← Chapters

အခန်း (၁၈၂)

Vol. 14 Ch. 182

အခန်း (၁၈၂)

Vol. 14 Ch. 182

“ငါက ပိုက်ဆံတောင်းတဲ့လူတွေကိုပဲမြင်ဖူးတာ။ ပိုက်ဆံမပေးဖို့တောင်းဆိုတဲ့လူကို အခုမှပဲ မြင်ဖူးတော့တယ်”

ဖန့်ကြွယ်ယွီလိုလူမျိုးကို သူ၏ဘဝမှာခေါင်းဆောင်က တစ်ခါမှ မမြင်ဖူးပေ။

ဖန့်ကြွယ်ယွီပုံစံကြည့်ရတာ စနောက်ပြီးပြောဆိုနေသည့်ပုံလည်း မပေါ်နေပေ။ အကြိမ်ကြိမ်အခါခါ ဆုံးဖြတ်ပြီးတဲ့နောက် ဖန့်ကြွယ်ယွီ၏ စေတနာကို လက်ခံကြသည်။

ဖန့်ကြွယ်ယွီလည်း သူ့လက်ဝယ်မှာရှိနေသော ပစ္စည်းနှင့်နည်းပညာကုဒ်များကို ခေါင်းဆောင်အား လွှဲပြောင်း ပေးခဲ့သည်။ ခေါင်းဆောင်ခွင့်မပြုပါက ထိုနည်းပညာကို မည်သူမှအသုံးပြုလို့မရနိုင်ပေ။

ဖန့်ကြွယ်ယွီဘက်က အလှူငွေများကို အားတက်သရောလှူဒါန်းသည်။ မာထန့်၏ ရှယ်ယာများကို ဒေါ်လာဘီလီယံနှစ်ရာဖြင့် ဝယ်ယူပြီး ဆာဗာတည်ဆောက်ရေးအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ထပ်မံလှူဒါန်းသဖြင့် ဖန့်ကြွယ်ယွီက စုစုပေါင်း ဒေါ်လာ ဘီလီယံ ၃၀၀ခန့် သုံးစွဲပြီးဖြစ်သည်။ ဒီရက်ပိုင်းအတွင်း သူက ဘီလီယံ ၆၀၀ကျော်လောက် အသုံးပြုခဲ့တာမို့ သူ့လက်ထဲမှာ ဘီလီယံ၂၀၀လောက်ပဲ ကျန်တော့သည်။

ထိုပမာဏကို မြင်ရသောအခါ ဖန့်ကြွယ်ယွီအပျော်လွန်ပြီး မျက်ရည်များပင် ကျမတတ်ဖြစ်လာသည်။ အလွန်အမင်းကြိုးစားခဲ့ပြီးနောက် မစ်ရှင်၏ အရေးကြီးသောအပိုင်းကို ပြီးမြောက်အောင်မြင်တော့မည်။

မာထန့်၏ ရှယ်ယာကိုဝယ်ယူပြီးနောက် ပထမအဆင့်ပြီးမြောက်မှုသည် တဟုန်ထိုးတက်လာခဲ့ပြီး

ယခုအခါ ၇၇% ပြီးမြောက်ခဲ့ပြီဖြစ်သည်။

“ရှောင်းရီ..ပထမအဆင့်အတွက် ပြီးသလောက် အရင်ဆုံး တင်ထားမယ်”

ကူးရီ၏ လုပ်ရပ်ကြောင့် သူကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ရသည့်အဖြစ်ကို အခုထိစိတ်ထဲမှာမှတ် မိနေသေးသည်။

“လုပ်ငန်းစဉ်ကိုစစ်ဆေးနေပါတယ်.. ပြီးမြောက်မှုက ၆၉.၇%ပါ။ ပထမအဆင့် ခွင့်ပြုခြင်းမစ်ရှစ်အောင်မြင်မှုဆုလာဘ်-၂၃.၂၃%”

“ပထမအဆင့်မစ်ရှစ်အောင်မြင်ပါပြီ..အဆင့်(၁)- ခွင့်ပြုခြင်းအဆင့်ကို ဖွင့်လိုက်နိုင်ပါပြီ”

“ရေး…ဟုတ်ပြီကွ”

ပထမအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်သော သူ့ကံကို မယုံနိုင်သေးပေ။

“ဟား ဟား ဟား” သူ၏ အိမ်ထဲမှ အူလှိုက်သည်းလှိုက်ရယ်သံကြီးထွက်လာသည်။

“ရှောင်းရီ ပထမအဆင့်ကိုဖြတ်ကျော်နိုင်လို့ ဘာတွေရမလဲဆိုတာ မြန်မြန်လေး ပြောပြပါဦး”

