← Chapters

ဧည့်သည်များ

Vol. 58 Ch. 940

ဧည့်သည်များ

Vol. 58 Ch. 940

၃ရက်ဆက်တိုက် ဧကရာဇ် လက်ဇ်က ချန်လွေ့ကို ဆင့်ခေါ်ခြင်း မပြုခဲ့ပေ။ သို့သော် ချန်လွေ့လည်း စိတ်မအေး ခဲ့ရပေ။ သူ၏ ‘သရုပ်မှန်’ ပေါ်ထွက် လာခြင်းကြောင့် ‘အာသာ’၏ မောင် နှမများ အပါအဝင် ဂုဏ်သရေရှိ မိသားစုများ အဆက်မပြတ် လာရောက် တွေ့ဆုံ ခဲ့ကြသည်။

အစွမ်းထက် ပုဂ္ဂိုလ်များသည် သာမန် လူများထက် သားသမီးရရှိရန် ခက်ခဲ နိုင်သော်လည်း လူသားများ၏ မျိုးပွား နိုင်စွမ်းက နတ်ဆိုးများထက် များစွာ သာလွန်သည်။ ဧကရာဇ် လက်ဇ်တွင် ကိုယ်လုပ်တော် များစွာ မရှိပေ။ အယောက် ၂၀ကျော်သာ ရှိပြီး သူ့တွင် သားသမီး စုစုပေါင်း ၁၂ ဦး ရှိလေသည်။

ထိုအထဲ၌ ကွယ်လွန်သူ မိဖုရားကြီး အီကရီနာတွင် သားနှင့်သမီး တစ်ဦးစီ ရှိပြီး တတိယမင်းသား အာသာနှင့် သတ္တမမင်းသမီး ဖရီယာတို့ ဖြစ်သည်။

အကြီးဆုံးမှာ တော်ဝင်မင်းသမီး ချင်စ်ဖြစ်ပြီး သူသည် လွန်ခဲ့သော ၁၀နှစ်က ကျက်သရေပြာ အင်ပါယာ၏ မင်းသားကြီး ဟော်စတွန်နှင့် လက်ထပ် ခဲ့သည်။ လက်ရှိတွင် လူကြိုက်အများဆုံး ဖြစ်သော ဒုတိယမင်းသား ဂါဖီးလ်နှင့် စတုတ္ထ မင်းသား လုခ်တို့က ကိုယ်လုပ်တော်များမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ အီကရီနာ ကွယ်လွန်ပြီးနောက် လက်ဇ်တွင် အခြားမိဖုရား မရှိတော့ပေ။

ယနေ့ နံနက်စောစောတွင် စတုတ္ထ မင်းသား လုခ်နှင့် မင်းသမီး ဖရီယာ တို့က ချန်လွေ့ လက်ရှိနေထိုင်ရာ ရွှေတိမ်တိုက်နန်းတော်သို့ ရောက်ရှိလာ ကြသည်။ မင်းသမီး ဖရီယာက ၁၇နှစ်အရွယ် ဖြစ်သည်။ သူသည် တစ်ချိန်က ဘာမှမသိဘဲ အာသာ နောက်သို့ ပြေးလွှား နေတတ်သည့် ရိုးသားသော ကလေးမလေး တစ်ဦး ဖြစ်ခဲ့သည်။ ယခုမူ သူသည် လှပချစ်စရာ ကောင်းသော အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူနှင့် စေ့စပ်ထားသူမှာ နဂါးလင်းလက် အင်ပါယာ၏ စစ်ရေးထိပ်တန်း ခေါင်းဆောင်၊ စစ်အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ ချာမိုစကို၏ သားအကြီးဆုံး ပရိုယိုနှင့် ဖြစ်သည်။

ဂုဏ်သရေရှိ မိသားစုများသည် သာမန် လူများ အားကျရသည့် အာဏာနှင့် စည်းစိမ်ဥစ္စာများ ပိုင်ဆိုင် ကြသော်လည်း သူတို့၏ အိမ်ထောင်ရေး သို့မဟုတ် သူတို့၏ ဘဝလမ်းကြောင်း ကိုပင် ဆုံးဖြတ်နိုင်ခြင်း မရှိကြပေ၊ အထူးသဖြင့် တော်ဝင်မိသားစုဝင်ပင်။

