← Chapters

နာမည်ကျော်ခြင်း

Vol. 58 Ch. 950

နာမည်ကျော်ခြင်း

Vol. 58 Ch. 950

ချန်လွေ့ ပိုင်နက်သို့ ပြန်ရောက် သောအခါ ညရောက်နေလေပြီ။ သို့သော် မျှော်လင့် မထားသည့် ဧည့်သည် တစ်ယောက်က သူ့ကို စံအိမ်ထဲ၌ စောင့်နေခဲ့သည်။ သိဒ္ဓိကျောင်းတော်မှ ရေဖျန်း ဘုန်းတော်ကြီး ဘာမင်ဟမ်ပင်။

သိဒ္ဓိကျောင်းတော်တွင် ရေဖျန်း ဘုန်းတော်ကြီး ၃ပါး ရှိသည်။ သို့သော် ထိုသုံးယောက်က မတူညီသည့် အုပ်စု ၃စုမှ ဖြစ်ကြပြီး အလင်း၏ ကောင်းကင် တမန်တော် ၃ ပါးကို ကိုယ်စားပြုသည်။

ချန်လွေ့ ပထမဆုံး တွေ့ခဲ့သော ရော်ဂျာက ပုပ်ရဟန်းမင်း ဗန်တီ-စ် အဖွဲ့ သို့မဟုတ် မိုက်ကယ်အဖွဲ့မှ ဖြစ်သည်။ ဂရာလင်သည် ဂိုဏ်းချုပ် သိဒ္ဓိအမျိုးသမီး ယူဒိုရာ အဖွဲ့၊ သို့မဟုတ် ရာဖယ်လ် အဖွဲ့မှ ဖြစ်သည်။ သူ့ရှေ့မှ ဘာမင်ဟမ်က နောက်ထပ် ဂိုဏ်းချုပ် ပက်စ်မီယာ အဖွဲ့၊ သို့မဟုတ် ဂေဘရီရယ်အဖွဲ့မှ ဖြစ်သည်။

ချန်လွေ့က ဖိုက်သွန်နှင့်အတူ သိဒ္ဓိ အလင်းတောင်သို့ သွားခဲ့စဉ် တစ်ဖနီ၏ တည်ရှိမှုကို ခံစားခဲ့ရသည်။ သို့သော် အခြေအနေက အရေးပေါ် ဖြစ်နေရာ စုံစမ်းရန် အချိန်မရခဲ့ပေ။ တစ်ဖနီက သိဒ္ဓိမိန်းမပျို ယူဒိုရာ၏ သိဒ္ဓိကောင်းချီး တောင်ထွတ်၌လား၊ သို့မဟုတ် ဂိုဏ်းချုပ် ပက်စ်မီယာ၏ ကြယ်တောင်ထွတ်၌လား ဆိုသည်ကို သူ သေချာ မသိခဲ့ပေ။

အမှန်တကယ်၌ သူသည် ထိုစဉ်က အလင်း နတ်ဘုရားကျောင်း၌ ကြယ် အမှတ်တစ်ခု ချန်ထား ခဲ့သည်။ ထို့နောက် သူက [တိတ်တဆိတ်] ကို အသုံးပြုကာ ထိုသို့ စွန့်စားသွားခဲ့သည်။ သို့သော် မူလက လက်မတင်လေးမှာပင် ရှိနေသော ကျောင်းတော်ကို ထပ်ပြီး မမြင်ရတော့ပေ။ ထိုအစား နေရာလွတ် တစ်ခုလုံးကို ချိပ်ပိတ်ထားသော အလွန် အမင်း အစွမ်းထက်သည့် ရှေးမှော်စာ များသာ ရှိနေခဲ့သည်။ ချန်လွေ့၏ အလွန်အမင်း မြန်ဆန်သော တုံ့ပြန်မှု ကြောင့်သာ မဟုတ်လျှင် သူက လာရာ လမ်းကို ရောက်သွားပြီး မှော်စာများကို မထိနိုင်ခင်မှာပင် လမ်းပျောက်သွားမည် ဖြစ်သည်။

ထိုအရာက ချန်လွေ့ ဂရာလင်နှင့် နီးစပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ယခု ဘာမင်ဟမ် လာရောက် လည်ပတ်ခြင်းမှာ ‘ဆူးသရဖူ’ အကြောင်း သတင်းရပြီး ‘သိဒ္ဓိသားတော်’ကို စည်းရုံးရန် ရောက်လာခြင်းဖြစ်ရမည်။

