← Chapters

မင်းက ဟတ်စကီးမျိုးလား။

Vol. 14 Ch. 190

မင်းက ဟတ်စကီးမျိုးလား။

Vol. 14 Ch. 190

ဥထဲကနေ ခွေးတစ်ကောင်ထွက်လာတယ်…

ထိုအဖြစ်အပျက်ကို သာမန်လူများကို ပြောပြပါက ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သို့သော် ဖန့်ကြွယ်ယွီကတော့ မျက်စိနှင့်တပ်အပ်မြင်ခဲ့ရသည်။

“သရဲခြောက်တာများလား”ဖန့်ကြွယ်ယွီက မယုံသင်္ကာဖြစ်ပြီး ထိုခွေးလေးကိုကိုင်ကြည့်သည်။ ခွေးလေးက မျက်စိပင်မပွင့်သေးပေ။ လျှာလေးကထွက်နေသဖြင့် ချစ်စဖွယ်ကောင်းလှသည်။

ရှင်းယွီသာ အနားမှာရှိနေပါက ထိုခွေးလေးကို အလွန်ချစ်ပေလိမ့်မည်။

“ရှောင်းရီ ဒီကောင်လေးက လူ့ဘုံလောကကိုတောင် ဖျက်စီးနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ မင်းညာပြောနေတာမဟုတ်လား”

“အင်း…” ရှောင်းရီ၏ ပုံစံက မသေချာမရေရာသည့်ပုံဖြစ်နေသည်။ သူ့တွေ့ဖူးသော ဝိဥာဉ်ဝါးမြိုနိုင်သည့် သားရဲကောင်များသည် အလွန်ပင်ကြီးမားလှပြီး ယခုတွေ့နေရသည့် ချစ်စဖွယ်ခွေးလေးပုံစံမဟုတ်ပေ။

သို့သော် ထိုသားရဲကောင်များက အရွယ်ရောက်ပြီးမှသာ ပြင်ပကမ္ဘာမှာပေါ်လာကြသဖြင့် လသားအရွယ်သားရဲကောင်ကို တစ်ခါမှ မမြင်ဖူးပေ။

ဖန့်ကြွယ်ယွီ၏ လက်ထဲတွင် ခွေးလေးက ငြိမ်ငြိမ်လေးရှိနေသည်။

“ပိုင်ရှင် ဘယ်လိုပုံစံပဲဖြစ်ဖြစ် ဒါက ဝိဥာဉ်ဝါးမျိုတဲ့သားရဲကောင်ပါ။ သူက ဥခွံပေါ်မှာ သတ်မှတ်ထားတဲ့ သခင်လေး သွေးသားကြောင့် ပိုင်ရှင်ကို ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်တော့ဘူး”

“ဘာြဖစ်ဖြစ်ကွာ..သူက ခွေးဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ သူ့ကို ခွေးလို့ပဲသတ်မှတ်မယ်။သူ့ကို အားကောလို့ နာမည်ပေးမယ်။ အားကောက ငါ့ရဲ့ အထူးနတ်ဘုရားအကယ်ဒမီကို စောင့်ကြပ်ရမယ်”

“ဒါနဲ့ ဒီကောင်လေးက ဘာတွေစားတာလဲ။ ခွေးစာတွေဘာတွေစားလား” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“ငါသိတဲ့ သတင်းတွေအရဆို သားရဲကောင်တွေက ကြယ်စင်တန်းမှာတွေ့ရတဲ့ သားကောင်တွေကို အစာအဖြစ်ဖမ်းစားကြတယ်ဆိုပဲ။ သူတို့ဘာစားလဲတော့ ငါလည်း အတိအကျမသိဘူး”

ဖန့်ကြွယ်ယွီက အားကော၏ သွားကိုဖြဲကြည့်သည်။ ဥမှပေါက်ခါစဖြစ်သောကြောင့် သွားတောင်မစုံသေးပေ။

“ကောင်းပြီ။ နို့တိုက်ကြည့်ရမယ်”

ဖန့်ကြွယ်ယွီက ခွေးလေးကို ဆိုဖာပေါ်တင်ပြီး မီးဖိုချောင်ထဲထွက်သွားသည်။ ဖန့်ကြွယ်ယွီ မရှိတော့မှ ခွေးလေးလည်း အိပ်နေရာမှ နိုးလာပြီးဆာလောင်မွတ်သိပ်မှုကြောင့် တုန်ရီနေသည်။

သူ၏ မျက်ဝန်းများက မဲနက်နေသည်။ ခဏအကြာမှာ ချွန်ထက်နေသော သွားများရုတ်တရက်ထွက်လာပြီး သူ့အောက်မှာရှိနေသော ဆိုဖာကို တရှုံ့ရှုံ့အနံ့ခံနေသည်။

“ဒီကောင်တွေက လူသားတွေသောက်တဲ့ နွားနို့ကိုသောက်ပါ့မလား”