ပထမဆုံး တွေ့ဆုံချိန်တွင် ဖရီယာက ရင်းနှီးသို စိမ်းသက်သလို ဖြစ်နေသော အစ်ကိုကြီးအပေါ် အနည်းငယ် ကြောက် နေခဲ့သည်။ လုခ်က သူတို့ ၃ ယောက်နှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ ကောင်းပြီး ရှက်စရာ ကောင်းသည့် ဇာတ်လမ်းအချို့ကို ပြောပြပြီးနောက် သူ လျင်မြန်စွာ ပေါ့ပါးသွားပြီး ချန်လွေ့နှင့် ပိုမို ရင်းနှီးလာခဲ့သည်။

“ရင်းနီနဲ့ ဇိုလာအပြင် ငါနဲ့အတူ သူငယ်ချင်း ၃ယောက် ရှိသေးတယ်။ ဒါပေမယ့် အခုတော့ သူတို့အားလုံး အပြင်သွားနေကြပြီ။” ချန်လွေ့က အဆိပ် နဂါးစုံတွဲနဲ့ ဒိုဒိုတို့ အကြောင်း ပြောနေခြင်း ဖြစ်သည်။ အဆိပ်နဂါးက ထိုကဲ့သို့ ကန့်သတ် ထားသော နန်းတော်ထဲ နေရသည်ကို မကြိုက်ပေ။ ဒါကြောင့် သူက မစ်-မြနဂါးနှင့်အတူ ရယ်ရိုဒီရှာမှ အရင် ထွက်သွားခဲ့၏။ ဉာဏ်ကောင်းတဲ့ မိတ်ဆွေ ဒိုဒိုလည်း နောက်မှ လိုက်သွားခဲ့လေသည်။

နန်းတော်ထဲ ကျန်နေသူများမှာ ‘ရင်းနီ’ နှင့် ဇိုလာတို့ပင်။ ဇနီးမယားများက ‘အစောင့်အရှောက်များ’ ဆိုသော ရာထူး ရရှိပြီးနောက် သူ့ဘေးမှာ တရားဝင် လိုက်ပါနိုင်ပြီ ဖြစ်သည်။

မျက်နှာလွှား ဝတ်ထားပြီး မူလ အလှအပများ ဖုံးကွယ်နေသော်လည်း မွေးရာပါ စိတ်နေ သဘောထားကို ဖုံးကွယ်ရန် ခက်ခဲနေဆဲပင်။ ၎င်းသည် ဖရီယာ၏ မနာလိုသော မျက်လုံးများကို ဆွဲဆောင် နိုင်ခဲ့သည်။ “ညီမလေး ဖရီယာကို အစ်ကို ပြန်လာမတွေ့တာ အံ့သြစရာ မရှိတော့ပါဘူး။ အစ်ကို့မှာ အစ်မ ရင်းနီနဲ့ အစ်မ ဇိုလာတို့ အဖော်ပြုဖို့ ရှိနေတာကိုး။”

‘အာသာ’နှင့် ထိုညီမလေးက အမေတူ အဖေတူ ဖြစ်တာကြောင့် ငယ်ငယ် ကတည်းက ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ ချန်လွေ့ရဲ့ စိတ်ထဲမှာ ဖရီယာ အပေါ် ခိုင်မာတဲ့ ချစ်ခင်မှု ရှိခဲ့သည်။ သူက ပြုံးပြပြီး ဖရီယာ၏ ခေါင်းကို ပုတ်လိုက်သည်။ “အစ်ကိုက ပြန်မလာ ချင်လို့ မဟုတ်ပါဘူး။ တချို့ အကြောင်း တွေကြောင့် ပြန်မလာ နိုင်ခဲ့တာ။”

“အခု တတိယအစ်ကို ပြန်ရောက်ပြီ ဆိုတော့ ထပ်ပြီး ပျောက်တော့မှာ မဟုတ်ဘူး” လုခ်က ပြုံးပြီး ပြောလိုက်၏။ “ငယ်ငယ်တုန်းကက ကျုပ်နဲ့ ဖရီယာ တတိယညီက ဝိုင်သွားခိုးဖို့ ခေါ်သွားတာ မှတ်မိသေးတယ်။ ကျုပ်တို့ အားလုံး မူးကုန်တာ။ ဖရီယာနဲ့ ကျုပ်က ဘာမှ မဖြစ်ပေမယ့် တတိယအစ်ကို တင်ပါးကို အဖေက ရိုက်ခဲ့တာ... ဒီတစ်ခါ အစည်းအဝေး ခန်းမမှာ တတိယအစ်ကို အရမ်းကို ပြောင်းလဲသွားလို့ ကျုပ်တောင် မမှတ်မိဘူး။”

