← Chapters

အစီအရင်ဆရာ

Vol. 22 Ch. 305

အစီအရင်ဆရာ

Vol. 22 Ch. 305

ယဲ့ကျွင်းလင်က ခေါင်းညိတ်ပြီး မဆိုင်းမတွ ကတိပြုလိုက်သည်။ “စိတ်မပူပါနဲ့၊ ကောင်းကင်ဘုံအစည်းအရုံးဖြစ်ဖြစ် မရဏစစ်တပ်ကြီးဖြစ်ဖြစ် ကျွန်တော် အကုန်လုံးကို နှိမ်နင်းပစ်လိုက်မယ်”

“ဘာ?!”

လျိုဟွမ်းရှု၏ အမူအရာ ထူးဆန်းသွားသည်။ တမင်တကာ အနောက်နှစ်လှမ်းဆုတ်ကာ ဆံဖြူလူငယ် ကို အပေါ်အောက် စုန်ချည်ဆန်ချည် တစ်ချက်ကြည့်ပြီး ရေရွတ်မိ၏။ “ဒီနေ့ခေတ် လူငယ်တွေ အကုန်လုံး ဒီလိုပဲ မာန်တက်နေကြတာလား"

ထိုတစ်ချိန်က ခွင်းလွင်၏ ‌ထောက်တိုင်ကြီးလေးတိုင်ပင် မသေမျိုးအရှင်များဖြစ်သော်ငြား ဤကဲ့သို့ ကြွားဝါရန် မရဲခဲ့လှ။ ဤလူငယ်သည် သူတို့ထက်ပင် ပိုလို့အစွမ်းထက်နေသည်လော။

လူငယ်များ ယုံကြည်မှုရှိခြင်းက ကောင်းသော်လည်း ယုံကြည်မှုလွန်ကဲနေလျှင်မူ စကြဝဠာ၏ကျယ်ပြန့်မှုကို နားမလည်သေးခြင်းသာ။

လျိုဟွမ်းရှုသည် ထို မောင်ကံကောင်းမှာ အရာအားလုံးတွင် တော်တတ်အောင်မြင်နေသောကြောင့် စကြဝဠာအတွင်းရှိ ထိပ်သီးစွမ်းအားရှင်မျာ၏ အဆင့်အတန်းကို မသိသေးသောကြောင့်သာ ကြွားဝါနိုင်နေခြင်းဖြစ်မည်ဟု တွေးလိုက်၏။

လက်ရှိ ထိုသူ၏ကျင့်ကြံဆင့်မှာ ထိုစွမ်းအားရှင်ကြီးများနှင့်ယှဥ်လျှင် သမုဒ္ဒရာနှင့် မိုးရေတစ်စက်မျှကဲ့သို့ ကွာခြားလွန်းလှသေးသည်ပင်။

နိုးထလိုက်ပါတော့!

သို့သော် လျိုဟွမ်းရှု မသိခဲ့သည်မှာ သူ၏ရှေ့တွင် ရပ်နေသော ထိုလူငယ်သည်လည်း အမှန်တကယ် ထူးခြားသော စွမ်းအားရှင်တစ်ဦး ဖြစ်ကြောင်းကိုပင်။ အကယ်၍ သူအထင်ကြီးလေးစားသော ထိုထောင်တိုင်လေးခုသာ ယဲ့ကျွင်းလင်ကို စိန်ခေါ်တိုက်ခိုက်ခဲ့လျှင် ခွင်းလွင်နယ်မြေတွင် ငါးယောက်မြောက်ထောင်တိုင်တစ်ခု ချက်ချင်းပင်ပေါ်ပေါက်လာမည်မလွဲ။

ဒီမြေနိုးက သူများကို ပါးရိုက်နိုင်တဲ့စနစ်ကို ပိုင်ဆိုင်ထားတာကိုး

“အစ်ကိုကြီးလျို၊ အခု နောက်ဆုံးအဆင့် ပြီးသွားပြီဆိုတော့ ယွင်ရှန်းကျွန်းကို ကျွန်တော် ဆက်ခံရမှာလား?” ယဲ့ကျွင်းလင် မေးလိုက်သည်။

