အထူးနတ်ဘုရားအကယ်ဒမီ
Vol. 14 Ch. 189
“ဒါက ဘာကြီးလဲဟ”
ဖန့်ကြွယ်ယွီသည် အဆောက်အဦပုံစံငယ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူ့ရှေ့မှာရှိနေသော အဆောက်အဦပုံကိုတွေးလိုက်ရုံဖြင့် အလွန်ကြီးကျယ်ခမ်းနားသော အဆောက်အဦတစ်ခုကို တည်ဆောက်နိုင်မည်ဟု ခံစားနေရသည်။
“ဒါက အဆင့်မြင့်တည်ဆောက်မှုတစ်ခုဖြစ်ရမယ်” ဟု ရှောင်းရီက သုံးသပ်ပြသည်။
“ဒါမျိုး အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ အသုံးပြုသူလမ်းညွှန်ကို ဖတ်ကြည့်လိုက်ဦးမယ်”
“အသုံးပြုသူလမ်းညွှန်က ဘယ်မှာလဲ။ ငါလည်း မတွေ့မိပါလား”ဟု ဖန့်ကြွယ်ယွီကမေးသည်။
“မင်းမျက်လုံးနဲ့ကြည့်ရင်တော့ ဘယ်လိုလုပ်မြင်ရမှာလဲ” ဟု ရှောင်းရီက ခနဲ့တဲ့တဲ့ပြောဆိုသည်။
“ဒီပစ္စည်းက အဆင့်(၃) တီထွင်မှုလောက်ရှိတယ်။ ဒီကမ္ဘာမြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်လာမယ်ဆိုလျှင်တောင်မှ ဒီလိုပစ္စည်းမျိုးမရှိလောက်ဘူး”
ရှောင်းရီက မည်သည့်နည်းလမ်းကိုသုံးပြီးဆန်းစစ်လိုက်သလဲတော့မသိပေ။ တခဏကြာပြီးနောက် ရှောင်းရီက စိတ်လှုပ်ရှားပြီး ထအော်သည်။
“ပိုင်ရှင် ဒီပစ္စည်းက အရမ်းမိုက်တာ။ ပိုင်ရှင်ရဲ့ ဖခင်ပြောပုံအရဆို ဒီပစ္စည်းက အဆင့်(၂) ခွင့်ပြုချက်ကိုရဖို့ အများကြီးအထောက်အကူရတယ်ဆိုပဲ”
“မြန်မြန်ပြောပါကွာ။ ဒီဟာက ဘာအတွက်ကောင်းတာလဲ”
“ဒါက အဆင့်လေးဘုံလောကမှာ မျိုးဆက်သစ်တွေကို လေ့ကျင့်သင်ကြားပေးဖို့အသုံးပြု ခဲ့တဲ့အဆင့်မြင့်သင်တန်းကျောင်းတစ်ခုပါ”
“ဒီပစ္စည်းကို အိတ်ဆောင်အဖြစ် ထည့်ထားလို့ရပါတယ်။သခင်လေးလိုအပ်တဲ့အချိန်မှာ ဒီကျောင်းကနေ သင်ကြားလို့ရပါတယ်။ ဒီပစ္စည်းကို စည်းနှောင်ထားမယ်ဆို ကျောင်းကနေအမြင့်ဆုံးခွင့်ပြုချက်ရနိုင်ပါတယ်”
“ဒါက ဘာများထူးဆန်းနေလို့လဲ။ ငါတို့ဆီက ကျောင်းတွေလည်း အဆင့်မြင့်သင်ကြားရေးစနစ်ကို လုပ်ဆောင်နိုင်တာပဲလေ”
“ပိုင်ရှင်ရာ..နည်းနည်းတွေးကြည့်ပါဦး။ ကမ္ဘာပေါ်က ပညာရေးစနစ်က အဆင့်လေး ဘုံလောကမှာရှိတဲ့ ပညာရေးနဲ့ ယှဉ်နိုင်ပါ့မလား။ ဒီကျောင်းမှာဆို မသင်နိုင်တဲ့ဘာသာရှိတောင်မရှိဘူး”
“ဘယ်လို ဘယ်လို”
“ကဲ ပထမဆုံး ရူပဗေဒဘာသာရပ်မှာ အဆင့်မြင့်သင်ခန်းစာတွေကို ပြပေးမယ်”
ထိုစကားများကိုပြောလိုက်သည်နှင့် ထိုပစ္စည်းလေးသည် အလွန့်အလွန်ထူသော စာအုပ်တစ်အုပ်၏ ပုံကို ပြသသည်။
“တွင်းနက်အစွမ်းထုတ်ယူခြင်း သီအိုရီ၊ အလင်းအလျင်စွမ်းအင်သီအိုရီ၊”
“ဒါက ဆေးပညာပရိုဂရမ်တွေပါ။ လူ့ခန္ဓာကိုယ်ပြောင်းလဲခြင်းနည်းပညာ၊ လူ့ကိုယ်ခံအားကျဆင်းမှုတိုက်ဖျက်ရေးနည်းပညာ၊ ဦးနှောက်ပိုင်းဖွံ့ဖြိုးမှုနည်းပညာ၊ အဆင့်မြင့်ခွဲစိတ်ပညာ..”
