← Chapters

မင်းက ဘယ်သူလဲ

Vol. 58 Ch. 938

မင်းက ဘယ်သူလဲ

Vol. 58 Ch. 938

ဂါဖီးလ်၏ မျက်လုံးများထဲတွင် အဆုံးမဲ့ ရက်စက်မှုနဲ့ မုန်းတီးမှုတွေ ပုန်းကွယ် နေခဲ့သည်။ ထိုအချိန်အတွင်း သူက ယောက်ျား တစ်ယောက်၏ အရေး အကြီးဆုံး လုပ်ဆောင်ချက်ကို လုံးဝ နီးပါး ဆုံးရှုံးခဲ့ရပြီး ဆမ်မြူရယ်ရဲ့ လျှို့ဝှက် နည်းလမ်းများကို နောက်ဆုံး သိရှိခဲ့ ရသည်။ ကြောက်စရာကောင်းသည်က ထိုဒဏ်ရာမှာ ကုသ၍ မရနိုင်ခြင်းပင်။ မိုးကြိုးအကျဉ်းထောင်သို့ လက်စား ချေရန် သူစေလွှတ်ခဲ့သော လူများကို နဂါးနီအစောင့်အရှောက်က မထင်မှတ်ဘဲ တားဆီးခဲ့လေသည်။

ဂါဖီးလ်က ဒုတိယမြောက်မင်းသား ဖြစ်သော်လည်း နဂါးတောင်ကြားမှ နဂါးများကို ရန်မစရဲသေးပေ။ ထို့အပြင် ထိုဖြစ်ရပ်၏ အကြောင်းရင်းက သူ ဗာရိုနီကာအပေါ် မသင့်လျော်တဲ့ လုပ်ရပ် ကြိုးစားခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ထိုအရာက ကြီးမားသော အရှုပ်တော်ပုံ တစ်ခု ဖြစ်ရာ လူအများအရှေ့ ချပြ၍ မရသည်မှာ သဘာဝပင်။

ယောက်ျားတစ်ယောက် ထိုစွမ်းရည် ဆုံးရှုံးလိုက်ရခြင်းက ကြီးမားသော ရှက်စရာကိစ္စနဲ့ မုန်းတီးစရာ ဖြစ်၏။ ထို့ကြောင့် သူက ထိုဆမ်မြူရယ်ကို ဆိုးဆိုးဝါးဝါး သေစေချင်ရုံ သာမက ခမ့်လော့ မိသားစု တစ်ခုလုံးကိုပါ ဆွဲချချင် နေခဲ့သည်။

ထိုတစ်ကြိမ်တော့ ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်က ချက်ချင်း ခေါင်းညိတ် လိုက်သည်။ မရဏနက်နောက်လိုက်ဟု သံသယရှိသူအပေါ် ကျောင်းတော်ရဲ့ သဘောထားက အလွန်ရှင်းပေသည်။ တစ်ယောက်ကို အလွတ်ပေးခြင်းထက် အယောက် ၁၀၀၀ကို မှားယွင်း သတ်ပေလိမ့်မည်။

ခမ့်လော့ မိသားစုမှ ခေါင်းဆောင် ကာလိုကလည်း ဘေးမှ နားထောင် နေခဲ့သည်။ ဘဏ္ဍာရေး အတွင်းရေးမှူး ညွှန်ကြားရေမှူးဟောင်းက ထောင်မှ လွတ်လာပြီးနောက်တွင် တိတ်ဆိတ် နေခဲ့တယ်။ ထိုစကားများကို ကြားလိုက် ရတဲ့အခါ နောက်ဆုံး သူ၏မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ဧကရာဇ် လက်ဇ်၏ မျက်လုံးတွေ တဖြည်းဖြည်း ပွင့်လာသည်။ “ခမ့်လော့ မိသားစုက ထိုဆမ်မြူရယ်ကို မိသားစု ကနေ ဖယ်ရှားလိုက်ပြီးပြီ။”

