လက်ထပ်ထိမ်းမြားခြင်း
Vol. 58 Ch. 949
ရှီအွန်နန်းတော်မှ အပြန်လမ်းတွင် ချန်လွေ့ တစ်ယောက် အတွေးနယ်ချဲ့ နေမိသည်။
ဗာရိုနီကာက သူ့ကို နဂါးလင်းလက် အင်ပါယာမှ ထွက်သွားခိုင်း သည်မှာ မင်းသား ‘အာသာ’ ပြန်ရောက်လာလျှင် အနှောင့်အယှက် တစ်မျိုး ဖြစ်လာပြီး ‘အာသာ’ကို အန္တရာယ် ဖြစ်စေနိုင် သောကြောင့်လား။
ချန်လွေ့က ဗာရိုနီကာကို ‘အာသာ’ ၏ စစ်မှန်သည့် ခံစားချက်များ အကြောင်း မထိမ်ချန်ဘဲ ပြောပြသည့်အခါ သူ့၏ တိုင်းပြည်အဆင့် အာရုံခံနိုင်စွမ်းဖြင့် ဗာရိုနီကာမှ စိတ်ခံစားချက် အတက် အကျ ရေးရေးလေးကို သေသေချာချာ ခံစားလိုက်မိသည်။
ထိုအရာက ... အကြောက်တရားပင်။
ဗာရိုနီကာ အမှန်ပင် ကြောက်နေခဲ့ခြင်း ဖြစ်သည်။
တိုင်းပြည်အဆင့် ဗာရိုနီကာက အပြင်ပန်းတွင် နတ်ဆိုးဘုရင်အဆင့်ပင် မရှိသည့် အာသာ ကို ကြောက်နေ သည်လား။
ထိုအရာက စွမ်းအားနှင့်ပတ်သက်ခြင်း မဟုတ်ဘဲ နှလုံးသားနှင့် ပတ်သက်ခြင်း ဖြစ်ရပေမည်။
သူ့နှလုံးသား အေးခဲနေသကဲ့သို့ပင်။ အရာရာကို ဖြတ်တောက် ပစ်နိုင် လောက်အောင် အေးစက်နေသော်လည်း အအေးဒဏ်ကို အရည်ပျော်စေနိုင်သည့် စိတ်ရင်းအမှန်ကို ကြောက်ရွံ့နေ၏။ ထိုအခြေအနေမှာ ယခင်တုန်းက အစ်ဇဘယ်လာနှင့် အနည်းငယ် ဆင်တူ နေသည်။
ထိုအတက်အကျက ခဏလေးဖြစ်ပြီး မကြာခင် ငြိမ်သက်သွားခဲ့သည်။ ချန်လွေ့ ထိုအတိုင်း လက်လျှော့မည် မဟုတ်ပေ။ အမှန်တရားကို ရှာဖွေရန် ဖြစ်စေ၊ အာသာ၏ စိတ်ကို ဖြည့်ဆည်းပေးရန် ဖြစ်စေ၊ သူက ထိုအေးခဲနေသည့် နှလုံးသားကို ထပ်မံ ချဉ်းကပ်ဦးမည် ဖြစ်သည်။
အမှန်တရားက မည်သည့်အရာဖြစ်စေ ချန်လွေ့သည် သူကို ‘ကယ်တင်ရန်’ အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။ သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမျိုးစုံ လုပ်ထားပြီးသား ဖြစ်သည်။ နောက်ဆုံး သူကို လွတ်မြောက်စေရန် အပါအဝင်ပင်။
“မင်းသား အာသာ!” ရှီအွန်နန်းတော် တံခါးဝမှ တော်ဝင် အစောင့်များ၏ အသံက ချန်လွေ့၏ အတွေးများကို ဖြတ်တောက်လိုက်၏။ “အရှင်မင်းကြီးက မင်းသားကို ကိစ္စတွေ ဆွေးနွေးဖို့ ဘေးနန်းဆောင်ဆီ ခေါ်ထားပါတယ်။”