ဘာမင်ဟမ်က ဂရာလင်ထက် ပို၍ ငယ်ရွယ်ပုံရပြီး ဂရုဏာသက်ဖွယ် ဖြစ်သည်။ သူ့၏အကြည့်က ပြတ်သား သော်လည်း ချန်လွေ့ကို ရင်ဆိုင်သည့် အခါတွင်တော့ အလွန် ယဉ်ကျေးသော အမူအရာ ပြသခဲ့သည်။

“မင်းသား အာသာ။ ဒါက ကျုပ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ထင်တယ်။ ဒီကို ရောက်လာရတဲ့အတွက် ခွင့်လွှတ် ပေးပါ။”

ချန်လွေ့က စိတ်ထဲ၌ ပြောလိုက်သည်။ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ကျုပ်တို့ နှင်းဒဲလက်ပန်းရှိတဲ့ နှင်းဖုံးတောင်ထွတ် စင်မြင့်မှာတုန်းက ခင်ဗျားကို ကျုပ် [ကြယ်ပေါက်ကွဲခြင်း] မြည်းခိုင်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ မသိဟန်ဆောင် ရတာပေါ့။ “ရပါတယ်။ ကျုပ်က ဆာ-ဘာမင်ဟမ်ရဲ့ ဂုဏ်သတင်းကို အရင် ကတည်းက လေးစားခဲ့တာပါ။ ဒီကို ရောက်လာတာက ကျုပ်ရဲ့ ရွှေရောင် နယ်မြေ တစ်ခုလုံး အတွက် ဂုဏ်ယူ စရာပါပဲ။ ထိုင်ပါဦး။”

“မင်းသား အာသာက ယဉ်ကျေးလွန်း နေပါပြ။” ဘာမင်ဟမ်က ထိုင်လိုက်၏။ “မင်းသား အာသာက နဂါးလင်းလက် အင်ပါယာရဲ့ တတိယမင်းသား၊ ရွှေရောင် နယ်မြေရဲ့ သခင်ဖြစ်သလို လူသား ယန္တရား မဟာဆရာသခင် ၃ဦးထဲက တစ်ဦးလည်း ဖြစ်တယ်။ နတ်သူငယ် မျိုးနွယ်စုထဲက ဝါအကြီးဆုံး ဖြစ်တဲ့ ဆာ-ဖီနိုအီရာတောင် မင်းသား၏ အဂ္ဂိရတ် စွမ်းရည်ကို ချီးကျူး ဂုဏ်ပြုခဲ့တယ်။ ၂လ အတွင်းမှာပဲ ရွှေရောင် နယ်မြေက အံ့သြစရာ ကောင်းလောက်အောင် တိုးတက် လာခဲ့တယ်။ နဂါးဝါဝိုင်က တစ်ကမ္ဘာလုံးမှာ နာမည်ကျော် နေပြီ။ မင်းသား အာသာနှင့် တွေ့ဆုံခွင့် ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။”

“ကျုပ်က ရှေးဟောင်း အဖွဲ့အစည်းရဲ့ အမွေအနှစ်ကို မတော်တဆ ရရှိတာပါ။ အရှေ့က လူတွေရဲ့ အောင်မြင်မှုကို ကူးယူခဲ့ရုံပါပဲ။ ကျုပ်က ဘယ်လိုလုပ် ဆာ-ဘာမင်ဟမ်ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန် နိုင်မှာလဲ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ ‘အာသာ’က ရှေးဟောင်း အဖွဲ့အစည်း အမွေအနှစ်ကို ရထားသည် ဆိုသည်မှာ အသိုင်းအဝိုင်းထဲက လူများ သိကြသော လျှို့ဝှက်ချက် တစ်ခု ဖြစ်လေသည်။ ထိုအရာက သူ မည်သည့် အတွက်ကြောင့် မဟာဆရာသခင်အဆင့် ယန္တရားစွမ်းရည်များ ရှိလာခြင်းကို ရှင်းပြရန် “အကြောင်းအကျိုးအသင့်ဆုံး” ဖြေရှင်းချက် ဖြစ်လေသည်။

“ကံကောင်းတယ် ဆိုတာကလည်း အစွမ်းအစ တစ်မျိုးပဲ ဆိုတာကို ဘယ်သူမှ ငြင်းလို့မရဘူး။ ဥပမာ... ဆူးသရဖူ လိုမျိုးပေါ့။” ဘာမင်ဟမ်က လေသံပြောင်းသွားပြီး နောက်ဆုံးတွင် အကြောင်းအရာကို စတင်လိုက်၏။