ထိုစကားက ခမ့်လော့ မိသားစုနဲ့ အဆက်အသွယ် ဖြတ်ပေးလိုက်ခြင်း ဖြစ်ပြီး ကာလိုက သက်ပြင်းချ လိုက်၏။ စင်ပေါ်တွင် အချုပ်နှောင် ခံထားရသော သားဖြစ်သူကို မြင်သောအခါ သူက ထရပ်ပြီး တစ်ခုခု ပြောချင်သော်လည်း သူ့ဘေးမှ စတုတ္ထမင်းသား လုခ်က ဆွဲထားလိုက်သည်။ နောက်ဆုံး သူက ပြန်ထိုင်လိုက်ပြီး ခဏလေး အတွင်း ဆယ်စုနှစ်များစွာ အိုမင်း သွားသလို ဖြစ်သွားခဲ့သည်။

နှစ်ပေါင်းများစွာ အရာရှိ တစ်ဦး ဖြစ်လာသည့် အတွက်ကြောင့် ကာလိုက ဧကရာဇ် လက်ဇ်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး ၎င်းမှာ ဟန်ချက် ညီစေရန်နှင့် သတိပေးချက်တစ်ခုလည်း ဖြစ်သည်။ မိသားစုအကြီးအကဲ တစ်ဦး အနေဖြင့် သူသည် သားဖြစ်သူအတွက် မိသားစုတစ်ခုလုံးကို စတေး၍မရနိုင်ပေ။ လက်ရှိအခြေအနေကို ကြည့်လျှင် ဂါဖီးလ်၏ သက်သေများနှင့် သိဒ္ဓိအလင်း တောင်မှ ဂိုဏ်းအုပ်အချုပ်၏ အတည် ပြုချက်အရ ခမ့်လော့ မိသားစုကို စတေးလိုက်လျှင်ပင် ဆမ်မြူရယ်၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

“ဆမ်မြူရယ်...” ဧကရာဇ် လက်ဇ်က ဒုတိယအကြိမ် ပြောလိုက်သည်။ “မင်းရဲ့ ခုခံကာကွယ်ချက်ကို ကြားချင်တယ်။”

အစောင့်များက ဆမ်မြူရယ်၏ စကားပြောနိုင်စွမ်းကို ချိပ်ပိတ်ထားသော အစွမ်းကို ချက်ချင်း လွှတ်ပေးလိုက်၏။ ဆမ်မြူရယ်က ခုခံကာကွယ်ရန် အလျင်စလို မလုပ်ဘဲ ခဏတာ တိတ်ဆိတ် နေပြီးမှ ပြောလိုက်သည်။ “အရှင်မင်းကြီး။ ကျုပ်က မရဏနက် နောက်လိုက် မဟုတ်ပါဘူး။ ကျုပ်ရဲ့ လက်နက် ‘မိုးပျံပျောက်ပျက်’ဓား ကို ဗိုလ်ခြေ ဗိုလ်ချုပ် ဖာဂရစ်ဇ်က ဒီကာလအတွင်း သိမ်းဆည်းခဲ့တယ်။ ဒါကို ပြုပြင်ထားတာ ဖြစ်နိုင်ပါတယ်။ ‘မိုးပျံပျောက်ပျက်’ရဲ့ ဇစ်မြစ်နဲ့ ကျုပ်ရဲ့ စွမ်းအားအတွက်... မရှင်းပြနိုင်တာ ခွင့်လွှတ်ပေးပါ။”