ချန်လွေ့ ခေါင်းညိတ်ပြီး နန်းတော်ဘေး နန်းဆောင်ဘက် လျှောက်သွား လိုက်၏။
လူသွားလမ်းသို့ ရောက်သောအခါ မျက်နှာချင်းဆိုင်ဘက်မှ လူနှစ်ယောက် လာနေသည်ကို တွေ့လိုက်ရသည်။ ထိုထဲက တစ်ယောက်က ဒုတိယ မင်းသား ဂါဖီးလ် ဖြစ်လေသည်။
ဂါဖီးလ်သည် ဘေးမှလူနှင့် ရယ်မော ပြောဆိုနေသော်လည်း ချန်လွေ့ကို မြင်လိုက်ရာ မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့သည်။
“ဒုတိယအစ်ကို။” ချန်လွေ့က ပြုံးပြုံးလေး နှုတ်ဆက်လိုက်သည်။
“ညီတော် အာသာ။” ဂါဖီးလ်က အောင့်အီးပြီး ပြုံးလိုက်သည်။ “မင်းက ဒီရက်ပိုင်း နာမည်ကြီး နေတယ်။ နဂါးဝါဝိုင် အကြောင်းကို အင်ပါယာ တစ်ခုလုံး ပြောနေကြတာ။”
“ဒုတိယအစ်ကို ရွှေရောင်နယ်မြေကို နှစ်ပေါင်းများစွာ ဂရုစိုက် ပေးခဲ့တဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ အထူးသဖြင့် ထွက်သွားတော့ အများကြီး ကြိုးစားပြီး ယူသွားခဲ့တယ်လေ။”
ထိုအရာက သွယ်ဝိုက်ပြောဆိုသည့် သရော်ခြင်း ဆိုသည်မှာ ထင်ရှားသည်။ ဂါဖီးလ်က မချိပြုံးပြုံးပြီး နှာခေါင်းရှုံ့ လိုက်သည်။ ရွှေရောင်နယ်မြေကို လွှဲပြောင်းပေးခဲ့စဉ်က သူထားခဲ့သည့် ပြဿနာများသည် အာသာ၏ ထူးခြားသည့် အရည်အချင်းများကို ပေါ်လွင်စေခဲ့သည်။ လက်ရှိ ရွှေရောင် နယ်မြေ၏ တိုးတက်မှုသည် သူ့၏ ၇နှစ်တာ လုပ်ဆောင် ခဲ့သည်ထက် အများကြီး သာလွန်နေသည်။ မည်သူက ပိုကောင်းသည်၊ မည်သူက ပိုဆိုးသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိသာနေ၏။
ခဏတာ အခြေအနေက အဆင်မပြေ ဖြစ်သွားသည့်အခါ ဘေးမှ ချောမော ခန့်ညားသည့် ခရမ်းရောင် ဆံပင်ပိုင်ရှင် အမျိုးသားက အချိန်ကိုက် ဝင်ပြော လိုက်သည်။ “ပရိုယိုကော်ဝစ်ချ်ပါ။ တတိယမင်းသားနဲ့ တွေ့ဆုံရတာကို ဂုဏ်ယူမိပါတယ်။”
ထိုနာမည်ကြောင့် ချန်လွေ့ မျက်မှောင် ကြုတ်လိုက်မိသည်။ ပရိုယိုက စစ်ဘက် အုပ်ချုပ်ရေး ကောင်စီ အကြီးအကဲ ချာမိုစကို၏ အကြီးဆုံးသား ဖြစ်သည်။ သူက နဂါးအကြေးခွံဗိုလ်ခြေ၏ ဒုတိယ တပ်မှူးလည်း ဖြစ်ပြီး တော်ဝင်စစ်တပ်၌ နာမည်ကြီးနေသူ တစ်ယောက်ဖြစ်သလို ‘အာသာ’၏ ညီမဖြစ်သူ မင်းသမီးဖရီယာ နှင့် စေ့စပ်ထားသူလည်း ဖြစ်၏။