“ဆူးသရဖူက တကယ် ကံကောင်း ပြီးတော့ မတော်တဆ ဖြစ်သွားတာပါ။” ချန်လွေ့က မျက်မှောင်ကြုတ်ပြီး ပခုံးတွန့် လိုက်သည်။ “ဒီလောကမှာ မတော်တဆတွေ အများကြီး ရှိတယ်။ ဥပမာ... ကျုပ် ၇နှစ်လောက် ပျောက်သွားတာရယ်၊ ရုတ်တရက်ကြီး မဟာဆရာသခင် ဖြစ်သွားတာမျိုး‌ပေါ့။ အိုး..ဟုတ်သားပဲ။ ဆာ-ဘာမင်ဟမ်နဲ့ တွေ့ရတာကလည်း မတော်တဆ တစ်ခုပါပဲ။ ပျော်စရာ မတော်တဆ တစ်ခုပေါ့။”

ချန်လွေ့က စကား အနည်းငယ် ပြောလိုက်သော်လည်း သူက ချင်းချင်း အကြောင်းအရာကို ပြောင်းပစ်လိုက်၏။ ဘာမင်ဟမ်က သူ့နှင့် စကားပြောရင်း တိတ်တဆိတ် မျက်မှောင်ကြုတ် လိုက်မိသည်။ တတိယမင်းသားက မရိုးရှင်းတာ အသေအချာပဲ။ သူက ငယ်ရွယ်ပေမဲ့ အတော်လေး တည်ငြိမ် နေတယ်။

“မင်းသားက ပါးနပ်တဲ့သူ ဆိုတော့ ကျုပ် ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်တော့ပါဘူး။” ဘာမင်ဟမ်က ပြုံးလိုက်သည်။ “တကယ်တော့ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို မင်းသား ခန့်မှန်းမိ လောက်မှာပါ။ မင်းသားက အလင်း နတ်ဘုရားရဲ့ ကောင်းချီးပေးခံရတဲ့သူ တစ်ယောက် ဖြစ်လို့ ရည်ရွယ်ထား မထား ဆိုတာကို ကျုပ် သိချင်မိတယ်။”

“ကျုပ်က ဆူးသရဖူ အသိအမှတ် ပြုတာကို ခံထားရတယ်ဆိုတော့ သိဒ္ဓိ ကျောင်းတော်နဲ့ ပတ်သက်မှုကိုတော့ လျစ်လျူရှုလို့ မရဘူးပေါ့။” ချန်လွေ့က ပုံမှန်ပင် ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်က နဂါးလင်းလက် အင်ပါယာရဲ့ တတိယမင်းသား ဖြစ်ပြီးတော့ အနာဂတ် ထီးနန်း အတွက် အပြင်းအထန် ယှဉ်ပြိုင် နေတဲ့သူလည်း ဟုတ်တယ်။ ဒါကို ဆာ မငြင်းဘူး မဟုတ်လား။”

“အင်ပါယာ အုပ်စိုးသူ ဖြစ်တာနဲ့ အလင်း နတ်ဘုရားရဲ့ ကောင်းချီးပေး ခံရတာ...နဲ့ ကျောင်းတော်တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်ရတာတွေကြားမှာ ပြဿနာ မရှိပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် လူသား သမိုင်းကြောင်းမှာ တစ်ခါမှ မရှိဖူးဘဲ သိဒ္ဓိအင်ပါယာနဲ့ သိဒ္ဓိကျောင်းတော်ကို ချုပ်ကိုင်နိုင်မယ့် ပထမဆုံး အုပ်စိုးသူ ဖြစ်လာနိုင်ပါတယ်။ တစ်ခါမှ မဖြစ်ခဲ့ဖူး တာလည်း ဖြစ်သလို နောင်မှာလည်း ဖြစ်မလာနိုင်လောက်ဘူး။ အရှင် ပက်စ်မီယာနဲ့ ကြယ်ခန်းမက အင်အားစု အကုန်လုံးက အနာဂတ်မျိုးဆက်တွေ မော့ကြည့်ရလောက်မယ့် သမိုင်းကြောင်း မျိုးကို ချန်ထားနိုင်အောင် မင်းသားကို အပြည့်အဝ ‌ထောက်ပံ့ပေးမှာပါ။”