ဧကရာဇ် လက်ဇ်က အနည်းငယ် မျက်ခုံး ပင့်လိုက်သည်။ ဒီလိုမျိုး အခြေအနေမှာတောင် ဆမ်မြူရယ်က ဖုံးကွယ်ထားချင် သေးတာပဲ။ သူက မရဏနက်နောက်လိုက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူ့နောက်မှာ ဘယ်လိုမျိုး စွမ်းအားစုတွေပဲ ရှိရှိ...။ တိုတိုပြောရရင် ငါ့ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ အင်အားကို ငါ စွန့်လွှတ်လိုက်တာ ပိုကောင်းတယ်။ ထိုအရာက အုပ်ချုပ်သူ တစ်ယောက်၏ လက်ဇ်လမ်းစဉ်၊ ပို၍ တိတိကျကျ ပြောရလျှင် အုပ်ချုပ်သူ တစ်ယောက်၏ နည်းစနစ်ပင်။

ဆမ်မြူရယ် ဆက်မရှင်းပြတော့ပေ။ သူက ဇနီးဖြစ်သူ ဂျိုအန်နာ နှင့် ဂျိုအန်နာ ဘေးမှ အီနာတို့ကို နောင်တရသလိုမျိုး တစ်ချက် ကြည့်လိုက်သည်။

“ချေပဖို့ နည်းလမ်းမရှိဘူးပေါ့ ဟုတ်လား။” ဂါဖီးလ်၏ မျက်လုံးများတွင် ရက်စက်သော အမူအရာ ပေါ်လာသည်။ “သက်သေတွေ ခိုင်လုံနေပေမယ့် မင်းက မရဏနက်နောက်လိုက် မဟုတ်ဘူးလို့ ငြင်းနေတုန်းပဲ။ ဘယ်သူက မင်းကို ယုံမှာလဲ။”

“ကျွန်မ သူ့ကို ယုံတယ်။” ဂျိုအန်နာက ရိုင်းစိုင်းမှု သို့မဟုတ် မိသားစု အကြောင်း မတွေးဘဲ အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်၏။ ထိုအချိန် သူက ဆမ်မြူရယ်နှင့်သာ အတူ ရှိနေချင် ခဲ့သည်။

“ကျွန်မလည်း သူ့ကို ယုံတယ်။” ဂျိုအန်နာ၏ အိမ်ဖော်အဖြစ် တက်ရောက် လာသော အီနာက မတွန့်ဆုတ်တော့ပေ။ အကြောင်းမှာ ထိုအရာက သူ၏ ရည်ရွယ်ချက်ကို ဖော်ပြရန် နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်၍ပင်။ ဂျိုအန်နာက အီနာကို ကြည့်လိုက်ပြီး သူတို့ နှစ်ယောက်က အတူတူ လက်များကို ဆုပ်လိုက်ကြလေသည်။

ဆမ်မြူရယ်က ဧကရာဇ် လက်ဇ်ကို ဖြေကြားလိုက်သည့် အချိန်မှစ၍ ရှိသမျှ ဂုဏ်သရေရှိ မိသားစုများအားလုံးက ဆမ်မြူရယ်၏ အဆုံးသတ်ကို နားလည် သွားကြပြီဖြစ်ရာ မည်သူမျှ စကားမပြော တော့သည်မှာ သဘာဝပင်။

ဂါဖီးလ်သည် ဂျိုအန်နာနှင့် အီနာ ကို မထေမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။ “ဆာ-ဝင်းတော်လ်။ ကျုပ်တို့ စီရင်ချက်ကို ကြေညာလို့ရပြီ ထင်တယ်။”

ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်က ခေါင်းညိတ်လိုက်သည်။ “ကျုပ် ကြေညာပါမယ်။ ဆမ်မြူရယ်က...”

ဒီအချိန်မှာ အစည်းအဝေးခန်းမရဲ့ နောက်ဘက်ကနေ ခိုင်မာတဲ့ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဆမ်မြူရယ်က မရဏနက် နောက်လိုက် မဟုတ်ဘူး!”

