ဓါးသွားကျင့်ကြံခြင်းပညာ။ ဓားချီစွမ်းအင်စုဆောင်းခြင်း (၄)
Vol. 6 Ch. 78
ကိုယ်လူချောလေးသည် ဂျင်ဆင်းအိမ်တော်၏ တပည့်များအား စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့သော်လည်း အားလုံးက ခေါင်းယမ်းကာ ဆရာ၀မ်သည် လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးဖြစ်ပြီး ဂျင်ဆင်းအိမ်တော်မှ လေးစားရသော ဧည့်သည်တစ်ဦးဖြစ်ကြောင်းသာ သိရှိရလေသည်။
သမားတော်ဟွားရှန်နှင့် ကိုယ်လူချောလေးတို့သည် တစ်ယောက်က ခြင်းတောင်းကို ကျောပေါ်တွင် ထမ်းကာ နောက်တစ်ယောက်က တွန်းလှည်းနှင့် တွန်းလျက် ဂျင်ဆင်းမြို့မှ ထွက်လာခဲ့ကြသည်။
"ဒီဆေးပင်တွေနဲ့ဆိုရင် ရေနက်ရွာအနီးက လူနာတစ်ရာလောက်ကို ကယ်တင်နိုင်တယ်!"
ဆေးပင်တွေ ပြည့်နေတဲ့ ခြင်းတောင်းကို သယ်ဆောင်ထားသော သမားတော်ဟွားရှန်က သူ့ဘာသာသူ စဉ်းစားလိုက်သည်။
သမားတော်ဟွားရှန်သည် ငယ်စဉ်ကတည်းက ဆေးပညာကို လေ့လာခဲ့ပြီး သမားတော်တစ်ယောက်တွင် ရှိသင့်သော စေတနာကောင်း နှလုံးသားကို ပိုင်ဆိုင်ခဲ့သည်။ သူအရွယ်မရောက်ခင်ကပင် လူတွေကို တတ်နိုင်သမျှ ကယ်တင်နိုင်ဖို့ မျှော်လင့်ခဲ့သည်။
"ဟမ်?"
ဂျင်ဆင်းမြို့အပြင်ဘက် မိုင်အနည်းငယ်အကွာတွင် သမားတော်ဟွားရှန်နှင့် ကိုယ်လူချောလေးတို့သည် မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ရှေ့ကလမ်းမှာ သိုင်းပညာရှင်လို ၀တ်ဆင်ထားတဲ့ လူသုံးယောက်က ခါးမှာ လက်နက်တွေ ချိတ်ဆွဲထားပြီး သူတို့ လမ်းကို ပိတ်ဆို့လိုက်သည်။ သူတို့အား အပြုံးမမည်သော ပြုံးပြကာ ကြည့်နေပြီး သူတို့ကို အန္တရာယ်ပြုဖို့ဆိုတာ သိသာပါသည်။
ထိုလူသုံးယောက် ချဉ်းကပ်လာသောအခါ သမားတော်ဟွားရှန်သည် မျက်နှာထက်တွင် အနည်းငယ် အားစိုက်ပြုံးပြကာ ကိုယ်လူချောလေးအား အဓိပ္ပါယ်ရှိသော အကြည့်ကို ပေးလိုက်သည်။
ထိုလူငယ်လေးသည် သူ့ရင်ဘတ်ထဲမှ ပိုက်ဆံအိတ်ကို အမြန်ဆွဲထုတ်ကာ "သူရဲကောင်းတို့၊ ဒီမှာ ကျွန်တော်တို့ ပိုက်ဆံတွေပါ။ ကျွန်တော့် ဆရာရော ကျွန်တော်ရောက ဆေးဆရာတွေပါ။ ကျွန်တော်တို့ကို ငဲ့ညှာပေးဖို့ မေတ္တာရပ်ခံပါတယ်။"
