← Chapters

ကြယ်စင်တန်းများဆီမှ ပို့ဆောင်လာသော လက်ဆောင်

Vol. 14 Ch. 186

ကြယ်စင်တန်းများဆီမှ ပို့ဆောင်လာသော လက်ဆောင်

Vol. 14 Ch. 186

ထိုကိစ္စရပ်များဖြစ်ပျက်ပြီးသည့်နောက်တွင် ဖန့်ကြွယ်ယွီသည် အလုပ်သင်ဆင်းရင်းဖြင့် အချိန်ကုန်နေခဲ့သည်။ သူဘယ်သူလဲဆိုတာ သိသော ဌာနအကြီးအကဲက ဖန့်ကြွယ်ယွီအား အလုပ်အများကြီးမခိုင်းပေ။

ဖန့်ကြွယ်ယွီသည် တစ်လနီးပါးလောက် စွမ်အားရှင်လေ့ကျင့်ခြင်းကျမ်းစဉ်အား အပတ်တကုတ် ကြိုးစားလေ့ကျင့်ခဲ့သည်။ ဖန့်ကြွယ်ယွီသည် B-အဆင့်စွမ်းအားရှင်လောက်ကို ရင်ဆိုင်နိုင်သော အစွမ်းရှိနေသည်ဟု ရှောင်းရီခန့်မှန်းမိသည်။ သူဘယ်လောက် အစွမ်းရှိနေလဲဆိုတာကို ထုတ်သုံးခွင့်တော့ မရသေးပေ။

ကူးရီနှင့်လေ့ကျင့်မည်ဟု တွေးထားသော်လည်း ကူးရီက ခြေလွန်လက်လွန်ဖြစ်ပြီး သူ့ကို သတ်မိမည်ကိုလည်း စိုးရိမ်သည်။

ပုံမှန်အတိုင်းပင် သူ့ဘေးနားမှာရှိနေသော စကြာဝဠာအရင်းမြစ်စွမ်းအင်များကို ဖန့်ကြွယ်ယွီက ခံစားမိနေသည်။ သူ၏ ရုပ်ရည်သွင်ပြင်ပိုင်းမှာ ပြောင်းလဲသွားသည်ကို ဖန့်ကြွယ်ယွီခံစားရသည်။ဒီပုံစံအတိုင်းသာဆက်သွားပါက ငါးလလောက်အချိန်အတောအတွင်းမှာ သူသည် လျှို့ဝှက်စွမ်းအားရှင်တစ်ဦးဖြစ်လာနိုင်သည်။

“ဒုတိယအဆင့်ခွင့်ပြုခြင်း အသက်ဝင်လာပါပြီ” ရုတ်တရက်ဆိုသလို ရှောင်းရီ၏ အသံက သူ့နားထဲ ပဲ့တင်သံထပ်လာသည်။

အဆင့်တစ်ခွင့်ပြုခြင်းကိုအောင်မြင်ခဲ့ပြီမို့ အဆင့်-၂ခွင့်ပြုခြင်းမစ်ရှင်ကို စတင်ဖို့ အချိန်ကျလာပြီဖြစ်သည်။

“လာစမ်းပါ။ ဒီတစ်ခါရော ပိုက်ဆံတွေသုံးပြရမှာမဟုတ်လား။ လုပ်စမ်းပါကွ”

ယခင်အတွေ့အကြုံအရဆို ငါးထရီလီယံလောက် သုံးရမည်ဆိုပါက သူမမှုပေ။

ဒုတိယအဆင့်ခွင့်ပြုခြင်းမစ်ရှင်: “ငါ့ကိုယုံလျှင် ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်မယ်”

မစ်ရှင်ဖော်ပြချက်: အလွန်အမင်းကြွယ်ဝချမ်းသာသောလူက ဖော်လိုဝါမရှိလျှင် ဘယ်လိုလုပ် အဆင်ပြေလိမ့်မည်နည်း။ ပိုင်ရှင်က သူ့နည်းသူ့ဟန်ဖြင့် ဖော်လိုဝါရဖို့ စွမ်းဆောင်ရမည်။

မစ်ရှင်လိုအပ်ချက်…သုံးနှစ်အတွင်း ဖော်လိုဝါ တစ်သိန်းရှိရမည်။

“ဟာ ဘယ်လိုမစ်ရှင်ကြီးလဲကွာ။ ငါ့မှာ ဖော်လိုဝါ သန်းနှစ်ဆယ်ကျော် ရှိတယ်လေ။ အဲ့တာတွေကို ထည့်မရေတွက်ဘူးလား”

