← Chapters

ငါ့ကိုပေးတဲ့ကတိကိုဖျက်ရဲတယ် ဟုတ်လား…

Vol. 14 Ch. 184

ငါ့ကိုပေးတဲ့ကတိကိုဖျက်ရဲတယ် ဟုတ်လား…

Vol. 14 Ch. 184

“မြန်မြန်..မြန်မြန် ပွဲစနေပြီ။ ပြီးပြီလား”

“ပြီးပြီ” ဖန့်ကြွယ်ယွီသည် ကိုယ်ပိုင်ရုပ်ရှင်ရုံထဲသို့ လက်တွန်းလှည်းအသေးလေးတွန်းပြီးဝင်လာသည်။ ဒီကနေ့သည် တရုတ်ပြည်က ZZအသင်း၏ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ဖြစ်သည်။ ဖိုင်နယ်ပွဲမှာ GEအသင်းနှင့် ယှဉ်ပြိုင်ရသည်။

ယခင်နှစ်ပွဲစဉ်တုန်းက သူ၏ အခန်းဖော်သုံးဦးနှင့်အတူ လူပေါင်းများစွာရှိသော ခန်းမထဲတွင်ကြည့်ခဲ့ရသည်။ ဒီနှစ်မှာတော့ သူငယ်ချင်းသုံးဦးနှင့်အတူ သူ့အိမ်တွင် ကြည့်ကြသည်။

“ဟေ့ရောင်..မင်းပေါက်ပေါက်ဆုပ်က မများလွန်းဘူးလား” ချန်ကိုင်က တစ်မီတာ နီးပါးရှည်လျားသော ပေါက်ပေါက်ဆုပ်လေးဘူးကို လက်ညှိုးထိုးပြီးမေးသည်။

“မများပါဘူးကွာ။ ငါရုပ်ရှင်ကြည့်ရင် ဝယ်ထားတဲ့ပေါက်ပေါက်ဆုပ်က တစ်ခါမှ မလောက်ဘူး။ အများကြီးဝယ်ဖို့လည်း မတတ်နိုင်ခဲ့ဘူး။ အခုငါ ပိုက်ဆံရှိပြီဆိုတော့ တစ်ခါတည်းအများကြီးဝယ်ထားတာပေါ့ကွာ။ ပြီးတော့ ဒါက နယ်နယ်ရရ ပြောင်းဖူးပေါက်ပေါက်ဆုပ် မဟုတ်ဘူးကွ။ မင်းတို့ဝယ်ချင်တိုင်းဝယ်လို့မရဘူး”

“ဘာလဲ မင်းရဲ့ ပေါက်ပေါက်ဆုပ်က ရွှေနဲ့လုပ်ထားတာလား”

“ဆိုပါတော့။ ဒီထဲမှာ သုံးတဲ့ဆားက ကမ္ဘာ့နာမည်အကြီးဆုံးဆားကွ။ တစ်ပေါင်ကို ၁၀ဒေါ်လာရှိတယ်။ ပြီးတော့ မာဒဂတ်စကာကထွက်တဲ့ ကမ္ဘာ့အကောင်းဆုံးထောပတ်နဲ့ ဗာနီလာတို့နဲ့လုပ်ထားတာ။”

“မင်းဟာကလည်းကွာ။ ပေါက်ပေါက်ဆုပ်ကိုတောင် အရမ်းပုံကြီးချဲ့နေပြန်ပြီ”

“ငါပြောတာမပြီးသေးဘူးကွ။ မင်းတို့သေချာကြည့်။ ပေါက်ပေါက်ဆုပ်မျက်နှာပြင်ကို စားလို့ရတဲ့ 23K ရွှေကွပ်ထားတာ”

“ကြွားလွန်းပါတယ် ငါ့ကောင်ကြီးရာ”

