← Chapters

မာန်ဝင့်သံသားရဲ။ ကျောက်တုံးကဲ့သို့ မာကျောခြင်း။ (၃)

Vol. 6 Ch. 90

မာန်ဝင့်သံသားရဲ။ ကျောက်တုံးကဲ့သို့ မာကျောခြင်း။ (၃)

Vol. 6 Ch. 90

“အစ်ကိုကြီး… ကျွန်တော့်တို့ လူတွေကို အရင်သွားခွင့်ပြုပါ”

ချန်ကျွမ်းက ရှစ်ကျစ်ကျန်းကို တိုးတိုးလေးလိုက်ပြောသည် ။

ဤသံသားရဲသည် အနက်ရောင်မြင်းတပ်ဂိုဏ်းထဲကို တစ်ကိုယ်တည်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ကြီးကြီးကျယ်ကျယ် ပရမ်းပတာ ဖြစ်စေခဲ့ရာ သူက ပျော့ညံ့သူ မဟုတ်သည်မှာ သေချာသည်။ ချန်ကျွမ်း၏ အမြင်အရ သူ့လက်အောက်ငယ်သားများအား ဝိုင်းသတ်ရန် တိုက်ရိုက် အမိန့်ပေးလိုက်မည်ဖြစ်သည်။

ဤသံသားရဲသည် မည်မျှပင် သန်မာနေပါစေ။ ချီသွေးနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပါစေဦး လူတစ်ထောင်ဝိုင်းတိုက်တာ ရင်ဆိုင်ရပါက မလွဲမသွေ ပင်ပန်းနွမ်းနယ်ကာ နေရာတွင်ပင် သေဆုံးသွားမည်ဖြစ်သည်။

သို့သော်ငြား ရှစ်ကျစ်ကျန်းသည် အယုတ်တမာ အပြုံးနှင့် ပြန်ပြောသည်။ "သူက ငါ့ခေါင်းပေါ်ကို တက်လာတဲ့ဟာကို။ ငါကိုယ်တိုင် သူ့ခေါင်းကို လိမ်ချိုးမှရမယ်။"

ရှစ်ကျစ်ကျန်းက ဒီလိုပုံစံနဲ့ ရှေ့ဆက်ဖို့ ဆန္ဒမရှိပါ။ အဘယ်ကြောင့်ဆိုသော် ပထမအချက်က သူ၏လူများအား သွေးချောင်းစီးစေမည်ဖြစ်ပြီး သူတို့ အနိုင်ရခဲ့လျှင်ပင် ဆုံးရှုံးမှုက သေးငယ်မည်မဟုတ်ပေ။ ဒုတိယအနေနဲ့ သူ့ရဲ့ရဲရင့်တက်ကြွပြီး လွှမ်းမိုးလိုသော အကျင့်စရိုက်နှင့် ဒီလိုသန်မာတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရတာက စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည်။ သူစိတ်ကျေနပ်မှုရအောင် ထုံးစံအတိုင်း သူ့ရန်သူကို သူကိုယ်တိုင် သတ်ပစ်ချင်သည်။

ချန်ကျွမ်းက သူ့ကို နောက်ထပ် ဖျောင်းဖျတာကို မစောင့်တော့ဘဲ ရှစ်ကျစ်ကျန်းက ရှေ့ကို ခြေတစ်လှမ်း လှမ်းကာ သူ့ရဲ့ ရယ်မောသံတွေက ကောင်းကင်ယံထိ ပဲ့တင်ထပ်နေလေ၏။ "ဒီနေ့ မင်းကို အရေခွံကို ဆုတ်ပြီး အရိုးတွေကို ရိုက်ချိုးပစ်မယ်။ ငါ့အနက်ရောင် မြင်းတပ်ဂိုဏ်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြေးလွှားခွင့်မရှိဘူးဆိုတာကို ငါ မင်းကို ပြမယ်!"