“လုခ်လေး၊ ငါလည်း မင်းကို သိပ်ပြီး မမှတ်မိဘူး။” မှတ်ဉာဏ်ထဲမှ ‘အာသာ’ နောက် အမြဲလိုက်နေသော ညီငယ်ကို ချန်လွေ့ သေချာကြည့်လိုက်သည်။ “မင်း ကြီးပြင်းလာပြီ။ ငါ အရင်က ပြောခဲ့သလိုပဲ လူတွေက ပြောင်းလဲသွားလိမ့်မယ်။”

လုခ်က ချန်လွေ့၏ အကြည့်တွင် စိတ်ကို ထိုးဖောက်မြင်နိုင်တဲ့ စွမ်းအား တစ်မျိုး ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ သူက အကြောင်းရင်းမရှိဘဲ အပြစ် ရှိသလို ခံစားရပြီး မျက်နှာလွှဲလိုက် မိလေသည်။

ခဏအကြာ အစောင့်အရှောက်က ရွှေသူရဲကောင်း ဆမ်မြူရယ် တွေ့ဆုံရန် တောင်းဆိုကြောင်း သတင်းပို့လာသည်။ လုခ်က ချန်လွေ့အား နှုတ်ဆက်ရန် ချက်ချင်း ထရပ်လိုက်သည်။ အစ်ဇဘယ်လာနှင့် စကားပြောနေသော ဖရီယာက မသွားချင်သေးပေ။

အစ်ဇဘယ်လာ မျက်လုံးလှိမ့်လိုက်ပြီး ‘ညီမငယ်’ကို အလှပြင်ခြင်း အကြောင်း ဆွေးနွေးရန် အတွင်းခန်းထဲသို့ ခေါ်သွား ခဲ့သည်။

ခဏအကြာတွင် ဆမ်မြူရယ်က ဂျိုအန်နာ နှင့် အီနာကို ခန်းမထဲသို့ ခေါ်လာခဲ့သည်။

“နှုတ်ဆက်ပါတယ်။ သခင်။” ဆမ်မြူရယ်နှင့် အမျိုးသမီး ၂ဦးတို့က တပြိုင်နက်တည်း ဦးညွှတ်ဂါရဝပြု လိုက်ကြသည်။ အပြစ်ကင်းစင်ကြောင်း စီရင်ချက် ချပြီးနောက်တွင် ‘ဒုတိယ မင်းသားကို လုပ်ကြံခြင်း’ ဟူသော ‘နားလည်မှုလွဲခြင်း’ ကိုလည်း ရှင်းလင်း နိုင်ခဲ့သည်။ ဆမ်မြူရယ်က ရွှေသူရဲကောင်းနှင့် နဂါးစီးနင်းသူ ဗိုလ်ခြေ၏ အဖွဲ့ဝင်အဖြစ် ရှိနေဆဲပင်။

“ငါ့ရဲ့ သစ္စာအရှိဆုံး မိတ်ဆွေ။ ငါ့ကို အာသာလို့ ခေါ်ပါ။ ဒီမှာ အပြင်လူ မရှိပါဘူး။” ဆမ်မြူရယ်ကို ရင်ဆိုင် ရချိန်မှာ ချန်လွေ့က လုခ်ကို ရင်ဆိုင်ရ သလိုမျိုး သတိထားမှု လုံးဝ မရှိပေ။ “ဒါက ဇိုလာပါ။ ရင်းနီလို့ အမည်ဝှက်နဲ့ သုံးတဲ့ အစ်ဇဘယ်လာလိုပဲ သူက ငါ့ဇနီးပါ။ ငါ အသံလုံ မှော်အစီအရင်ကို အသက်သွင်းထားတယ်။ တံခါးဝမှာရှိတဲ့ အစောင့်တွေတောင် ငါတို့ ပြောတာတွေ မကြားနိုင်ဘူး။”

ဆမ်မြူရယ်က ဂျိုအန်နာ နှင့် အီနာကို ဇိုလာထံသို့ အလျင်အမြန် ခေါ်ဆောင် သွားကာ ဇိုလာအား ‘မဒမ်’ဘွဲ့ဖြင့် နှုတ်ဆက်ရာ နတ်မိမယ် နဂါးမလေးကို ပျော်ရွှင်သွားစေခဲ့သည်။

ချန်လွေ့သည် ဆမ်မြူရယ်ဘေးရှိ အမျိုးသမီး ၂ဦး၏ အခြေအနေကို ကြည့်ပြီး ရယ်လိုက်သည်။ “နောက်ဆုံး မှာတော့ ငါတို့ရဲ့ ခေါင်းဆောင် အီနာတောင် မင်းရဲ့ လက်ထဲကနေ မလွတ်နိုင်ခဲ့ဘူးနဲ့ တူတယ်။ သူရဲကောင်း ဆမ်မြူရယ်...”