ချန်လွေ့က ဘာမင်ဟမ်၏ အပြုံးကို ကြည့်ပြီး ခပ်ပေါ့ပေါ့လေး ပြောလိုက်၏။ “ဒီလိုစကားမျိုးကို နောက်ထပ် ရေဖျန်း ဘုန်းတော်ကြီး တစ်ပါး ဖြစ်တဲ့ ဆာ-ဂရာလင် ကလည်း ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ကွာခြားတာကတော့ ကျုပ်ကို ထောက်ခံတဲ့သူတွေက သိဒ္ဓိ မိန်းမပျို ယူဒိုရာနှင့် သိဒ္ဓိ ကောင်းချီးခန်းမ ဖြစ်နေတာပဲ။ ကျုပ် သိချင်မိတယ်။ အလင်းဘုရားရဲ့ ယုံကြည်သူတွေကြားက ဒီလို မတူညီမှုတွေကို ကျုပ် ဂရုမစိုက်စရာ လိုလား။”

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့...” ဘာမင်ဟမ်၏ မျက်နှာအမူအရာ ခဏ ရပ်တန့်သွားပြီးနောက် သူက ချက်ချင်း တုံ့ပြန်လိုက်သည်။ “နဂါးဧကရာဇ်မှာ ဒုတိယမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားဆိုပြီး ရှိသလို၊ သိဒ္ဓိ အလင်းတောင်မှာလည်း အလားတူ ကွဲပြားမှုတွေ ရှိတယ်။ ကွာခြားချက် ကတော့ သိဒ္ဓိ အလင်းတောင်ရဲ့ ကွဲပြားမှုက အချိန်ကြာလာတာနဲ့ အမျှ အဆုံးသတ် သွားမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်းသားက ဒီကွဲပြားမှုကို သိပ်ပြီးတော့ ဂရုစိုက်စရာ မလိုဘူး။ ဒါပေမဲ့ လုံးဝတော့ လျစ်လျူရှုလို့ မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ အားလုံးက အလင်းနတ်ဘုရားရဲ့ ယုံကြည်သူတွေ ပဲလေ။”

ချန်လွေ့က ခပ်နောက်နောက် အမူအရာ တစ်ခုကို ပြသလိုက်၏။ “ဆာ-ဘာမင်ဟမ် ပြောတာက ကြယ်ခန်းမနဲ့ ဆာ-ပက်စ်မီယာရဲ့ ထောက်ခံမှုကို ကျုပ် လက်ခံမခံက သိဒ္ဓိ အမျိုးသမီးနဲ့ သိဒ္ဓိကောင်းချီးခန်းမရဲ့ ထောက်ခံမှုကို လက်ခံမခံနဲ့ ဘာမှ မကွာခြားဘူးပေါ့ ဟုတ်လား။

ဘာမင်ဟမ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ “ဟုတ်ပါတယ်။”

“ကွာခြားမှု မရှိဘူးဆိုရင် ဘာလို့ ကြယ်ခန်းမကို ကျုပ် ရွေးချယ်ရမှာလဲ။” ချန်လွေ့၏ အပြုံးက ပို၍ နက်ရှိုင်း လာခဲ့သည်။ “ကျုပ်က ဆာ-ဂရာလင်နှင့် အရင်ဆုံးသိခဲ့တာ။ ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဆာ-ဘာမင်ဟမ်နဲ့ ကျုပ်ရဲ့ခင်မင်မှုက ဆာ-ဂရာလင်နဲ့လောက် မကောင်းဘူး။”

ဘာမင်ဟမ် ငြိမ်သက်သွားခဲ့သည်။ “ခင်မင်မှုဆိုသည်မှာ အပေးအယူ လုပ်စရာ တစ်ခုပါပဲ။ လုံလောက်တဲ့ အပေးအယူ ရှိနေသရွေ့ ကျုပ်တို့ အလဲအလှယ် လုပ်လို့ ရပါတယ်။ မင်းသားက တိုတောင်းတဲ့အချိန်အတွင်း ရွှေရောင်နယ်မြေကို ဒီလောက်အထိ စီမံခန့်ခွဲနိုင်ခဲ့တာ ဆိုတော့ ကျုပ်ထက် ပိုပြီးတော့ သိလောက်မှာပါ။”