ချန်လွေ့က ဖရီယာ အပေါ်တွင် အမြင်ကောင်း ရှိသည်။ အထူးသဖြင့် ထူးခြားသော ရင်းနှီးမှုမျိုးပင်။ ရွှေရောင် နယ်မြေက မြို့တော်နှင့် ကပ်လျက် ရှိသော်လည်း ရွှေရောင်နယ်မြေမြို့မှ ရယ်ရိုဒီရှာအထိ ရောက်ရှိရန် အနည်းဆုံး တစ်ရက်ခန့် ကြာပေသည်။ သို့သော် နှစ်လအတွင်း ဖရီယာသည် ရွှေရောင် နယ်မြေကို အနည်းဆုံး ၁၀ ကြိမ်ခန့် လာခဲ့သည်။ ပိုင်နက်က အခက်ခဲဆုံး အခြေအနေရောက်နေသည့် အချိန်၌ပင် မင်းသမီးသည် အစ်ကိုတော်ကို ကူညီရန် ကိုယ့်ပိုက်ဆံကိုယ် ထုတ်ပေးခဲ့သည်။
“အိုး... ဗိုလ်ချုပ် ပရိုယိုကိုး။ ခင်ဗျား ဆောင်းအေးခံတပ်ကနေ မကြာခင်ကမှ ပြန်လာတာလို့ ကြားတယ်။ တွေ့ရတာ ဝမ်းသာပါတယ်။” ချန်လွေ့က ပရိုယိုကို ခေါင်းညိတ်ပြလိုက်သည်။ “ဒါပေမဲ့ ကျုပ်က ယခု အရှင်မင်းကြီးနဲ့ သွားတွေ့ ရမှာဆိုတော့ နှမြောစရာပဲ။ နောက်မှပဲ တွေ့ကြတာပေါ့။”
ပရိုယိုက ရယ်လိုက်သည်။ “နဂါးဝါဝိုင် ဂုဏ်သတင်းကို ဆောင်းအေးခံတပ် ကနေ မြို့တော်အထိ ပြန်လာတဲ့ လမ်းလျှောက်လုံး ကြားခဲ့ရတယ်။ တတိယ မင်းသား ဒီလိုပြောတာ ဆိုတော့ ရွှေရောင်နယ်မြေဆီကို သွားပြီး တစ်ခွက် သောက်ရတော့မယ် ထင်တယ်။ အဲဒီ အချိန်ကျရင် အရှင်မင်းသား မနှမြောဖို့ မျှော်လင့်ပါတယ်။”
“စိတ်ကြိုက်သောက်ပါ။” ချန်လွေ့က ဂါဖီးလ်ကို တစ်ချက် ကြည့်လိုက်သည်။ “တချို့သူတွေကတော့ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲသင့်ဘူး။”
ပြောပြီးသည်နှင့် ချန်လွေ့က မျက်နှာ ဖြူဖျော့ သွားသည့် ဂါဖီးလ်ကိုပင် မကြည့်ဘဲ ရှေ့တည့်တည့် လျှောက်သွား လိုက်၏။
ဘေးနန်းဆောင်တွင် ချန်လွေ့က ဧကရာဇ်လက်ဇ်နှင့် တွေ့ဆုံခဲ့သည်။
“ခုနက ရှီအွန် နန်းတော်ဆီ သွားခဲ့ တာလား။”
“ဟုတ်ကဲ့။”
“မင်းက အဲဒီကို သွားရမှာ ဒီရက်ပိုင်း နည်းနည်း စိတ်အားသန် နေသလိုပဲ။ မင်းပိုင်နက်မှာ လုပ်စရာ ဘာမှ မရှိတော့ လို့လား။”
“အဆင်ပြေပါတယ်။” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ပိုင်နက်က ယခု အဆင်ပြေပြေ တိုးတက်နေတာဆိုတော့ ခဏတော့ စိတ်ပူစရာမလိုသေးဘူး။”