ဤစကားကို ကြားသောအခါ လျိုဟွမ်းရှုသည် မျက်နှာတည်တည်ဖြင့် မုတ်ဆိတ်မွေးကို ဖွဖွသပ်ကာ နက်ရှိုင်းသော အပြုံးကို ဖော်ပြလိုက်သည်။ “ဟုတ်ပါတယ်။ အခုကစပြီး ယွင်ရှန်းကျွန်းကို မင်းကို ပေးအပ်လိုက်ပြီဆိုတော့ မင်းကပဲ အုပ်ချုပ်ရလိမ့်မယ်။ အားလုံးသော ကျင့်ကြံမှု အရင်းအမြစ်တွေ အကုန် မင်းအတွက်ပဲ။ ယွင်ရှန်းကျွန်းပေါ်မှာရှိတဲ့ အရာအားလုံးက မင်းကို သခင်အသစ်အဖြစ် သတ်မှတ်ကြလိမ့်မယ်!”

ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အိပ်မက်တစ်ခုဖြစ်သော မသေမျိုးအရှင် အမွေအနှစ် တစ်ခုဖြစ်၏။

လျိုဟွမ်းရှုသည် စကားအဆုံး၌ ထွက်ပေါ်လာမည့် ပျော်ရွှင်မြူးထူးသောအရိပ်အယောင်အား ကြိုတင်မြင်‌ယောင်မိသည်။

သူစိတ်ကူးထားသလိုဆိုလျှင်တော့ တစ်ဖက်လူမှာ ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်စွာ အားရပါးရ အော်ဟစ်ငိုယိုလိမ့်မည်။ သို့မဟုတ် ဝမ်းသာအားရ မျက်ရည်သွင်သွင်ကျကာ သူ့အား ကျေးဇူးအထပ်ထပ်တင်လာနိုင်သည်။ သို့မဟုတ် ခဏတာ စိတ်လှုပ်ရှားပြီးနောက် ပြန်လည်ထိန်းချုပ်ကာ တည်ငြိမ်စွာ ကျေးဇူးတင်စကား ဆိုလာပေမည်။

“အိုး”

ယဲ့ကျွင်းလင်၏ အမူအရာမှာ တစ်စက်မှ စိတ်မဝင်စားသည့်ဟန်။ ယွင်ရှန်းကျွန်း၏ အမွေအနှစ်သည် သူ့အတွက်တော့ နံရိုးအစပ်ကင်တစ်ချောင်းမျှပင် ဆွဲ‌ဆောင်မှုမရှိသကဲ့သို့။

လျိုဟွမ်းရှု ၏ အပြုံးသည်လည်း ချက်ချင်းပင် ရပ်တန့်သွားရ၏။

နေစမ်းပါဦး။

ဒါ ဘယ်လို သဘောမျိုးလဲ?

ဟန်ဆောင်နေတာလား? ဒါမှမဟုတ် ဂရုမစိုက်သလို ဟန်လုပ်တာလား?

လျိုဟွမ်းရှုသည် သူ့ဘဝတစ်သက်တာတွင် ဤမျှ ထူးဆန်းသောလူကို တစ်ခါမှ မမြင်ဖူးပါ။ သူ၏ ယွင်ရှန်းကျွန်းသည် အတိတ်ကာလက မသေမျိုးအရှင် စွမ်းအားရှင်များပင် လိုချင်ခဲ့သော အမွေအနှစ်တစ်ခု ဖြစ်သည်။

သို့သော် ယခုအခါ စိတ်ဝင်စားဟန်မပြသော ကျင့်ကြံသူ တစ်ဦး ရှိလာခဲ့သည်တဲ့!

ဟန်ဆောင်မှုသက်သက်သာဆိုလျှင်တော့ ထိုလူငယ်မှာ အကယ်ဒမီရှင်တစ်ဦးသာပင်။

သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အချက်မှာ ထိုလူငယ်သည် ဟန်ဆောင်နေပုံမရဘဲ အမှန်တကယ် စိတ်မဝင်စားသောကြောင့်။

လျိုဟွမ်းရှုသည် မိမိကိုယ်ကိုပင် သံသယဝင်လာမိ၏။ အားအင်ပြည့်ဝသော လူတစ်ဦး တာဝန်ကြီးကြီးတစ်ခုကို ထမ်းဆောင်ရန် စိတ်လှုပ်ရှားနေရင်း ရုတ်တရက် အားလျော့စိတ်ဓာတ်ကျသွားရသကဲ့သို့။

စိတ်အနှောင့်အယှက်ဖြစ်ရသည်။ စိတ်ပျက်စရာ ကောင်းသည်။

မဟုတ်သေးဘူး!

