← Chapters

ကျွန်တော်ပိုက်ဆံမလိုချင်ဘူး…ပိုက်ဆံရဖို့လည်း စိတ်မဝင်စားပါဘူး

Vol. 14 Ch. 181

ကျွန်တော်ပိုက်ဆံမလိုချင်ဘူး…ပိုက်ဆံရဖို့လည်း စိတ်မဝင်စားပါဘူး

Vol. 14 Ch. 181

ချီတုံက ခေါင်းဆောင်ကိုတိုက်ရိုက် ဆက်သွယ်ပိုင်ခွင့်မရှိနေပေ။ သို့သော် ပညာရှင်တစ်ဦးဖြစ်တာမို့ သုတေသနရလဒ်များကို အမြဲတမ်းတင်ပြနေကျဖြစ်သည်။ ထို့ကြောင့် အစိုးရအကြီးအကဲပိုင်းတချို့နှင့် သူက အဆက်အသွယ်ရှိသည်။

“ဘာ ဒီတစ်ခေါက်လည်း ဒီကောင်လေးကပဲ နည်းပညာအသစ်ထွင်လိုက်ပြန်ပြီလား” ထိုသတင်းကိုကြားပြီး ခေါင်းဆောင်တောင် အံ့အားသင့်သွားသည်။

လက်တွေ့လောကမှာ ၈၀% လောက် ထပ်တူနီးပါးခံစားရမည့် ပုံရိပ်ယောင်ကမ္ဘာဆိုတာ တီထွင်ဖို့ မဖြစ်နိုင်ပေ။ထို့ပြင် သူသည် မကြာသေးခင်ကမှ ဇီဝဗေဒနယ်ပယ်အတွက် သုတေသနအသစ်တစ်ခုတီထွင်

ဖန်တီးခဲ့သည် မဟုတ်ပါလော။

“ဟုတ်ပါတယ်။ ဒီနည်းပညာကို ဂိမ်းမှာအသုံးပြုဖို့ မာထန့်ရဲ့ရှယ်ယာတွေကို ဝယ်ပစ်တယ်လို့လည်း သတင်းရထားပါတယ်”

“ဟမ် တကယ်လား”

ခေါင်းဆောင်က ဗဟုသုတပေါကြွယ်ဝသူတစ်ဦးဖြစ်သည်။ သူက မာထန့်ကို စွန့်ဦးတီထွင်သူ စစ်စစ်တစ်ဦးအနေဖြင့် သိထားရသည်။ သူကရှယ်ယာကို ဖန့်ကြွယ်ယွီအားရောင်းပေးကတည်းက ဒီနည်းပညာက သူ့အတွက် မည်မျှဆွဲဆောင်နိုင်ကြောင်း သိနိုင်သည်။

အတိအကျမပြောတတ်ပေမဲ့ မစ္စတာမာက ဒီနည်းပညာကိုကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခံစားမိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဒီကောင်လေးကတော့ လူတွေကို အမြဲတမ်း အံ့အားသင့်စေတာပါလား”

ခေါင်းဆောင်၏ မျက်နှာမှာ အပြုံးပန်းများဝေဆာနေသည်။

တရုတ်ပြည်အတွက် သတင်းကောင်းများစွာက စောင့်ကြိုနေသည်။ ဖန့်ကြွယ်ယွီ၏ နည်းပညာသည် သဲကန္တာရဖြစ်ထွန်းမှုလျှော့ချရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်သည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ခွေးခေါင်းရုပ်ထုကိုလည်း တရုတ်ဘက်က မကြာသေးခင်ကမှ ပြန်လည်ရရှိ ခဲ့သည်။

ပါကစ္စတန်နှင့် အတူအခြားနိုင်ငံပေါင်းများစွာနှင့်လည်း ဆက်ဆံရေးပိုမိုခိုင်မြဲပြီး ချစ်ကြည်ရေးတည်ဆောက်နိုင်ခဲ့သည်။

ဒီကနေ့မှာ တရုတ်ပြည်အတွက် လွန်စွာမှ တန်ဖိုးရှိသော နည်းပညာတစ်ခုကို ဖန့်ကြွယ်ယွီက ဆောင်ကြဉ်း လာပေးသည်။

“ခေါင်းဆောင်..ဖန့်ကြွယ်ယွီဆိုတဲ့ ကောင်လေးနဲ့ စကားပြောကြည့်မလား”

“ရတယ်။ ကျန်းနန်တက္ကသိုလ်ကို နောက်တစ်ခေါက် ငါကိုယ်တိုင်ထပ်သွားမယ်။ သူပြောတဲ့ နည်းပညာက ဘယ်လောက်အံ့အားသင့်ဖို့ကောင်းလဲဆိုတာ ငါကိုယ်တိုင် ကြည့်မယ်”

