖြစ်ကြောင်း ယနေ့ခေတ် နှောင်းလူများ မသိကြတော့။

“ငါက လော့ရှန်းကိုပဲ ဂရုစိုက်ပေးချင်တယ်...” အင်ပါယာနန်က ပြောသည်။

“လော့ရှန်းက အရွယ်ရောက်ပြီးတော့ ရန်ဟောင်အဆင့်တောင် ရောက်နေပြီ။ သူ့ကို ကလေးလို့ ထင်နေတုန်းလား” ဧကရီလော့က ညင်သာစွာ ပြောသည်။

“ပြီးတော့ လော့ရှန်းက သူမကို အနာဂတ်မှာ ကာကွယ်ပေးမယ့် သူတစ်ယောက်ရှာမှာပဲလေ” ဧကရီလော့က ပြုံးလျှက်ပြောသည်။ သို့သော်လည်း သူမက အနည်းငယ် စိုးရိမ်ဟန်ဖြင့် ပြောသည် “ဒါပေမဲ့ ငါက နည်းနည်းတော့ စိုးရိမ်တယ်...”

“ဘာကို စိုးရိမ်တာလဲ...” အင်ပါယာနန်က မေးသည်။

“လော့ရှန်းကို အကောင်းဆုံး၊အတော်ဆုံးလူနဲ့ပဲ လက်ဆက်စေချင်တယ်။ ဥပမာ ရှင့်ထက်သာလွန်တဲ့လူမျိုးပေါ့...” ဧကရီလော့က ပြောသည်။

“မင်းက ငါ့ကို ချီးကျူးနေတာလား...” အင်ပါယာနန်က သူမကို ချစ်ခင်နှစ်လိုစွာကြည့်လျှက်မေးသည်။

“အဲဒါက အမှန်ပဲလေ...” ဧကရီလော့က သက်ပြင်းချသည်။ အင်ပါယာနန်က ခေါင်းညိတ်ကာ ပြောသည် “လော့ရှန်းက တကယ်လည်း အကောင်းဆုံးဆိုတဲ့လူနဲ့ပဲ ထိုက်တန်တယ်။ အခုမျိုးဆက်မှာ လူတစ်ယောက်ကပဲ လော့ရှန်းနဲ့ ထိုက်တန်တယ်...”

“ကောင်းကင်အာဏာစက်ကျောင်းတော်က တစ်ယောက်လား...” ဧကရီလော့က မေးသည်။

“ဟုတ်တယ်...” အင်ပါယာနန်က ခေါင်းညိတ်၏။

“ရှင်က သူ့ကို ဒီလောက်တောင် သဘောကျတာလား...” ဧကရီလော့က ပြောသည် “ထျန်ရှင်းကျောင်းတော်က ကျန့်ချန်းကျူဟာလည်း ထူးခြားထက်မြက်တဲ့လူငယ်ပဲမလား...”

“သူတို့က မတူဘူး။ ကျန့်ချန်းကျူက ပါရမီမြင့်ပေမဲ့ စည်းကမ်းသေဝပ်ပြီးတော့ အရာအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ သွားတယ်။ တစ်ဘက်မှာ ရီဖူရှင်းက မျိုးဆက်တစ်ခုလုံးကို ပြောင်းပြန်လှန်ရဲတဲ့ သတ္တိနဲ့ စွန့်စားလိုစိတ်ရှိတယ်” အင်ပါယာနန်က ပြောသည် “ဒါပေမဲ့လည်း သူဟာ လော့ရှန်းအတွက် မှန်ကန်တဲ့ရွေးချယ်မှု မဟုတ်ဘူး”

ရီဖူရှင်းကား မဆုံးသော စစ်ပွဲများကို ရင်ဆိုင်ရန် ကံကြမ္မာပါလာသူဖြစ်သည်။ ထိုသို့သောသူလက်ထဲတွင် သူ့သမီးကို စိတ်မချနိုင်ပေ။

“ငါတို့က ရှေ့ကို အရမ်းရောက်နေပြီ...” ဧကရီလော့က ရယ်မောကာ ပြောသည်။

အင်ပါယာနန်က ခေါင်းညိတ်သည်။ အရာအားလုံးမှာ စီစဉ်သလို ဖြစ်လာရန် ခဲယဉ်းပေသည်။

သို့သော်လည်း မုန်တိုင်းကား အလွန်နီးကပ်နေပြီဖြစ်သည်။ ဘုံသုံးထောင်သည် သေချာပေါက် မငြိမ်မသက်ဖြစ်လာပေတော့မည်။

***

All Chapters