ဖန့်ကြွယ်ယွီက နို့ပုလင်းကိုကိုင်ပြီး မီးဖိုချောင်ထဲမှ ပြန်ထွက်လာချိန်တွင် သူ့ရှေ့တွင် ဆီးကြိုနေသော မြင်ကွင်းကြောင့် အံ့ဩတကြီးဖြစ်သွားရရှာသည်။

၅.၂သန်းတန်ကြေးရှိသော မဟော်ဂနီဆိုဖာသည် တစစီပြန့်ကျဲနေသည်။ သစ်သားစများ၊ သားရေများနှင့် ချည်အခင်းများသည် တစစီပြန့်ကျဲနေသည်။

ဒါတင်မကသေးဘဲ စားပွဲမှာလည်း ကျိုးပဲ့ပျက်စီးကုန်သည်။ ဒေါ်လာသန်းနှင့်ချီတန်ကြေးရှိသော ပန်းချီကားသည် လူမြင်မကောင်းလောက်အောင် ပျက်စီးနေသည်။

ချင်မင်းဆက်လက်ထက်ကတည်းကရှိခဲ့သော ကြွေပန်းအိုးနှစ်လုံးလည်း တစစီကွဲကြေနေသည်။

“ဘယ်လိုဖြစ်ကုန်တာလဲ ငါသွားတာ ဆယ်မိနစ်လောက်ပဲရှိပါသေးတယ် သူခိုးဝင်ကုန်တာလား”

တန်ဖိုးကြီးရှေးဟောင်းပစ္စည်းများ ပျက်စီးကျိုးပဲ့နေသော မြင်ကွင်းကိုမြင်ရပြီး ဖန့်ကြွယ်ယွီ၏ နှလုံးသားများ တစစီကြေမွနေသည်။

“ဂျွမ်း ဂျွမ်း”

ထိုအချိန်မှာ တံခါးဝနားဆီက အားပါးတရဝါးနေသံကို ကြားရသောအခါ ဖန့်ကြွယ်ယွီလည်း အပြေးအလွှားသွားကြည့်သည်။

အားကောသည် ချိုပင်အသုံးပြုခဲ့သော စန္ဒရားခုံနားမှာထိုင်နေပြီး စန္ဒာရားခုံ၏ အခြေတစ်ခုသည် ဝါးစားခံနေရပြီဖြစ်သည်။

“ဝု ဝု” ဖန့်ကြွယ်ယွီရောက်လာသည်ကို သတိထားမိသောအခါ အားကောသည် ချစ်စဖွယ်ဟန်ပန်ကိုလုပ်ပြသည်။

“ဂျွမ်း”

စန္ဒရား၏ အစွန်းတစ်ဖက်သည် တစ်ဝက်လောက်ဝါးစားခံပြီးသောအခါ စန္ဒရား၏ အလေးချိန်ကို မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်လဲကျသွားတော့သည်။

“ငါ ထွက်သွားတာဆယ်မိနစ်ပဲရှိသေးတာလေကွာ။ ခုတော့ တစ်အိမ်လုံး ဗြောင်ဆန်နေပြီ။ မင်းက ပြောတော့ ဝိဥာဉ်ဖမ်းစားတဲ့သားကောင်ဆို။ ခုတော့ မင်းကဟက်စကီးခွေးမျိုးပဲဖြစ်နေပြီ သိရဲ့လား”

ဖန့်ကြွယ်ယွီက ဒေါသထွက်ပြီး လက်သီးကို ကျစ်ကျစ်ပါနေအောင် ဆုပ်ထားသည်။

“ရှောင်းရီ ခွေးသားဘယ်လိုချက်စားရမလဲဆိုတာရှာကြည့်ကြည့်”

ဖန့်ကြွယ်ယွီက ထွီခနဲမြည်အောင် တံတွေးတစ်ချက်ထွေးပြီး နို့ဘူးကို ဒေါသတကြီး လွှင့်ပစ်သည်။

ဆယ်မိနစ်အတွင်းမှာ ဘီလီယံနှင့်ချီပြီး ဆုံးရှုံးခဲ့ရသည်။ သူက မည်မျှပင်ချမ်းသာနေပါစေ ဒီလို ဖျက်ဆီးတတ်သော တိရစ္ဆာန် မျိုးတော့ မလိုချင်ပေ။

ဖန့်ကြွယ်ယွီက စွမ်းအားရှင်လမ်းစဉ််ကိုကျင့်နေသည်မှာ တစ်လလောက်ရှိပြီဖြစ်သည်။ ရှောင်းရီပြောပုံအရဆို သူ၏ ခွန်အားများ၊ မြန်ဆန်မှုများ နှင့် အစွမ်းများသည် ယခင်ကထက် ဆယ်ဆပိုများခဲ့ပြီဖြစ်သည်။

သို့သော်ငြား သူ၏အနေအထားနှင့် ထိုခွေးကို မယှဉ်နိုင်ပေဘူးလား။

“ဝှစ်”သူက အားကောကို တိတ်တဆိတ်တိုက်ခိုက်သည်။သူ၏ တိုက်ခိုက်မှုကို အားကောက လျင်လျင်မြန်မြန်ရှောင်တိမ်းနိုင်သည်။