“မင်း ကြွားလုံးထုတ်နေတာလား။”
“ဟုတ်ပါတယ်။” ချန်လွေ့၏ အဖြေက အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေ၏။ “ကြွားဖို့တောင် အရင်းအနှီး မရှိရင် ကျုပ်က အရှင်မင်းကြီး ရှေ့မှာ ရပ်ဖို့တောင် မထိုက်တန်ပါဘူး။”
ဧကရာဇ်လက်ဇ်က မျက်လုံးကို အနည်းငယ် မှိတ်လိုက်သည်။ “မင်းရဲ့ ယုံကြည်ချက်ကို ချီးကျူးရမှာလား၊ မုန်းရမှာလား မသိတော့ဘူး။ ဒါပေမဲ့ ယုံကြည်မှု လွန်ကဲတာက မောက်မာ တာပဲ။ အခုအထိ မင်းရဲ့ အောင်မြင်မှု တွေက သေးငယ် နေသေးသည်။ ပြောရလျှင် မင်း မောက်မာနိုင်ဖို့ အချိန် အများကြီး လိုသေးတယ်။”
“သိပါတယ်။” ချန်လွေ့က ပေါ့ပေါ့လေး ပြုံးလိုက်သည်။ “ဒါတွေက တကယ်ကို သေးငယ်တာ ဟုတ်ပါတယ်။ ဒါကို သွေးပူလို့ ခေါ်လို့ရပါတယ်။ တကယ့် ပွဲကြီးပွဲကောင်းက သိပ်မကြာခင် ဖြစ်လာ တော့မှာ ယုံကြည်ပါတယ်။”
အမှန်တကယ်၌ နဂါးဝါဝိုင်၊ လေလံပွဲ၊ ရွှေရောင်နယ်မြေကို လျင်မြန်စွာ ငြိမ်သက် စေပြီး တိုးတက်အောင် လုပ်ခြင်း စသည့် ‘အောင်မြင်မှုများ’က ဧကရာဇ်လက်ဇ် ကိုယ်တိုင် ဖြစ်စေ၊ အင်ပါယာထဲက မည်သူ့မှ မလုပ်နိုင်သည်မှာ အမှန်ပင်။ သို့သော် ထိုအရာများက သွေးပူအောင် ပြုလုပ်နေခြင်းသည်လား။
ဧကရာဇ်လက်ဇ်၏ မျက်ခုံးများ တွန့် သွား၏။ ၇နှစ် ကြာပြီးနောက် ထိုသားက အမှန်တကယ် လုံးဝ ပြောင်းလဲပြီ ဖြစ်သည်။ စကားလုံးဖြစ်စေ၊ လုပ်ရပ် ဖြစ်စေ၊ လုံးဝ မထင်မှတ် ထားသည်များ ဖြစ်သည်။ ထိန်းမနိုင် သိမ်းမရ ဖြစ်နေ သလိုမျိုးပင်။
ဖခင်တစ်ဦး အနေဖြင့် သူ့ရင်ထဲ၌ ကျေနပ်စရာများ ရှိနေသော်လည်း အရာရာကို ထိန်းချုပ်လေ့ရှိသည့် နဂါး လင်းလက် အင်ပါယာ၏ အုပ်ချုပ်သူ တစ်ဦးအနေဖြင့် ထိုမျှ မကျေနပ်နိုင်ပေ။
“သိပ်ကောင်းတယ်။ မင်းရဲ့ ပွဲကြီး ပွဲကောင်းကို ငါ စောင့်မျှော်နေမယ်။” မဟာလက်ဇ် ခေါင်းညိတ် လိုက်သည်။ သူ့လေသံ ပြောင်းသွား၏။ “မင်းကို ဒီနေ့ ငါခေါ်တာ အခြားကိစ္စ တစ်ခု ရှိတယ်။ အစကတော့ မင်းပိုင်နက်ထဲ လူလွှတ်ပြီး ပြောမလို့ဘဲ။ ဒါပေမဲ့ မင်းက နန်းတော်ကို