“ဒါပေါ့ ထည့်မတွက်ဘူးလေ”

“ဖော်လိုဝါတွေက ပိုင်ရှင်ကို တကယ်လေးစား ယုံကြည်ဖို့လိုတယ်။ ပိုင်ရှင်ကို အိုင်ဒေါတစ်ယောက်လို၊ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်နေရမယ်။ သူတို့စိတ်ထဲက ကိုယ်တိုင်သက်ဝင်ယုံကြည်ဖို့က အရေးကြီးဆုံးပဲ”

“ဒါဆို ငါ့ဖော်လိုဝါဖြစ်ဖို့ဘယ်လိုသတ်မှတ်လို့ရမလဲ”

“ဖော်လိုဝါဆိုတဲ့ သတ်မှတ်ချက်အတွက်တော့ ငါ့မှာရှိပါတယ်။ဒါပေမဲ့ ဒီကိစ္စမှာတော့ ပိုင်ရှင်ကိုယ်တိုင်သတ် မှတ် ဖို့လိုအပ်တာမို့ ငါကူညီပေးလို့မရဘူးလေ”

သူ့မစ်ရှင်၏ ပြီးမြောက်မှုနှုန်းထားကို တစ်ချက်လှမ်းကြည့်သောအခါ 0/100,000ဟု ပြနေသည်ကို တွေ့ရသည်။

“ငါ့အဖေကလည်း ဘယ်လိုမစ်ရှင်တွေလာပေးမှန်းမသိပါဘူးကွာ”

“ဪဟုတ်ပြီ။ ငါတို့မိသားစုအတွက် အလုပ်လုပ်ပေးနေတဲ့လူတွေကိုရော ထည့်ပြီးတွက်လို့ရမလား”

“မရပါဘူး။ သူတို့က ဖန့်မိသားစုတစ်ခုလုံးကို သစ္စာခံတာလေ။ ပိုင်ရှင့်ကိုပဲ သီးသန့်သစ္စာခံတဲ့လူတွေမှ မဟုတ်တာ။ ဥပမာ ကူးရီဆိုရင် ဖန့်ဟွိုက်ရဲ့ တပည့်လေ”

“ဒါလည်းဟုတ်သားပဲ”

ဖန့်မိသားစုက ပြုစုပျိုးထောင်ထားပေးသော လူများနှင့်လည်း သူက အဆက်အသွယ်မရှိပေ။ ထို့ကြောင့် သူ့ကိုဘယ်လိုလုပ်ယုံကြမည်နည်း။

“အာ ဒီတစ်ခါမစ်ရှင်က မလွယ်တဲ့ပုံပါလား”

နက္ခတ်ဗေဒပညာရှင်တွေက ဒီတစ်ခေါက်ကြွယ်ကြွေတဲ့ ဖြစ်ရပ်က နိုဝင်ဘာ ၂၇ကနေ ၂၉အတွင်း ဖြစ်မယ်လို့ ခန့်မှန်းထားကြတယ်။ရာသီဥတုနဲ့ မြေပြင်အနေအထားကောင်းမယ်ဆို တစ်နာရီမှာ ကြယ်အလုံး ၂၀၀ောာင်မြင်ရမယ် လို့ဆိုကြတယ်။ ဒါက ဒီနှစ်အတွက် အကြီးကျယ်ဆုံး ကြယ်ကြွေ တဲ့ဖြစ်စဉ်ပဲ”

ထိုသတင်းကိုကြားသောအခါ တရုတ်လူငယ်လေးများက အံ့ဩမှင်သက်နေကြသည်။ ကြယ်ကြွေတဲ့အချိန်မှာ တောင်းသည့်ဆုက ပြည့်ဝသည်ဟုလည်း တချို့က ယုံကြည်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် နိုဝင်ဘာ ၂၈ရက် ညနေခင်းတွင် စုလွင်၏ ဂီတဖျော်ဖြေပွဲရှိသည်။ ထိုနေ့မှာ ကြယ်ကြွေတာ အများဆုံးမြင်ရမည်။ ပွဲကျင်းပရာနေရာသည်လည်း ခမ်းနားသော နေရာဖြစ်သည်။ စုလွင်၏ သီဆိုဖျော်ဖြေမှုနှင့်အတူ ကြယ်ကြွေတာကို မြင်ရသည့် မြင်ကွင်းက ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လိမ့် မည်နည်း။

စုလွင်၏ ဖျော်ဖြေပွဲကိုသွားရန် လက်မှတ်ဝယ်စရာပင်မလိုပေ။ သူ့အတွက် အကောင်းဆုံးနေရာကို စီစဉ်ပေးထားကြောင်း စုလွင်က ဆက်သွယ်လာသည်။