ဒီလောက်စျေးကြီးသည့်ပေါက်ပေါက်ဆုပ်ကို လက်လွှတ်လို့မရပေ။ သိပ်မကြာခင်မှာပင် ခန်းမတစ်ခုလုံး ပေါက်ပေါက်ဆုပ်ဝါးသံများ ကြွပ်ကြွပ်ညံလာသည်။

“ဖန့်..မင်းအရင်ပတ်ကပွဲကိုကြည့်လိုက်သေးလား။ အရမ်းမိုက်တာကွ။ ပုံမှန်ဆို ငါတို့အသင်းကိုကိုရီးယားအသင်းက နိုင်နေကျ။ ဒီနှစ်မှာတော့ ငါတို့တရုတ်အသင်းက သုံးပွဲလုံးမှာ အသာစီးရတာကွာ”

“ဟုတ်ပါ့။ ကိုရီးယားတွေကို ပွဲအစကနေအဆုံးထိ ဖိထားတာ။ တရုတ်အသင်းက ကိုရီးယားအသင်းရဲ့ အကွက်တိုင်းကို သိနေတာ။ ဟိုကောင်တွေလှုပ်လို့တောင်မရဘူး”

သူတို့ပြောစကားများကို နားထောင်ပြီး ဖန့်ကြွယ်ယွီပြုံးမိသည်။ ရှောင်းရီ၏ အကူအညီမပါပါက အနိုင်ရဖို့မလွယ်ကူပေ။သူက လာဒီးနစ်မိသားစုကိစ္စဖြင့် အလုပ်များနေသဖြင့် ပွဲကို သေချာမကြည့်လိုက်ရပေ။

“နည်းပြကျင်းက ZZအသင်းကို အားပေးဖို့ မိန်းကလေးလို ဝတ်စားလာရမှာမလား။ သူပေးတဲ့ ကတိအတိုင်း တော့တည်ရမှာပဲ” ဖန့်ကြွယ်ယွီကိုပေးထားတဲ့ ကတိအတိုင်း နည်းပြကျင်းက ဝတ်စားလာသည်။

“ဒီနေ့ အထူးဖျော်ဖြေပွဲရှိတယ်။ ငါက ဆိုင်းလုခ်မှာတုန်းက STTအသင်းနဲ့တွေ့ခဲ့တယ်။ သူတို့အသင်းရှုံးရင် STT အသင်းနည်းပြက မိန်းကလေးလိုဝတ်စားပြီး ZZအသင်းကို အားပေးရမယ်လို့ လောင်းကြေးထပ်ခဲ့တာ”

“ဟား ဟုတ်လား။ ဒီကောင်တွေကိုရီးယားပြန်ရောက်ရင်တော့ အရှက်တကွဲဖြစ်ပြီပေါ့”

ဖန့်ကြွယ်ယွီ၏ ရုပ်ရှင်ရုံက သာမန် live လွှင့်ခြင်းနှင့်မတူပေ။ သူ့အတွက် တစ်စုံတစ်ဦးက သီးသန့် liveလွှင့်ပေးနေရသည်။

ဖန့်ကြွယ်ယွီက ဘေးနားမှာရှိသော စကားပြောစက်ကို ယူပြီး “ငါ့အတွက် ပွဲကြည့်ပရိတ်သက်မြင်ကွင်း ပြောင်းပေးပါ” ဟု ညွှန်ကြားသည်။

ချက်ချင်းဆိုသလို ပိတ်ကားထက်က မြင်ကွင်းက ပွဲကြည့်ပရိတ်သက်မြင်ကွင်းအဖြစ်ပြောင်းသွားသည်။ ဖန့်ကြွယ်ယွီ တွေ့ဖူးနေကျ မျက်နှာများကို မြင်လိုက်ရသည်။ တခြားသော ပြိုင်ဘက်အသင်းများကလည်း နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုလာရောက်ကြည့်ရှုကြသည်။ STT အသင်းအဖွဲ့သားများက တစ်နေရာမှာ စုဝေးပြီး ထိုင်နေကြသော်လည်း နည်းပြကျင်း၏ အရိပ်အယောင်ကို မတွေ့ပေ။