ရောက်နေခဲ့တယ်။ အဲဒါကြောင့် မင်းနဲ့ မျက်နှာချင်းဆိုင် ပြောလိုက်တာ။ မင်း ပြန်လာတဲ့သတင်းက လူသားလောက တစ်ခုလုံးကို ပျံ့နှံ့သွားပြီ။ ငါတို့ရဲ့ အကြီးမားဆုံး မဟာမိတ် ကျက်သရေပြာ အင်ပါယာ အပါအဝင်ပေါ့။ မင်းသမီး လန်ဘိစ်နဲ့ မင်းရဲ့ လက်ထပ်ပွဲက ၇နှစ်ကြာအောင် အချိန်ဆွဲထားခဲ့တာ။ အဲဒါကို အပြီးသတ်ရမယ်။ အရင် တစ်ခေါက်တုန်းက စေ့စပ်ပွဲ အခမ်းအနား မတိုင်ခင် မင်းက ပျောက်သွားခဲ့တယ်။ တော်ဝင်ကျင့်ဝတ် အရဆိုရင် ဒီအခမ်းအနားကို အရင် ကျင်းပရမယ်။ အဲဒါကြောင့် နောက်လ ၂၀ရက် မရောက်ခင် မင်းက ကျက်သရေပြာ အင်ပါယာကို အမြန် သွားပြီးတော့ မင်းသမီး လန်ဘိစ်နဲ့ စေ့စပ်ပွဲ အခမ်းအနား ကျင်းပရမယ် ပြီးရင် လက်ထပ်ထိမ်းမြားဖို့အတွက် သူ့ကို အင်ပါယာဆီ ပြန်ခေါ်လာရမယ်။
“ကျက်သရေပြာ အင်ပါယာဆီကို စေ့စပ်ပွဲ ကျင်းပဖို့ သွားရမှာလား။ ပြီးတော့ မင်းသမီးကို ပြန်ခေါ်လာပြီး လက်ထပ်ရမှာလား။” ချန်လွေ့ အံ့သြ သွားပြီး တမင်တကာ မေးလိုက်သည်။ “ကျုပ် ငြင်းလို့ ရနိုင်လား။”
မဟာလက်ဇ်က သူ့ကို တစ်ချက်ကြည့် လိုက်၏။ “မင်း ဘယ်လိုထင်လဲ။”
“ကျုပ်မှာ အခြေအနေတစ်ခု ရှိတယ်။”
မဟာလက်ဇ်က အေးစက်စက်နှင့် လှောင်ပြုံး ပြုံးလိုက်သည်။ “မင်းက အခု ညှိနှိုင်းဖို့ အရည်အချင်း မရှိသေးဘူး။”
“ရှိတယ်။” ချန်လွေ့၏ စကားထဲ၌ မငြင်းနိုင်သော ခိုင်မာမှုများ ပါဝင်နေ၏။ သူ ပြသထားသော စွမ်းအားက ‘စစ်သည်တော်’ အဆင့်သာ ရှိပြီး ဧကရာဇ်လက်ဇ်သည် သူတော်စင်အဆင့် ထိပ်သီးပိုင်း ဖြစ်သော်လည်း ထိုစကား ထွက်လာသည့်အခါ ထိုအုပ်ချုပ်သူပင် တုန်လှုပ်သွားမိသည်။
မဟာလက်ဇ်က အသက်ပြင်းပြင်းရှူပြီး အရည်အချင်း ပြဿနာကို ဆက်မငြင်း တော့ပေ။ “ဗာရိုနီကာလား။”
ချန်လွေ့ စိတ်ပြောင်းပြီး မေးလိုက်၏။ “မရဘူးလား။ ဘယ်သူမဆို အပေးအယူ လုပ်လို့ရတယ်လို့ အရှင်မင်းကြီး ပြောခဲ့တယ် မဟုတ်ဘူးလား။”
မဟာလက်ဇ်၏ မျက်လုံးထဲ၌ ထူးဆန်းသည့် အလင်းရောင် တစ်ခု ပေါ်လာပြီး ပြတ်ပြတ်သားသား ခေါင်းခါ လိုက်သည်။ “ငါ့သား။ မင်းက အပေးအယူ လုပ်နိုင်လောက်အောင် အရည်အချင်း မရှိသေးဘူး။”