လူတိုင်း အံ့အားသင့် သွားကြသည်။ သူတို့ တပြိုင်နက်တည်း နောက်လှည့် ကြည့်လိုက်ရာ လူအချို့ ဝင်လာနေ သည်ကို တွေ့လိုက်ရသည်။

စကားပြောသူမှာ ရှေ့ဆုံးမှ ဝတ်ရုံ ခြုံထားသော မျက်နှာမသဲကွဲသည့် အမျိုးသား တစ်ဦး ဖြစ်သည်။ သူ့ပခုံးပေါ်တွင် ထူးဆန်းသော သတ္တဝါ တစ်ကောင်ရှိနေသည်။ သူ့ဘေးတွင် အမျိုးသား ၂ ဦးရှိ၏။ တစ်ဦးမှာ ဝိုင်ပုလင်းကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင် ထားသူ ဖြစ်ပြီး နောက်တစ်ဦးမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင် ထားသည်။ ၎င်းမှာ သိဒ္ဓိကျောင်းတော်၏ ဝတ်စုံဖြစ်ပြီး အဆိုပါဝတ်စုံ၏ ပုံစံ ကိုယ်စားပြုသော အဆင့်အတန်းက နှံ့စပ်သော ဂုဏ်သရေရှိ မိသားစုများကို အံ့အားသင့်စေခဲ့သည်။

“မင်းတို့ ဘယ်သူတွေလဲ။ ဘယ်လို အတင့်ရဲပြီး ဝင်လာရဲ တာလဲ...” ဗိုလ်ချုပ်တစ်ဦး ချက်ချင်း ငေါက်လိုက်ပြီး အင်ပါယာ အစောင့်အရှောက်များက လှုပ်ရှားရန် ပြင်ဆင်နေကြသော်လည်း ဧကရာဇ် လက်ဇ်၏ လက်အမူအရာ ပြပြီး တားဆီးခဲ့သည်။ အကြောင်းမှာ ဧကရာဇ် လက်ဇ်သည် ကျောင်းတော်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားကို မှတ်မိပြီး သူ အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့သည်။

“ဝင်းတော်လ်။ ဒီစစ်သည်တော်က မရဏနက်နောက်လိုက် မဟုတ်ဘူးလို့ စီရင်ချက် ကြေညာလို့ ရပြီ။” ကျောင်းတော်မှ အမျိုးသားက ဧကရာဇ် လက်ဇ်ဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြီး တစ်ခုခု ပြောလိုက်သည်။

“ဆာ-ဂရာလင်!” တရားသူကြီးချုပ် ဝင်းတော်လ်က ထရပ်ပြီး အမျိုးသားအား ဦးညွှတ်အရိုအသေပြုလိုက်၏။

ဂရာလင်! သိဒ္ဓိကျောင်းတော်ရဲ့ ရေဖျန်းဘုန်းတော်ကြီး ၃ ပါးထဲက ၁ ပါး!

ယခု လူတိုင်းက ဒီအမျိုးသား၏ မြင့်မားသော အဆင့်အတန်းကို နားလည် သွားကြပြီး အားလုံး အံ့အားသင့်သော အမူအရာများ ပြသနေကြသည်။ ရေဖျန်း ဘုန်းတော်ကြီးက ပုပ်ရဟန်းမင်းနှင့် ဂိုဏ်းချုပ်တို့ပြီးရင် ကျောင်းတော်၏ ခေါင်းဆောင် ဖြစ်သည်။

သိဒ္ဓိအလင်းတောင်၏ ဂိုဏ်းအုပ် အချုပ်က သာမန်အင်ပါယာ သို့မဟုတ် တိုင်းပြည်၏ ဂိုဏ်းအုပ် အချုပ်ထက် ရာထူး ပိုမြင့်သော်လည်း ဒီရေဖျန်း ဘုန်းတော်ကြီး အရှေ့တွင်တော့ သူက ခေါင်းငုံ့ ရိုကျိုးရုံသာ တတ်နိုင်လေသည်။ ဝင်းတော်လ်က ဂရာလင် အခြေအနေကို သဘောမပေါက်သေးဟု ထင်သည့် အတွက် ရှင်းပြလိုက်သည်။ “ဆာ-ဂရာလင် ဒီထိုဆမ်မြူရယ်က...”