“အပေးအယူ ဟုတ်လား။” ချန်လွေ့ ပြုံးလိုက်သည်။ “ဘယ် အပေးအယူ မဆိုလား။”

ဘာမင်ဟမ် ခေါင်းညိတ်လိုက်၏။ “ကျုပ် လုပ်နိုင်တဲ့ ဘယ်အရာ မဆိုပေါ့။”

“တကယ်လို့... သိဒ္ဓိအလင်းဝတ်ရုံနှင့် သိဒ္ဓိခွက်ဆိုရင်ကော။” ချန်လွေ့က ဘာမင်ဟမ်၏ မျက်လုံးကို စိုက်ကြည့် လိုက်သည်။ “ကျုပ်က ဆူးသရဖူကို ရထားပြီဆိုတော့ ဆာ-ဘာမင်ဟမ်က ကျုပ် ဘာလိုချင်လဲဆိုတာ သိမှာပါ။”

“ဂရာလင်က မင်းသားကို သိဒ္ဓိ အမွေအနှစ် သံုးခုအကြောင်း ပြောပြီးပြီ ထင်တယ်။” ဘာမင်ဟမ် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ခေါင်းပြန်ခါလိုက်၏။ “အဲဒီ အချိန်က ပုံမှန် မဟုတ်ဘူး။ အဲဒီတုန်းက ကျောင်း‌တော်က သိဒ္ဓိအင်ပါယာ ၂ခုနဲ့ ပူးပေါင်းပြီး မရဏနက် နောက်လိုက် တွေကို ရင်ဆိုင်ခဲ့ရလို့ပဲ။ အင်ပါယာ ၂ ခုရဲ့ သိဒ္ဓိ အလင်းဝတ်ရုံနှင့် သိဒ္ဓိခွက်ကို တိုက်ရိုက် တောင်းဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းသားအတွက်တော့ ဒီနှစ်ခုကို ရယူဖို့က မခက်ခဲပါဘူး။ သိဒ္ဓိအလင်း ဝတ်ရုံက မင်းသားလက်ထဲ ရောက်လု နီးပါး ဖြစ်နေပြီ။ သိဒ္ဓိခွက်အတွက် ကတော့... ကျက်သရေပြာ အင်ပါယာက ကြေညာထားတဲ့ စေ့စပ်သတင်းကို ကြားတယ်။ အဲဒီမင်းသမီး ရှိနေတဲ့ အတွက် မင်းသားက မိန်းမလှရော၊ သိဒ္ဓိ အမွေအနှစ်ကိုပါ ရနိုင်မယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက ကျောင်းတော်ရဲ့ အထောက်အပံ့ ကနေ ခွဲခြားလို့ မရတာကို မင်းသား ရှင်းရှင်းလင်းလင်း သိသင့်တယ်။”

ထိုစကားများက ဂရာလင် နောက်ဆုံး တစ်ခေါက် ပြောခဲ့သည်နှင့် ဆင်တူသည်။ ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး နားလည် သွားခဲ့သည်။ ကျောင်းတော်မှတဆင့် သိဒ္ဓိအမွေအနှစ် နှစ်ခုကို တိုက်ရိုက် ရယူရန် နည်းလမ်းက အမှန်တကယ် မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ လက်ရှိ ‘အာသာ’၏ သရုပ်ဖြင့် မဖြစ်နိုင်ပေ။

“တစ်မျိုးပဲ လိုချင်ရင်ကော။” ချန်လွေ့က စိတ်ထဲ၌ တွေးလိုက်သည်။ “ဒါမှမဟုတ် ကျုပ်လိုချင်တဲ့ မိန်းမက တခြားသူ ဆိုရင်ကော။”

“အံ့သြစရာကောင်းတဲ့ ရွေးချယ်မှုပဲ” ဘာမင်ဟမ်က အနည်းငယ် အံ့အားသင့် သွားသည်။ သူက မင်းသား ‘အာသာ’ ၏ အတိတ်က အချက်အလက် တချို့ကို ပြန်စဉ်းစားပြီး ခေါင်းညိတ် လိုက်သည်။ “မင်းသားက ကျက်သရေပြာအင်ပါယာနဲ့ ဆက်ဆံရေး ဆိုးရွားသွားမှာ စိတ်ပြင်ဆင် ထားပြီးပြီလား။ ‘သိဒ္ဓိသားတော်’က အလင်းနတ်ဘုရားကို စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုမယ်ဆိုရင်တော့... ဒါကို အဆင်ပြေအောင် လုပ်လို့ရတယ်။ ကျောင်းတော်က ဒါကို ပြဿနာ မဖြစ်စေဘဲနဲ့ ဖြေရှင်းနိုင်တယ်။”