ဆမ်မြူရယ်က ရှက်ပြုံးပြုံးလိုက်၏။ အမြဲတမ်း ရက်ရောသော အီနာပင် ရှက်သွေး ဖြာသွားခဲ့ပြီး ဂျိုအန်နာက ပြုံးရုံမှလွဲလို့ ဘာမှမပြောခဲ့ပေ။

ဒီအချိန်အတွင်း အီနာ နဲ့ ဂျိုအန်နာ တို့က ဆမ်မြူရယ်ကို နည်းမျိုးစုံနဲ့ ကယ်ဖို့ ကြိုးစားရင်း လိုက်လံလှုပ်ရှား ခဲ့ကြသည်။ သူတို့က အတူတူ အတက် အကျ များစွာကို ဖြတ်သန်းခဲ့ကြသည်။ ရင်ဖိုစရာ အကောင်းဆုံးမှာ အီနာ၏ လျှို့ဝှက်သတင်း အချက်အလက်များကို သုံးပြီး ပြန်ပေးဆွဲ ခံထားရတဲ့ ဂျိုအန်နာ ကို အချိန်မီ ကယ်တင်နိုင်ခဲ့ ခြင်းပင်။ သို့မဟုတ်ပါက ဂျိုအန်နာသည် ဂါဖီးလ်ရဲ့ လက်ထဲ ရောက်သွားပြီး ဆမ်မြူရယ်ကို လက်စားချေရန် ကြံစည်မှု၏ တစ်စိတ် တစ်ပိုင်း ဖြစ်သွားလောက်လေပြီ။

နောက်ဆုံး မိနစ်တွင် အီနာ နှင့် ဂျိုအန်နာ တို့သည် အတူတူ သေခြင်း သေခြင်းကို ရင်ဆိုင်ရန် ထရပ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂျိုအန်နာက သူ့ကို လုံးဝ လက်ခံခဲ့လေသည်။

ဆမ်မြူရယ် အပြစ်ကင်းစင်ကြောင်း စီရင်ချက်ချပြီးနောက် ဂျိုအန်နာက ထိုကဲ့သို့ အခမ်းအနားကို စတင်ခဲ့ပြီး အီနာကလည်း နောက်ဆုံးတော့ သူ၏ ကြာမြင့်စွာ လိုချင်နေခဲ့သော ဆန္ဒကို ရရှိခဲ့လေသည်။

“ဒါနဲ့ ဆမ်မြူရယ်။ မင်းအဖေရဲ့ ခမ့်လော့မိသားစုကို ပြန်လာဖို့ တောင်းဆို တာကို ငြင်းခဲ့တယ်လို့ ကြားတယ်။”

ဆမ်မြူရယ် ခေါင်းညိတ်လိုက်သည်။ “ကျုပ်က အရှင်မင်းသားကို လိုက်ဖို့ ဆုံးဖြတ် ထားပြီးပါပြီ။ ဒါကြောင့် ဂျိုအန်နာလည်း ဖီးလစ်မိသားစုကို မပြန်တော့ပါဘူး။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ဒီတစ်ခါ ငါ ဘာလုပ်မယ်ဆိုတာ မမေးဘူးလား။ ဒါမှမဟုတ် အနာဂတ်မှာ ငါ ဘယ်သွားမလဲ ဆိုတာမျိုး။”

“ဘယ်နေရာ ဘာမဆိုပါ။ သခင်။ ကျုပ်ကို လိုက်ပါခွင့်ပြုပါ။” ဆမ်မြူရယ်၏ အဖြေက ရိုးရှင်း သော်လည်း ပြတ်သား၏။ ဂျိုအန်နာနှင့် အီနာတို့ ကလည်း ထောက်ခံသော အမူအရာများ ပြသ ကြသည်။