“အကိုဝမ်..နည်းပြကျင်းက ဘယ်နားရောက်နေတာလဲ” ဖန့်ကြွယ်ယွီက ဝမ်ချုံးကို ဖုန်းဆက်ပြီးမေးသည်။

“ငါလည်း မသိဘူး။ ငါလည်း သူ့အကြောင်းအခုလေးတင်ပြောနေတာ။ သူတို့အသင်းသားတွေ ကိုမေးကြည့်သေးတယ်။ ဒီကောင်ပျောက်နေတာကို ဘယ်သူမှ မသိကြဘူး”

ပွဲရှုံးပြီးနောက် ကျင်းကျန့်ကျိသည် ပေးထားသည့်ကတိကို မတည်ချင်ပေ။သူက ဝမ်ချုံးကိုသာ သိပြီး ဖန့်ကြွယ်ယွီဆိုတာ ဘယ်သူမှန်းသူမသိပေ။ ပြီးတော့ သူတို့က နှုတ်ဖြင့် လောင်းကြေးထပ်ထားခြင်းဖြစ်ပြီး စာချုပ်ချုပ်ဆိုထားခြင်းမရှိပေ။ သက်သေအထောက်အထား မခိုင်လုံဘဲ သူ့ကို ဝမ်ချုံးက ဘာလုပ်နိုင်မည်နည်း။

သို့သော် အပြစ်နည်းနည်းလွတ်အောင် သူ့အသင်သားများကို ပွဲကြည့်စေပြီး သူကတော့ ဟိုတယ်ခန်းထဲမှာ ပုန်းခိုနေသည်။

“ငါကိုပေးထားတဲ့ ကတိကို ဖျက်ရဲတယ်ပေါ့။ငါ့ကိုဒီလိုအချိုးလာချိုးလို့ မရဘူး” ဟု ဖန့်ကြွယ်ယွီက ဒေါသတကြီးကြိမ်းမောင်းပြောဆိုသည်။

“သူက မင်းဘယ်သူလဲဆိုတာ မသိလို့ဖြစ်မှာပါကွာ။ မင်းကို အသင်းရဲ့ အရန်ကစားသမားလို့ ထင်နေတာမို့ သူဘယ်ကြောက်မလဲ”

“ဟုတ်ပြီ ဒီကောင်သေပြီသာမှတ်” ဟုဆိုကာ ဖန့်ကြွယ်ယွီက ဖုန်းချလိုက်သည်။

“ငါ့ကောင်ကြီးတော့ သစ္စာဖောက်ခံလိုက်ရပြီဟေ့။ သူ ဒီလိုမျိုးစော်ကားခံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ” သူ၏ သူငယ်ချင်းများက ဖန့်ကြွယ်ယွီကို စနောက်နေသည်။

“ခွေးကောင်တွေ။ မင်းတို့စောင့်ကြည့်နေ။ သိပ်မကြာခင်မှာ ဒီကောင် မိန်းကလေးလို ဝတ်စားပြီး ပေါ်လာစေရမယ်”

“ရှောင်းရီ ကိုရီးယားမှာ ငါဘာတွေသုံးလို့ရမလဲဆိုတာ ကြည့်ပေးဦး”

ကျင်းကျန့်ကျိသည် ဟိုတယ်ထဲမှာနေရင်း ဖိုင်နယ်ပွဲစဉ်စမည့်အချိန်ကို စောင့်နေသည်။

“နည်းပြ ZZအသင်း သူဌေးက နည်းပြကိုရှာနေပါတယ်”ဟု STTအသင်းသားတစ်ဦးက သတင်းလှမ်းပို့သည်။