သား ဟုတ်လား။ မင်းသား မဟုတ်ဘူးလား။ ချန်လွေ့ ထူးဆန်းသည့် အမူအရာ ပြလိုက်သည်။ “အံ့သြစရာပဲ။ အရှင်မင်းကြီး။ ကျုပ်သိသလောက်တော့ သူက တန်ဖိုးမရှိတော့တဲ့ သနားစရာ ဒုက္ခသည် တစ်ယောက်ပါပဲ။ ရုတ်တရက် ဖျားနာပြီး သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးသွားတာ ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ ဒီသဘောတူညီချက်ကို ပြီးမြောက်အောင် လုပ်လို့ ရပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ရသည်မှာ ကျုပ်ကို နဂါး စစ်သည်တော် ဗိုလ်ခြေ... မဟုတ်ဘူး သိဒ္ဓိအလင်းဝတ်ရုံကို ပေးရရင်တောင် ဗာရိုနီကာကို ကျုပ်နဲ့ လိုက်သွားခွင့်ပြုမှာ မဟုတ်ဘူးမလား။”
ထိုစကား၏ အဓိကအချက်မှ, ဗာရိုနီကာ မဟုတ်ဘဲ ဥပမာအနေဖြင့် သုံးထားသော သိဒ္ဓိအလင်းဝတ်ရုံပင် ဖြစ်လေသည်။
မဟာလက်ဇ်က သံသယ မဝင်ဘဲ လှောင်ပြုံး ပြုံးလိုက်၏။ “ဘာပဲဖြစ်ဖြစ် မင်းရဲ့ အရည်အချင်းတွေက လုံးဝ မလုံလောက်သေးဘူး... ဒါပေမဲ့ မင်းက ဗိုလ်ခြေကို တကယ် စိတ်ဝင်စားတယ် ဆိုရင်တော့ မင်းကို ခံတပ်တစ်ခုမှာ ခဏလောက် ပေးလေ့ကျင့်ဖို့ စဉ်းစားပေး နိုင်တယ်။”
“ဒါက ဥပမာ တစ်ခုပါ။ ကျုပ်ရဲ့ ဝါသနာက ပြည်တွင်းရေးပဲ။ စစ်ဘက် ကိုတော့ အခု စိတ်မဝင်စားသေးဘူး။” ချန်လွေ့က လက်ဝှေ့ယမ်းပြလိုက်ပြီး လျစ်လျူရှုဟန် ပြလိုက်သည်။ “ကျုပ် ပိုင်နက်ကို အရင်ပြန်တာ ပိုကောင်းမယ် ထင်တယ်။ ဒီနေ့က ၃ရက်နေ့၊ နောက်လ ၂၀...ဆိုတော့ တစ်လခွဲပဲ ကျန်တော့တာ။ ကျုပ် တစ်ခုခု အလေးအနက် စဉ်းစားဖို့ လိုတယ်။”
“လက်ထပ်ပွဲကို ရှောင်ဖို့အတွက် ဖျား ဟန်ဆောင်တာတို့၊ ထွက်ပြေးတာတို့လို ဖြစ်ကတတ်ဆန်း အကြံတွေ မဟုတ်ရင် ပိုကောင်းမယ်။”
“ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်ရမှာလဲ။ အရှင်မင်းကြီးက ကျုပ်ကို အထင် သေးလွန်းနေပြီ။” ချန်လွေ့က ပခုံးတွန့်ပြ လိုက်သည်။ “ဒါပေမဲ့ အမှန်အတိုင်း ပြောရလျှင် ဒီလက်ထပ်ပွဲက အတော် မြန်တယ်။ ကျုပ် ဘာမှ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးဘူး။ အရှင်မင်းကြီး...”