ဒီသိုင်းသမားသုံးယောက်က သူတို့ကို ဓားပြတိုက်ဖို့ ရည်ရွယ်ထားပုံရပြီး ရှင်းရှင်းပြောရရင် သမားတော်ဟွားရှန်နဲ့ ကိုယ်လူချောလေးဟာ သန်မာတဲ့ ယောက်ျားသုံးယောက်နဲ့ မယှဉ်နိုင်ပေ။ ဓားပြတွေက ပိုက်ဆံကိုသာရှာပြီး အသက်ကို ချမ်းသာပေးမယ်လို့ မျှော်လင့်ရင်း သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို ရိုးသားစွာ ကမ်းလှမ်းခဲ့သည်။
အလယ်မှ သန်သန်မာမာနှင့်လ်က ပိုက်ဆံအိတ်ကို တစ်ချက်တောင် မကြည့်ဘဲ ရယ်မောလိုက်သည်။ သူက လှည်းပေါ်ရှိ ဆေးပင်အထုတ်များကို လောဘကြီးစွာ စိုက်ကြည့်နေ၏။ "မင်းရဲ့ ပိုက်ဆံနည်းနည်းက သူတောင်းစားကိုတောင် စိတ်ကျေနပ်စေလို့လား။ ဒီဆေးဖက်ဝင်အပင်တွေက တန်ဖိုးရှိတယ်။ အခု အဲ့တာတွေကို ငါတို့ပိုင်သွားပြီ!"
"သူတို့က ဆေးပင်တွေကို လုယူချင်တာလား။"
သမားတော်ဟွားရှန်နှင့် ကိုယ်လူချောလေးတို့ နှစ်ယောက်လုံး ဖြူဖျော့သွားကြသည်။ ဒီဆေးဖက်ဝင်အပင်တွေကို မကြာသေးခင်ကမှ ဆရာဝမ်က ငွေနှစ်ထောင်နဲ့ ရက်ရက်ရောရော ဝယ်ပေးခဲ့တာဖြစ်သည်။ သူတို့သုံးယောက်ဟာ အဖိုးတန်ဆေးဖက်ဝင်အပင်တွေကို လုယူဖို့ ရည်ရွယ်ချက်နဲ့ ဂျင်ဆင်းမြို့မှာ သူတို့ကို စောင့်ကြည့်နေခဲ့တာဖြစ်မည်။
"သူရဲကောင်းကြီးတို့ခင်ဗျ ဒီဆေးဖက်ဝင်အပင်တွေဟာ လူရာပေါင်းများစွာရဲ့ အသက်တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သနားငဲ့ညှာပေးပြီး ဖြတ်သန်းခွင့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" သမားတော်ဟွားရှန်က သူတို့ ထွက်သွားလိမ့်မယ်လို့ မျှော်လင့်ရင်း လုပ်ပြုံးလေးနှင့် ဆိုလေ၏။
"တော်ပြီ။ ထပ်မပြောနဲ့တော့။ မင်းလမ်းကို မင်းသွားလိုက်ပါ။ သမားတော်ကိုမသတ်နဲ့။ အဲဒါက ငါတို့အတွက် အကျိုးရှိတယ်။ ပြီးတော့ အဲ့ဒီကလေး.. ဘယ်လိုအရူးက သူစိမ်းတစ်ယောက်အတွက်နဲ့ ဆေးပင်ဖိုး ပိုက်ဆံအများကြီးသုံးမှာလဲ။ သူမှာ ပိုက်ဆံအများကြီးရှိပြီး သုံးမကုန်ရင်လည်း ငါတို့ကို ပေးလိုက်ပေါ့" ဟု အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ညာဘက်မှ လူတစ်ယောက်က စိတ်မရှည်စွာဖြင့် ဆရာတပည့်နှစ်ယောက်ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ဤဆေးဖက်ဝင်အပင်များကို လုယူ၍ ပြန်လည်ရောင်းချခြင်းသည် သူတို့အတွက် ချမ်းသာစေမည်ဖြစ်သည်။
ခပ်ချောချောလူငယ်လေးသည် အံကြိတ်ကာ ရုတ်တရက် တံတောင်ဆစ်မှ ဝါးပြွန်လေးကို ဆွဲထုတ်လျက် ပါးစပ်ထဲထည့်ပြီး ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်သည်။
“ဝူး!”