စူးချန်ခုန်း၏ နှလုံးသားသည် လေးလံနေသော်လည်း စိတ်လှုပ်ရှားနေ၏။ လွန်ခဲ့သည့်နှစ်များစွာက သူသည် သိုင်းပညာကို စတင်သင်ယူခဲ့ပြီး သိုင်းပညာဖြင့် ခရီးစတင်ခဲ့စဉ်က အနက်ရောင်မြင်းတပ်ဂိုဏ်းသည် သံနက်အိမ်တော်သို့ ဖိနှိပ်ချုပ်ချယ်ပြီး ခြိမ်းခြောက်ငွေညှစ်ခဲ့သည်။ ယခု နှစ်အတော်ကြာပြီးနောက် စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှစ်ကျစ်ကျန်းနှင့် ရင်ဆိုင်ရတော့မည်။

စူးချန်ခုန်းသည် အမြဲသတိကြီးစွာပြုမူပြီး မတိကျ သေချာသောအလုပ်များကို ဘယ်တော့မှ မလုပ်ပေ။ သူသည် သူရဲဘောကြောင်သူလည်းမဟုတ်။ မည်သည့်အရာများကို မကြောက်တတ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူ့တွင် အင်အားကြီးမားသော ရန်သူများကို ရင်ဆိုင်ရာတွင် မကြောက်မရွံ့သော သိုင်းပညာရှင်၏ နှလုံးသားရှိသည်။

“ဂိုဏ်းခေါင်းဆောင်… လှုပ်ရှားတော့မယ်။”

"ဒီကောင်တော့ သေပြီပဲ"

အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင်များသည် စိတ်လှုပ်တရှား တုန်လှုပ်နေကြသည်။ သူတို့၏မျက်လုံးများတွင် ရှစ်ကျစ်ကျန်းသည် ချင်းရွှေမြို့ ဧရိယာတွင် အသန်မာဆုံးဖြစ်ပြီး ပြိုင်ဘက်ကင်းကာ စိန်ခေါ်သူမရှိပေ။

“သတ်!”

ရှစ်ကျစ်ကျန်းက သူ့နှလုံးသားထဲက သတ်ပစ်ချင်စိတ်ကို မချိုးနှိမ်နိုင်တော့ပေ။ လျှပ်တစ်ပြက်နှင့် သူ၏ နှစ်မီတာရှည်လျားသော ကိုယ်လုံးကိုယ်ပေါက်သည် စူးချန်ခုန်းဆီသို့ ချက်ချင်း ပစ်ဝင်လာသည်။

"သူလာပြီ!" စူးချန်ခုန်းလည်း အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူ့အဆင့်နှင့် ချောင်ဟုန်ကဲ့သို့သော နတ်ဘုရား ရဲစွမ်းသတ္တိအဆင့်မှ သိုင်းပညာရှင်ကိုတောင် သူ၏ဓားဖြင့် သုံးချက် ခုတ်သတ်လိုက်ရသည်။ ချင်းရွှေမြို့၏ နံပါတ်တစ် ကျွမ်းကျင်ပညာရှင် ရှစ်ကျစ်ကျန်းက သူ့သွေးတွေကို ပွက်ပွက်ဆူအောင် လုပ်နေသည်။

"ဝုန်း!"

ရှစ်ကျစ်ကျန်း၏ ညာလက်သီးချက်သည် စူးချန်ခုန်း၏ မျက်နှာကို တည့်တည့် ချိန်ရွယ်လိုက်သည်။ ဤလက်သီးမှ သယ်ဆောင်လာသော လေပြင်းသည် အလွန်ပြင်းထန်လှသဖြင့် အရှေ့မှ လေကို လေဗွေအဖြစ်သို့ ပြောင်းလဲစေပြီး စူးချန်ခုန်းအား အသက်ရှူမဝသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဤလက်သီးတစ်ချက်တည်းဖြင့် စူးချန်ခုန်း ကြုံတွေ့ဖူးသမျှ သိုင်းပညာရှင်တွေထက် လွှမ်းမိုးသာလွန်သည့် စွမ်းအားကို ပြသလိုက်သည်။