ယွင်ရှန်းကျွန်းရဲ့သခင်ဟောင်း ငါက အစီအရင်အကြီးအကဲတစ်ဦးဆိုလည်း ဟုတ်တယ်။ ဒီကောင်ငါ့ကို လွယ်လွယ်အထင်သေးလို့မရဘူး။

ငါ ဂုဏ်သိက္ခာကို ရအောင်ပြန်ယူရမယ်!

ယဲ့ကျွင်းလင်သည် ယွင်ရှန်းကျွန်း၏ အမွေအနှစ်ကို အမှန်တကယ် စိတ်မဝင်စားခဲ့ပါ။ သူ ပါဝင်ရခြင်း အကြောင်းရင်းမှာ စနစ်မှ ဆုလာဘ်များကို ရယူရန်သာမက စမ်းသပ်မှု တစ်ခုချင်းစီကလည်း အပျင်းပြေလောက်မည်ဟု ယူဆမိသောကြောင့်သာ။

ဤအမွေအနှစ်သည် မည်မျှပင် ခမ်းနားစေကာမူ သူ၏ ရွှေလက်ချောင်းနှင့် နှိုင်းယှဉ်၍ မရပေ။ ကျင့်ကြံခြင်းသည် သူ့ကို တက်ကြွလာအောင် မဆွဲဆောင်နိုင်။

“လူငယ်လေး၊ ငါ့ရဲ့ အစီအရင် စွမ်းရည်ကိုရော ဘယ်လိုထင်လဲ?”

သူ၏ အထူးကျွမ်းကျင်မှုအကြောင်း ပြောသောအခါ လျိုဟွမ်းရှု၏အမူအရာမှာ ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဝင့်ကြွားသွားတော့၏။

ယဲ့ကျွင်းလင်သည် နှစ်စက္ကန့်မျှ စဉ်းစားပြီးနောက် “အရမ်း အထင်ကြီးစရာ ကောင်းပါတယ်!” ဟု ပြန်ပြောလိုက်သည်။

ယဲ့ကျွင်းလင်သည် ယွင်ရှန်းကျွန်းသခင်၏ ထူးချွန်သော နည်းစနစ်များကို အမှန်တကယ် အံ့သြခဲ့ရသည်ပင်။

တစ်ဖက်လူသည် ခွင်းလွင်နယ်မြေ၏ သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သည်။

ရှားရှားပါးပါး ချီးကျူးစကားကို ကြားလိုက်ရသောအခါ လျိုဟွမ်းရှု အလွန်စိတ်လှုပ်ရှားသွားသည်။ ဤလူငယ်ဆီမှ စကားကောင်းကြားရရန် ဤမျှခက်ခဲလှသည်လော။

“ဟုတ်တယ်။ ငါ့ရဲ့ အစီအရင် စွမ်းရည်ဟာ လက်ရှိခေတ်မှာ အကောင်းဆုံးပဲ! ကမ္ဘာအားလုံးမှာ အစီအရင် မဟာအကြီးအကဲအဆင့်အဖြစ် အသိအမှတ်ပြုခံထားရတယ်လေ”

လျိုဟွမ်းရှုက ဂုဏ်ယူစွာ ပြောလိုက်သည်။

“အစီအရင် မဟာအကြီးအကဲ? ဒါက အစီအရင် ဆရာသခင်တစ်ဦးရဲ့ အမြင့်ဆုံးဘွဲ့လား?” ယဲ့ကျွင်းလင် မေးလိုက်သည်။

“ဟုတ်တယ်။ အစီအရင် ဆရာသခင်ရဲ့ အဆင့်တွေကို ဝိညာဉ်အစီအရင် ဆရာသခင်၊ ကမ္ဘာမြေအစီအရင် ဆရာသခင်၊ ကောင်းကင်ဘုံအစီအရင် ဆရာသခင်၊ တာအိုအစီအရင် ဆရာသခင်နဲ့ အစီအရင် မဟာအကြီးအကဲဆိုပြီး သေသေချာချာ ခွဲခြားထားတယ်"