“ရှင်းပြစရာမလိုဘူး။ ဆာ-အာသာက မရဏနက်နောက်လိုက် မဟုတ်ဘူးလို့ ပြောရင် မဟုတ်တာပဲ။ နားလည်လား” ဂရာလင်၏ လေသံက နည်းနည်း ပို၍ တင်းမာလာသည်။ “မင်းရော ငါရော မရဏနက်နောက်လိုက် မဟုတ်သလိုပဲ။”

ဧကရာဇ် လက်ဇ်က ‘အာသာ’ ဟူသော အမည်ကို ကြားလိုက်သောအခါ အနည်းငယ် တုန်လှုပ် သွားသည်။ နောက်ဆုံးတွင် သူ၏ အာရုံစိုက်မှုကို ရှေ့ဆုံးရှိ ဝတ်ရုံခြုံထားသည့် အမျိုးသား ထံသို့ လှည့်လိုက်သည်။

ဂရာလင်၏ နောက်ဆုံးစကား၏ အဓိပ္ပာယ်က ဝင်းတော်လ် ကို တုန်လှုပ် စေခဲ့ပြီး မတွန့်ဆုတ်ဘဲ ပြောလိုက်၏။ “ကျုပ် ကြေညာပါတယ်။ စစ်သည်တော် ဆမ်မြူရယ်က မရဏနက် နောက်လိုက် မဟုတ်ပါဘူး။”

ရလဒ်ကို ကြေညာလိုက်သည်နှင့် တပြိုင်နက် ဂုဏ်သရေရှိ မိသားစုအားလုံး အံ့အားသင့်သွားကြသည်။ ဂါဖီးလ်သည် ထိုသို့သော အလှည့်အပြောင်းကို မမျှော်လင့် ထားခဲ့ပေ။ သူက ဒေါသတကြီး ပြောလိုက်၏။ “ခဏလေး။ ဆမ်မြူရယ်က မရဏနက်နောက်လိုက် ဖြစ်တယ်ဆိုတဲ့ သက်သေ ခိုင်လုံ နေတယ်။ ဘယ်လိုလုပ် သူ့ကို အပြစ်ကင်းတယ်လို့ စီရင်ချက် ချနိုင်ရတာလဲ။”

ဝတ်ရုံခြုံထားတဲ့ အမျိုးသားက ဂါဖီးလ်ဘေးက ထရီနစ်ကို လက်ညှိုးထိုး ပြပြီး ဝိုင်သောက်နေတဲ့ အမျိုးသားကို “အဲဒီဓားကို ယူပေး။”

ဝိုင်သောက်နေတဲ့ အမျိုးသားက သမ်းဝေလိုက်ပြီး ထရီနစ်ရဲ့ ဘက်ကို ပျင်းရိစွာ ကြည့်လိုက်သည်။ ထရီနစ်က ကြောက်မက်ဖွယ် စွမ်းအားတစ်ခုရဲ့ ဖိနှိပ်မှုကို ခံစားလိုက်ရပြီး ဆူပွက်နေတဲ့ ချော်ရည်များ ရှိနေသည့် ကမ်းပါးစွန်း၌ ရပ်နေသလို လှုပ်မရ ဖြစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံး ချွေးအေးများ ရွှဲစိုသွားတော့သည်။

လူတိုင်း၏ မျက်စိရှေ့တွင် ထရီနစ်က ‘ဖတ်’ခနဲ မြေပြင်ပေါ် လဲကျသွားပြီး ကြောက်ရွံ့တဲ့ အမူအရာနဲ့ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူ့လက်ထဲမှာ ကိုင်ထားသော ဆမ်မြူရယ်၏ လက်နက် ပျောက်ကွယ်သွားပြီး ဝိုင်သောက်နေတဲ့ အမျိုးသား၏ လက်ထဲကို တိုက်ရိုက် ရောက်သွားခဲ့သည်။

တစ်ချက်ကြည့်ရုံနဲ့ အစစ်အမှန် သူတော်စင်အဆင့်နီးပါး ရောက်နေတဲ့ ရွှေသူရဲကောင်း ထရီနစ်က...