“ဘယ်လို…ခေါင်းဆောင်ကိုယ်တိုင်လာမှာ ဟုတ်လား”

မနက်အစောကြီးမှာ ချီတုံဆီမှ စာကို ဖန့်ကြွယ်ယွီရခဲ့သည်။

“မင်းတကယ်ကံကောင်းတာပဲ။ မင်းအတွက်ကြောင့် ခေါင်းဆောင်က ကျန်းနန်တက္ကသိုလ်ကို ဒုတိယမ္မိလာလည်ဦးမှာ”

“မင်း ဒီကိစ္စကိုတော့သေချာလုပ်မှရမယ်။ ခေါင်းဆောင်က မင်းပြောတာကို သဘောကျဖို့လိုတယ်။ မဟုတ်ရင် နောက်ပိုင်းမှာ ခေါင်းဆောင်ကို မျက်နှာပြဝံ့မှာ မဟုတ်တော့ဘူး”

“ဟဲဟဲ ဆရာစိတ်ချပါ။ နည်းပညာက ဘာမှလိုအပ်ချက်မရှိအောင် ပြီးပြည့်စုံပါတယ်”ဖန့်ကြွယ်ယွီက ရင်ဘတ်ကိုပုတ်ပြပြီး အာမခံကြောင်းပြောဆိုသည်။

သို့သော် ခေါင်းဆောင်ကိုရှင်းပြရမည်ဖြစ်သောကြောင့် မစ္စတာမာကို ပြသတုန်းကအတိုင်း လက်တွေ့စမ်းသပ်ဖို့ မဖြစ်နိုင်ပေ။ ဦးထုပ်အချို့ကို အဆင်သင့်ပြင်ထားရန် ရှောင်းရီအား ညွှန်ကြားသည်။ ဆာဗာက မဆင်ရသော်ဘူး ဆိုသော်ငြား သူ၏ စူပါကွန်ပျူတာက အသေးစားစမ်းသပ်သည့်မြေပုံကို ဖန်တီးရန် အခက်မတွေ့ပေ။

သုံးရက်မြောက်နေ့မှာ ချီတုံက ခေါင်းဆောင်အား ဖန့်ကြွယ်ယွီ၏ အိမ်ကို ခေါ်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ခေါင်းဆောင်က မည်သူမှမသိအောင် တိတ်တဆိတ် လျှို့ဝှက်စွာ ရောက်လာခဲ့သည်။

ယခုတစ်ခါမှာလည်း ခေါင်းဆောင်ကိုစောင့်ရှောက်ရန် သက်တော်စောင့်နှစ်ဦးသာ ပါလာခဲ့သည်။ တစ်စုံတစ်ရာဖြစ်လာခဲ့လျှင်လည်း ကူးရီ၏ စောင့်ရှောက်မှုရှိသောကြောင့် စိတ်ပူစရာမရှိပေ။

“ခေါင်းဆောင် ရောက်လာပြီလားဗျ” မနက်အစောကြီးမှာ ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီတို့က ခေါင်းဆောင်ကို စောင့်နေသည်။ ကောရှင်းယွီအနေနှင့် ဒီတစ်ကြိမ်မှသာ ခေါင်းဆောင်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူမက အခုတစ်ခေါက်မှာ နေရခက်နေသည်။ သူမ၏ ဘဝမှာ ခေါင်းဆောင်ကို အပြင်မှာ လူချင်းတွေ့ရလိမ့်မည်ဟု စိတ်ကူးတောင်မယဉ်ဘူးပေ။

“ကောင်လေး..မင်းအစောကြီးနိုးနေတာလား”

ခေါင်းဆောင်က ဖန့်ကြွယ်ယွီကို တရင်းတနှီး နှုတ်ဆက်သည်။

“ဒါက မင်းအိမ်လား” ခေါင်းဆောင်က ခမ်းနားလှသည့် ဖန့်ကြွယ်ယွီ၏ အိမ်တော်ကို အနည်းငယ် အံ့ဩမှင်သက်နေမိသည်။

“ဟဲဟဲ ဟုတ်ကဲ့”

“ကြည့်ရတာ မင်းမိသားစုက ပုံမှန်အဆင့်မဟုတ်ဘူးပဲ”ဟု ခေါင်းဆောင်က ရယ်မောသည်။ သူက ဖန့်ကြွယ်ယွီ၏ နောက်ကြောင်းကို စုံစမ်းဖို့ စိတ်မဝင်စားပေ။ အကြောင်းရင်းမှာ ဖန့်ကြွယ်ယွီက နိုင်ငံ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနေသောကြောင့် သူ၏ နောက်ကြောင်းကို အထူးတလည် သိနေစရာမလိုဘူးဟု ထင်မြင်မိသည်။

