ဓါးသွားကျင့်ကြံခြင်းပညာ။ ဓားချီစွမ်းအင်စုဆောင်းခြင်း (၂)
Vol. 6 Ch. 76
တရားထိုင်ပြီးနောက် စူးချန်ခုန်း၏ ချီစွမ်းအင်ဝိညာဉ်သည် သူ့လက်ထဲတွင်ရှိသော သံဖြတ်ဓားကို သူ့ကိုယ်ပိုင် ချီစွမ်းအင်ဝိညာဉ်ဖြင့် ပျိုးထောင်ရန် ကြိုးပမ်းရင်း ဓားနှင့် တစ်သားတည်း ပေါင်းစည်းလိုက်သည်။
သူသာ သာမန် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ခဲ့ပါက ဓားသွားကျင့်ကြံခြင်းအတတ်လို လျှို့ဝှက်လက်စွဲစာအုပ် ရှိလျှင်တောင် ရလဒ်များ အောင်မြင်ရန် မဖြစ်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုဖြစ်သည်။
သို့သော် စူးချန်ခုန်းသည် ခန္ဓာကိုယ်သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး လိပ်အသက်ရှူနည်းကို လေ့ကျင့်ခဲ့သည်။ အတွင်းရော အပြင်ပါ ကျင့်ကြံရင်း သူ့ရဲ့ချီစွမ်းအင်အနှစ်သာရဟာ ခန္ဓာကိုယ် သန့်စင်မှုနယ်ပယ်မှာ အထွတ်အထိပ်ရောက်နေပြီဖြစ်သည်။
ဓားသွားကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံခြင်းသည် ဓါးနည်းပညာအတွက် ခိုင်မာသော အခြေခံအုတ်မြစ် လိုအပ်သည်ဆိုတာကို ပြောစရာပင် မလိုပါ။ စူးချန်ခုန်း၏ သံဖြတ်ဓားနည်းပညာသည် လက်ရည်တူများ ယှဉ်နိုင်ရန် ခက်ခဲသော အဆင့် (၇) နယ်ပယ်တွင် လေးနက်သော ကျွမ်းကျင်မှု အတိုင်းအတာအထိ မြှင့်တင်ထားပြီး စွမ်းရည်တန်ဖိုး ၁၅ မှတ်အထိ မြှင့်တင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် စူးချန်ခုန်းအတွက် ဤဓားသွားကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံရာတွင် အခက်အခဲ အနည်းငယ်သာရှိသည်။
စူးချန်ခုန်းသည် နာရီဝက်နီးပါးကြာသည်အထိ အာရုံစူးစိုက်မှုအပြည့်ဖြင့် တင်ပျဉ်ခွေထိုင်နေ၏။
"ဟူးဟူးဟူး!"
စူးချန်ခုန်းသည် တရားထိုင်ရာမှ နားလိုက်စဉ် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ အသက် တစ်ဒါဇင်ခန့် ရှူရှိုက်ပြီးနောက် သူ၏အားမာန်ကို ပြန်မရမီ ခဏတာလောက် မူးဝေနေခဲ့သည်။
ဤသည်မှာ ကိုယ်ကာယအားဖြင့်မဟုတ်ဘဲ ဝိညာဉ်နှင့် ချီစွမ်းအင်ကဏ္ဍမှ ဓားသွားကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်သည်။
တစ်ခုခုကို စူးစူးစိုက်စိုက် အာရုံစိုက်ပြီး အချိန်အတော်ကြာ လုပ်ဆောင်ပါက ပင်ပန်းနွမ်းနယ်မှုနှင့် စွမ်းအားဆုတ်ယုတ်ခြင်းတို့ကို မလွဲမသွေ ဖြစ်စေနိုင်သည်။