“ဒီလို အဆင့် ခွဲခြားမှု ရှိတာလား? ကျွန်တော် မှတ်မိသလောက်တော့ လက်ရှိခေတ်မှာ ပထမအဆင့်ကနေ နဝမအဆင့်အထိ ခွဲခြားထားပြီး၊ ကျွန်တော့်အဆင့်ကဆို နဝမအဆင့် အစီအရင်ဆရာသခင်တစ်ဦးနဲ့ ညီမျှနေပြီ” ယဲ့ကျွင်းလင်က ရိုးသားစွာ ပြောလိုက်သည်။

စနစ်က အစီအရင် စွမ်းရည်ကို မြှင့်တင်ရန်အတွက် ဆုလာဘ်များတစ်ခါတစ်ရံ ပေးတတ်သည်။ ဤသို့ဖြင့် သူ၏ အစီအရင် အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ သင့်တော်သော အစီအရင် ပုံကြမ်းများ ရှိနေသရွေ့ ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား တားဆီးနိုင်သော အစီအရင်ကောင်းတစ်ခုကို သူဖန်တီးနိုင်ပေမည်။

“နဝမအဆင့် အစီအရင် ဆရာသခင်?” လျိုဟွမ်းရှုသည် ဤဘွဲ့ကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သောကြောင့် သူ၏ အမူအရာသည် အနည်းငယ် ထူးဆန်းသွားဟန်ရှိ၏။ ထို့နောက် လက်ဖဝါးကို ဆန့်တန်းလိုက်ပြီး သုံးဖက်မြင် ပုံရိပ်နှင့် ဆင်တူသော အစီအရင် လေးမျိုးကို ပြသလိုက်သည်။

“ဒီမှာ အစီအရင် လေးမျိုး ရှိတယ်။ ဒါတွေကို ဖြေရှင်းဖို့ကြိုးစားကြည့်၊ မင်းရဲ့ နဝမအဆင့် အစီအရင် ဆရာသခင် စွမ်းရည်ကို ငါ ကြည့်စမ်းပါဦးမယ်”

“ကောင်းပါပြီ”

ယဲ့ကျွင်းလင်လည်း သူ့အဆင့်သူသိရဖို့ စိတ်ဝင်စားသွားခဲ့၏။

နာရီဝက်မျှ ကြာပြီးနောက် ယဲ့ကျွင်းလင်၏ နဖူးတွင် ချွေးများ စီးကျလာသည်။ သူသည် ပထမဆုံး အစီအရင်ကို ဖြေရှင်းရန်ပင် အလွန်အားထုတ်ခဲ့ရလေသည်။

“တော်ပြီ”

လျိုဟွမ်းရှုက သူ့လက်ကိုပြန်ရုပ်ပြီး ခေါင်းခါလိုက်သည်။ “မင်းရဲ့ နဝမအဆင့် အစီအရင် ဆရာသခင် က ဝိညာဉ်အစီအရင်ဆရာသခင် အထွဋ်အထိပ်လောက်ပဲ ရှိသေးတယ်။ မင်းဟာက ကမ္ဘာမြေအစီအရင် ဆရာသခင်ရဲ့ အခြေခံအဆင့်ကိုတောင် မရောက်သေးဘူး!”

“အား၊ ဒီလိုကိုး…”

ယဲ့ကျွင်းလင် အနည်းငယ် အံ့သြသွားသည်။ ကမ္ဘာ့ပေါ်ရှိ လူအများအထင်ကြီးသော နဝမအဆင့် အစီအရင် ဆရာသခင်သည် လက်ဟောင်းဆရာတစ်ဦးနှင့် နှိုင်းယှဥ်ပါက ဤမျှ အဆင့်နိမ့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အစီအရင် မဟာအကြီးအကဲ အဆင့်ဆိုလျှင် မည်မျှအထိ မြင့်မားလိုက်လေမည်နည်း?