အခက်အခဲက အချစ်စစ်ကို ပေါ်ထွက် လာစေသည်။ ဆမ်မြူရယ် အခက်ခဲဆုံး အချိန်တွင် ချန်လွေ့ အကူအညီပေးခဲ့ပြီး တစ်ကြိမ်မကပေ။ အမှန်တကယ်တွင် သူတို့ သုံးယောက်စလုံးက ချန်လွေ့၏ အသက်ကယ် ကျေးဇူးကို ရရှိခဲ့ဖူးကြ လေသည်။

“ငါ့ရဲ့ မှားယွင်းမှုအတွက် တောင်းပန် ပါတယ်။ မိတ်ဆွေ။” ချန်လွေ့ ခေါင်းညိတ် လိုက်ပြီး ဆမ်မြူရယ်၏ ပခုံးကို ပုတ်လိုက်သည်။ “မင်းကို ‘ကြယ်အပ်နှင်းခြင်း’ စွမ်းအား ပေးမယ်။ အနာဂတ်မှာ ငါ မင်းရဲ့ စွမ်းအားကို လိုအပ်လိမ့်မယ်။ တကယ်လို့ ဂျိုအန်နာနဲ့ အီနာတို့ စိတ်မရှိဘူးဆိုရင် သူတို့လည်း ငါနဲ့ ‘လက်အောက်ခံ-သခင်’ စာချုပ် ၂ခု ထပ်ချုပ်လို့ရတယ်။ ဒါက မိုးကြိုး အကျဉ်းထောင်မှာ ဆမ်မြူရယ်နဲ့ ချုပ်ထားတဲ့ စာချုပ်နဲ့ အတူတူပါပဲ။”

ဆမ်မြူရယ်၏ မျက်လုံးများ လင်းလက် သွားသည်။ ဂျိုအန်နာနှင့် အီနာ တို့သည် မိုးကြိုး အကျဉ်းထောင်တွင် ချန်လွေ့၏ ဆမ်မြူရယ်အား ချုပ်ဆိုခဲ့သော စာချုပ် စွမ်းအားကို ကြာဖူးသည်မှာ ကြာပြီ ဖြစ်သည်။ ကြီးမားသော အကျိုးကျေးဇူး များစွာကို သိရှိထားသဖြင့် သူတို့က အလျင်အမြန်ပင် ဦးညွှတ်ကာ ကျေးဇူး တင်ကြောင်း ဖော်ပြကြသည်။

ချန်လွေ့သည် ဆမ်မြူရယ်အား ဦးစွာ ‘ကြယ်တပည့်’အဖြစ် ကြယ်အပ်နှင်းခြင်း ပြုလုပ်ပေးခဲ့သည်။ သူသည် မြန်နှုန်း တိုးမြှင့်မှုနှင့် [လျှပ်စီးခြေလှမ်း]၏ အရှိန်မြှင့်ခြင်း အထူးစွမ်းရည်ကို ရရှိ ခဲ့သည်။ ထို့နောက် ဂျိုအန်နာ၊ အီနာ တို့နှင့် လက်အောက်ခံ-သခင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဆိုလိုသည်မှာ တစ်လ ကြာပြီးနောက်တွင် ဂျိုအန်နာ နှင့် အီနာ၏ [ကြယ်အဆင့် တိုးမြှင့်မှု] ပြီးစီးပြီးနောက် သူက ကြယ်အပ်နှင်းခြင်းကို ပြန်လည် ပြုလုပ်ပါက ချန်လွေ့သည် ဆမ်မြူရယ်နှင့် သူ၏ ဇနီးမယားများကို [ကြယ်ဂိတ်] မှတဆင့် နတ်ဆိုးဘုံ ကဲ့သို့သော ရောက်ရှိနိုင်သည့် မည်သည့်နေရာသို့ မဆို ‘ပို့ဆောင်’ နိုင်မည် ဖြစ်ခြင်းပင်။

အီနာ၏ ပြောပြချက်အရ ချန်လွေ့၏ နောက်ထပ် လက်အောက်ခံ ဖြစ်သော လှံသမား လူစီအိုက ကျက်သရေပြာ အင်ပါယာတွင် ရှိနေလေသည်။

