← Chapters

မာန်ဝင့်သံသားရဲ။ ကျောက်တုံးကဲ့သို့ မာကျောခြင်း။ (၂)

Vol. 6 Ch. 89

မာန်ဝင့်သံသားရဲ။ ကျောက်တုံးကဲ့သို့ မာကျောခြင်း။ (၂)

Vol. 6 Ch. 89

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူသည် အဘယ်ကြောင့် အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် အသေအကြေ တိုက်ခိုက်လိုသနည်း။ သူသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ နယ်မြေထဲသို့ တစ်ကိုယ်တည်း ဝင်လာခဲ့သည်။

"ဒုန်း ဒုန်း ဒုန်း"

စူးချန်ခုန်း သွားသည့်နေရာတိုင်းတွင် ဆောင်းဦးလေက ကြွေကျနေသော သစ်ရွက်ခြောက်များကို တိုက်ခတ်နေသကဲ့သို့ပင်။ သာမန်ထိုးချက်လေးတစ်ခုနှင့်ပင် သူသည် အရိုးများကျိုးသွားစေပြီး အရွတ်များကို ပြတ်ထွက်သွားစေကာ သူ၏ တိုက်ပွဲသံချပ်ကာရှိ ဆူးချွန်များသည် သူ၏တိုက်ခိုက်မှုများကို သေစေနိုင်လောက်အောင် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရစေလောက်အောင် စွမ်းဆောင်ပေးနိုင်သည်။ ရန်သူများ ထပ်တိုက်ခိုက်ဖို့ ခွန်အား မရှိလောက်အောင် ဖြစ်စေသည်။ သူစိတ်တိုင်းကျ ပျက်စီးစေ၏။ အဝေးမှနေ၍ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ကိုယ်ခံပညာရှင်အုပ်စုကြီးသည် သူ့ဆီသို့ ဝိုင်းအုံလာသည်။ စူးချန်ခုန်းသည် သူတို့သွားရာလမ်းကို တစ်ချက်မျှပင် မကြည့်ဘဲ သူ့ခန္ဓာကိုယ် ညာဘက်သို့ ရုတ်တရတ် အရှိန်ဖြင့် ဆောင့်ချလိုက်သည်။

"ဒုန်း"

ထူထဲသောနံရံသည် အပိုင်းပိုင်းကွဲအက်ကာ စူးချန်ခုန်း၏ ရိုက်ခတ်မှုအောက်တွင် ပြိုကျသွားခဲ့သည်။ သူ့ကို မည်သူမျှ ထောင်ချောက်ဆင်၍ မရနိုင်သလို အတားအဆီးမရှိ ကြမ်းတမ်းသော သားရဲတစ်ကောင်အလားပင်။

နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်မှ သိုင်းပညာရှင်သည် လူအယောက်တစ်ရာ၏ ခွန်အားရှိပြီး မထိုးဖောက်နိုင်သော သံချပ်ကာကို ၀တ်ဆင်ထားပါက ခွန်အားမကုန်မချင်း မရပ်တန့်နိုင်သော လူသတ်စက်များနှင့် တူလေသည်။

အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တိတ်ဆိတ်နေသော အခန်းထဲတွင် လူထွားကြီးတစ်ဦးသည် အသက်ရှုသွင်း ရှူထုတ်နှင့် တင်ပျဉ်ခွေထိုင်နေ၏။ သူ့မျက်နှာမှာ နီမြန်းနေပြီး မှိန်ဖျော့ဖျော့ဖျော့သော ရောင်ဝါများက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။

သူ့ဘေးမှာ တစ်ဝက်စားပြီးသား သွေးနီ ဂျင်ဆင်း တစ်လုံးကို ချထားသည်။

"ဒီလောက်စိတ်ရှုပ်စရာကောင်းတဲ့ ဆူညံသံက ဘာသံတွေလဲဟ။"

တရားရှုမှတ်နေစဉ် အနှောက်အယှက်ဖြစ်ခြင်းကို မုန်းတီးသောကြောင့် များမကြာမီတွင် ထိုလူ၏ မျက်လုံးများ ပွင့်လာရာ မျက်ထောင့်များ နီနေလေ၏။

ထိုလူသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှစ်ကျစ်ကျန်းမှလွဲ၍ အခြားသူ မဟုတ်ပါပေ။