“ခေါင်းဆောင်..ကျွန်တော်စမ်းသပ်တီထွင်ထားတဲ့ ပစ္စည်းလေးကို ကြည့်ဖို့အတွက် အထဲကိုကြွပါခင်ဗျာ”

“ကောင်းပြီလေ”

ဒီတစ်ကြိမ်မှာ ဖန့်ကြွယ်ယွီက အခန်းကို ပြင်ဆင်မှုများစွာပြုလုပ်ထားခဲ့သည်။ ဦးထုပ်ကို များစွာပြုပြင်ထားခြင်း မရှိသော်လည်း ထိုင်ခုံ၏ သက်တောင့်သက်သာဖြစ်မှုကို များစွာအဆင်မြှင့်ထားခဲ့သည်။ ကစားသမားတစ်ဦးသည် ဂိမ်းကို သက်တောင့်သက်သာရှိစွာ နာရီပေါင်းများစွာဆော့နိုင်သည်။

“ခေါင်းဆောင်…အရင်ဆုံး စမ်းကြည့်ချင်လား” ဟု ဖန့်ကြွယ်ယွီကမေးသည်။

“ခေါင်းဆောင်..ကျွန်တော်တို့နှစ်ဦးအရင်ဆုံးစမ်းသပ်ကြည့်ပါရစေ” ဟု ဆိုကာ သက်တော်စောင့်နှစ်ဦးက ရှေ့ကိုတိုးလာသည်။

“အဲ့လိုဆိုလည်းအဆင်ပြေပါတယ်”

သက်တော်စောင့်များက ခေါင်းဆောင်၏ လုံခြုံရေးအတွက် စိုးရိမ်ကြသဖြင့် ထိုသို့ပြောခြင်းဆိုတာ ဖန့်ကြွယ်ယွီ နားလည်သည်။ တပ်ဆင်ထားသော ပစ္စည်းကိရိယာများက လုံခြုံမှုရှိမရှိဆိုတာ မည်သူမှ မသိနေပေ။

“အဲ့တာဆို ခင်ဗျားတို့နှစ်ဦးအတွက် စစ်မြေပြင် စီစဉ်ပေးမယ်လေ”

ဖန့်ကြွယ်ယွီက ကွန်ပျူတာကို နှိပ်လိုက်သောအခါ ဦးထုပ်ပေါ်က ကြိုးနှစ်ချောင်းကလင်းလာသည်။

သက်တော်စောင့်နှစ်ဦးသည် ဦးထုပ်ကိုတပ်လိုက်သောအခါ သူတို့၏ မျက်စိရှေ့မှောက်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။

ငါးမိနစ်ကြာပြီးနောက် သက်တော်စောင့်နှစ်ဦးသည် ဦးထုပ်ကိုဖယ်လိုက်ကြသည်။ ဦးထုပ်ဖယ်ပြီးသည့်နောက် အံ့အားသင့်သောမျက်နှာများဖြစ်နေကြသည်။ပုံရိပ်ယောင်ကမ္ဘာတွင် တွေ့ကြုံခံစားနေရသောအရာတိုင်းသည် လက်တွေ့လောကနှင့် ခွဲခြားမရပေ။

သူတို့နှစ်ဦးသည် စစ်မြေပြင်တွင် ပြင်းထန်သောစစ်ပွဲကိုလက်တွေ့တွင် ခံစားနေသကဲ့သို့ ဖြစ်နေသည်။ သူတို့ဘေးပတ်လည်တွင် ကြုံတွေ့နေရသောပျက်စီးမှုများက ပြင်းထန်လှသည်။ ဒဏ်ရာအနာတရဖြစ်မှုများနှင့် သေဆုံးမှုများက လက်တွေ့မြေပြင်တွင် ဖြစ်နေသလိုမျိုး ခံစားနေရသည်။

“ခေါင်းဆောင်..ဒါက ပြသနာမရှိပါဘူး။ လက်နက်မှာ သူပြောထားတဲ့ အတိုင်း အစွမ်းရှိပါတယ်”

ဟု သက်တော်စောင့်နှစ်ဦးက အစီရင်ခံတင်ပြသည်။

“အာ့ဆိုတကယ်အစွမ်းထက်တာပေါ့။ ငါလည်းစမ်းကြည့်ဦးမှပဲ”

ခေါင်းဆောင်နှင့် ချီတုံတို့နှစ်ဦးသည် ဦးထုပ်ကို ကပျာကယာဆောင်းကြသည်။ကိစ္စအားလုံးက အဆင်ပြေပြေချောချောမွေ့မွေ့နှင့် ပြီးဆုံးခဲ့သည်။ ဖန့်ကြွယ်ယွီတီထွင်ထားသော နည်းပညာသည် အဆင့်မြင့်လှသဖြင့် တခြားနိုင်ငံများက ဆယ်စုနှစ်တစ်ခုအတွင်း လိုက်မမှီနိုင်ပေ။