မဟာလက်ဇ်က ချက်ချင်းပင် ဖြတ်ပြော လိုက်သည်။ “မရဘူး! နဂါး လင်းလက် အင်ပါယာနဲ့ ကျက်သရေပြာ တို့က ၇နှစ်ကြာ ပြင်ဆင်လာခဲ့ပြီးပြီ။ မင်းကတော့ ဘာမှ ပြင်ဆင်စရာမလိုဘူး။ တစ်ရက်ကလေးတောင် အချိန်ဆွဲဖို့ မစဉ်းစားနဲ့။”
“အဲဒီ မတိုင်ခင် အပေးအယူတွေ စုဆောင်း ချင်ရင်ကော။”
“မင်းရဲ့ ဉာဏ်ရည်နဲ့ အာရုံစိုက်မှုက ရူးမိုက်ပြီးတော့ လမ်းလွဲနေတာပဲ။” မဟာလက်ဇ်က အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းမှာ ဘယ်လိုမျိုး အစီအစဉ်များ၊ ဘယ်လုိ အပေး အယူတွေ ရှိနေပါစေ၊ ငါ ဂရုမစိုက်ဘူး။ ဒီတစ်ခေါက် မင်းက ကျက်သရေပြာ အင်ပါယာဆီ သွားကိုသွားရမယ်။ မင်းကို အဲဒီ လိုက်ပို့ဖို့ အတွက် ပရိုယိုနဲ့ နဂါးကြေးခွံ ဗိုလ်ခြေက ထိပ်တန်း အရာရှိများကို အစောင့်တွေ အနေနဲ့ လွှတ်လိုက်မယ်။ အမှားရှိလို့ မဖြစ်ဘူး။”
“မှန်လှပါ။ အရှင်မင်းကြီး။ အမိန့်တော် အတိုင်းပါ။” ချန်လွေ့က သက်ပြင်းချပြီး သဘောတူလိုက်သည်။
သူက ကျက်သရေပြာ အင်ပါယာသို့ စေ့စပ်ပွဲ အခမ်းအနား သွားလုပ်ရန် သွားရမည်ကို သိပ်ပြီး ဆန့်ကျင်မှုမရှိပေ။ အကြောင်းမှာ ထိုနေရာရှိ မြို့တော်မှ သိဒ္ဓိအမွေအနှစ်က သူ၏ ပန်းတိုင် ဖြစ်နေ၍ပင်။ ထို့ပြင် သူက မင်းသမီးနှင့် “မိတ်ဆွေဟောင်း”လည်း ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်၌ “ပြောစရာ” တူနေမည်မှာ သေချာသည်။ ယခင် တစ်ခေါက်က နတ်သူငယ် မဟာ ဆရာသခင် ဖီအိုနီရာက သူ့ကို ကျောက်စိမ်း သစ်တော ပင်လယ်သို့ ဖိတ်ကြားခဲ့ပြီး တစ်ခုခု ပေးမည့် အကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူက ယခုတစ်ခေါက် သွားနိုင်ပေသည်။
“ကျက်သရေပြာအင်ပါယာကို သွားတဲ့ ခရီးစဉ်မှာ မင်း အာရုံစိုက်ရမယ်။ မင်းက နဂါးလင်းလက် အင်ပါယာ တစ်ခုလုံးကို ကိုယ်စားပြုတယ်။ မင်းက တော်ဝင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လုံးဝ မေ့နေပြီဆိုတာ ငါသိတယ်။ သင်ပေးဖို့ လူလွှတ်လိုက်မယ်။ စေ့စပ်လက်ဆောင် အတွက်ကတော့... မင်းက ယန္တရား မဟာဆရာသခင်ဆိုတော့ စိတ်ပူစရာ မလိုဘူးလို့ ယုံကြည်တယ်။ အခု မင်းက နယ်မြေကိုပြန်လို့ရပြီ။ တစ်ခါတည်းပြန်။”
