ပြင်ပအင်အားစုများ
Vol. 018 Ch. 1747
ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်းက အစီအရင်ထဲ၌ လေ့ကျင့်နေလေသည်။
သီးသန့်နယ်မြေက ကိုယ်ပိုင်ကမ္ဘာတစ်ခုသဖွယ်ဖြစ်နေသည်။ ထိုနယ်မြေ၌ မရေမတွက်နိုင်သော ထက်ရှလှသည့် ဓားများက သူ၏ခန္ဓာကိုယ်ဝန်းကျင်၌ ပေါ်ထွက်နေသည်။ ထိုထက်ရှလှသောဓားများက တုန်ခါနေပြီး အသံများမြည်ဟီးလာသည်။ ဓားအသိက ထိုနေရာတဝိုက်၌ ပျံ့နှံ့သွားပြီး ကြမ်းတမ်းသောဓားမုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ သတ်ဖြတ်လိုသောစိတ်ဆန္ဒက ထွက်ပေါ်လာပြီး နေရာတခုလုံးအား လွှမ်းခြုံသွားလေသည်။
ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်ယံ၌ မြောလွင့်နေသည်။ မရေမတွက်နိုင်သော ဓားများက တုန်ခါ၍ အသံများမြည်ဟီးပြီးနောက် သူ၏ရှေ့တွင် နတ်ဓားတစ်လက်ဖြစ်တည်လာသည်။ တချိန်တည်းမှာပင် မဟာလမ်းစဥ်၏မြည်ဟိန်းသံက ထွက်ပေါ်လာကာ ဓားအသိကို ပိုမိုအားကောင်းသွားစေသည်။ နေရာတစ်ခုလုံးသည် တစစီဆွဲဖြဲခံရတော့မလိုပင် ဖြစ်နေလေသည်။
ကြောက်မက်ဖွယ်ဓားအသိ၏အောက်တွင် အရာအားလုံးက ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် ရီဖူရှင်းက မျက်လုံးများဖွင့်လိုက်သည်။ အလွန်ထက်ရှသောဓားအလင်းတန်းတစ်ခုက သူ၏မျက်လုံးများ၌ လင်းလက်သွားလေသည်။
ထိုအခိုက်တွင် အရာအားလုံးက ရပ်တန့်သွားသည်။ သို့သော် ချက်ချင်းပင် ပြိုင်ဘက်ကင်း အသင်္ချေ ဓားအသိများက ထိုနယ်မြေတစ်ခုလုံး၌ တစ်လက်မ, မကျန် ပေါက်ကွဲထွက်ပေါ်လာသည်။
နတ်ဓားတစ်လက်က ဆင်းသက်လာသည်။ ထိုဓား၏အလင်းတန်းက မယုံကြည်နိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ဟင်းလင်းပြင်အားထိုးဖောက်သွားသည်။ ထိုဓားအလင်းတန်းမှာ အလွန်စူးရှတောက်ပလှပြီး ကြည့်မိသူများက မျက်လုံးများပင်မှိတ်မိလိုက်ကြသည်။
ထန်...
ခပ်အုပ်အုပ်အသံနှင့်အတူ ဓားက နေရာတစ်ခုအား ထိခတ်သွားသည်။ ထွက်ပေါ်လာသော ဓားအသိအားလုံးက ထိုနေရာ၌ ပေါက်ကွဲသွားလေသည်။
အရာအားလုံးကိုတစစီဆုတ်ဖြဲသွားနိုင်သည့် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက ထိုနေရာ၌ ဗဟိုပြု၍ ပေါက်ကွဲထွက်ပေါ်လာသည်။ အရာအားလုံးက ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားသည်။
ဓားအသိက ပျောက်ကွယ်သွားသည်။ ရီဖူရှင်း၏မျက်နှာထက်တွင် ကျေနပ်သောအပြုံးတစ်ခုပေါ်ပေါက်လာသည်။ သူယခင်က နားလည်သဘောပေါက်ခဲ့သော လှံရှည်နည်းစနစ်အား သူ၏ဓားသိုင်းတွင်ထည့်၍ အသုံးချလိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူက မဟာလမ်းစဥ်၏တိုက်ခိုက်ခြင်းနည်းစနစ်ကို သူ၏ဓားထဲ၌ ထည့်သွင်းခဲ့သည်။ ယခု သူ၏ဓားစွမ်းအားက တဒင်္ဂနတ်ဓားထက် အားမနည်းတော့ပေ။