“အစီအရင် ဆရာသခင် အဆင့်တွေဟာ စိတ်စွမ်းအင်နဲ့ ဆက်စပ်နေတယ်။ မင်းရဲ့ စိတ်စွမ်းအင်က စံနှုန်းမမီရင် ထူးချွန်တဲ့ နည်းစနစ်တွေ ရှိနေရင်တောင် သက်ဆိုင်ရာ အစီအရင်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူး!”

“စိတ်စွမ်းအင် ဆိုတာ သက်ရှိတိုင်းရဲ့ အသိစိတ်ထဲမှာ ပါဝင်ပြီး အားကောင်းခြင်း အားနည်းခြင်း စတဲ့အခြေအနေလည်းရှိတယ်။ လက်ရှိမှာ အဆင့် တစ်ရာ့ကိုးဆယ့်ကိုးဆင့်အထိ ခွဲခြားထားတယ်!”

“ကျင့်ကြံသူရဲ့ စွမ်းအားဟာ သူတို့ရဲ့ ကျင့်ကြံဆင့်နဲ့ ဆက်စပ်တယ်လို့ လူသိများပေမယ့် ချွင်းချက်တွေလည်း ရှိတယ်။ အစီအရင်နယ်ပယ်မှာတော့ မင်းဟာမင်း ကျင့်ကြံဆင့်ဘယ်လောက်မြင့်မားနေပါစေ၊ စိတ်စွမ်းအင်နိမ့်ရင် သုံးစားရမနေဘူး"

“ဒီလိုကွာ။ လူတစ်ယောက်ဟာ ဘေးဒုက္ခကျော်လွှားခြင်း အဆင့်လောက်ပဲရှိတဲ့ ကျင့်ကြံသူ ဖြစ်နေပေမယ့် သူတို့ရဲ့ စိတ်စွမ်းအင်က အင်အားအရမ်းကြီးနေတယ်ဆိုရင် စိတ်စွမ်းအင် နည်းစနစ်ကို အသုံးပြုပြီး စစ်မှန်သော မသေမျိုးအရှင်ရဲ့ အသိစိတ်ကိုတောင် ‌ဖောက်ထွင်းဖျက်ဆီးနိုင်တယ်!”

“မင်းပြောကြည့်၊ ဒီလိုလူမျိုးက ကြောက်စရာမကောင်းပေဘူးလား?”

လျိုဟွမ်းရှုက အဓိပ္ပာယ်ပါပါ တစ်ခွန်းမေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ကျွင်းလင် စိတ်လှုပ်ရှားသွားသည်။

ဒီလို ထူးခြားတဲ့ လူမျိုး ကမ္ဘာမှာ ရှိနေတာလား?

ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ!

နေစမ်းပါဦး၊ ဒါဆို အကယ်၍ တစ်ဖက်ရန်သူက စိတ်စွမ်းအင်နဲ့ သူ့ကို တိုက်ခိုက်လာရင် သူရဲ့ရွှေလက်ချောင်းအလုပ်လုပ်ပြီး သူ့စိတ်စွမ်းအင်က ရန်သူထက်ပိုအားပြင်းသွားဦးမှာလား?

ယဲ့ကျွင်းလင် ဂရုတစိုက် စဉ်းစားကြည့်လိုက်ပြီး ၎င်းသည် ဖြစ်နိုင်ချေရှိကြောင်း သိလိုက်သည်။ စိတ်စွမ်းအင်ကျင့်စဥ်ကျင့်ကြံသူများကို သူအထင်မသေးဝံ့တော့ပေ။ တွေးရင်းတွေးရင်း ပို၍ပင်စိတ်လှုပ်ရှားလာရ၏။

“အယ်?”

လျိုဟွမ်းရှုသည် ယဲ့ကျွင်းလင်၏ အမူအရာ ထူးဆန်းနေသည်ဟု ခံစားရသည်။

ဒီကောင်က ကြောက်ရမယ့်အစား ဘာလို့ မြောက်ကြွမြောက်ကြွ ဖြစ်နေရတာလဲ?

စိတ်ကူးယဉ်နေတာဖြစ်ရမယ်!