စူးချန်ခုန်းသည် သူ့လက်ထဲတွင်ရှိသော သံဖြတ်ဓားကို စစ်ဆေးကြည့်ရာ ပြောင်းလဲမှုမရှိသည်ကို သတိပြုမိသော်လည်း သိုင်းလေ့ကျင့်ခြင်းနှင့် ဓားတစ်ချောင်းကို ပြုစုပျိုးထောင်ခြင်းမှာ တစ်ရက်အတွင်း မအောင်မြင်နိုင်ကြောင်း သိရှိသဖြင့် စိတ်ဓာတ်မကျခဲ့ပေ။
ဓားသွားကျင့်ကြံခြင်းအတတ် (ဝင်ခွင့်အဆင့် ၁၇%)
စူးချန်ခုန်းသည် သူ၏ အရည်အချင်းပြဘောင်ကွက်ကို ဖွင့်၍ တစ်ချက်ကြည့်လိုက်ရာ ဓားသွားကျင့်ကြံခြင်းအတတ်ကို သူ၏ အရည်အချင်းပြစာရင်းတွင် ထည့်သွင်းထားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် သူ၏ ခိုင်မာသော အခြေခံနှင့် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သော စွမ်းရည်ကြောင့် လျင်မြန်စွာ တိုးတက်မှုကို ရရှိတာဖြစ်သည်။
"နောက်ကျရင် ဓားသွားကျင့်ကြံခြင်းအတတ်ကို ကျင့်ကြံဖို့ တစ်နေ့ကို နာရီဝက်ကနေ တစ်နာရီအထိ အချိန်ပေးဦးမှပဲ။ ငါ့ဓားသွားနည်းပညာကို လေ့ကျင့်ဖို့အတွက် ဓားတစ်လက်လိုတယ်။"
စူးချန်ခုန်း၏ စိတ်ဓာတ်များ တက်ကြွလာသည်။ သူနှင့်လိုက်ဖက်သောဓားသည် နေ့စဉ်ကျင့်ကြံရန် သူ၏ ချီစွမ်းအင်ဝိညာဉ် လိုအပ်သည်။ သို့သော် ဓားချီစွမ်းအင်များ ထွက်လာပြီး သူ၏ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန် ဓားကို ပေါ့ပေါ့တန်တန် ဆွဲထုတ်လို့မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် သူ၏ ဓားသွားနည်းပညာကို လေ့ကျင့်ရန်အတွက် မတူညီသောဓားတစ်ချောင်း လိုအပ်သည်။
ဒါက စူးချန်ခုန်းအတွက်တော့ ခက်ခဲတဲ့အရာ မဟုတ်ဘူးဆိုတာ သေချာပါသည်။ နှစ်ရက်သုံးရက်အတွင်း သူသည် နောက်ထပ် သံဖြတ်ဓားကို ဖန်တီးနိုင်သည်။
စူးချန်ခုန်း ကုတင်ပေါ်ပြန်လှဲပြီး လေ့ကျင့်နေရင်းနဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေ ပြန်လည်ရရှိဖို့အတွက် လိပ်အသက်ရှူနည်းကို စတင်လေ့ကျင့်လိုက်သည်။
စူးချန်ခုန်းသည် သူ၏ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဝူချင်းရှီကို လေ့ကျင့်ခြင်း၊ ဓားခုတ်လေ့ကျင့်ခြင်း၊ ဓါးကိုပြုစုပျိုးထောင်ခြင်းနှင့် လိပ်အသက်ရှူခြင်းနည်းပညာကို လေ့ကျင့်ခြင်းတို့ကြောင့် စူးချန်ခုန်း၏ဘဝသည် ရုတ်တရက် အေးချမ်းလာသည်။ သူ၏ အပတ်စဉ် အနားယူသည့်နေ့တွင် ဝမ့်ယွင်နှင့်တွေ့ဆုံရန် ချင်းရွှေမြို့သို့သွားရောက်ပြီး ကြာနက်ဂိုဏ်းမှ တပည့်များကို သုတ်သင်ပစ်ရန် စုံစမ်းမေးမြန်းကာ သူ၏နေ့ရက်များက အေးချမ်းနေလေ၏။
ဒီလိုနှင့် အေးချမ်းသာယာသော နှစ်လတာကို ဖြတ်သန်းခဲ့သည်။