ငွေရောင်ဆေးထိုးအပ်တစ်ချောင်းသည် ဝါးပြွန်အတွင်းမှ ပျံထွက်လာပြီး ကိုယ်ခံပညာရှင် သုံးဦးအနက်မှ တစ်ဦးဖြစ်သော ညာဘက်မှ အစိမ်းရောင်ဝတ်ထားသော အမျိုးသားတစ်ဦးကို တည့်တည့်ပစ်သတ်လိုက်သည်။
အစိမ်းရောင်နှင့်လူက လန့်ဖျပ်သွားပြီး သူ့မျက်နှာကို လက်ဖဝါးဖြင့် အလိုလို ကာလိုက်သည်။
“အာ့”
အစိမ်းရောင်နှင့်လူသည် ငွေအပ်ဖြင့် ထိုးခံလိုက်ရသော လက်နောက်ဘက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။
“အယုတ်တမာလေး…” အစိမ်းရောင်နှင့်လူက ရုတ်တရက် ဒေါသအမျက်ထွက်ကာ ကျိန်ဆဲချင်သော်လည်း တစ်ကိုယ်လုံး မူးဝေပြီး ထုံကျင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားရင်း ပါးစပ်တွင် အမြှုပ်ထွက်လာလေ၏။
“အဆိပ်မိသွားလား”
ခပ်ချောချောလူငယ်လေးက အသက်ကယ် ဆေးပင်များကို လက်လွတ်ရန် ဆန္ဒမရှိသဖြင့် သိုင်းသမား သုံးယောက်အနက်မှ တစ်ယောက်ကို ချက်ချင်း အမှောက်သိပ်ရန် အဆိပ်သင့်ငွေအပ်နှင့်အတူ လေမှုတ်ပိုက်ကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့ပေမယ့် နှစ်ယောက် ကျန်သေးသည်။
"သေစမ်း! မင်းတောင်းဆိုတာနော်။"
သူ့အဖော်၏ ပါးစပ်မှာ အမြှပ်တွေထနေတာကို မြင်တော့ ကြွက်သားတောင့်တောင့်နှင့် အမျိုးသားက ဒေါသတကြီး အော်ဟစ်ကာ ရှေ့ကို တက်လာရင်း ခါးမှ ဓားမကို ဆွဲထုတ်လျက် ထိုလူငယ်လေးဆီသို့ ပြင်းပြင်းထန်ထန် လွှဲရမ်းလိုက်သည်။
"ဟွားယီ သတိထား!"
သမားတော်ဟွားရှန်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ကိုယ်လူချောလေးအား အမြန်ဆွဲလိုက်သော်လည်း ထိုသို့ပြုလုပ်ခြင်းဖြင့် သူကိုယ်တိုင်က ကျလာနေသော ဓားမအောက်သို့ ရောက်သွားသလို ဖြစ်နေ၏။
သမားတော်ဟွားရှန်က အံတင်းတင်းကြိတ်လျက် သေခြင်းတရားအတွက် အားတင်းထားပေမယ့် ဓားမကတော့ သူ့အပေါ်ကို မကျလာခဲ့ပါ။
ကြိုတင်မှန်းဆခြင်းမရှိဘဲ ရောက်လာသော အနက်ရောင်ဝတ်စုံနှင့်လူက သမားတော်ရှေ့တွင် မိမိကိုယ်ကို နေရာယူလိုက်သည်။ ဤလူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းများဖြင့် ဓားမကို ဆုပ်ကိုင်ထားကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်အောင် တားဆီးထား၏။
"ဆ..ဆရာဝမ်!"
ထိတ်လန့်တုန်လှုပ်နေဆဲ ကိုယ်လူချောလေးက အနက်ရောင်ဝတ်စုံနှင့်လူကို ဝမ်ထိုက်လို့ သိကြတဲ့ ဆရာဝမ်ကို မှတ်မိသွားပြီး အော်မပြောဘဲ မနေနိုင်ခဲ့။