ထို့အပြင် ရှိနေတဲ့ လူအများစုမှာ ဓားက မည်သို့ ထိုသူ၏ လက်ထဲ ရောက်သွားကြောင်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။

ဗိုလ်ချုပ်များစွာ အံ့အားသင့်စွာဖြင့် ထရပ်လိုက်ကြသည်။ ဧကရာဇ် လက်ဇ် ရဲ့ မျက်လုံးတွေ ပိုပြီး အံ့အားသင့်လာနေပြီး သူ့လက်ဝဲလက်ခလယ်မှ လက်စွပ်ကို ဖြည်းညှင်းစွာ ပွတ်သပ်နေခဲ့သည်။

ဝတ်ရုံခြုံထားတဲ့ အမျိုးသားဘက်က ဂရာလင် အပါအဝင် မည်သူမှ အံ့သြ မနေကြပေ။ သို့သော် ဝတ်ရုံခြုံထားတဲ့ အမျိုးသား၏ ပခုံးပေါ်မှ ထူးဆန်းသော အရာကတော့ ဝိုင်သောက်နေတဲ့ အမျိုးသား ဘေးနားသို့ ရောက်လာပြီး ဝိုင်ပုလင်းကို ကိုင်ထားကာ ဂလုဂလုနှင့် သောက်နေခဲ့သည်။

ထိုအချိန် လျို့ဝှက်ဆန်းကြယ်သော ဝတ်ရုံခြုံထားသည့် အမျိုးသားက ဓားရှည်ကို ယူထားလိုက်ပြီ ဖြစ်ပြီ။ သူက တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။ “အမှောင်စွမ်းအား နည်းနည်းလေး ထည့်ထားတာကိုး။ အ‌တော်လေး မသေသပ်တဲ့ လှည့်ကွက်ပဲ...”

ထိုသို့ပြောပြီးနောက် ဓားကို ဓားအိမ် ထဲမှ ဆွဲထုတ်ကာ မြှောက်ကိုင် လိုက်၏။ ဖျက်ဆီးခြင်း အငွေ့အသက်များ ထပ်မံ ပျံ့နှံ့လာချိန်တွင် ဓားပေါ်တွင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် လင်းထိန် လာသည်။

ထိုအလင်းရောင်က နေကဲ့သို့ အားကောင်းပြီး ဖျက်ဆီးခြင်း အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ် သွားခဲ့ပြီး အစည်းအဝေး ခန်းမတစ်ခုလုံးက မြင့်မြတ်ကာ နွေးထွေးသော အလင်းစွမ်းအားတစ်ခု ခံစားလိုက်ကြရသည်။

ဒီလောက် အားကောင်းတဲ့ အလင်း စွမ်းအား! ဝင်းတော်လ်၏ မျက်နှာပေါ်၌ အံ့သြမှုနှင့် ရိုသေမှု ရောထွေးနေခဲ့ပြီး လျို့ဝှက်ဆန်းကြယ် ဝတ်ရုံခြုံထားသော အမျိုးသားကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ် ခဲ့လေသည်။

ခဏအကြာတွင် အလင်းသည် တောက်ပခြင်းမှ ဖြည်းဖြည်း ကြည်လင် လာသည်။ ဝတ်ရုံခြုံထားသည့် အမျိုးသား၏ ဦးခေါင်းမှ သရဖူတစ်ခု ပျောက်ကွယ် သွားသကဲ့သို့ ဖြစ်ပြီး ထို့နောက် ထိုသူက လက်ဇ် ဘက်သို့ ဦးညွှတ်ကာ အစည်းအဝေးစင်မြင့် ဘက်သို့ တစ်လှမ်းချင်း လျှောက်လှမ်း လာခဲ့သည်။