“ရတယ်။ ဒီကောင်တွေ ငါဘယ်မှာရှိလဲဆိုတာ သိမှာမှမဟုတ်တာ။ ဒီလောက် လောင်းကြေးကြီးတာကို စာချုပ်မချုပ်တာ သူတို့အမှားပဲလေ။ ငါတို့မှားနေတယ်ဆိုရင်တောင် သူတို့မှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သက်သေမှ မရှိတာ။ သူတို့ဘာမှလုပ်လို့မရပါဘူးကွာ”

“ဒီနေ့ ဂိမ်းကိုသာ အာရုံစိုက်ပါ။ နောက်နှစ် ရာသီအလယ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင်လုပ်ပြီး ရှုံးကြွေးကိုပြန်ဆပ်ရမယ်”

ကျင်းကျန့်ကျိက ဖုန်းချပြီးနောက် နောက်ထပ်ဖုန်း ထပ်ဝင်လာပြန်သည်။

“အရေးမပါတဲ့ကိစ္စတွေကို အာရုံမထားနဲ့။ ဒီအကြောင်းအရာကို ခဏခဏလာမဆက်သွယ်နဲ့လို့ ပြောထားတယ်မလား။ ဒီတရုတ်ကောင်တွေကို အရေးတယူမလုပ်နေနဲ့” ဟု စိတ်မရှည်သောလေသံဖြင့် ပြောဆိုကျိန်းမောင်းသည်။

“နည်းပြကျင်း..ငါက ပိုင်ရှုံးကျန့်ပါ”

“သ..သူဌေး”နည်းပြကျင်းလက်များ တုန်ုတုန်ရီရီဖြစ်လာသည်။ ပိုင်ရှုံးကျန့်သည် STT အသင်းပိုင်ရှင်ဖြစ် ရုံသာမက ကိုရီးယားမှာ နာမည်ကြီးစီးပွါးရေးပညာရှင်တစ်ဦးဖြစ်သည်။

“တောင်းပန်ပါတယ် သူဌေး..အသင်းက ကလေးတွေဆက်တာထင်လို့ပါ။ ဒီတစ်ကြိမ်မှာ ပေါ့ဆမိလို့ ဖလားနဲ့ လွဲခဲ့တာပါ။ နောက်တစ်ကြိမ်ကျ ဖလားရအောင်ကြိုးစားပါ့မယ်” သူဌေးက ပြိုင်ပွဲကိစ္စနှင့် ပတ်သက်ပြီး ဖုန်းဆက်သည်ဟု ထင်မြင်မိသည်။

“မင်း တရုတ်တစ်ယောက်နဲ့ လောင်းကြေးထပ်သေးတယ်မလား”ပြောရမည်ဆို ပိုင်ရှုံးကျန့်သည် ပြိုင်ပွဲအနိုင်အရှုံးကို စိတ်ထဲသိပ်မထားပေ။ STTအသင်းတစ်ခုလုံးက ဒီပြိုင်ပွဲတစ်ခုတည်းအပေါ် မှီခိုနေရခြင်းမဟုတ်ပေ။ သူတို့မှာ ပိုက်ဆံရမည့် နည်းလမ်းများစွာရှိနေသေးသည်။ ချန်ပီယံဖြစ်မှ ရပ်တည်နေနိုင်သည့် ပုံစံမဟုတ်ပေ။

“သူဌေးက ဒီကိစ္စကို ဘယ်လိုသိတာလဲ” ဒီအကြောင်းကို ZZ အသင်းနှင့် STT အသင်းသာသိသည်။ သူဌေး၏ နားထဲကို ဒီသတင်းပေါက်ရောက်အောင် လုပ်နိုင်မည့် အကြောင်းမရှိပေ။

“ငါ မင်းကို ရှင်းရှင်းပဲပြောမယ်။ မင်း လောင်းတာရှုံးတယ်ဆို ပေးတဲ့ကတိအတိုင်း တည်အောင်လုပ်ရမယ်။ ငါ မင်းကို အခွင့်အရေးတစ်ကြိမ်ပေးမယ်။ နောက်တစ်ခါ ထပ်မခေါ်ရစေနဲ့”

All Chapters