“ဟာ..ငါလိုမျိုး လူက ဒီကုမ္ပဏီလိုမျိုးမှာ အလုပ်သင်လာဆင်းနေရတာမမိုက်ဘူးကွာ”ဖန့်ကြွယ်ယွီက ကွန်ပျူတာထဲကို ကုဒ်ထည့်နေရင်းတီတိုးရေရွတ်နေမိသည်။

ပါမောက္ခကျော၏ ရာဇသံအရ ဒီကုမ္ပဏီမှာ အလုပ်သင်ဆင်းနေခြင်းဖြစ်သည်။ ရံဖန်ရံခါ NetEase၏ ရှယ်ယာများကို ဝယ်ပစ်ရန် တွေးတောဖူးသည်။ သို့သော် ပါမောက္ခကျောက သူ့ကို အမိန့်ပေးထားတာမို့ မဝယ်ရဲပေ။

“ကဲ နောက်ဆုံးတော့ ပြီးပြီကွ”

ဖန့်ကြွယ်ယွီက အညောင်းအညာပြေဖို့ အကြောဆန့်သည်။ သူ၏ ပြင်ပ ရုပ်ရည်သွင်ပြင်ပိုင်းနှင့်တကွ မှတ်ဥာဏ်များလည်း တိုးတက်လာခဲ့သည်။ကုဒ်ရေးရခြင်းက သူ့အတွက်မခက်ခဲတော့ပေ။

ဒီကနေ့မှာ စုလွင်၏ ရှိုးပွဲရှိတာမို့ ကောရှင်းယွီက သူ့ကိုကုမ္ပဏီမှာလာစောင့်နေသည်။

“ဝိုး ဒီကနေ့ စုလွင်ရဲ့ ရှိုးပွဲရှိလို့ဖြစ်မယ်။ လူတွေက အများကြီးပဲ”

ကံကောင်းစွာဖြင့် ဖန့်ကြွယ်ယွီက သူတို့မရောက်ခင်မှာ စုလွင်ကို လှမ်းအကြောင်းကြားထားသည်။ ထို့ကြောင့် စုလွင်၏ လက်ထောက်က သူတို့ကို လက်မှတ်စစ်သည့်နေရာနားမှာလာကြိုနေသဖြင့် သူတို့ပွဲခင်းကိုရောက်သည်နှင့် တန်းဝင်သွားရသည်။

“ဟမ်” လက်မှတ်စစ်နေရာနားမှာရှိနေသော ဝန်ထမ်းတစ်ဦးကို သူသတိထားမိသည်။ စုလွင်၏ ရှိုးပွဲမှာ လက်မှတ်စစ်ရန်၊ လမ်းညွှန်ရန်နှင့် အခြားကိစ္စများအတွက် လုပ်အားပေးများခေါ်ယူသည်။ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ထိုလုပ်အားပေးများက ပွဲကြည့်ရှုခွင့်လက်မှတ်ရသည်။

ထိုလုပ်အားပေးသည် စုလွင်၏ ပရိတ်သက်ဖြစ်သည်။ ထိုလူက သူ၏ရည်းစားဟောင်း ကျန်းယွင် ဖြစ်နေမည်ဟု ဖန့်ကြွယ်ယွီမတွေးထားပေ။

ကျန်းယွီက သူ့ကိုမြင်သောအခါခေါင်းကိုငုံ့ထားပြီး အကြည့်ချင်းမဆုံမိအောင် လုပ်သည်။

သူမက သူဌေးသားတစ်ဦးနှင့် တွဲရပြီဆိုပြီး ဝမ်းသာခဲ့ရသည်။ တဖြည်းဖြည်းနှင့် နှစ်ဦးသားကြားက ဆက်ဆံရေးက တဖြည်းဖြည်းအေးစက်လာသည်။ သိပ်မကြာခင်ကပင် ဝမ်ရွှမ်က သူမကို ထားခဲ့သည်။ ထို့ကြောင့် စုလွင်၏ရှိုးပွဲအတွက် လက်မှတ်လည်းမရတော့ပေ။

ကျန်းနန်တက္ကသိုလ်က ပြည်နယ်မှာ နာမည်အကြီးဆုံးကျောင်းဖြစ်တာမို့ လုပ်အားပေးခေါ်သောအခါ သူမ လျှောက်လွှာတင်ခဲ့သည်။ လူပေါင်းများစွာထဲမှ သူမအရွေးခံရသည်။ သို့သော် ဖန့်ကြွယ်ယွီနှင့် ယခုလိုပြန် ဆုံရလိမ့်မည်ဟု တခါမှမတွေးဖူးပေ။