“အများကြီးပဲ..စွမ်းအားရှင်ကျင့်ကြံရေးလမ်းစဉ်ရဲ့ ပထမဆုံး အခန်း သုံးခန်းကို ရမယ်။ပြီးတော့ စွမ်းအားရှင်ကျင့်ကြံခြင်းမှာ အထောက်အကူပြုစေမဲ့ ပစ္စည်းတွေကိုလည်း ဘိုးဘေးတွေက ချန်ထားခဲ့တယ်။ အဲ့တာတွေမြင်ရင် ပိုင်ရှင် သိပ်အံ့ဩမှာ အသေအချာပဲ”

“မိုက်ပါ့ကွာ” ခုချိန်ကစပြီးကူးရီကို အချိန်ပြည့်အားကိုးနေစရာမလိုတော့ပေ။ အခုချိန်ကစပြီး သူကိုယ်တိုင် ပြသနာအချို့ကိုကိုင်တွယ်ဖြေရှင်းနိုင်ပြီဖြစ်သည်။

“ဒါဆို ငါ့မိဘတွေကို အခုဆက်သွယ်လို့ရပြီလား”

“သိပ်ရတာပေါ့။ ပိုင်ရှင်တစ်ယောက်ချင်းစီမှာ စနစ်ခွဲလေးတွေ တပ်ပေးထားပါတယ်။ ငါ့စွမ်းဆောင်ချက်နဲ့ ယှဉ် မယ်ဆို အဲ့တာလေးတွေ ဆယ်ပုံတစ်ပုံလောက်ပဲစွမ်းပေမဲ့ အလုပ်ဖြစ်ပါတယ်။ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်”

“မင်းပြောချင်တာက ငါက ငါ့အဘိုး..ငါ့အဘိုးရဲ့ အဘိုး..ရှိသမျှ ဘိုးဘေးတိုင်းကို ဆက်သွယ်နိုင်တယ်လို့ ဆိုလိုတာလား”

“မှန်တာပေါ့”

“ပိုင်ရှင်မသိလို့ပါ။ မျိုးဆက်၉၉ခုကပိုင်ရှင်တွေက အခုချိန်ထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည်ရှိနေကြပါတယ်”

“သူတို့က အခုထိရှိနေကြသေးတယ်ပေါ့”ဖန့်ကြွယ်ယွီက အံ့အားသင့်သွားသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဘိုးဘေးများကို တွေ့လိုက်ရလျှင်လူတိုင်းလိုလို ကြောက်လန့်ပြီး အိပ်ပျော်နိုင်ကြမည်မဟုတ်ပေ။

“ဘာများထူးဆန်းလို့လဲ။ ပိုင်ရှင်လည်း စွမ်းအားရှင်ကျင့်ကြံခြင်းကျမ်းစဉ် သုံးခန်းကျင့်ပြီးလျှင် နတ်ဘုရားအစွမ်းအသုံးပြုသူ ဖြစ်လာမှာလေ။အဲ့အခါကျရင် နှစ် ၂၀၀၀လောက် အသက်ရှင်ဖို့ဆိုတာ အသာလေးပဲ”

“စွမ်းအားရှင်ကျင့်ကြံခြင်းကျမ်းစဉ်မှာ အခန်း ကိုးခန်းပါတယ်။ကိုးခန်းလုံးကျင့်ပြီးလျှင် အဆုံးအစမဲ့ အသက်ရှင်သန်သူဖြစ်ပြီ။ငါ့ရဲ့ ပထမဆုံးပိုင်ရှင်က ခုနှစ်ခန်းကျင့်ကြံပြီးတော့ ဘာမှမဖြစ်ဘဲ အချိန်အကြာကြီး အသက်ရှင်သန်သွားရတာ”

“မိုက်လိုက်တာ”

“ရှောင်းရီ ငါ့မိဘတွေနဲ့ဆက်သွယ်နိုင်ဖို့ ကူညီပေးပါဦး။ ငါ သူတို့နဲ့ အဆက်အသွယ်မရတာကြာလှပြီ။ အဖေနဲ့ အမေကို လွမ်းလိုက်တာ”

“ရတာပေါ့။ နည်းနည်းတော့စောင့်ဦးလေ။ အဆက်အသွယ်ရဖို့ စောင့်နေတဲ့အချိန် အဆင့်တစ်အောင်မြင်လို့ ဘာဆုတွေရလဲဆိုတာကြည့်နေပါ့လား”