ရီဖူရှင်းက ပြုံးရင်း နောက်သို့လှည့်လိုက်ပြီး သူ၏နောက်တွင်ရပ်နေသော လှပသည့်ပုံရိပ်လေးအားကြည့်လိုက်သည်။ သူက သူမထံသို့အပြုံးဖြင့်လျှောက်သွားရင်း ပြောလိုက်သည်။ "ဘယ်လိုနေလဲ "
ဟွာဂျီယူ၏မျက်လုံးများက ကြည်လင်တောက်ပနေသည်။ သူမက သူ့အားကြည့်၍ပြန်ပြောလိုက်သည်။ "ကျွန်မသာ အဲ့ဓားချက်ကိုခံခဲ့ရမယ်ဆိုရင် အဲ့ဓားချက်က ကျွန်မကို ဖုန်မှုန့်အဖြစ်ပြောင်းသွားစေဖို့လုံလောက်တယ်"
"အရူးလေး ငါကဘာလို့ ငါ့ဓားနဲ့မင်းကိုထိခိုက်စေရမှာလဲ" ရီဖူရှင်းက ငြင်သာစွာပြောလိုက်သည်။ "အဲ့လိုစကားမျိုး ထပ်မပြောပါနဲ့"
"အင်း" ဟွာဂျီယူက အသာခေါင်းညိမ့်လိုက်သည်။ "အဲ့ဒီတိုက်ကွက်ကို ဘယ်လိုခေါ်လဲ"
ရီဖူရှင်းက ခဏကြာစဥ်းစားလိုက်ပြီး ပြောလိုက်သည်။ "ဒါကို ဟွေ့ဓားချက်လို့ခေါ်မယ်"
"နာမည်ကောင်းပဲ" ဟွာဂျီယူက ပြောလိုက်သည်။
"ကောင်းပြီ အခုက မင်းကျင့်ကြံဖို့အချိန်ရောက်ပြီ။ ငါကမင်းကို ကြီးကြပ်ပေးမယ်" ရီဖူရှင်းက အပြုံးဖြင့်အကြံပြုလိုက်သည်။
ဟွာဂျီယူက ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ သူမက သူ၏အကြံပြုချက်အား စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိပေ။ ထို့အပြင် သူမက ရီဖူရှင်း၏ ရှေ့၌ ကျင့်ကြံရန်စိုးရိမ်ခြင်းမရှိပေ။ သူမက ဤနှစ်များအတွင်း ထိုသည်များနှင့်အသားကျနေပြီဖြစ်သည်။
ထိုတံခါးပိတ်ကျင့်ကြံမှုမလုပ်ခင်က ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ကျင့်ကြံသူများက သူမအား သူတို့နှင့်အတူကျင့်ကြံရန်အကြိမ်အနည်းငယ်ခန့် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူမက ရီဖူရှင်းနှင့်အတူကျင့်ကြံရန်သာရွေးချယ်ခဲ့သည်။
သူမက ထိုခံစားချက်အား မည်သို့ခေါ်ရမည်မှန်းမသိပေ။
သို့သော် သူတို့က ယခင်က ဇနီးမောင်နှံများဖြစ်ခဲ့ခြင်းကြောင့် ဤသည်မှာ ပုံမှန်သာဖြစ်သည်ဟု သတ်မှတ်နိုင်သည်မဟုတ်ပါလော။
အခြားလူများကလည်း သူတို့ နှစ်ယောက်ကြားမှ အပြန်အလှန်ဆက်ဆံမှုအားသတိပြုမိကြသည်။ ကျူးကော့မင်းယွီတို့အားလုံးက ရီဖူရှင်းအတွက်အလွန်ဝမ်းသာနေကြသည်။ ဂျီယူက အတိတ်ကဖြစ်ရပ်များကို မမှတ်မိတော့သော်လည်း သူမသည် အခြားဂျီယူအဖြစ်နှင့်ပြန်လာလျှင်ပင် သူမက ရီဖူရှင်းအား ချစ်မိဦးမည်သာဖြစ်သည်။
သူတို့၏အချစ်က ကံကြမ္မာကဖန်တီးပေးထါးခြင်းဖြစ်ပေမည်။ သူတို့က မည်သို့ပင်ဖြစ်စေ အတူယှဥ်တွဲရှိရမည့် ကံတရားရှိနေပုံရသည်။