အိပ်မက်ဆိုး တောနက်ထဲတွင် လူစီအိုသည် မိုးကြိုးမုန်တိုင်း မျိုးနွယ်စုမှ ချန်လွေ့ ကယ်တင်ခဲ့သော ဘွန်နက်နှင့် ရင်းနှီးခွင့် ရရှိခဲ့ပြီး ကျက်သရေပြာ အင်ပါယာ သိဒ္ဓိခိုလှုံရာ အပြင်ဘက်ရှိ ဂိုဏ်းထောက်ငယ်လေး တစ်ယောက် ဖြစ်လာခဲ့သည်။ သူက ဆမ်မြူရယ်နှင့် ပတ်သက်သော သတင်းအချက်အလက် များကို ရရှိခဲ့ပြီး အီနာက နဂါးလင်းလက် အင်ပါယာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ထိုအချိန် အစောင့်အရှောက်က ဒုတိယတစ်ခါ သတင်းပို့လာသည်။ ဒုတိယမင်းသား ဂါဖီးလ်နဲ့ သိဒ္ဓိ အလင်းတောင်မှ ရေဖျန်းဘုန်းတော်ကြီး ဂရာလင် လာရောက်တွေ့ဆုံခြင်းပင်။

ချန်လွေ့ ခဏတာ စဉ်းစားလိုက်ပြီး ဆမ်မြူရယ်ကို အရင် မထွက်သွား ခိုင်းခဲ့ပေ။ ဂျိုအန်နာနှင့် အီနာတို့ကို ဇိုလာနှင့်အတူ အတွင်းခန်းမသို့ သွားခိုင်း လိုက်သည်။

ဂါဖီးလ်က ဆမ်မြူရယ်ကို တစ်ချက် ကြည့်လိုက်သည်နှင့် မျက်လုံးထဲတွင် မကျေနပ်မှုများ လျှပ်ခနဲ ပေါ်လာ၏။ သူက ချန်လွေ့ကို ပြုံးပြပြီး ပြောလိုက်သည်။ “အာသာ။ ဒုတိယအစ်ကို ဒီနေ့မှ မင်းကို လာတွေ့နိုင်တာကို အပြစ်မတင်ပါနဲ့။”

“အရှင်မင်းသား အာသာ။” ဂရာလင် ကလည်း ပြောလိုက်သည်။ “ကျုပ်က အရှင်မင်းသား ဂါဖီးလ်နဲ့ နန်းတော် တံခါးဝမှာ မတော်တဆ ဆုံတွေ့ခဲ့တာပါ။ အနှောင့်အယှက်ပေးမိတာ တောင်းပန် ပါတယ်။”

ဂါဖီးလ်က ဆမ်မြူရယ်အား စွပ်စွဲမှု၏ ‘ဦးဆောင်သူ’ ဖြစ်သည်။ ယခုအခါ ‘အာသာ’ ပိုင်ဆိုင်သော ရွှေနယ်မြေကို သူ ထိန်းချုပ်ထား၏။ ဂရာလင်သည် ဒီရက်ပိုင်း အတွင်း အိမ်စာ တမင်တကာ လုပ်ခဲ့ရာ ဂါဖီးလ်နှင့် အာသာတို့ အကြား ဆက်ဆံရေးကို ပိုမိုတိကျစွာ အတည်ပြု နိုင်ခဲ့သည်။ ထို့ကြောင့် ရေဖျန်း ဘုန်းတော်ကြီး၏ ပထမစကားက ဂါဖီးလ်နှင့် ဆက်ဆံရေးကို ရှင်းလင်းရန် အလွန် လိမ္မာပါးနပ်စွာ ဖော်ပြနေပြီး ဂါဖီးလ်၏ မျက်နှာ အမူအရာကို အနည်းငယ် ပြောင်းလဲစေခဲ့သည်။

‘အာသာ’က ကျောင်းတော်အတွက် တိုက်ခိုက် ရမည့်သူ ဖြစ်သည်။ မဟုတ်လျှင်ပင် ဂရာလင်သည် ဂါဖီးလ်ကို ရန်စရမည်ကို ဂရုမစိုက်ပေ။ သူက သိဒ္ဓိ ကျောင်းတော်မှ ရေဖျန်း ဘုန်းတော်ကြီး ၃ပါးထဲမှ တစ်ပါး ဖြစ်သည်။ ဧကရာဇ် လက်ဇ်ပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံ သင့်ပေသည်။ သာမန် ဒုတိယ မင်းသားတစ်ဦးက ဆာ-ရေဖျန်း ဘုန်းတော်ကြီးကို အမှန်တကယ် စိတ်ပူ စေနိုင်မည်မဟုတ်ပေ။