သူက ထူးခြားသော စွမ်းအားကို မပြခဲ့သော်လည်း ဖော်ပြ၍ မရသော စိတ်နေသဘောထားကို ထုတ်ဖော်ပြသ နေခဲ့တယ်။ ဂါဖီးလ်ဖြစ်စေ၊ လုခ်ဖြစ်စေ၊ သူတို့က သူ့ကို ခဏတာ တားဆီးရန် စကားပင် မပြောနိုင်ခဲ့ကြပေ။

ထိုဆမ်မြူရယ်က ဝတ်ရုံခြုံထားတဲ့ လျို့ဝှက်ဆန်းကြယ်သည့် အမျိုးသားကို စိုက်ကြည့်နေခဲ့ပြီး သူ့ရဲ့ အကြည့်က အနည်းငယ် တုန်ယင်နေခဲ့သည်။ သေခြင်းတရားကို ရင်ဆိုင်ရချိန်မှာပင် ထိုကဲ့သို့ စိတ်ခံစားမှုကို တစ်ခါမှ မခံစား ခဲ့ရဖူးပေ။ အမှန်တကယ်၌ ဝတ်ရုံခြုံ ထားသော အမျိုးသား ထိုအစည်းအဝေး ခန်းမထဲ ဝင်လာသော အချိန်ကတည်းက ဒီရွှေသူရဲကောင်း အကြည့်က သူ့ဆီမှ မခွာခဲ့ပေ။

ဝတ်ရုံခြုံထားသည့် အမျိုးသားက ဆမ်မြူရယ်အနားသို့ ရောက်လာပြီး သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ငါ့ရဲ့ လက်အောက်ငယ်သား။”

ဆမ်မြူရယ်၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများက ဆမ်မြူရယ်၏ ခန္ဓာကိုယ် ပေါ်ရှိ အချုပ်အနှောင် စွမ်းအားများသည် မည်သည့်အချိန်က လွတ်မြောက်သွား ကြောင်းကို မသိခဲ့ကြပေ။

“မိတ်ဆွေ မင်းက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ ကတိအတွက် အသက်ကို စတေးခဲ့တဲ့ သစ္စာရှိ လက်အောက် ငယ်သား တစ်ယောက်ပဲ။” ဝတ်ရုံ ခြုံထားသော အမျိုးသားက ဓားရှည် ‘မိုးပျံပျောက်ပျက်’ကို ဆမ်မြူရယ်၏ ပခုံးပေါ်သို့ ဖြည်းဖြည်းချင်း တင်လိုက်၏။

“ဆမ်မြူရယ်ကမ့်လော့၊ အား.... ခဏလေး... မင်းကို မိသားစုကနေ နှင်ထုတ်လိုက်ပြီနဲ့ တူတယ်။ ဒီတော့... ဆမ်မြူရယ်၊ ငါ့မှာ ခွန်အားရှိရှိ၊ မရှိရှိ၊ အာဏာရှိရှိ၊ မရှိရှိ၊ ငါ့ရဲ့ ဂုဏ်အတွက် တိုက်ခိုက်ပေးဖို့ မင်း ဆန္ဒရှိလား။”

“ကျုပ် ဘဝတစ်သက်တာ အတွက် ဂုဏ်ယူစရာပါ။” ဆမ်မြူရယ် ခေါင်းငုံ့ လိုက်၏။ သူ၏ လက်ကောက်ဝတ်တွင် သွေးများရှိနေပြီး လေထဲ အမှတ်အသား တစ်ခု ဖြစ်ပေါ်လာသည်။ “ကျုပ် သွေးနဲ့ ကျိန်ဆိုပါတယ်။ သခင့် အတွက် ဆူးငြှောင့် အားလုံးကို ဖြတ်တောက်မယ့် ဓားတစ်ချောင်း ဖြစ်လာပါ့မယ်။”