မဆိုင်းမတွဘဲ စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် အနည်းငယ်ကွေးညွှတ်ကာ ရှောင်မပြေးဘဲ ရှစ်ကျစ်ကျန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ သူ့ရဲ့ ညာလက်သီးကို တည့်တည့်ပစ်ကျွေးလိုက်သည်။ သံလက်အိတ်အစွပ်၏ လက်သီးအဆစ်များတွင် ပေဝက်ခန့်ရှည်သော ဆူးများရှိသည်။ လက်သီးထိပ်အချင်းချင်း တိုက်မိသောအခါ ရှစ်ကျစ်ကျန်း၏အသားနှင့် အရိုးများဖောက်ခံရမည်ဖြစ်သောကြောင့် စူးချန်ခုန်းတွင် အားသာချက် ကြီးကြီးမားမား ရှိသည်မှာ သေချာပါသည်။

"ရား"

သို့တိုင် သူတို့၏လက်သီးများမတိုက်မီခဏ၌ ရှစ်ကျစ်ကျန်းသည် သူ့ပါးစပ်မှ အော်သံကြီးတစ်ခု ရုတ်တရက် ထွက်လာသည်။ သူ၏ မျက်နှာသွင်ပြင်ထက် ထိတွေ့နေသော အရေပြားပေါ်တွင် ဖျတ်ခနဲ သွေးရောင်အလင်းတန်း ဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာ၏။

အော်ဟစ်သံကြီးကြောင့် စူးချန်ခုန်း၏ လမ်းကြောင်းတွင်ပင် ရပ်တန့်သွားကာ သူ၏ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုး လှိမ့်တက်လာသည်။

နောက်တစ်စက္ကန့်တွင် လက်သီးချင်းတိုက်မိသောအခါ ရှစ်ကျစ်ကျန်း၏ လက်သီးထိုးဖောက်ခံရမည့် စိတ်ကူးယဉ်ထားသော မြင်ကွင်းသည် ပေါ်မလာပေ။ အဲဒီအစား သူ့လက်သီးကို သတ္တုရောင်ဖျော့ဖျော့နဲ့ ရစ်ပတ်ထားလေ၏။ သံဆူးများက မထိုးဖောက်နိုင်ဘဲ ကြီးမားလှသော အင်အား၏ ညှစ်အားကြောင့် ကွေးပြီး ကျိုးသွားသည်။

“ဝုန်း”

သူ့လက်မောင်းမှ သယ်ဆောင်လာသော တွန်းအားက စူးချန်ခုန်းကို အထိန်းအကွပ်မရှိ နောက်ပြန်ဆုတ်ရန် တွန်းအားပေးခဲ့ပြီး သူ၏ လေးလံသော ခြေရာများသည် မြေပြင်ကို နက်နက်နဲနဲ ထိုးဆင်းသွားလေ၏။

"ဟမ်? ဒါက... ချီသွေးနယ်ပယ်လား"

စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။ နှစ်ယောက်စလုံး ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုတွင် ရှိကြသည့်အတိုင်း သူတို့၏ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်မှုသည် တစ်ဖက်ကို နိုင်နင်းသည့် အဆင့်အထိ မကွဲပြားသင့်ပေ။ သို့သော် ထိပ်တိုက်ရင်ဆိုင် တိုက်မိပြီးသည့်နောက်တွင် သူသည် ဖိနှိပ်ခံလိုက်ရပြီး ရှင်းပြချက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ရှစ်ကျစ်ကျန်းသည် ချီသွေးနယ်ပယ်၏ သိုင်းပညာရှင်တစ်ဦးဖြစ်သည်။

"မဟုတ်သေးဘူး။ ဒါမမှန်ဘူး... ချီသွေးနယ်ပယ်ရဲ့ ပထမအဆင့်က 'ချီသွေးအကာ' ဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်က ချီစွမ်းအင်နဲ့ သွေးတွေကို အဲဒီလောက်အထိ ဖုံးကွယ်ထားတာ။ အဲ့လောက် အတိုင်းအတာထိ မဟုတ်သေးတာ သိသာတယ်။"

စူးချန်ခုန်းသည် ထိုသို့မဟုတ်ကြောင်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ ရှစ်ကျစ်ကျန်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်၌ သွေးရောင်မှိန်ဖျော့ဖျော့လေး ရှိနေပြီး တစ်ကိုယ်လုံးမှ ဖြာထွက်သည့်အဆင့်သို့ မရောက်သေးပေ။ ဤအခြေအနေသည် စူးချန်ခုန်းအတွက် ဇဝေဇဝါ ဖြစ်စေသော်လည်း တကယ်တော့ ရှစ်ကျစ်ကျန်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုနယ်ပယ်မှ သာမန်သိုင်းပညာရှင်ထက် တစ်လိုင်းလောက် သန်မာရုံလေးသာ။ (T/N ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုနယ်ပယ်၏ အဆုံးသတ်မျဉ်းနား ရောက်နေခြင်းကို ဆိုလိုသည်။)