ရီဖူရှင်း၏ ကျင့်ကြံမှုပြီးသွားပြီးနော် လို့လန်ရွှီက သူ့အားလာရှာခဲ့သည်။
"နန်းယူနဲ့ ချင်းယောင်တို့ဘယ်မှာလဲ"ရီဖူရှင်းက လို့လန်ရွှီအားမေးလိုက်သည်။
"သူတို့က အရှင်ထိုက်ရွှမ်နဲ့အတူရှိနေတယ်။ ရှောင်ကလန်နဲ့ ယွင်ယန်ကလန်ကလူတွေဒီကိုရောက်နေကြတယ်။ သူတို့က နင်နဲ့တွေ့ချင်လို့တဲ့။ ဒါမဲ့ နင်တို့က ကျင့်ကြံနေလို့ အနှောက်အယှက်မပေးတော့တာ" လို့လန်ရွှီက ပြောလိုက်သည်။
"နောက်တခါ သူတို့ ဒီကိုလာတဲ့အခါ ငါအရမ်းအရေးကြီးတဲ့ကျင့်ကြံခြင်းမျိုးမဟုတ်ခဲ့ရင် ငါ့ကိုချက်ချင်းအကြောင်းကြားလို့ရတယ်" ရီဖူရှင်းက ပြောလိုက်သည်။
"ကောင်းပြီ" လို့လန်ရွှီက ခေါင်းညိမ့်လိုက်သည်။
"သွားရအောင် " ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်၏ အစည်းအဝေးခန်းမသို့ဦးတည်သွားလိုက်သည်။ ရှောင်ကလန်နှင့် ယွင်ယန်ကလန်မှ လူများစွာရောက်နေပြီး သူ့အား ထိုနေရာ၌ စောင့်ဆိုင်းနေကြလေသည်။
အရှင်ထိုက်ရွှမ်နှင့် နန်းယူတို့လည်း ထိုနေရာ၌ ရှိနေလေသည်။
နန်းယူနှင့် ချင်းယောင်တို့က ရီဖူရှင်းအားမြင်သောအခါ သူ့ထံသိုလျှောက်လာကြသည်။ ရီဖူရှင်းက သူ၏လက်ကို ကလေးနှစ်ယောက်၏ပုခုံးပေါ်တွင်တင်၍ ပြုံးလိုက်သည်။ ထို့နောက် သူက ခန်းမထဲရှိလူများအားကြည့်ကာ ပြောလိုက်သည်။ "စီနီယာတို့ဒီကိုရောက်လာကြတာ မကြာခင်က ကိစ္စတွေကြောင့်လား"
"ဟုတ်တယ် " ရှောင်ကလန်မှကျင့်ကြံသူက ခေါင်းငြိမ့်လိုက်သည်။ "ရှေးဟောင်းရွှယ်ယူမြို့မှာ တော်တော်လေးဂယက်ရိုက်သွားခဲ့တာ။ အခု လျှို့ဝှက်နယ်မြေဘုံမှာ ကိစ္စတော်တော်များများဖြစ်နေတယ်။ လျှို့ဝှက်နယ်မြေဘုံတစ်ခုလုံးက အဲ့ကိစ္စကြောင့် သက်ရောက်ခံလိုက်ရတယ်။ ပြီးတော့ အရှင်ဒွန်ဟောင်က ဆက်ကြောင်းကိုအသက်သွင်းလိုက်တယ်လို့ သတင်းရထားတယ်။ ပြင်ပဘုံတွေက ကျင့်ကြံသူတွေက အခုဒီကိုလာနေကြပြီတဲ့..."
ဘုံသုံးထောင်သို့ ကျင့်ကြံသူများအလွန်များပြားစွာ ရောက်ရှိလာခဲ့ခြင်းမှာ နှစ်ပေါင်း ၃၀၀ ပင် ရှိခဲ့ပြီဖြစ်သည်။
သူတို့က နှစ် ၃၀၀ ကျော်ခန့် တည်ငြိမ်အေးချမ်းမှုကို ရရှိခဲ့သည်။ ရီဖူရှင်းနှင့် ရှန်ကလန်၏တိုက်ပွဲက ထိုနှစ်ပေါင်း ၃၀၀ အတွင်း အကြီးမားဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်သည်။
"ငါတို့မှာလည်း သတင်းဆိုးတချို့ရှိသေးတယ်" ယွင်ယန်ကလန်မှ ကျင့်ကြံသူကပြောလိုက်သည်။ "ရှန်ကလန်က ရှန်ကောင်းပြန်လာပြီ။ သူက တော်တော်အားကောင်းတဲ့ကျင့်ကြံသူတချို့ကိုလည်း သူနဲ့ အတူခေါ်လာခဲ့တယ်။ ငါတို့စိတ်ပူနေတာက ရှန်ကလန်က နောက်တကြိမ်မင်းကို ထိခိုက်အောင်လုပ်မှာကိုပဲ..."