လျိုဟွမ်းရှုသည် သူ၏ ရှုပ်ထွေးနေသောအတွေးများကို ဖယ်ထုတ်ကာ လည်ချောင်းရှင်းလိုက်ပြီး ဆက်ပြောသည်။ “စိတ်စွမ်းအင် မြှင့်တင်ခြင်းဟာ အရမ်းခက်ခဲတယ်။ အခုတော့ မတူညီတဲ့ အစီအရင် ဆရာသခင်တွေနဲ့ သက်ဆိုင်ရာ စိတ်စွမ်းအင် အဆင့်တွေအကြောင်း ငါ ပြောပြမယ်”

“ဥပမာအားဖြင့်၊ ဝိညာဉ်အစီအရင် ဆရာသခင်တစ်ဦးဖြစ်ဖို့အတွက် စိတ်စွမ်းအင်အဆင့် ၁၀နဲ့ ၁၂ကြား လိုအပ်တယ်"

“ကမ္ဘာမြေအစီအရင် ဆရာသခင် ဖြစ်ဖို့ဆိုရင် အဆင့် ၂၁ကနေ ၅၀အထိ”

“ကောင်းကင်ဘုံ အစီအရင် ဆရာသခင်ဆိုရင် အဆင့် ၅၁ကနေ ၁၀၀အထိ”

“တာအို အစီအရင် ဆရာသခင်ဆိုရင် အဆင့် ၁၀၁ကနေ ၁၉၉အထိ”

“အဆင့်နှစ်ရာ ရောက်မှသာ အစီအရင် မဟာအကြီးအကဲဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်!”

ထိုစကားကို ကြားသောအခါ ယဲ့ကျွင်းလင်သည် လက်ညှိုးတထိုးထိုးဖြင့် တအံ့တသြရေရွတ်လာ၏။ “အစ်ကိုကြီးလျို၊ ခင်ဗျားကို အစီအရင် မဟာအကြီးအကဲလို့ ခေါ်တာဆိုတော့ ခင်ဗျားရဲ့ စိတ်စွမ်းအင် က အဆင့် နှစ်ရာ ရှိမှာ‌ပေါ့!”

လျိုဟွမ်းရှုက ရင်ဘတ်ကော့ကာ ဂုဏ်ယူစွာဖြင့် “ဟုတ်တယ်ကွ!” ဟု ပြောလိုက်သည်။

ဘယ်လိုလဲ၊ ငါ့ကို အရမ်း အထင်ကြီးသွားပြီ မဟုတ်လား!

ယဲ့ကျွင်းလင်က ချက်ချင်းပင် တိုက်တွန်းလိုက်သည်။ "ဒါဆိုခင်ဗျား ထုတ်ပြလို့ရမလား? ကျွန်တော့်ကိုပစ်မှတ်ထားပြီး ထုတ်သုံးကြည့်"

“ဘယ်လို ဖြစ်နိုင်မှာလဲ? ငါက စိတ်ဝိညာဥ် တစ်ပိုင်းတစ်စပဲလေ။ မူလခန္ဓာလို ကြီးမားတဲ့ စိတ်စွမ်းအင် ဘယ်မှာ ရှိနိုင်မှာလဲ?”

ယဲ့ကျွင်းလင် : “…”

ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းကာ နှစ်သိမ့်လာ၏။ "ရပါတယ်လေ ခင်ဗျားအပြစ်မဟုတ်ပါဘူး"

လျိုဟွမ်းရှု မျက်လုံးပြူးသွားသည်။ ဒီလေသံက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ?

သူ့ကို အထင်သေးနေတာလား?

စိတ်ဝိညာဥ်တစ်ပိုင်းတစ်စလေးပဲ ဖြစ်နေရင်တောင် ငါ့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိတယ်ကွ!

ပြီးတော့ ငါ့ စိတ်စွမ်းအင်က အဆင့် နှစ်ရာ ဖြစ်နေရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ?

ငါက စိတ်စွမ်းအင်နဲ့ မင်းကိုတိုက်ခိုက်လိုက်ရင်း မင်းစိတ်စွမ်းအင်က ငါ့ထက် အလိုအလျောက်မြင့်တက်သွားလိမ့်မယ်လို့များ ထင်နေတာလား?

ဟွန်း!

အဓိပ္ပာယ်ကိုမရှိဘူး!

All Chapters