လက်သီးတစ်ချက်ဖြင့် စူးချန်ခုန်း နောက်ပြန်ဆုတ်စေခဲ့ရာ ရှစ်ကျစ်ကျန်း၏ပါးစပ်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်လေ၏။ "လွန်ခဲ့တဲ့နှစ်တွေက ငါ ဒဏ်ရာပြင်းထန်စွာ ခံစားခဲ့ရပြီး ငါ့ရဲ့ ချီစွမ်းအင်နဲ့ သွေးတွေ ကျဆင်းလာခဲ့တယ်။ ချီစွမ်းအင် ကြွယ်ဝစေတဲ့အရာတွေ သွေးအားဖြည့်တဲ့ဆေးတွေကို နှစ်အတော်ကြာ သောက်သုံးပြီး နောက်ဆုံးတော့ ပြန်လည်ကောင်းမွန်လာတာကို မြင်ရပြီပဲ။"

ရှစ်ကျစ်ကျန်း၏ မူလဇစ်မြစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး သူသည် လွန်ခဲ့သော သုံးနှစ် သို့မဟုတ် လေးနှစ်က ချင်းရွှေမြို့တွင် ပေါ်လာခဲ့သည်။ သူ၏ ထူးကဲသော တိုက်ခိုက်ရေးစွမ်းရည်များဖြင့် သူသည် အနက်ရောင်မြင်းတပ်ဂိုဏ်းကို လျင်မြန်စွာ ထူထောင်ပြီး ၎င်း၏ စွမ်းအားကို တိုးပွားလာစေခဲ့သည်။

သို့သော် အမှန်တော့ ရှစ်ကျစ်ကျန်း၏နောက်ခံသည် မယုံနိုင်လောက်အောင် ထူးကဲလှသည်။ တစ်ချိန်က သူသည် ချီသွေးနယ်ပယ်၏ အသွင်သဏ္ဍာန်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသော အထက်တန်းစား စစ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း တာ့ဖုန်းပြည်နယ်ကို လှုပ်ခတ်စေခဲ့သော တိုက်ပွဲတွင် ရခဲ့သော ပြင်းထန်သော ဒဏ်ရာများ၊ ကုစားရန် ခက်ခဲသော ဒဏ်ရာများကြောင့် စိတ်ပျက်လက်ပျက်နှင့် ထွက်လာခဲ့သည်။ သူသည် အနက်ရောင်မြင်းတပ်ဂိုဏ်းကို တည်ထောင်ရန် ချင်းရွှေမြို့သို့ ရောက်ရှိလာပြီး သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် အရင်းအမြစ်များကို လုယူခဲ့သည်။

ရှစ်ကျစ်ကျန်း ရရှိခဲ့တဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းပြီး သူ့ရဲ့ အမြင့်ဆုံးပုံစံကို ဒီနေ့အထိ ပြန်မရောက်သေးပါ။ သို့သော် ရှစ်ကျစ်ကျန်းသည် ချီသွေးနယ်ပယ်အောက်မှ မည်သူကမျှ သူနှင့်မယှဉ်နိုင်ဟု ယုံကြည်ခဲ့သည်။

ရှစ်ကျစ်ကျန်း၏အမြင်တွင် သူသည် ရေတိမ်တွင် နစ်နေသော နဂါးဖြစ်သည်။ သူ့အတွက် ချင်းရွှေမြို့သည် ကျေးလက် ရေသေချောင်းလေးတစ်ခုသာဖြစ်ပြီး မည်သူကမျှ သူ အာရုံစိုက်ခံရဖို့ မထိုက်တန်ပါ။

"ဂျွတ် ဂျပ်"