"ရှန်ကောင်းက ဘယ်သူလဲ" ရီဖူရှင်းက မေးလိုက်သည်။
"သူက ရှန်ကလန်ရဲ့ ထိပ်သီးသုံးယောက်ထဲက တစ်ယောက်ပဲ။ အရင်တုန်းက သူက ရှန်ကလန်မှာကြောက်စရာအကောင်းဆုံးလူဖြစ်ပြီးတော့ ရှန်ကျဲ့ထက်တောင် ပိုပြီးသန်မာတယ်။ သူက အခုဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာ ဘယ်သူမှမသိကြဘူး" ယွင်ယန်ကလန်မှ ကျင့်ကြံသူက ရှင်းပြသည်။ "ရှန်ကောင်းတစ်ယောက်ထဲတင် ပြန်လာတာမဟုတ်ဘူး။ ရွှေရောင်နတ်ပြည်ထောင်က ကိုက်ချိန်လည်း ပြန်လာတယ်ကြားတယ်။ ကိုက်ချိန်က ရွှေရောင်နတ်ပြည်ထောင်က ပြည်ထောင်အရှင် ကိုက်ချန်ရဲ့အကိုပဲ။ အဲ့ဒီတုန်းက ကိုက်ချိန်က ပြည်ထောင်အရှင်နေရာကို မယူခဲ့ဘဲ ကိုက်ချန်ကိုပေးခဲ့တာ။ သူ့ရဲ့စွမ်းရည်က ကိုက်ချန်ထက်အများကြီး ပိုအားကောင်းတယ်..."
"အဲ့ဒီနှစ်ယောက်လုံးက ဆုံးဖြတ်ချက်ပြတ်သားပြီးရက်စက်တဲ့လူတွေ...သူတို့ ကိစ္စတွေကိုဖြေရှင်းတဲ့နည်းလမ်းကလည်း အရမ်းရက်စက်တယ်။ သူတို့သာ အရင်ကဖြစ်ခဲ့တာတွေကိုသိရင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို မကြာခင်မှာရောက်လာလိမ့်မယ်"
ဤအပြောင်းအလဲက ထိပ်သီးအင်အားစုများ မမျှော်လင့်ထားသောအရာဖြစ်သည်။ ရွှယ်ယူမြို့မှ ငရဲဂိတ်တံခါးပွင့်သွားခြင်းက ဆက်ကြောင်းအားထပ်မံပွင့်စေခဲ့သည်။
ကောင်းကင်အာဏာစက်ကျောင်းတော် ကြုံတွေ့နေရသော ဖိအားမှာ ကြီးမားလှပေသည်။
ရီဖူရှင်း၏ အမူအရာက အလေးအနက်ဖြစ်သွားပြီး သူကပြောလိုက်သည်။ "ဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့က သတိထားရမယ့်ပုံပဲ။ ဒါပေမဲ့ အဲ့ဒီ ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်ပြန်လာပြီဆိုရင်တောင် သူတို့က ကျွန်တော်တို့ကိုအမြစ်ပြတ်သုတ်သင်နိုင်ဖို့ မသေချာရင် သူတို့က လာထိရဲမှာမဟုတ်ပါဘူး..."