သူသည် ဝူချင်းရှီ၊ လိပ်အသက်ရှူနည်းနှင့် သူ၏ ဓားသွားနည်းပညာတို့တွင် တိုးတက်မှုအချို့ ရှိလာသည်။ သို့သော် သိသိသာသာကြီးတော့ မဟုတ်ပေ။ အကြီးမားဆုံးတိုးတက်မှုမှာ သူပထမဆုံးအကြိမ် စတင်လေ့ကျင့်ခဲ့သည့် ဓားသွားကျင့်ကြံခြင်းအတတ် ဖြစ်သည်။
ဓားသွားကျင့်ကြံခြင်းအတတ် (တတိယနယ်ပယ် အပြည့်အဝနားလည်မှု ၁၈%)
ဤဓားသွားကျင့်ကြံခြင်းအတတ်သည် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုရှိပြီး ကျင့်ကြံရန် ခက်ခဲသော်လည်း စူးချန်ခုန်းသည် သူ၏ ခိုင်မာသော အခြေခံဖြင့် နှစ်လအတွင်း သိသာထင်ရှားသော အောင်မြင်မှုကို ရရှိခဲ့သည်။
"ဓားသွားချီကြိုးတစ်ချောင်းတော့ စပြီး စုဆောင်းမိပြီ။ ဒါကိုသာ လွှတ်ခဲ့ရင် အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ ဒုခေါင်းဆောင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့မှာ။"
စူးချန်ခုန်းသည် သံဖြတ်ဓား၏ ဓားရှည်ကို ပွတ်သပ်ရင်း ဓားရှည်အတွင်းမှ ဓားသွားတစ်ဝိုက်တွင် မမြင်နိုင်သော ဓားသွားချီစွမ်းအင်ကို ပွတ်သပ်ကာ ခံစားရင်း သူနှုတ်ခမ်းများက အပြုံးလေးနှင့် ကွေးတက်သွားလေ၏။
ယခင်က နတ်ဘုရားရဲစွမ်းသတ္တိအဆင့်မှ ချောင်ဟုန်ကို ရင်ဆိုင်ရာတွင် စူးချန်ခုန်းသည် သူ့ကိုသတ်ရန် သုံးချက် ခုတ်ခဲ့ရသည်။ ယခုမူ ဓားသွားကျင့်ကြံခြင်းအတတ်ဖြင့် သူ့ဓါးကို နှစ်လကြာ ပြုစုပျိုးထောင်ပြီးနောက် ချောင်ဟုန်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရပါက သူ့ကို ချက်ချင်း သတ်နိုင်လိမ့်မည်။
သူ ဓားသွားချီစွမ်းအင်ကို သုံးစွဲခဲ့မယ်ဆိုရင် သေချာပေါက် အစကနေစပြီး ပြုစုပျိုးထောင်ရပါလိမ့်မည်။ ဒါက ပေါ့ပေါ့တန်တန်သုံးလို့ မဖြစ်သော စူးချန်ခုန်း၏ ဝှက်ဖဲဖြစ်သည်။
“မနက်ဖြန် ဆေးပင်တွေ ဝယ်ဖို့ ဂျင်ဆင်းမြို့ကို ခရီးထွက်ဖို့လိုတယ်။”
စူးချန်ခုန်းသည် သူဝယ်ထားသော နောက်ဆုံးအသုတ် ကုန်သွားခါနီးပြီဖြစ်သောကြောင့် ပျင်းရိစွာ အကြောဆန့်လိုက်သည်။
ယခုဆိုလျှင် ကျိကျိတက် ချမ်းသာနေပြီဖြစ်သော စူးချန်ခုန်းသည် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေးကို နှစ်ဆလောက် သောက်သုံးနိုင်ပြီး လစဉ် ငွေခြောက်ရာကျော် ကုန်ကျစရိတ်ကို ကာမိအောင် စီမံနိုင်ခဲ့သည်။
နောက်တစ်နေ့နံနက်တွင် စူးချန်ခုန်းသည် စောစောထကာ မိုင်နှစ်ရာဝေးသော ဂျင်ဆင်းမြို့သို့ ခရီးဆက်ရင်း မွန်းတည့်အချိန်ခန့်တွင် ရောက်ရှိခဲ့သည်။
"ဆရာဝမ်!"