ရှစ်ကျစ်ကျန်း၏ စစ်မှန်သော ချီစွမ်းအင်သည် ဖောင်းကားလာပြီး သူ၏ အရိုင်းဆန်မှုကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် သိသိသာသာ ကျယ်ပြန့်လာပြီး ကျောက်တုံးများကဲ့သို့ ကြွက်သားများ ဖောင်းကားလာကာ သူ့အဝတ်အစားများ ပွင့်ထွက်လာသည်အထိ တင်းကျပ်လာပြီး တြိဂံပြောင်းပြန်ပုံသဏ္ဍာန် ခန္ဓာကိုယ်နှင့် နေရာအနှံ့ ဓါးရာများနှင့် အမာရွတ်များ အများအပြား ရှိနေ၏။ သူ၏ ပေါက်ကွဲစွမ်းအားက သိသာပေါ်လွှင်လေသည်။

အနီးကပ်စစ်ဆေးကြည့်ပါက ရှစ်ကျစ်ကျန်း၏ဒဏ်ရာအချို့သည် သေစေနိုင်လောက်သော ဒဏ်ရာများဖြစ်ပြီး အထူးသဖြင့် သူ၏ရင်ဘတ်တစ်ခြမ်းကို ပြတ်လုနီးပါးရှိသော ခုတ်ရာများက သူရင်ဆိုင်ခဲ့ရသည့်ဘဝနှင့် သေခြင်းတရား အကျပ်အတည်းများကို ညွှန်ပြနေသည်။

“အစ်ကိုကြီး…ကျွန်တော်တို့ အလေးအနက်ထားရမယ့် အချိန်ရောက်ပြီပဲ။”

ချန်ကျွမ်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ သူ့ကိုယ်သူ သံသားရဲဟုခေါ်သော လူသားထက် ရှစ်ကျစ်ကျန်း၏ ခွန်အားကို သူနားလည်သည်။

သူ၏ အထွတ်အထိပ်ကာလတွင် ရှစ်ကျစ်ကျန်းသည် ချီသွေးနယ်ပယ်၏ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး တိုက်ပွဲစွမ်းရည်ပြည့်ဝသည်။ ပြင်းထန်သော ဒဏ်ရာများကြောင့်သူ၏နယ်ပယ်တွင် ကျဆင်းသွားသော်လည်း သူကျင့်ကြံခဲ့သော သိုင်းပညာသည် ချီသွေးနယ်ပယ်၏အဆင့်တွင်သာ ရှိသေးသည်။ ရှစ်ကျစ်ကျန်းသည် ခန္ဓာကိုယ်မာကျောခြင်းတွင် ထူးကဲ ကောင်းမွန်ပြီး သာမန်စစ်သည်များ၏ ဓားချွန်များသော် သူ့အပေါ် အနည်းငယ်မျှသော အရာလေးကိုပင် မချန်ထားနိုင်ခဲ့ပေ။

ကျောက်စိမ်းဖြူဂိုဏ်း၏ ယခင်ဂိုဏ်းခေါင်းဆောင် ပိုင်ထျန်းဟောက်သည် သူ၏ခွန်အားရှိသမျှကို အသုံးပြုခဲ့သော်လည်း ရှစ်ကျစ်ကျန်းအား အပေါ်ယံဒဏ်ရာအနည်းငယ်သာ ထိခိုက်စေခဲ့သည်။ "စစ်တပ်သတ်ဖြတ် လက်သီး။ စစ်ပွဲသားရဲ အခင်းကျင်းကို ကျော်ဖြတ်ခြင်း။"

စူးချန်ခုန်းကို နောက်ပြန်ဆုတ်သွားစေတဲ့ တစ်ချက်တည်းနဲ့ ရှစ်ကျစ်ကျန်းရဲ့ အရှိန်အဝါက ပိုသန်မာလာလေသည်။ သူ၏ခြေဖဝါးကြီးသည် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်နင်းလိုက်ရာ မြေကမ္ဘာကို တုန်ဟီးစေသော ဝက်ဝံရိုင်းကြီး တစ်ကောင်အလား။ သူ့ကိုယ်သူ ဆယ်ပေနီးပါး အကွာအဝေးကို ချက်ချင်း ကပ်လိုက်ပြီး သူ၏ ညာလက်သီးသည် သွေးစွန်းသံသတ်ပစ်ခြင်း ရည်ရွယ်ချက်ဖြင့် တားဆီးမရနိုင်သော စွမ်းအာ

All Chapters