ထို အင်အားကြီးပုဂ္ဂိုလ်နှစ်ယောက်၏ ဖျက်ဆီးနိုင်မှုစွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုစဥ်က ရီဖူရှင်းက ကြီးမားသောစစ်တပ်ကြီးကိုဦးဆောင်၍ ရှန်ကလန်ထံချီတက်ခဲ့သည်။ သူတို့က အားသာခဲ့သော်လည်း ရှန်ကလန်အားအမှန်တကယ် တိုက်ခိုက်ဝံ့ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ခဲ့ရသနည်း...။
အကြောင်းမှာ ရှန်ကလန်မှထိပ်သီးပုဂ္ဂိုလ်ရှိနေသောကြောင့်ဖြစ်ပေသည်။ သူတို့က သူ့အားမသတ်နိုင်ပေ။ သူတို့ တိုက်ခိုက်ခဲ့လျှင် နှစ်ဖက်လုံးမှ ထိုထိပ်သီးပုဂ္ဂိုလ်များ၏ အောက်အဆင့်မှလူများအားလုံးမှာ သေကြေပျက်စီးရမည်ဖြစ်သည်။
ထို့အတူပင် ထိုပြိုင်ဘက်အဖွဲ့များမှ ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက် ပြန်ရောက်လာသော်လည်း သူတို့၌ ထည့်စဥ်းစားစရာကိစ္စများစွာရှိနေသေးသည်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အား တိုက်ခိုက်ရန် အလွယ်တကူ လှုပ်ရှားမည်မဟုတ်ပေ။
"အင်း...ငါတို့က သတိကြီးကြီးထားဖို့လိုတယ်။ ပို့ဆောင်ရေးအစီအရင်ကိုလည်း သေချာစောင့်ကြပ်ကြရမယ်" ယွင်ယန်ကလန်မှ ကျင့်ကြံသူက ပြောလိုက်သည်။ "ဖူရှင်း မင်းက ကိုယ့်ကိုယ်ကို အဓိက ဂရုစိုက်ရမယ်..."
"ဂျူနီယာ နားလည်ပါတယ်" ရီဖူရှင်းက ခေါင်းညိမ့်လိုက်သည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်၏ အဓိကပုဂ္ဂိုလ်ဖြစ်သည်။ သူတစ်ခုခုဖြစ်ခဲ့လျှင် တခြားမဟာမိတ် ထိပ်သီးအင်အားစုများပင်လျှင် ပြသနာတစ်စုံတစ်ခုဖြစ်လာခဲ့ပါက ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် ရပ်တည်ပေးမည်မဟုတ်ပေ။
"ဒါပေမဲ့ ဒီမုန်တိုင်းနဲ့ ဆက်ကြောင်းပွင့်လာတာက အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ် " ရှောင်ကလန်မှကျင့်ကြံသူက ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုးမဖြစ်တာ နှစ်ရာပေါင်းများစွာရှိနေပြီ။ အခု ဘုံသုံးထောင်က အခြား ပြင်ပက ဘုံတွေနဲ့ ပြန်ဆက်ဆံနိုင်ပြီ။ ဒါက အခွင့်အရေးတစ်ခုပဲ..."
"မင်းပြောချင်တာက ဖူရှင်းကအပြင်ကိုထွက်ပြီး ကျင့်ကြံသင့်တယ်လို့ဆိုလိုတာလား..." အရှင်ထိုက်ရွှမ်က မေးလိုက်သည်။
"ကောင်းကင်အာဏာစက်ကျောင်းတော်က ကျင့်ကြံသူတွေထဲမှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားတဲ့ကျင့်ကြံသူတွေအများကြီးပဲ။ ဆက်ကြောင်းက အနာဂတ်မှာ အချိန်အတော်ကြာထိ ပွင့်ခဲ့မယ်ဆိုရင် အပြင်မှာလေ့ကျင့်တာက သူတို့အတွက် သေချာပေါက် အကျိုးရှိစေလိမ့်မယ်..."
"အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။ အခုတော့ ငါတို့က တကြိမ်မှာ ခြေတလှမ်းပဲလှမ်းကြတာပေါ့" အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။
…
သူတို့က ထိုကိစ္စများကို ကောင်းကင်အာဏာစက်ကျောင်းတော်၌ ဆွေးနွေးနေချိန်တွင် ကောင်းကင်အာဏာစက်မြို့၏အထက်၌ နတ်အလင်းတန်းများက ကောင်းကင်ယံမှ ထွန်းလင်းကျဆင်းလာသည်။ ထို့နောက် အုပ်စုတစ်စုက ကောင်းကင်ယံမှ ဆင်းသက်လာလေသည်။
ကောင်းကင်အာဏာစက်မြို့မှ မြို့သူမြို့သားများက တုန်လှုပ်သွားကြသည်။ ထိုအုပ်စုမှ ထွက်ပေါ်နေသော အရှိန်အဝါများကပင် သူတို့အား တုန်လှုပ်စေလေသည်။
ထိုဧည့်သည်များကား ရှန်ကလန်မှကျင့်ကြံသူများမှလွဲ၍ မည်သူများဖြစ်နိုင်မည်နည်း။ ထိုအုပ်စု၏ ခေါင်းဆောင်သည် ရှန်ကောင်းဖြစ်လေသည်။
ရှန်ကောင်းအပြင် သူ့နောက်သို့လိုက်ပါလာကြသော ပြင်ပဘုံများမှ ကျင့်ကြံသူများသည်လည်း ဤနေရာ၌ ရောက်ရှိနေကြသည်။
ရှန်ဟောက်နှင့် ရှန်ကလန်မှအဖွဲ့ဝင်အချို့လည်း ထိုနေရာ၌ ရှိနေလေသည်။
သူတို့က တည်းခိုဆောင်တစ်ခု၌ ဆင်းသက်လိုက်ကြသည်။ လူများက သူတို့အား ချက်ချင်းပင် လမ်းဖယ်ပေးကြသည်။ လူအချို့က ထိုသူများမှာ ရှန်ကလန်မှကျင့်ကြံသူများဖြစ်ကြောင်း မှတ်မိလိုက်လေသည်။
အဝေးမှလူများသည်လည်း သူတို့အား ကြည့်နေကြသည်။
ရှန်ကလန်မှကျင့်ကြံသူများက ကောင်းကင်အာဏာစက်မြို့သို့ ရောက်လာကြသည်မှာ တစ်ခုခုကြီးကြီးမားမား ဖြစ်ပွားတော့မည်လော။
"အရင်တုန်းက ဒီနေရာကို ကောင်းကင်အာဏာစက်မင်းမျိုးနွယ်တွေ ပိုင်ဆိုင်တာမဟုတ်လား" ရှန်ကောင်းက မေးလိုက်သည်။ သူရှိနေစဥ်က ကောင်းကင်အာဏာစက်မင်းဆက်မှ ပြည်ထောင်အရှင်က ဤနေရာ၏ပိုင်ရှင်ဖြစ်ခဲ့လေသည်။
"ဟုတ်တယ်။ ကောင်းကင်အာဏာစက်မင်းဆက်က ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေ စုပေါင်းပြီးနှိမ်နင်းတာ ခံခဲ့ရတာ..." ရှန်ကလန်မှ တစ်ယောက်ကပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်မင်းဆက်တည်ရှိခဲ့တဲ့နေရာမှာ တည်ထောင်ထားတယ်"
"ရီဖူရှင်းက ရန်ဟောင်အဆင့်ကိုရောက်ခါစမှာပဲ အင်အားစုတွေကိုစုစည်းဦးဆောင်ပြီး ကောင်းကင်အာဏာစက်မင်းဆက်ကို ဖယ်ရှားသုတ်သင်ခဲ့တယ်။ ပြီးတော့ သူက ရှန်ကလန်ကိုစိန်ခေါ်ပြီး အနိုင်ယူခဲ့တယ်..." ရှန်ကောင်းက မှတ်ချက်ချလိုက်သည်။ "သူက တကယ့်ကိုအရည်အချက်းရှိတာပဲ။ ငါသူ့ကို သဘောကျတယ်..." ရှန်ကောင်း၏အဆင့်အတန်းက အလွန်မြင့်မားလေသည်။ သူက ပြင်ပဘုံများ၌ မရေမတွက်နိုင်သော ပါရမီရှင်များအား တွေ့ကြုံခဲ့ဖူးလေသည်။
သို့သော် ရီဖူရှင်း၏အဆင့်နှင့် ထိုကဲ့သို့ ကိစ္စကြီးများအား လုပ်ဆောင်နိုင်သည့်လူမျိုးမှာ အလွန်ရှားပါးလှသည်။
ထို့ကြောင့် ရှန်ကောင်းက သူနှင့် ဆန့်ကျင်ဘက်တွင်ရှိသော်လည်း ရီဖူရှင်းက ရှားပါးသောပါရမီရှင်ဖြစ်ကြောင်း ဝန်ခံရပေမည်။