“တကယ်ပဲလား။” ချန်လွေ့၏ အပြုံးက ပိုမို၍ ခိုင်မာလာသည်။ “ဒါဆိုရင် ကြယ်ခန်းမ အကြောင်း၊ အရှင် ပက်စ်မီယာနဲ့ အဖွဲ့ဝင်တွေအကြောင်း နည်းနည်း သိချင်တယ်။ ပိုပြီးတော့ အသေးစိတ်ရင် အကောင်းဆုံးပေါ့။”

ဘာမင်ဟမ်၏ မျက်လုံးများ လင်းလက် လာသည်။ သူတို့နှစ်ယောက် စကားပြော နေစဉ် ဆမ်မြူရယ်က သတင်းလာပို့၏။ “ရေဖျန်း ဘုန်းတော်ကြီး ဆာ-ရော်ဂျာက ရွှေလင်းယုန်မြေကို ရောက်နေတယ်။ သူက အခု လင်းယုန်နီ တည်းခိုခန်းမှာ ရှိနေပါတယ်။ မနက်ဖြန် မနက်ကျရင် မင်းသားကို လာရောက်တွေ့ဆုံမယ်လို့ ပြောပြီးတော့ လက်ဆောင်တစ်ခု ပေးဖို့ သံတမန် တစ်ယောက် စေလွှတ်လိုက် ပါတယ်။”

“သိပြီ။ ဆမ်မြူရယ်။ လင်းယုန်နီ တည်းခိုခန်းကိုသွား၊ ပြီးရင် ဆာ-ရော်ဂျာကို ငါ့ကိုယ်စား ကျေးဇူး တင်ကြောင်း ပြောပြီးတော့ မနက်ဖြန် မနက် စောင့်နမယ် ပြောလိုက်။”

“ဟုတ်ကဲ့။”

ဘာမင်ဟမ်၏ မျက်နှာအမူအရာသည် အနည်းငယ် မကြည်မလင် ဖြစ်သွား၏။ “ဟမ့်၊ ရေဖျန်းဘုန်းတော်ကြီး ဆာ-ရော်ဂျာ အတော်လေး မောက်မာတာပဲ”

“စံအိမ်မှာ တစ်နေ့လုံး စောင့်နေခဲ့တဲ့ တခြား ရေဖျန်း ဘုန်းတော်ကြီးနှင့် ယှဉ်ရင်တော့ တကယ် နည်းနည်း ကွာတာပေါ့။ ဆာ-ဘာမင်ဟမ်အတွက် ပိုပြီးတော့ စိတ်မကောင်း ဖြစ်မိပါတယ်။”

“မင်းသားက ယဉ်ကျေးလွန်း နေပါပြီ။” ဘာမင်ဟမ်က ပြုံးလိုက်သည်။ “တကယ်တော့ ကျုပ်က တစ်နေ့လုံး စောင့်နေတာ မဟုတ်ပါဘူး။ နေ့ဘက် ကျုပ်က မင်းသားရဲ့ နယ်မြေထဲကို သွားခဲ့တယ်။ ရွှေရောင်နယ်မြေက တကယ်ကို နဂါးလင်းလက် အင်ပါယာရဲ့ အကြွယ်ဝဆုံး ပိုင်နက်ပဲ။ အထူးသဖြင့် ဒီကုန်စည်ပြပွဲ ပြီးရင် နဂါးဝါဝိုင်က ကမ္ဘာပေါ်၌ အကျော်ကြားဆုံး ဝိုင် ဖြစ်လာလိမ့်မည်။ဒါပေမဲ့... အမှန်အတိုင်း ပြောရရင် မင်းသား ပြန်ရောက်လာတာက အချိန်တိုသေးတာရယ်၊ အရင် မင်းသား ဂါဖီးလ်ရဲ့ လက်ထက် ကတည်းက ရွှေရောင် နယ်မြေမှာ ပြဿနာတွေ အများကြီး ချန်ခဲ့တာတွေ။ လူအင်အား၊ ပစ္စည်းအင်အား၊ ထိန်းချုပ်မှုနှင့် အခြား ကဏ္ဍတွေမှာ... မင်းသားက ပိုင်နက်ကို လုံးဝ ထိန်းချုပ် ချင်တယ်ဆိုရင် ရှေ့ဆက် ရမယ့်လမ်းက ချောမွေ့မှာ မဟုတ်ဘူး။ အရှင် ပက်စ်မီယာက မင်းသားကို ကူညီနိုင်တာ အားလုံး လုပ်ပေးမယ်လို့ ပြောဖူးတယ်။ မင်းသားက ဒါကို လက်ခံပါ့မလား မသိဘူး။ ပြီးတော့ ယန္တရား မဟာ ဆရာသခင် တစ်ယောက် ဆိုတော့ မင်းသားက ကုန်ကြမ်းပစ္စည်း အများကြီး လိုအပ်မှာပဲ။ ကြယ်ခန်းမက ကုန်ကြမ်းအများကြီးကို တာဝန်ယူ ထားရတာ။ မင်းသား ကြိုက်တာကို တောင်းဆိုလို့ရတယ်။”