အားကောက ဘယ်ဘက်ကိုရှောင်တိမ်းလိုက် ညာဘက်ကို ရှောင်တိမ်းလိုက်နှင့် ကစားနေသလိုဖြစ်နေသည်။ ထိုအချိန်မှာ သူက တစ်ချက်တိုက်ခိုက်တိုင်း ဧည့်ခန်းထဲက ပစ္စည်းတစ်ခုဆုံးရှုံးရစမြဲဖြစ်သည်။

တစ်ခဏကြာပြီးနောက် ဧည့်ခန်းလည်း ရှုပ်ပွနေတော့သည်။ ယခုအချိန်ထိ ထိုခွေး၏ ဆံချည်တစ်မျှင်တောင် ထိခိုက်အောင်မလုပ်နိုင်ပေ။

သူ့လိုမျိုး Bအဆင့် စွမ်းအားရှင်က ဘာကြောင့်များ မွေးကာစခွေးတစ်ကောင်ကို မနိုင်ရသနည်း။

“ဟောဟဲ ဟောဟဲ”

ဖန့်ကြွယ်ယွီက နံရံကိုမီပြီး အမောဖြေနေသည်။

သူတတ်သလောက်မှတ်သလောက်ဥာဏ်ဆင်ပြီး တိုက်ခိုက်သော်လည်း ခွေးကို မနိုင်နေပေ။ အားကောသ ် သာမန်ခွေးမဟုတ်ဘူးဆိုတာ သေချာသည်။

“ဝုတ် ဝုတ်” အားကောက ဗိုက်ဆာလောင်နေသဖြင့် အသံပေးသည်။

“ဒီကောင်သာ စောစောက ပေါ်လာခဲ့ရင် ငါလည်း ပထမအဆင့်ကို မြန်မြန်ပြီးလောက်တယ်”

ဖန့်ကြွယ်ယွီက နို့မှုန့်ကို ပြင်ပေါ်လောင်းချလိုက်သောအခါ အားကောက အငမ်းမရယက်နေသည်။

ခွေးလေးက ကျေနပ်သည့်အမူအရာဖြင့် ဖန့်ကြွယ်ယွီကိုကြည့်နေသည်။ နှို့မှုန့်က သူအခုနက စားနေသော ခပ်မာမာကျောကျော ပစ္စည်းများနှင့်မတူပေ

အားကောက နှို့မှုန့်ကုန်သောအခါ ဖန့်ကြွယ်ယွီကိုထပ်လာတောင်းသည်။

“မင်းက ထပ်စားချင်သေးတာလား”

“ဝု”

အားကောက သူ့မေးခွန်းကို နားလည်သလိုလို တုံ့ပြန်သည်။

“ဒီခွေးက အတတ်မြန်သားပဲ”

“ကဲ အခုချိန်ကစပြီး ဘာတွေပဲဖြစ်နေဖြစ်နေ မင်းငါ့စကားကို နားထောင်ရမယ်။ ငါမသိဘဲ ဘာမှမစားရဘူး။ ဘာပစ္စည်းကိုမှလည်း မဖျက်စီးရဘူး”

“ဝု ဝု”

“ပိုင်ရှင်သူတို့ကိုအထင်တော့မသေးနဲ့နော်။ သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက လူတွေထက်သာတယ်။ ပြီးတော့ ပိုင်ရှင်ကို သူ့သခင်အဖြစ်လည်းအသိအမှတ်ပြုတယ်လေ။”

“ပြီးတော့ သူတို့သာ သက်တော်စောင့်အနေနဲ့ပါမယ်ဆို ကမ္ဘာကထွက်တာနဲ့ စကြာဝဠာမှာ စိတ်ကြိုက်လျှောက်သွားနိုင်တယ်”

“တော်စမ်းပါ။ ဒီကောင်ဖျက်စီးထားတဲ့အရာတွေကိုကြည့်ပါဦး။”

ဖန့်ကြွယ်ယွီကရှုပ်ပွနေသော ဧည့်ခန်းကိုကြည့်ပြီး ငိုချင်လာသည်။

ဖန့်ကြွယ်ယွီက ဖုန်းကိုကိုင်ပြီး” အန်တီကျန်း ကိစ္စလေးရှိလို့ပါ။ ဧည့်ခန်းမှာ ခွေးဖွထားတာ မြင်လို့တောင်မကောင်းဘူး။အိမ်ရှင်းဖို့ တစ်ယောက်ယောက်လွှတ်ပေးပါဦး။ ပစ္စည်းတွေအများကြီး ဖျက်စီးခံလိုက်ရာ။ ဘယ်လို ကျွန်တော်တို့မှာပစ္စည်းအပိုရှိတယ် ဟုတ်လား။ဟုတ်ပြီ ဒါဆိုစန္ဒရားပြင်ဖို့ ပညာရှင်တစ်ဦးလွှတ်ပေးလိုက်ပါနော့”

All Chapters