"လက်စားချေဖို့ ရောက်လာတဲ့ ကျောက်စိမ်းဖြူဂိုဏ်းရဲ့ ကျန်ရစ်သူတွေများလား။ " ရှစ်ကျစ်ကျန်းသည် အပြင်ဘက်မှ အော်ဟစ်သံများနှင့် ရုန်းရင်းဆန်ခတ်သံကို ကြားလိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျောက်စိမ်းဖြူဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် ဒုခေါင်းဆောင် နှစ်ဦးစလုံးကို ကွပ်မျက်ခဲ့ပြီး ပိုင်ရှောက်တစ်ဦးတည်းသာ လွတ်မြောက်ခဲ့သည်။ သို့ပေမယ့် ပိုင်ရှောက်က ဒီလို ရဲရဲတင်းတင်းနဲ့ မရဏတံခါးကို လာခေါက်ရဲလို့လား။

"ဟမ့်!"

ကြမ်းပြင်မှထလာချိန်တွင် ရှစ်ကျစ်ကျန်း၏ မျက်နှာပေါ်တွင် လူသတ်လိုသော အကြည့်တစ်ခု ပေါ်လာသည်။ အမြင့် နှစ်မီတာနှင့် သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံက ပြင်းထန်တဲ့ ခြေလှမ်းနဲ့အတူ ခန်းမထဲက ပြေးထွက်လာတဲ့ ဝက်ဝံတစ်ကောင်လိုပင်။

အနက်ရောင်မြင်းတပ်ဂိုဏ်း၏ အရှုပ်အထွေးထဲတွင် လူများ နေရာအနှံ့ရှိနေပြီဖြစ်သည်။

ထိုနေရာသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ သိုင်းပညာရှင်များဖြင့် ဝန်းရံထားသော်လည်း ယခုအခါ သူတို့အားလုံး အသင့်ပြင်ကာ ရပ်နေကြပြီး အရိုးများကျိုးကာ ဦးခေါင်းခွံများအက်လျက် ဓားဖြင့် ထိုးခံထားရသော အလောင်းများ ဝန်းရံထားသည့် အလယ်ဗဟိုက ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူကို မျက်တောင် မခတ်တမ်း ကြည့်နေကြသည်။

သူ၏ မူလက ငွေရောင်တိုက်ပွဲ ချပ်ဝတ်တန်ဆာသည် ယခု သူသတ်ခဲ့သော ရန်သူများထံမှ အနီရောင်တောက်တောက် သွေးကွက်များနှင့် စွန်းထင်းနေလေပြီ။

ရာနှင့်ချီသော လူတစ်ထောင်နီးပါးဖြင့် ဝိုင်းရံထားသော စူးချန်ခုန်းသည် ထိုနေရာတွင် ရပ်နေ၏။ သူ၏ တည်ရှိမှုက လူအုပ်ကို လွှမ်းခြုံထားကာ ဤရဲရင့်ပြီး ကျွမ်းကျင်သော အနက်ရောင်မြင်းတပ်ဂိုဏ်း သိုင်းပညာရှင်တို့သည် နောက်ထပ် လှုပ်ရှားဖို့ကို ကြောက်လွန်းသဖြင့် တိုက်ခိုက်ရန် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။

"သူရောက်လာပြီပဲ!"

ထိုအချိန်တွင် စူးချန်ခုန်းသည် အဝေးမှ လူအုပ်ကြီး လှုပ်လှုပ်ရွရွ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ သိုင်းသမားများသည် လူအုပ်ကြားမှ ဝက်ဝံနှင့်တူသော လူသန်ကြီးက လူအုပ်ကြားမှ ဖြတ်လျှောက်လာစဉ် လမ်းဖယ်ပေးနေကြသည်။

"ရှစ်ကျစ်ကျန်း။"

စူးချန်ခုန်းသည် ရှစ်ကျစ်ကျန်းကို တစ်ခါမျှ မမြင်ဖူးသော်လည်း ဤလူသန်ကြီးသည် မကြာသေးမီက နာမည်ဆိုးဖြင့်ကျော်ကြားသော မြင်းတပ်ဂိုဏ်းခေါင်းဆောင် ရှစ်ကျစ်ကျန်းဖြစ်သည်ကို သူ ချက်ချင်းပင် သဘောပေါက်လေ၏။

