ငါက ဂီတနဲ့ကာယဆရာပါ
Vol. 14 Ch. 191
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုဆီက ဟယ်ရီပေါ်တာဇာတ်ကောင်ပေါ်ကာစအချိန်တွင် အားလုံးက ဟယ်ရီပေါ်တာလို မှော်အစွမ်းရှိချင်ခဲ့ကြသည်။
ဟော့ဝပ်ကျောင်းတော်ကြီးမှာတက်ချင်ကြပြီး တံမြက်စည်းပျံလည်း စီးချင်ကြသည်။ မှော်အစွမ်းဂါထာများသုံးပြီး တိုက်ခိုက်လိုကြသည်။
ဖန့်ကြွယ်ယွီမှာလည်း ထိုအိမ်မက်ရှိခဲ့ဖူးသည်။
သို့သော် သူအသက်ကြီးလာသောအခါ ထိုစိတ်ကူးအိပ်မက်များလည်း တဖြည်းဖြည့် လွင့်ပျယ်ခဲ့ရသည်။ သူ့စိတ်ကူးအိပ်မက်များဖြစ်လာလိမ့်မည်ဟု မတွေးဖူးပေ
သူ၏ အထူးနတ်ဘုရားအကယ်ဒမီသည် ဟော့ဝပ်ထက်အဆပေါင်းများစွာကြီးမားပြီး ကြိုက်သည့်ဘာသာရပ်ကို မဆို သင်ကြားနိုင်သည်။
ထိုကျောင်းမျိုးကို မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် မတည်ထောင်ရဲပေ။ သိသွားပါက ပြသနာပေါင်းစုံတက်ပေလိမ့်မည်။
ကြီးမားကျယ်ဝန်းပြီး နည်းပညာပေါင်းစုံရှိသော ကျောင်းကြီးကို လျှိ့ဝှက်နေရာတစ်ခုတွင်တည်ထောင်ရမည်။ အထူးနတ်ဘုရားအကယ်ဒမီအတွက် သင့်လျော်သောနေရာကိုရှာဖွေရန် ဖန့်ကြွယ်ယွီလိုအပ်လာသည်။
ဖန့်ကြွယ်ယွီ၏ လုပ်ငန်းများက နေရာအနှံ့မှာရှိသည်။ ရုပ်ရှင်မြို့တော်တည်ထောင်ရန် နေရာအကျယ်ကြီးကို ရှာဖွေရသည်မှာ ခဲယဉ်းသော်ငြား တောင်ထိပ်နေရာတစ်ခုကို ရှာဖွေရခြင်းက မခဲယဉ်းပေ။
ကျန်းနန်မြို့၏ အနောက်ဘက် တောင်ကုန်းဒေသတွင် ဖန့်ကြွယ်ယွီပိုင်သော မီတာ၅၀၀အမြင့်ရှိသည့် တောင်ထိပ်တစ်ခုရှိသည်။တောင်ထိပ်က လှပသော်လည်း အသုံးမပြုကြပေ။ ဖန့်ဟွိုက်က ချောင်လန်နှင့် စွန်လွှတ်သည့်အချိန်တွင် သုံးရန် ဝယ်ယူထားခြင်းဟုဆိုကြသည်။
“ဒီနေရာမဆိုးဘူး”
ဖန့်မိသားစုပိုင်ဆိုင်သည့် နေရာဖြစ်ပြီး လူသူအရောက်အပေါက်နည်းသဖြင့် နတ်ဘုရားအကယ်ဒမီထောင်ရန် သင့်တော်သည်။ရှာတွေ့သွားမှာကိုလည်း မပူရပေ။
သူက အဆောက်အဦးပုံစံငယ်ကိုထုတ်ပြီး သူ့စိတ်ထဲမှာ ကျောင်းဝင်ပေါက်ကို ပုံဖော်နေသည်။ တခဏအကြာမှာအဆောက်အဦပုံစံငယ်မှ အလင်းတန်းများဖြာထွက်လာသည်။
တောင်ထိပ်အလယ်တည့်တည့်တွင် လူတစ်ရပ်ကျော်မြင့်သော ကျောက်စာတိုင်တစ်တိုင်ပေါ်လာသည်။ ထိုကျောက်စာတိုင်ပေါ်တွင် “နတ်ဘုရားအကယ်ဒမီ” ဟူသော စာလုံးကို သေသပ်လှပစွာ ထွင်းထုထားသည်။
ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ဖန့်မိသားစု သင်္ကေတဖြစ်သော ရွှေရောင်တံဆိပ်ပေါ်လာသည်။ ဂိတ်တံခါးကို သာမန်လူမမြင်နိုင်ပေ။ ထိုတံဆိပ်ပါသော လူကသာ မြင်နိုင်သည်။ ထိုအရာကို ဖန့်ကြွယ်ယွီက ကျောင်းဝင်ခွင့်အမှတ်အသားအဖြစ် သတ်မှတ်ခဲ့သည်။