“ရေစက်တွေကမကုန်သေးပဲကိုး” ဖန့်ကြွယ်ယွီကပျက်ရယ်ပြုသည်။ သူမကို အခုလိုမြင်ရတော့ အခြေအနေကို ရိပ်ဖမ်းသံဖမ်း နားလည်လိုက်သည်။ သူမကိုယ်တိုင် ရွေးချယ်ခဲ့သောလမ်းဖြစ်သည်။

၇:၄၀မှာရှိုးပွဲစတင်လေပြီ။

“ကြည့်ဦး ဟိုမှာကြယ်ကြွေတာ”ကောရှင်းယွီက မျက်လုံးကိုမှိတ်ပြီးဆုတောင်းနေသည်။

“အချစ် ဘာဆုတောင်းတာလဲ” ဖန့်ကြွယ်ယွီက သိချင်လွန်းလှသဖြင့် မေးသည်။

“မပြောပါဘူးနော်”

“ပိုင်ရှင့်ဆီပို့လိုက်တဲ့ ပစ္စည်းရောက်ပါပြီ”

“ဘာပစ္စည်းလဲ ငါလည်း ဘာမှ မမှာထားပါဘူး”

“ပိုင်ရှင်ရဲ့ ဖခင်က ပို့လိုက်တာပါ”

“ဘယ်မှာလဲ UFOစီးပြီးလာပို့တာလား”ဖန့်ကြွယ်ယွီက ကောင်းကင်ကိုမော့ကြည့်သောအခါ ကြယ်ကြွေတာကလွဲပြီး ဘာမှမတွေ့ရပေ။

“အင်း ဒီနေ့ကြယ်ကြွေတဲ့ဖြစ်စဉ်မှာ ကြယ်တစ်လုံးကြွေကျတဲ့ပုံစံနဲ့ပို့လိုက်တာပါ”

“ဘယ်လို” သူ့အဖေပြောတဲ့ ပစ္စည်းပို့ခြင်းအစီအစဉ်ဆိုတာ ဒီပုံစံမျိုးလား။ ပစ္စည်းပို့သမားကို ကြွယ်ကြွေတဲ့အထဲ ထည့်လွှတ်လိုက်တာလား။ ဒါပေမဲ့ ကြယ်တွေက လေထုထဲဝင်သည်နှင့် မီးလောင်ကျွမ်းကုန်ကြသည် မဟုတ်ပါလော။

“ပိုင်ရှင်က တကယ့်ကိုအမြင်မရှိတာပဲ” ဟု ရှောင်းရီက လှောင်ပြောင်ပြောဆိုသည်။

“ကမ္ဘာ့ပြင်ပကစွမ်းအင်တွေဆိုတာ သာမန်အတွေးနဲ့တွေးလို့မရဘူး။ပိုင်ရှင်က နေပေါ်မှာ နေရင်တောင်မှ စကြာဝဠာခရက်ဒစ်ပေးမယ်ဆို ရောက်အောင်ပို့ပေးမှာပဲ”

“ကမ္ဘာမြေက စကြာဝဠာမိတ်ဖက်အဖွဲ့ထဲ မပါသေးဘူးလေ။ လာပို့တဲ့လူကို မြင်ရရင် လန့်ပြီးသေကုန်ကြမှာပေါ့။ ဒါကြောင့်မို့ ပစ္စည်းပို့ဖို့ ဖန်တီးထားတဲ့ ကြယ်ထဲမှာ ထည့်ပြီး လွှတ်ပေးလိုက်တာပေါ့”

“မိုက်လိုက်တဲ့နည်းလမ်းပါလား။ ဒါဆို ပစ္စည်းကိုကျ ဘယ်လိုယူရမလဲ”

“အဲ့အတွက်တော့ စိတ်မပူပါနဲ့။ လွှတ်ပေးလိုက်တဲ့ ကြယ်မှာ စစ်ဂနယ်ပါတယ်။ပြီးတော့ ကျောက်တုံးပဲမို့ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး။ မနက်ဖြန်မှရှာကြမယ်”

“အဲ့တာလည်း အဆင်ပြေတာပဲ”

ဖန့်ကြွယ်ယွီလည်း ကောရှင်းယွီကိုခပ်တင်းတင်းသိုင်းဖက်ရင်း ဂီတကို အပီအပြင် စီးမျောခံစားနေသည်။

All Chapters