"သူက ဘယ်သူလဲ။"

ရှစ်ကျစ်ကျန်းအနားသို့ အမြန်ရောက်လာသော တတိယခေါင်းဆောင် ချန်ကျွမ်းသည် ထိတ်လန့်တုန်လှုပ်စွာ၊ စိတ်ရှုပ်စွာနှင့် အလယ်က စူးချန်ခုန်းကို ကြည့်နေ၏။

ရုန်းရင်းဆန်ခတ်သည် ကြီးမားလှပြီး အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ကျူးကျော်သူ တစ်ဦးတည်းကြောင့် အလွန် သတိရှိနေကြသည်။

သူ့ရှေ့က သံချပ်ကာနှင့်လူကို စိုက်ကြည့်ရင်း ရှစ်ကျစ်ကျန်း၏ မျက်ခုံးများကို တင်းတင်းကြုတ်ထားလေ၏။ သူက လှမ်းမေးလိုက်သည်။ “ခင်ဗျားက ဘယ်သူလဲ။ ငါတို့နဲ့ ရန်ငြိုးရှိလို့လား။ ဘာကြောင့် ညကြီး အချိန်မတော်လာပြီး ငါ့လူတွေကို သတ်ရတာလဲ။”

ရှစ်ကျစ်ကျန်း၏ မေးခွန်းများအတွက် စူးချန်ခုန်းသည် ခပ်အုပ်အုပ် ခပ်ဩဩအသံနှင့် ပြန်ဖြေလေ၏။ "ငါက ကြာနက်ဂိုဏ်းက သံသားရဲပဲ။ မင်းရဲ့ အနက်ရောင်မြင်းတပ်ဂိုဏ်းက အဲ့ဒီသရဲမျက်နှာကို ငါ့တပည့်တွေကို သတ်ခွင့်ပြုထားတယ်ပေါ့။ မင်းတို့ငါ့ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား။"

စူးချန်ခုန်းသည် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ရန် ရှုပ်ထွေးမှုများ ဖန်တီးကာ အမုန်းပင်များကို စိုက်ပျိုးပြီး ကြာနက်ဂိုဏ်း၏ တပည့်တစ်ဦးအယောင်ဆောင်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကြာနက်ဂိုဏ်းနှင့် အနက်ရောင်မြင်းတပ်ဂိုဏ်းအကြား အပြန်အလှန် တိုက်ခိုက်ခြင်းကို နှိုးဆွနိုင်လျှင် ပိုကောင်းပါသည်။

"ကြာနက်ဂိုဏ်း?"

ထိုကြေညာချက်ကြောင့် ရှစ်ကျစ်ကျန်းနှင့် ချန်ကျွမ်းနှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။ ကြာနက်ဂိုဏ်းသည် ရန်မစသင့်ဆုံးဂိုဏ်းဖြစ်ပြီး သူတို့က အယူအစွဲများစွာဖြင့် ဖွဲ့စည့်ထားသော အင်အားစုဖြစ်သည်။ ချင်းရွှေမြို့ နယ်မြေတွင် အနက်ရောင်မြင်းတပ်ဂိုဏ်းနှင့် ကြာနက်ဂိုဏ်းတို့သည် အမြဲတစေ သီးခြားနေခဲ့ကြသည်။

ယခုအခါ ကြာနက်ဂိုဏ်းမှ အရှင်သခင်တစ်ဦးသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တံခါးဝသို့ သရဲမျက်နှာ၏ လုပ်ရပ်အတွက် လက်စားချေရန်ဟု ဆိုကာ ရောက်ရှိလာသည်။

စူးချန်ခုန်းသည် တစ်ချိန်က သရဲမျက်နှာအဖြစ် အသွင်ပြောင်းကာ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်ဟု ဆိုကာ ကြာနက်ဂိုဏ်း၏ တပည့်များကို သတ်ဖြတ်ခဲ့ဖူးသည်။ သူ၏ ရည်ရွယ်ချက်မှာ အနက်ရောင်မြင်းတပ်ဂိုဏ်းကို ရွံရှာမုန်းတီးစေရန်ဖြစ်ပြီး ယခု သူသည် သူတို့အား ရင်ဆိုင်ရန် ဤအချက်များကို အသုံးပြုနေလေ၏။