“ဖန့် ဒီနည်းပညာကို နိုင်ငံအတွင် မင်းတကယ်ပဲ အသုံးပြုစေချင်တာလား” ဟု ခေါင်းဆောင်က ဖန့်ကြွယ်ယွီအား မေးသည်။

“ဟုတ်ပါတယ် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမဲ့ ကိစ္စအတွက် အသုံးပြုနိုင်ရင် ကျွန်တော့်အတွက် ဂုဏ်ယူစရာအတိဖြစ်ပါတယ်”

“ကောင်းတယ် ကောင်းတယ်” ခေါင်းဆောင်က အလွန်အမင်းကျေနပ်ဝမ်းသာနေသည်။

သူ့​ဘေးနားမှာရှိနေသော အဆင့်မြင့်အရာရှိချုပ်တစ်ဦးနှင့် ဆွေးနွေးပြီးနောက်

“နိုင်ငံက ဒီနည်းပညာကို ၅၀ ဘီလီယံနဲ့ဝယ်ချင်တယ်။ သဘောတူနိုင်မလား” ဟု ခေါင်းဆောင်ကမေးသည်။

“ဗျာ” ဖန့်ကြွယ်ယွီက ဘာပြန်ဖြေရမှန်းမသိတော့ပေ။ သူက ပိုက်ဆံအများကြီး ထပ်မရှိချင်တော့သည့်အချိန်မှာ ခေါင်းဆောင်က ဘာကြောင့်များ ပိုက်ဆံပေးဖို့ ကြံရွယ်နေသနည်း။

“ဘာလို့လဲ။ ၅၀ဘီလီယံနဲ့ မလောက်လို့လား။ ဒါဆို နောက်ထပ် ၁၀ဘီလီယံထပ်ပေးမယ်လေ”

“မဟုတ်ဘူးခေါင်းဆောင်။ ကျွန်တော်ပိုက်ဆံမလိုချင်ဘူး။ ပိုက်ဆံရဖို့လည်း စိတ်မဝင်စားပါဘူး”

“ဘာသဘောပြောချင်တာလဲ” ခေါင်းဆောင်လည်း သူ့ကိုနားမလည်နိုင်အောင်ဖြစ်နေသည်။ ဒီနည်းပညာကို ဘီလီယံနှင့်ချီပြီး ဝယ်ယူရပါက နိုင်ငံအတွက် အရှုံးမရှိနိုင်ပေ။ ဖန့်ကြွယ်ယွီက ဘာကြောင့်များ ဒီပုံစံဖြစ်နေရတာလဲ။

“ခေါင်းဆောင်..ဒီနည်းပညာက နိုင်ငံအတွက် အကျိုးရှိတယ်ထင်လို့ လှူဒါန်းချင်တာပါ။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ အခကြေးငွေအဖြစ်မယူပါဘူးခင်ဗျာ။ လိုအပ်မယ်ဆို နိုင်ငံအတွက် အကြီးစားစစ်ပွဲတစ်ခုကို ပုံရိပ်ယောင်ဖန်တီးပေးနိုင်မဲ့ ဆာဗာတည်ဆောက်နိုင်ဖို့ အလှူငွေကို ကျွန်တော်ပေးချင်ပါတယ်”

ထိုနေရာမှာရှိနေသော လူအပေါင်းက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ သူက ဘာကြောင့်များ အခကြေးငွေယူရန် ငြင်းပယ်ရသနည်း။ သူက ပိုက်ဆံထားစရာနေရာမရှိလောက်အောင် ချမ်းသာနေတာလား။

“မရပါဘူး။ နိုင်ငံကမင်းပေးတဲ့နည်းပညာနဲ့တောင် အတော်လေး အကျိုးဖြစ်ထွန်းနေပြီ။ မင်းဆီက ပိုက်ဆံကို ဘယ်လိုလုပ်ပြီး ယူဝံ့ပါ့မလဲ”

“_ခေါင်းဆောင်..ကျွန်တော်တောင်းဆိုပါတယ်။လှူဒါန်းပါရစေဗျာ။ တကယ်လို့ ခေါင်းဆောင်ခွင့်မပြုဘူးဆို နောက်ထပ်အသုံးဝင်မဲ့ နည်းပညာတွေရလာရင် ကျွန်တော်မပြောတော့ဘူးဗျာ”

“မင်း” သူ၏ ပြောစကားများကို ခေါင်းဆောင်လည်းအလွန်အံ့အားသင့်နေသည်။ ပါမောက္ခ ချီတုံလည်း သူ့ကို ကိုက်စားမတတ်အကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်နေသည်။

All Chapters