“ပိုင်ရှင် ကျောင်းလည်းအားလုံးပြီးပြည့်စုံပြီ။ပိုင်ရှင်စိတ်ကြိုက်ဝင်ထွက်နိုင်ပါပြီ”
ဖန့်ကြွယ်ယွီက နယ်မြေသစ်တစ်ခုကို အခြေချရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေသည်။
သူက ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်သောအခါ တောင်ထိပ်မှာရုတ်တရက်ပျောက်ကွယ်သွားသည်။
မှောင်မဲနေသည့်အနေအထားက သူ့မျက်စိကိုဖွင့်ဖို ခဲယဉ်းလှသည်။ သို့သော်သူက ကြိုးစားကြည့်သောအခါ မြင်လိုက်ရသောမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
ထိုနေရသည် ဆန်းကြယ်သောအရာများပေးစွမ်းနိုင်သည့် ပတ်ဝန်းကျင်တစ်ခုအသွင် ပေါ်နေသည်။ ကြီးမားသော ကျောက်တုံးကြီးက လေပေါ်ပျံဝဲနေပြီး အလင်းတန်းများဖြာထွက်နေသည်။
“ပိုင်ရှင် ဒီကျောက်တုံးကို အဆင့်-၃ဘုံလောကသားတွေက တီထွင်ခဲ့တာပါ။ ဓာတ်ပြုမှုများစွာကြောင့် အပူနဲ့အလင်းကို လိုသလို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ကျောင်းလုံးလိုအပ်တဲ့ စွမ်းအင်ကို ပြည့်ပြည့်ဝဝထောက်ပံ့ပေးနိုင်ပါတယ်”
ဖန့်ကြွယ်ယွီက ဒီနေရာကို အလွန်သဘောကျနေမိသည်။ နည်းပညာမြင့်မားသော အဖြူရောင်အဆောက်အဦကြီးများရှိရုံသာမက ရှေးဟောင်းသစ်သားအိမ်လေးများလည်းရှိသည်။
ပန်းများ ဆေးဖက်ဝင်အပင်များစိုက်ထားသော ပျိုးဥယျာဉ်ရှိသလို ရေများလည်း တသွင်သွင်စီးဆင်းနေသည်။
“ဘုရားရေ”
ဖန့်ကြွယ်ယွီလည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
သူ့ကိုယ်သူ စိတ်ဓာတ်ကြံ့ခိုင်ပြီထင်သော်လည်း တွေ့လိုက်ရသည့်မြင်ကွင်းများအပေါ် အထူးအဆန်းမဖြစ်ဘဲ မနေနိုင်ပေ
“ပိုင်ရှင်က ဒီကျောင်းမှာ အဆင့်အမြင့်ဆုံး ဩဇာအရှိဆုံး ပုဂ္ဂိုလ်ပါ။ ပိုင်ရှင်ကြိုက်တဲ့လူကို ဒီကျောင်းမှာ ဝင်ထွက်သွားလာခွင့်ပြုနိုင်ပြီး ကြိုက်တဲ့ဟာကို အသုံးပြုခွင့်ပေးနိုင်ပါတယ်”
“ဒါဆို ငါလည်း ဒီမှာ လေ့လာလို့ရတယ်မလား”
“ဒါပေါ့”
“ဝုတ်ဝုတ်”
သူ၏ အနောက်ဘက်မှ ခွေးဟောင်သံကြားရသည်
ဖန့်ကြွယ်ယွီလှည့်ကြည့်သောအခါ မီးခိုးရောင်ဘုန်းတော်ကြီးဝတ်ရုံဝတ်ဆင်ထားပြီး လက်တစ်ဖက်က တံမြက်စည်းကိုင်ထားသော ဘုန်းကြီးတစ်ပါးကိုတွေ့သည်။
ဘုန်းကြီး၏ မုတ်ဆိတ်မွှေးနှင့် ဆံပင်မွှေးများက ဖြူစွတ်နေပြီး သူ့ကိုပြုံးပြနေသည်။
“ဟာ ဘယ်အချိန်ကပေါ်လာတာလဲ”သူက ကူးရီကိုတောင် ဝင်ခွင့်မပြုထားသေးပေ။ ထိုဘုန်းကြီးက ဘယ်လိုလုပ် ရောက်နေတာလဲဆိုတာမတွေးတတ်ပေ။
“ပိုင်ရှင် မကြောက်ပါနဲ့။ ဒါက ကျောင်းမှာရှိတဲ့ဥာဏ်ရည်မြင့်စက်ရုပ်တစ်ခုပါ။ ပိုင်ရှင့်အဖေရဲ့ ဒီဇိုင်းဆွဲထားမှုအရ ဒီလိုပုံဖြစ်နေရတာပါ။ တရုတ်စကားအရဆို ဘုန်းတော်ကြီးပုံဖြစ်နေတာပါ”
“ဟူးး လန့်လိုက်တာကွာ..”