“အဆင့်မြင့်ခွဲစိတ်ပညာဆိုတာ ဘာကြီးလဲ”
“ဥပမာ ခေါင်းပြတ်သွားတယ်ဆိုပါစို့။ ဒီအဆင့်မြင့်ခွဲစိတ်ပညာနဲ့ဆို အာရုံကြောတွေ သွေးကြောတွေ ဘာမှထိခိုက်မှုမရှိဘဲနဲ့ ဦးခေါင်းကို မိနစ်ပိုင်းအတွင်းပြန်ဆက်နိုင်တယ်”
“မဖြစ်နိုင်တာ။ အကယ်၍ ဒီနည်းပညာရှိတယ်ဆိုဦးတော့ သာမန်လူတစ်ဦးမှာ ဘယ်လိုလုပ်ခွဲစိတ်မှု လုပ်နိုင်ပါ့မလဲ”
“ဒါပေါ့ သာမန်လူတွေအဖို့မတတ်နိုင်ဘူးပေါ့။ဒါပေမဲ့ ဒီကျောင်းမှာ လူသားတွေရဲ့အစွမ်းဖွံ့ဖြိုးတိုးတက်ဖို့ သင်ကြားပေးနေတဲ့ အခြေခံသင်တန်းတွေရှိပါတယ်။ ငါတို့ကျင့်တဲ့ စွမ်းအားရှင်လမ်းစဉ်တွေလိုပေါ့။ သဘောတရားကတော့ အတူတူပဲ။ ဒါပေမဲ့ လုပ်ဆောင်နိုင်စွမ်းမှာကွာသွားတာပေါ့။ ဒါပေမဲ့ လူသားတွေအတွက်တော့ ရတနာတစ်ပါးပါပဲ”
ဖန့်ကြွယ်ယွီက ဘာစာအုပ်များ ထပ်ရှိဦးမလဲဆိုတာ စူးစမ်းနေသည်။
တဖြည်းဖြည်းနဲ့ ဖန့်ကြွယ်ယွီလည်း ဇောချွေးပျံလာသည်။ သူမြင်နေရသော အရာများကို လူ့လောကတွင် စိတ်ကူးရုံသာတတ်နိုင်ခဲ့သည်။အခုအခါမှာ လူသားများအဖို့ စိတ်ကူးယဉ်ဖို့သာ တတ်နိုင်သောအရာများကို ဒီကျောင်းက သင်ကြားပေးနိုင်သည်။
“ဒါဆို ဘယ်သူက စာသင်လဲ။ ဆရာ/မတွေများ ရှိနေမလား”
သင်ပေးတဲ့ ဆရာတွေက ဥာဏ်ရည်မြင့်စက်ရုပ်တွေလေ။ ဒီဥာဏ်ရည်မြင့်ကျောင်းကိုဝယ်လိုက်တာနဲ့ စက်ရုပ်က ပါလာပြီးသားပဲ။ မင်းအဖေက စက်ရုပ်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အပြုအမူတွေကိုပြင်ပေးခဲ့ပြီးသား။ ဥပမာ စစ်မှုရေးရာကို သင်တဲ့ စက်ရုပ်ဆို သင်ပေးတဲ့ဆရာကို ကျိုးလျန့် ပုံစံတူလုပ်ထားတာ”
“ဝိုး မိုက်သားပဲ”
“နားလည်ပြီ”
ဒါကြောင့်မို့ သူ့အတွက် အဆင့်-၂ကို ကျော်ဖြတ်ဖို့ရာ ပစ္စည်းတစ်ခုပို့လိုက်သည်ဟူသော စကားကို အခုမှ နားလည်သဘောပေါက်တော့သည်။
ကျောင်းသားအများကြီး ခန့်အပ်နိုင်ရန် ဒီကျောင်းကို ဘယ်လိုမှီခိုရမည်နည်း။