ရှန်ဟောက်က ဘေးတွင်ထိုင်နေရင်း အနည်းငယ် အရှက်ရမှုအား ခံစားလိုက်ရသည်။
"ဒါ့အပြင် သူက နတ်ဘုရားအကြွင်းအကျန်နယ်မြေကိုဝင်ရောက်ခဲ့ပြီး အရှင်ဒွန်ဟောင်ရဲ့အမွေအနှစ်ကိုရခဲ့သေးတယ်" ပြင်ပဘုံမှတစ်ယောက်က အပြုံးဖြင့်ထပ်ပြောလိုက်သည်။ "ငါလည်း သူနဲ့တွေ့ဖို့ကို စိတ်ဝင်စားမိတယ်"
"တစ်ယောက်လောက် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုသွားပြီး လော့ရွှီကို ငါနဲ့လာတွေ့ဖို့ သွားပြောလိုက်..." ရှန်ကောင်းက အမိန့်ပေးလိုက်သည်။
"ကျွန်တော်သွားလိုက်ပါ့မယ်" ရှန်ကလန်မှကျင့်ကြံသူတစ်ယောက်က မတ်တပ်ရပ်ရင်းပြောလိုက်သည်။ ရှန်ကောင်းက ခေါင်းညိမ့်ပြလိုက်ပြီး ထိုကျင့်ကြံသူက လေထဲသို့ပျံတက်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ရှိရာသို့ ဦးတည်သွားလိုက်သည်။
တချိန်ထဲမှာပင် ရှန်ကလန်နှင့်အဝေးတစ်နေရာ၌ အရက်ဆိုင်တစ်ခုတွင် အခြားအုပ်စုတစ်စုက ထိုင်နေလေသည်။ ထိုအုပ်စုသည်လည်း ပြင်ပဘုံများမှဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ကပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် တစ်ယောက်ယောက်ကတော့ ရောက်လာပြီ"
"သူတို့ပြောတာအရဆိုရင် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ အာဃာတတွေရှိတယ်ထင်တယ်" အခြားတစ်ယောက်က ထပ်ပြောလိုက်သည်။
"မင်းရော ကောင်းကင်အာဏာစက်ကျောင်းတော်ကို စိတ်ဝင်စားနေတာလား"
ရုတ်တရက် အဝေးမှနေ၍ ထိုအုပ်စုထံသို့ အသံတစ်သံက ရောက်ရှိလာသည်။ ထိုသည်မှာ ရှန်ကောင်း၏အသံဖြစ်သည်။ လွှမ်းမိုးနိုင်သော စွမ်းအားက သူ၏အသံနောက်မှလိုက်ပါလာပြီး ထိုအုပ်စုပေါ်သို့ ဖိနှိပ်လိုက်သည်။
ထိုအုပ်စုမှ လူကြီးတစ်ယောက်က မျက်မှောင်ကျုတ်လိုက်သည်။ သူက တူညီလှသော အံ့အားသင့်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။ သူ၏အရှိန်အဝါသည်လည်း လွှမ်းမိုးနိုင်ပြီး ရှန်ကောင်း၏အရှိန်အဝါထက်အားမနည်းပေ။
"ငါတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အကြောင်း ကောလာဟလတချို့ကြားထားလို့ တချက်လာကြည့်တာ..." အရက်ဆိုင်တွင်ထိုင်နေသော အခြားတစ်ယောက်က အပြုံးဖြင့်ပြောလိုက်သည်။ ရှန်ကောင်းက ထူးဆန်းသောအမူအရာဖြစ်သွားသည်။ ဘုံသုံးထောင်တွင် မဆိုထားနှင့် ပြင်ပဘုံများတွင်ပင် သူ၏ကျင့်ကြံဆင့်မှာ ထိပ်သီးဟုခေါ်ဆိုနိုင်သော အဆင့်သို့ရောက်နေပြီဖြစ်သည်။ သူ၏အဆင့်သို့ရောက်ရှိပြီးလျှင် ထပ်မံချိုးဖျက်တက်လှမ်းရန် ပို၍မြင့်သော အဆင့်မရှိတော့ပေ။
သို့သော် ထိုလူကြီး၏အရှိန်အဝါက သူနှင့်တန်းတူဖြစ်၍နေသည်။ ထိုသည်က သူသည်လည်း ထိပ်သီးအင်အားစုတစ်ခုမှ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်မဟုတ်ပါလော။
ကြည့်ရသည်မှာ ဆက်ကြောင်းအသက်ဝင်လာပြီးနောက် ပထမဆုံး ဤနေရာသို့ရောက်ရှိလာကြသောလူများမှာ ထိပ်သီးအင်အားစုများမှာ ကျင့်ကြံသူများပင် ဖြစ်ဟန်တူလေသည်။
***