ချန်လွေ့က ဂရာလင်ကို ခေါင်းညိတ် ပြပြီး ချစ်ခင်တဲ့ အမူအရာနဲ့ ဂါဖီးလ်ဆီကို လျှောက်သွားလိုက်သည်။ “ဒုတိယ အစ်ကို။ ကြိုဆိုပါတယ်။ ဒီကာလ အတွင်းမှာ ဆမ်မြူရယ်အပေါ် ခင်ဗျားရဲ့ အားပေးမှုနဲ့ တွန်းအားပေးမှုတွေ မိန်းမ တစ်ဦးကို နှောင့်ယှက်မှုတွေ အပါအဝင် ကျုပ် စိတ်ထဲမှာ မှတ်ထားပါတယ်။”

ပါးဖြတ် ရိုက်လိုက်သော ခုနကလို ပထမ စကားပင်။ ဂါဖီးလ်၏ အပြုံးက မျက်နှာပေါ်မှာ ချက်ချင်း ခဲသွား၏။

ဂရာလင်က ရေဖျန်းဘုန်းတော်ကြီး တစ်ဦး ဖြစ်သော်လည်း အခုမှ ပြန်လာသော ညီတော် ‘အာသာ’က ထိုကဲ့သို့ လုပ်ရဲနေသည်။ ထို့အပြင် ထိုအရာက ဂရာလင်နှင့် ဆမ်မြူရယ်တို့ အရှေ့တွင် ဖြစ်နေ၏။

မှန်ပေသည်။ ချန်လွေ့က ဂါဖီးလ်ကို ယဉ်ကျေးမည် မဟုတ်ပေ။ ဒုတိယ မင်းသားက ‘အာသာ’ နဂိုက ပိုင်ခဲ့သော နယ်မြေကို သိမ်းပိုက်ထားသည်။ ခမ့်လော့ မိသားစုနှင့် ဆမ်မြူရယ်ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သည်။ ‘အာသာ’ သဘောကျသော အမျိုးသမီးကိုပင် စော်ကားဖို့ ကြိုးစားခဲ့သည်။ သူက သေချာပေါက် လူဆိုး တစ်ယောက်ပင်။ သူ့၏ လက်ရှိ စွမ်းအားဖြင့်ဆိုလျှင် ထိုကဲ့သို့ လူမျိုးကို ယဉ်ယဉ်ကျေးကျေး ဆက်ရံရန် ပျင်းလွန်းလှပေသည်။

“အာသာ။ မင်း ဘာပြောတာလဲ!” ဂါဖီးလ်၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေ၏။

“ဒုတိယ အစ်ကိုတော်။ ခင်ဗျားက နားမလည်ဘူးလား။ ခင်ဗျား လူတွေကို နောက်ကွယ် ကနေ ကြံစည်တာ အကောင်းဆုံး မဟုတ်ဘူးလား။ ခင်ဗျား ဉာဏ်ရည် ဉာဏ်သွေး အနိမ့်ဆုံး အဆင့်အထိ ကျဆင်းသွားတဲ့ အထိ မိုက်မဲတဲ့ နည်းလမ်းတွေနဲ့ မိန်းမတွေကို နှိပ်စက်နေတာလား။” ချန်လွေ့က ဂရုမစိုက်ဘဲ ပြောလိုက်သည်။ “ဒါပေမယ့် ကျုပ်က ဆမ်မြူရယ်ကို အတော်လေး ကျေနပ်တယ်။ ကျုပ်ရဲ့ စစ်သည်က သူ့ရဲ့ သစ္စာ စောင့်သိမှုကို ‘လုပ်ရပ်’နဲ့ ကောင်းကောင်းကြီး ရှင်းပြခဲ့တယ်။”

ချန်လွေ့က ‘လုပ်ရပ်’ ဆိုသည့် စကားလုံးကို တမင်တကာ အလေး အနက်ထား ပြောလိုက်ပြီး ဂါဖီးလ်၏ ခန္ဓာကိုယ် အောက်ပိုင်းကို မထီမဲ့မြင် ကြည့်လိုက်သည်။

ဂါဖီးလ်က သူ၏ အနာကျင်ဆုံး ဒဏ်ရာကို ဖော်ထုတ် ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာ အမူအရာ ချက်ချင်း ဖြူဖျော့သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အာသာ! ခွေးကောင်!”

All Chapters