ကျောင်းကြီးကြပ်သူတစ်ဦးဖြစ်လျှင်တောင်မှ နောက်လိုက်များစွာကို စုဆောင်းရန် လွယ်ကူပါ့မလား။
“ရှောင်းရီ ဒီပစ္စည်းကို ငါဘယ်လိုသုံးရမလဲ”
“ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်နဲ့ ပေါင်းစည်းဖို့လိုနေတာ။ရပြီဆို ကျောင်းရဲ့ အမြင့်ဆုံးခွင့်ပြုချက်ကိုရရှိပြီး အရာရာကို စိတ်ကြိုက်ခြယ်လှယ်နိုင်တယ်။ဒါပေမဲ့ ကျောင်းရဲ့တည်နေရာကိုတော့တချက်ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်”
“အင်း ဟုတ်သားပဲ”
သေချာတွေးကြည့်တော့ ဒီလိုကျောင်းမျိုး ရုတ်တရက်ပေါ်လာပါက အုတ်အော်သောင်းနင်းဖြစ်ကြပေဦးမည်။ ဒီကျောင်းနှင့် ပတ်သက်ပြီး လူသိခံလို့မရပေ။
ဖန့်ကြွယ်ယွီက မည်သူ့ကိုမှ မကြောက်ဖူးဆိုသော်လည်း ဆက်တိုက်ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းကို မုန်းတီးသည်။ပိုက်ဆံကို နေ့တိုင်းရေလိုသုံးစွဲပြီး ကြွားဝါပြနေခြင်းကလည်း မကောင်းနိုင်ပေ။
“ဒါဆို တောင်ကတုံးတစ်ခုကိုဝယ်မယ်ဆိုရင်ရော” ထိုနေရာမျိုးက လျှို့ဝှက်နက်နဲလိမ့်မည်ဟု ဖန့်ကြွယ်ယွီတွေးမိသည်။
ထိုနေရာကို ရောက်အောင်လာသူများမှာ အစွမ်းတစ်ခုမဟုတ်တစ်ခုရှိသင့်သည်။
“ဒါဆို ကျောင်းအတွက်နာမည်ရွေးပေးရဦးမယ်”
“ဒီကျောင်းက ထူးခြားတယ်ဆိုတော့ အထူး နတ်ဘုရားအကယ်ဒမီဆိုပြီး
ပေးလိုက်ရင်ရော”
ဖန့်ကြွယ်ယွီက ထိုနာမည်ကို တွေးရုံပဲတွေးမိချိန်တွင် အဆောက်အဦပုံစံငယ်၏ နဖူးစည်းတွင် “အထူးနတ်ဘုရားအကယ်ဒမီ” ဟူသော စာသားပေါ်လာသည်
“ဝိုး ငါ့စိတ်ကတွေးလိုက်ရုံနဲ့ စာတစ်ခါထဲရေးပေးတာပါလား”
ဖန့်ကြွယ်ယွီက အထူးနတ်ဘုရားအကယ်ဒမီပုံစံငယ်ကိုလက်စွပ်ထဲမှာပြန်သိမ်းပြီး ဥကိုထုတ်လိုက်သည်။
“အဖေက ငါ့အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်များ ပို့ပေးလိုက်တာလား”
ဒီဥထဲက ဘာကောင်များ ပေါက်လာမလဲဆိုတာ တွေးနေမိသည်။ နဂါးလား။ မြွေလား။