ရှောင်းရီသည် ဖန့်ကြွယ်ယွီ၏ ဦးနှောက်ထဲကို အချက်အလက်တချို့တင်ပေးလိုက်သည်။

ဒီအဆင့်မှာ ခွင့်ပြုချက်များစွာရရှိသည်။ စွမ်းအားရှင်ကျင့်ကြံခြင်းကျမ်းစဉ်အပြင် ပစ္စည်းကောင်းများစွာနှင့် အဆင့််မြင့်နည်းပညာများတောင်မှ ရရှိသည်။ ယခင်တုန်းက ထိုပစ္စည်းများရရန် ဘိုးဘေးများကို ခခယယတောင်းဆိုဖို့ လိုအပ်ပေမည်။ ယခုအခါမှာတော့ ပထမအဆင့်၏ ခွင့်ပြုချက်များစွာကိုရရှိခဲ့ပြီးဖြစ်သည်။

ဒီပစ္စည်းများထဲက ဘယ်ဟာမဆို ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်သည်။ ထိုကဲ့သို့ ပစ္စည်းကောင်းများစွာကို ဖန့်မိသားစုမျိုးရိုးစဉ်ဆက် မည်ကဲ့သို့ စုဆောင်းနိုင်ခဲ့လဲဆိုတာ အံ့အားသင့်စရာ အချက်တစ်ခုဖြစ်နေသည်။

သို့သော်လည်း စွမ်းအားရှင်ကျင့်ကြံခြင်းလမ်းစဉ်က တန်ဖိုးအရှိဆုံးဖြစ်သည်။ ထိုကျမ်းစဉ်ထဲတွင် ခေတ်အဆက်ဆက်က ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များနှင့် တိုးတက်မှုများအတွက် လိုအပ်သော အသိပညာများစွာကို ထည့်သွင်းဖော်ပြထားသည်။

စွမ်းအားရှင်ကျင့်ကြံခြင်းလမ်းစဉ်အရ စကြာဝဠာတစ်ခုလုံးကို မမြင်နိုင်သော စကြာဝဠာအရင်းမြစ် စွမ်းအင်များဖြင့် ဖွဲ့စည်းထားရှိသည်။ထိုစွမ်းအင်ကို သာမန်လူများက အသုံးမပြုနိုင်ပေ။

အဆင့်မြင့်စွမ်းအင်အသုံးပြုသူများကို မွေးရာပါ သို့ လေ့ကျင့်မှုအရရရှိသော ထိုစွမ်းအင်များဖြင့် အဆင့်မြှင့်တင်ထားသဖြင့် သူမတူအောင် အစွမ်းထက်ပေသည်။

လျှို့ဝှက်စွမ်းအားရှင်များနှင့် ပင်မစွမ်းအင်အသုံးပြုသူများက ထိုစွမ်းအင်များကို အလိုအလျောက်စုပ်ယူနိုင်သဖြင့် မျိုးရိုးဗီဇများကို ပိုမိုကောင်းမွန်စေပြီး များပြားလှစွာသောစွမ်းအင်ကို ရရှိစေသည်။

ထိုအချက်ကြောင့်ပင် အဆင့်မြင့်စွမ်းအင်အသုံးပြုသူများနှင့် ပင်မစွမ်းအင်အသုံးပြုသူများကြားက ကွာခြားချက်မြင့်မားနေခြင်းဖြစ်သည်။

ပုံမှန်အခြေအနေအရဆိုစကြာဝဠာအရင်းမြစ်စွမ်းအင်များ ရှိနေခြင်းက သာမန်လူများကို ဝန်ထုပ်ဝန်ပိုးဖြစ် စေသည်။ဖန့်မိသားစုဘိုးဘေးများက ထိုပြသနာကို ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည်။

“ဒါက ဆေးလုံးအနီလား”

ဖန့်ကြွယ်ယွီ၏ ကိုယ်ပိုင်ကမ္ဘာလေးတွင် ဘိုးဘွားများ အနှစ်နှစ်အလလ ကြိုးစားပမ်းစားစုဆောင်းခဲ့သော ဆေးလုံးများ တောင်လိုယာလိုပုံနေသည်။

ထိုဆေးအနီကို စွမ်းအင်စုဆောင်းဆေးဟုခေါ်ပြီး အနီးအနားက စွမ်းအင်များကို ထိုဆေးဖြင့် စုဆောင်းနိုင်သည်။ စကြာဝဠာအရင်းမြစ်စွမ်းအင်ကို တိုက်ရိုက်မစုပ်ယူလျှင်တောင်မှ ထိုစွမ်းအင်ရှိနေမှုကို အလွယ်တကူ အလိုအလျောက်သိမြင်နိုင်စွမ်းကို ပေးဆောင်သည်။