ဂျင်ဆင်းအိမ်တော်အပြင်ဘက်တွင် စူးချန်ခုန်းရောက်လာရာ ခြံကြီး၏ တပည့်များက သူ့ကို အိမ်ကြီး၏ အဓိက ဖောက်သည်အဖြစ် အသိအမှတ်ပြုသောကြောင့် တလေးတစားနှင့် နှုတ်ဆက်ကြသည်။
"ကျွန်တော် အိမ်တော်အရှင်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်။" ဂျင်ဆင်းအိမ်တော်မှ တပည့်တစ်ဦးသည် စူးချန်ခုန်း ညွှန်ကြားစရာ မလိုအပ်ဘဲ လျိုဖုန်းအား အသိပေးမည်ဟု စပြောလိုက်သည်။
"ဆရာဝမ်၊ ကျေးဇူးပြုပြီး ဝင်ပါ"
မကြာမီတွင် ဂျင်ဆင်းအိမ်တော် တပည့်များ၏ တရင်းတနှီး ဖိတ်ခေါ်မှုအောက်တွင် စူးချန်ခုန်းသည် အိမ်ထဲသို့ ဝင်ထိုက်လိုက်ရာ အိမ်တော်သခင်လျိုဖုန်းက နွေးထွေးစွာ ကြိုဆိုခဲ့သည်။
ထုံးစံအတိုင်း စူးချန်ခုန်းသည် လျိုဖုန်းထံမှ ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် နှစ်လစာ ဆေးအလုံအလောက်ကို အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သည်။
"ကျွန်တော် သွားလိုက်ပါဦးမယ်။" ဟု စူးချန်ခုန်းက ဆိုကာ အကြာကြီးမစောင့်ဘဲ ထွက်ခွာဖို့ ပြင်လိုက်သည်။
"ဟေ့! ငါ့ဆရာက အသက်ကြီးနေပြီ။ မင်းတို့တွေ ကြမ်းကြမ်းရမ်းရမ်း လုပ်မနေနဲ့!"
သို့သော် စူးချန်ခုန်း၏ အနည်းငယ် အံ့အားသင့်သွားတာက ဂျင်ဆင်းအိမ်တော်အဝင်ဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့်ပင်။
အဝင်ဝတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ယောက်တို့က ဂျင်ဆင်းအိမ်တော်မှ တပည့်များ ဒေါသတကြီး ကြည့်နေကြသည် ။
"သမားတော်ဟွားရှန်၊ အိမ်တော်သခင်က ကျွန်တော်တို့ကို ညွှန်ကြားထားပြီးသားပါ။ ကျွန်တော်တို့ ခက်ခဲအောင် မလုပ်ပါနဲ့ဗျာ!"
ဂျင်ဆင်းအိမ်တော်မှ တပည့်တစ်ဦးက ကူကယ်ရာမဲ့စွာ ဆိုလေ၏။
"သမားတော်ဟွားရှန်?"
စူးချန်ခုန်းသည် ဂျင်ဆင်းအိမ်တော်၏အဝင်ဝတွင်ရပ်နေသော လူအိုကြီးနှင့် လူငယ်တစ်ယောက်ကို မြင်တော့ အံ့အားသင့်သွားသည်။ လူငယ်လေးက ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် ရှိပြီး ကောင်လေးက ရိုးရိုးယဉ်ယဉ်လေးနှင့် သူ့ကိုယ်ပေါ်မှာ ဆေးနံ့လေးတွေသင်းနေသည်။
နောက်တစ်ယောက်ကတော့ ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် ကြင်နာတတ်သော အဘိုးကြီး သမားတော်ဟွားရှန် ဖြစ်လေ၏။
သမားတော်ဟွားရှန်သည် တစ်ချိန်က သံနက်အိမ်တော်သို့ သွားရောက်ခဲ့ပြီး ဝူချင်းရှီကို သင်ပေးခဲ့သည်။ ထိုအချိန်တွင် စူးချန်ခုန်းသည် သမားတော်ဟွာရှန်းထံမှ ဝူချင်းရှီကို ရက်အနည်းငယ်ကြာ သင်ယူခဲ့၏။ နောက်ပိုင်းတွင် သမားတော်ဟွားရှန်မှ စူးချန်ခုန်းအား ခန္ဓာကိုယ် သန်စွမ်းစေသော ဟင်းချိုဆေးညွှန်းကို လက်ဆောင်အဖြစ် ပေးခဲ့ပြီး စူးချန်ခုန်းအပေါ် တော်တော်လေး ကြင်နာခဲ့ပါသည်။