“မင်းကို ငါ့နောက် လိုက်ဖို့ ခွင့်ပြုတယ်။ ဘယ်နေရာ၊ ဘယ်အချိန် မဆိုပေါ့။” ဝတ်ရုံခြုံ အမျိုးသားက ဓားရှည်ကို ဆမ်မြူရယ်အား ပေးလိုက်ပြီး သူက နှစ်လက်ဖြင့် ရိုသေစွာ ယူလိုက်သည်။ သူ ထရပ်လိုက်ရာ လုံးဝ ကွဲပြားသော လူတစ်ဦးကဲ့သို့ တောက်ပ နေခဲ့သည်။ အရှင်မင်းသားက သူ့ကို ဧကရာဇ် လက်ဇ်အရှေ့၊ လူတိုင်းရှေ့တွင် လက်အောက်ငယ်သား တစ်ယောက် အဖြစ် အသိအမှတ် ပြုခဲ့လေသည်။

ဂိုဏ်းအုပ်အချုပ် ဝင်းတော်လ်၏ စိတ် လုံးဝ စိတ်သက်သာရာ ရသွားခဲ့သည်။ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသား ပိုင်ဆိုင်တဲ့ အလင်းစွမ်းအားကို အရှင် ပုပ်ရဟန်းမင်းပဲ ယှဉ်နိုင်မယ်။ သူ့ရဲ့ လက်အောက်ငယ်သားက ဘယ်လိုလုပ် မရဏနက်နောက်လိုက်ဖြစ်နိုင်မှာလဲ။

“မင်းက ဘယ်သူလဲ။ ဒီလောက် အတင်းရဲတာ။ အရှင်မင်းကြီး အရှေ့မှာ မရဏနက်နောက်လိုက်လို့ သံသယ ရှိတဲ့သူကို လက်အောက်ငယ်သားအဖြစ် လက်ခံရဲတာလား။” ဂါဖီးလ်က သတိပြန် ဝင်လာတဲ့အခါ ချက်ချင်း ဒေါသထွက် သွားခဲ့သည်။

“ဒါက နဂါးလင်းလက် အင်ပါယာ တစ်ခုလုံးရဲ့ ဂုဏ်ကို စော်ကားတာပဲ။ အစောင့်တွေ!” စတုတ္ထမင်းသား လုခ်လည်း အသံကျယ်ကျယ် အော်ပြော လိုက်သည်။ ထိုအချိန်က ဖခင်ရှေ့တွင် စွမ်းဆောင်ပြရမည့် အချိန် ဖြစ်ပြီး နောက်ကျ ကျန်နေ၍ မဖြစ်ပေ။ ပတ်ဝန်းကျင်မှ ဗိုလ်ချုပ်နှင့် ဂုဏ်သရေရှိ မိသားစု အားလုံး ထရပ်လိုက်ကြ၏။

“တိတ်စမ်း!” ဧကရာဇ် လက်ဇ် ပြောလိုက်ခြင်း ဖြစ်သည်။ နဂါးလင်းလက် အင်ပါယာ၏ အမြင့်ဆုံး အုပ်ချုပ်သူက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ့၏ မျက်လုံးက ဝတ်ရုံခြုံ အမျိုးသား၏ မှုန်ဝါးနေသော မျက်နှာကို စိုက်ကြည့် နေခဲ့သည်။ “မင်းက ဘယ်သူလဲ...”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လျို့ဝှက်ဆန်းကြယ်သော အမျိုးသားက ခဏတာ တိတ်ဆိတ် နေခဲ့ပြီး ဝတ်ရုံကို ဖြည်းဖြည်းချင်း ချွတ်လိုက်၏။

All Chapters