ချန်လွေ့ ဦးညွှတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အပေးအယူ တစ်ခု အနေနဲ့ ဗာရိုနီကာကို မဟာလက်ဇ်က အရေးကြီးတဲ့ နေရာမှာ ထားထားတဲ့ပုံပဲ။ အာသာ အတွက်လား။
အခက်အခဲဆုံးမှာ လန်ဘစ်စ် နှင့် မင်္ဂလာဆောင်ချိန်က မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သော်လည်း အလွန်ပင် မြန်နေခြင်းပင် ဖြစ်သည်။
ယခုက ကျက်သရေပြာ အင်ပါယာနှင့် စေ့စပ်ပွဲ မတိုင်ခင် တစ်လခွဲလောက်သာ ကျန်တော့သည်။ သူက တယ်လီပို့ အစီအရင်မှ တစ်ခါတည်း သွားလျှင် လမ်း၌ အနည်းဆုံး လဝက်ကြာမည် ဖြစ်ရာ တစ်လပင် အချိန် မရှိတော့ပေ။
ချန်လွေ့၏ မူလအစီအစဉ်က ရနံ့မွှေး ပြောင်းဆန် ဝိုင်အရက်ကို အရင်ဆုံး ကြော်ငြာရန် ဖြစ်သည်။ ထို့နောက် မှော်ဂိမ်းနှင့် ဆက်စပ် ပစ္စည်းများ ဖြစ်သည့် မှော်ဖုန်းကို တစ်ဆင့်ချင်းစီ လူသားလောက တစ်ခုလုံးသို့ တိုးချဲ့ရန် ဖြစ်သည်။ ပြီးသွားလျှင် ထိုအရာကို အပေးအယူတစ်ခုအနေဖြင့် မဟာလက်ဇ် နှင့် ရင်ဆိုင်ပြီး နဂါးလင်းလက် အင်ပါယာမှ သိဒ္ဓိအလင်းဝတ်ရုံကို ရယူကာ ဗာရိုနီကာ ကိစ္စကို ဖြေရှင်းမည် ဖြစ်သည်။ ထို့နောက် သိဒ္ဓိခွက်ကို ရယူရန် ကျက်သရေပြာ အင်ပါယာသို့ သွားမည် ဖြစ်သည်။ နောက်ဆုံး ပန်းတိုင်က အခက်အခဲဆုံး တာဝန် ဖြစ်သည့် သိဒ္ဓိအလင်းတောင်သို့ပင်။
သိဒ္ဓိအလင်းတောင်၌ သူက တိုက်ပွဲ အပြင်းအထန် တိုက်ခိုက် ရနိုင်သည်။ သို့မဟုတ် မိုက်ကယ် ကဲ့သို့ အင်အားကြီး ရန်သူနှင့် ထပ်ပြီး ရင်ဆိုင်ရခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်ကျလျှင် သူ စိတ်ပူနေမည် မဟုတ်ပေ။ တစ်ဖနီကို ပြန်ခေါ်လာပြီး လမ်းတလျှောက်၌ ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်အောင် လုပ်ရုံသာ ရှိလေသည်။ သူ ပေါ်သွားလျှင်ပင် ကိစ္စ မရှိပေ။ ထို့ကြောင့် ကိစ္စအားလုံးကို ကြိုတင် ကိုင်တွယ်ရမည် ဖြစ်ပေသည်။
ယခုတွင် မင်္ဂလာပွဲကို အမြန်ကျင်းပ တော့မည်ဖြစ်ရာ သူ၏ အစီအစဉ်များ လုံးဝပျက်စီးသွားပြီ ဖြစ်သည်။ မှော်ဂိမ်း ကြော်ငြာခြင်းက ရနံ့မွှေး ပြောင်းဆန် ဝိုင်အရက် ကြော်ငြာခြင်းထက် မလွယ်ကူ လှပေ။ ‘အခြေစိုက် စခန်းများ’ကို တစ်ခုချင်းစီ တည်ဆောက်ရန် လိုအပ်၏။ တစ်လသည် ၎င်းကို ထုတ်လုပ်ပြီး လူသားလောက တစ်ခုလုံး၌ ကျော်ကြား လာရန် မလုံလောက်ပေ။
း သိကြပေသည်။