ဖန့်ကြွယ်ယွီက အနီရောင်ဆေးလုံးကို တစ်ခါတည်းမော့သောက်လိုက်သည်။ ဆေးက သူ၏ အစာအိမ်တစ်လျှောက် ပျော်ဝင်သွားသည်။ သူ့တစ်ကိုယ်လုံး နွေးထွေးသောခံစားချက်ကိုခံစားမိပြီးနောက် အထူးသဖြင့် သူ့မျက်စိထဲမှာ ခရမ်းရောင်ရောင်ခြည်များ တလက်လက်တောက်ပနေသည်။

“ဒါကစကြာဝဠာအရင်းမြစ်စွမ်းအင်ဆိုတာလား” သူ့ပတ်ပတ်လည်မှာ ခရမ်းရောင်အစက်အပြောက်များ တလက်လက်တောက်ပနေသည်ကိုတွေ့ရသည်။

စွမ်းအားရှင်ကျင့်ကြံခြင်းလမ်းစဉ်များကို သူ့ဦးနှောက်ထဲမှာ အလိုအလျောက်သိမ်းဆည်းထားသဖြင့် သူ့ဘေးပတ်လည်က ခရမ်းရောင် အစက်အပြောက်များကို ထိုလမ်းစဉ်များအတိုင်း အလိုအလျောက်စုပ်ယူနိုင်ရန် ကြိုးပမ်းနေသည်။

ပထမဆုံးအလင်းအစက်အပြောက်က သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းချိန်တွင် အမျိုးအမည်မတပ်နိုင်အောင် ထူးခြားကောင်းမွန်သော ခံစားချက်ကိုခံစားလာမိသည်။

သူမသိလိုက်ခင်မှာပင် ထူးခြားဆန်းပြားသော အဆင့်တစ်ဆင့်ကို သူဝင်ရောက်နှင့်ပြီးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်လည်း သာမန်မျက်စိနှင့်မမြင်နိုင်လောက်အောင် သန်မာလာသည်။

“ဟေ့ဟေ့ သားလေး။ ပျောက်ချက်သားကောင်းလှချည်လား။ အဖေအမေတို့ကို မေ့နေပြီလား”

ရှောင်းရီက ဖန့်ဟွိုက်မှာရှိနေသော စနစ်ခွဲတစ်ခုနှင့် ချိတ်ဆက်မိသည်။

ဖန့်ကြွယ်ယွီရင်းနှီးနေသော လူနှစ်ဦးက သူ့ရှေ့မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုသူများသည် သူ့ဖခင် ဖန့်ဟွိုက်နှင့် မိခင် ချောင်လန်တို့ဖြစ်ကြသည်။ သူတို့သည် ကမ္ဘာမြေပေါ်က စတိုင်နှင့်တမူထူးကဲသော ပုံစံမျိုးကို ဝတ်စားဆင်ယင်ထားသည်။

“ရှင်ဘာတွေအော်နေတာလဲ ကျွန်မသားလေးကို နောက်ခါထပ်အော်ရဲအော်ကြည့်။ ဘာဖြစ်သွားမယ်ထင်လဲ”

ချောင်လန်က ဖန့်ဟွိုက်၏ ခေါင်းကိုခေါက်လိုက်သည်။

“ကျွန်မတို့သားလေးက စွမ်းအားရှင်ဖြစ်အောင်လေ့ကျင့်နေတာရှင်မမြင်ဘူးလား။ရှင့်အသံကြီးကြောင့် သူအနှောင့်အယှက်ဖြစ်ပြီး နိုးလာရင် ရှင်မလွယ်ဘူးမှတ်နော်”

“စောင့်နေလိုက်ဦး။ ကျွန်မတို့က အလျင်မှမလိုနေတာ”

“ဒါပေမဲ့ ပြန့်ကျဲဂြိုဟ်က ဒီနေ့ညညစာစားဖို့ဖိတ်ထားတယ်လေ”

“သားလေးကိုပဲစောင့်လိုက်မယ်လေ။ အဲ့ဂြိုဟ်ရဲ့ သုံးပုံပုံနှစ်ပုံက လုပ်ငန်းတွေကိုငါတို့ပိုင်တာပဲလေ။ သူတို့က ငါတို့ကို ကလန်ကဆန်လုပ်မယ်ဆို နောက်နှစ်တွေမှာ တခြားဂြိုဟ်တွေဆီကနေ စွမ်းအင်တင်ပို့တာကို ရပ်ပစ်မယ်”

All Chapters