ဒေါသတကြီးနှင့် ရှစ်ကျစ်ကျန်းက ပြန်တုံ့ပြန်သည်။ "မင်း အထင်မှားနေပြီနော်။ အဲ့ဒီသရဲမျက်နှာက ငါတို့ထဲက မဟုတ်ဘူး။ သူက ငါတို့ရဲ့ ဒုခေါင်းဆောင် ချောင်ဟုန်ကိုတောင် သတ်ပစ်ခဲ့တာ။ သရဲမျက်နှာသာ အနက်ရောင်မြင်းတပ်ဂိုဏ်းမှာရှိနေရင် သူခေါင်းကို လိမ်ချိုးပစ်မယ့်သူက ငါပဲ..."

"ဟမ့် ပြဿနာကို ရှောင်ဖယ်ဖို့ ကြိုးစားနေတုန်းပဲ! လုပ်တုန်းကလုပ်ပြီး တာဝန်မယူချင်ဘူးပေါ့။ ငါကြားတာတော့ အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က ယောကျာ်းတွေထဲမှာ သူရဲကောင်းတစ်ယောက်တဲ့။ ဒါပေမယ့် အခု ငါမြင်တာက သူရဲဘောကြောင်တာကလွဲလို့ ဘာမှမရှိဘူး!"

စူးချန်ခုန်းက သူ့ကို ပြင်းထန်စွာ အပြစ်တင်ပြီး နှောင့်ယှက်သည်။

"အတင့်ရဲလိုက်တာ"

ချန်ကျွမ်းသည် သူ့ဒေါသကို မထိန်းနိုင်ဘဲ ရှစ်ကျစ်ကျန်း မတုံ့ပြန်မီ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သရဲမျက်နှာသည် ကြာနက်ဂိုဏ်း၏ တပည့်များကို သတ်ဖြတ်နေစဉ်တွင် သူသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး ဂိုဏ်းအတွက် အနည်းငယ် ပြဿနာဖြစ်စေခဲ့သည်။ ဒါတင်မကသေး သူသည် မကြာသေးမီက ချောင်ဟုန်ကို သတ်ပစ်ခဲ့သည်။ အခုအချိန်မှာတော့ ကြာနက်ဂိုဏ်းရဲ့ အရှင်သခင်တစ်ယောက်က သရဲမျက်နှာဟာ သူတို့ထဲက တစ်ယောက်ဖြစ်တာကြောင့် တာဝန်ခံဖို့ တောင်းဆိုပြီး ဂိုဏ်းထဲကို ရောက်လာခဲ့လေပြီ။ သူတို့ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမည်နည်း။

"တော်လောက်ပြီ!" ရှစ်ကျစ်ကျန်းက ချန်ကျွမ်းကို တားရန် လက်ဟန်ပြသည်။

ရှစ်ကျစ်ကျန်း၏ အမူအရာမှာ စူးချန်ခုန်းကို စိုက်ကြည့်နေသော သားရဲတစ်ကောင်လို ပြင်းထန်ကာ သူ့မျက်လုံးများက အေးစက်နေလေ၏။ “မင်းဘယ်သူလဲ။ မင်းဒီကို ဘာအတွက်ရောက်လဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက ငါ့ညီအစ်ကိုတွေ အများကြီးသတ်ပစ်လိုက်ပြီ။ ဒီနေ့ မင်းဒီမှာ အသက်ရှင်ကျန်ရစ်တော့မှာ မဟုတ်ဘူး!" ရှစ်ကျစ်ကျန်းသည် ကြာနက်ဂိုဏ်းကို သတိထားသော်လည်း ထိုလူသည် ထိုဂိုဏ်းမှ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနက်ရောင်မြင်းတပ်ဂိုဏ်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး သူ့လူများစွာကို သတ်ပစ်ကာ သူ့ကိုယ်သူ သံသားရဲဟု ကြေညာထားသောသူက စည်းကျော်ခဲ့လေပြီ။ ဒါဟာ ရှစ်ကျစ်ကျန်း သည်းမခံနိုင်သည့်ခြိမ်းခြောက်မှုဖြစ်ပြီး သူ၏အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကိုယ်တိုင်ကိုယ်ကျ ဖယ်ရှားပစ်ရမည်ဖြစ်သည်။

းကို သယ်ဆောင်လာလေ၏။

All Chapters