“ခင်ဗျားဘယ်သူလဲဆိုတာ သိလို့ရမလား”
“ဥက္ကဌ ကျုပ်က ကျောင်းစောင့်ပါ”
“ပိုင်ရှင် ဒီစက်ရုပ်မော်ဒယ်တွေက အရမ်းအဆင့်မြင့်တယ်။ စွမ်းအားအပြည့်သုံးမယ်ဆို နတ်ဘုရားစွမ်းအင် အသုံးပြုသူနီးပါးလောက် အစွမ်းရှိတယ်”
“အရမ်းမိုက်တာပေါ့”
ကျွမ်းရှင်းယန်၏ တပည့်များတောင်မှ နတ်ဘုရားစွမ်းအင်အသုံးပြုသူများ မဟုတ်ကြသေးပေ။ ကမ္ဘာပေါ်မှာ ဖန့်မိသားစုနှင့် သူတို့၏ တပည့်များသာ ထိုအဆင့်ကို ရောက်နိုင်ကြသည့်ပုံပေါ်သည်။
“ဒါပေမဲ့ ဒီစက်ရုပ်တွေက ကျောင်းဝန်းပြင်ပကို ထွက်ခွင့်မရှိဘူး”
“ ဪ နှမျောစရာပါလား”
သို့သော် သူ့ကို ကူးရီက ကာကွယ်ပေးနေတာမို့ စိတ်ပူစရာတော့မလိုပေ။
“ဘုန်းကြီး…ဒီထဲမှာ တခြားဆရာတွေရော မရှိဘူးလား”ဟု ဖန့်ကြွယ်ယွီက မေးသည်။
“သူတို့အားလုံး အထဲမှာရောက်နေကြပါပြီ” ဟုဆိုကာ ဘုန်းကြီးက ကျောင်းခန်းထဲကို ညွှန်ပြသည်။
“ဓားသိုင်းပညာသင်ကြားပို့ချမဲ့ ဆရာရှောင်ယောင်ပါ ခင်ဗျာ” ကောင်းကင်ထက်မှာ ဓားတစ်ချောင်းကို စီးပြီး ပျံသန်းလာသော လူတစ်ဦးက သူ့အနားကိုချဉ်းကပ်လာသည်။
“ဟင်းချက်ပညာကို သင်ကြားပေးမဲ့ ဆရာတရုတ်လေးပါ” သင်းပျံ့မွှေးကြိုင်သော ဟင်းရနံ့နှင့်အတူ အကျီအဖြူလက်ရှည်နှင့် အနီရောင်ကုတ်အကျီကို ဝတ်ဆင်ထားသော လူတစ်ဦးပေါ်လာသည်။
ထိုအချိန်မှာ မီတာနှစ်ဆယ်ရှည်သော စက်ရုပ်ကြီးတစ်ရုပ်သည် ကျောင်းရှေ့ပလာဇာမှာ ပေါ်လာသည်။ အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် စက်ရုပ်ထဲမှ ဆင်းလာသည်။
“ခေတ်မီစက်ပညာအကြောင်းကို သင်ကြားပေးမဲ့ အမူရိုပါခင်ဗျာ”
“ခေတ်မီစစ်ပညာသင်ကြားပေးမဲ့ ဆရာ ကျူးကဲလျန့် ပါခင်ဗျာ”
“ခေတ်မီစစ်ပညာသင်ကြားပေးမဲ့ ဆရာဝမ်လန့် ဖြစ်ပါတယ်ခင်ဗျာ”
“ကျူးကဲ့ ခွေးကောင် မင်းက ဒီကျောင်းမှာ ဘာလို့ရှိနေတာလဲ”
“တိတ်တိတ်နေစမ်း..သူခိုးကောင်..မင်းဟောင်ဖွာဟောင်ဖွာလုပ်မနေနဲ့”
ဖန့်ဟွိုက်၏ စီစဉ်မှုအရ စစ်ပညာသင်ကြားပေးမည့်ဆရာနှစ်ဦးက ရန်ဘက်နှစ်ဦး ဖြစ်ခဲ့တာမို့ တစ်ဦးကိုတစ်ဦး အမြင်မကြည်ကြပေ။ ထို့ကြောင့် စရောက်ကတည်းက တစ်ဦးကိုတစ်ဦး စောင်းမြောင်းပြောဆိုခဲ့သည်။