အသေအချာပဲ။ ပြိုင်ဘက် ရှိရင် လှုံ့ဆော်မှု ရှိတယ်။ ဘာမင်ဟမ်က ရော်ဂျာ ရောက်လာတာကို ကြားတော့ လက်ထဲက အပေးအယူ အားလုံးကို ချက်ချင်း ထုတ်ပြခဲ့တယ်။

ဒီအတိုင်းပဲ ရော်ဂျာနှင့် ဂရာလင်တို့က ‘လောင်းကြး ထပ်သူ’ တွေထဲက တစ်ယောက် ဖြစ်လာတယ်။ ဒါပေမဲ့ သူတို့က သူတို့ “လောင်းကြေးထပ်”ခဲ့တဲ့ ‘သိဒ္ဓိသား‌တော်’က သိဒ္ဓိအလင်းတောင် ကို ဘယ်လိုမျိုး ‘အံ့အားသင့်စရာတွေ’ ယူလာပေးမလဲဆိုတာ မသိကြဘူး။

ချန်လွေ့၏ စိတ်ထဲ၌ ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး မျက်လုံးထဲ၌ တောက်ပသော အလင်းရောင် လင်းလက် လာခဲ့သည်။

“ဆာ-ဘာမင်ဟမ်ရဲ့ စေတနာကို တကယ် ငြင်းဖို့ ခက်ခဲပါတယ်။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “‘ခင်မင်မှု’ အတွက် ကျုပ် ခင်ဗျားကို အရိပ်အမြွက် ပေးမယ်။ ပိုက်ဆံကို သဘောကျတယ်။ ကျုပ် အတော်လေး သ‌ဘောကျတယ်။ ဘာလို့လည်းဆိုတော့ ဘယ်နေရာမှာ မဆို ပိုက်ဆံရဲ့ အကျိုးကျေးဇူးက စိတ်ကူးနိုင်တာထက် ကျော်လွန် နေလို့ပဲ။”

ဘာမင်ဟမ် အနည်းငယ် အံ့အားသင့် သွားသည်။ “မင်းသားက ဘယ်လောက် လိုချင်တာလဲ။”

“ဆာ-ဘာမင်ဟမ် နားလည်မှု လွဲနေပြီ ထင်တယ်။ ကိုင်လို့ရတဲ့ ပိုက်ဆံကို လိုချင်တာ မဟုတ်ဘူး။ လှည့်ပတ် စီးဆင်းနေတဲ့ ငွေကြေးမျိုး၊ နဂါးဝါဝိုင်လို ငွေရှာတဲ့ လမ်းကြောင်းကို လိုချင်တာ။ ကျုပ်ရဲ့ အတွင်းရေး သတင်းအရဆိုလျှင် နဂါးတောင်ကြားဟာ မကြာသေးခင်က လေ့ကျင့်ရေး မှော်ဂိမ်း တစ်မျိုးကို အောင်အောင် မြင်မြင် သုတေသန လုပ်နိုင်ခဲ့သည်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီခေါင်းမာတဲ့ နဂါးတွေက...”

ချန်လွေ့ ပြောနေရင်းနှင့် အကျင့် အတိုင်း မျက်မှောင်ကြုတ် လိုက်သည်။ သူ့ကို ကောင်းကောင်း သိနေသော သူတိုင်းက တစ်စုံတစ်ယောက်ကို လိမ်ညာရန် လုပ်နေကျ ပုံစံဖြစ်ကြောင်

All Chapters