“ပိုင်ရှင် ဒါက စိတ်ဝိဥာဉ်အပိုင်ရမဲ့သားကောင်ပဲဖြစ်ရမယ်” ရှောင်းရီ၏ အသံက အနည်းငယ်တုန်ရီနေသည်။
“စိတ်ဝိဥာဉ်အပိုင်ရမဲ့သားကောင်ဟုတ်လား။ တစ်ခါမှ မကြားဖူးပါဘူး”
“ဟုတ်ပါတယ်။ သူတို့က ဒီစကြာဝဠာတစ်ခွင် အရမ်းလည်းရှား အရမ်းလည်းအန္တရာယ်များပြီး ဒေါသအရမ်းကြီးတဲ့ ကောင်တွေပါ။ စိတ်ဝိဥာဉ်အပိုင်ရဲ့သားကောင်အကြီးစားတစ်ကောင်က ဘုံလောက တစ်ခုကိုတောင်ဖျက်စီးပစ်နိုင်ပါတယ်”
“ဟမ် ဒီလောက် အန္တရာယ်များတဲ့ကောင်ကို ငါ့အဖေက ဘာကြောင့်များ ကမ္ဘာမြေကိုလွှတ်လိုက်ရတာလဲ”ဖန့်ကြွယ်ယွီက ပြောရင်းဆိုရင်း လက်တွေတုန်လာသည်
“မဟုတ်လောက်ဘူး ပိုင်ရှင်။ ဒီဥက ထူးခြားတယ်။ ဥပေါ်က အကွက်အကွက်လေးတွေမြင်လား”
“မြင်တယ်လေ ဘာလို့လဲ”
“ဒါက ရှေးမန္တာန်တစ်ခုလိုပေါ့။ ပြောရမယ်ဆို စာချုပ်လိုပါပဲ။ ပိုင်ရှင့်လက်ချောင်းထိပ်ကို သွေးထွက်အောင်ကိုက်လိုက်ပါ။ပြီးရင် သွေးကို အဲ့အပေါ်တင်လိုက်”
“ဟမ် မင်းလည်း စိတ်ကူးယဉ်ဝတ္ထုတွေဖတ်တာများနေပြီထင်တယ်”
ရှောင်းရီပြောတာတွေက မထူးဆန်းပေဘူးလား။
“ပိုင်ရှင် ပေါက်ကရတွေလျှောက်ပြောတာရပ်ပြီး ငါ့စကားကိုနားထောင်ပါ” ဟု ရှောင်းရီက စိတ်မရှည်သည့် လေသံဖြင့်ပြောသည်။
“ဘာလို့ ဒေါသထွက်နေရတာလဲ”
ဖန့်ကြွယ်ယွီက ရှောင်းရီပြောသည့်အတိုင်း လုပ်လိုက်သည်။ လက်ချောင်းကို သွေးထွက်အောင်ကိုက်ပြီး ထိုသွေးကို ဥအပေါ်တင်လိုက်သည်။
ဥပေါ်က မန္တာန်များက တစတစပျောက်ကွယ်သွားသည်။ ထိုသွေးကို ဥကချက်ချင်းစုပ်ယူလိုက်ပုံရသည်။
“ဂျွတ်”
ခဏအကြာမှာ ဥကွဲသံကို ကြားရသည်။
ဥကွဲသံက တဖြည်းဖြည်းကျယ်လောင်လာပြီး အမွှေးပွပွခေါင်းတစ်ခေါင်းသည်ဥခွံထဲမှ တိုးထွက်လာသည်။
“မြေ မြေ…မြေခွေး”
“ဘာလဲဟ။ သားရဲကောင်ကို ခွေးလို့ထင်နေတာ။ အဖေက ငါ့ကိုမှားပြီးပို့မိတာလား။ သူက ငါ့အတွက် ခွေးတစ်ကောင်ပို့ပေးရမှာမလား”