အားကော၏ သူရဲကောင်းဆန်ဆန်ကိစ္စရပ်များ
Vol. 14 Ch. 193
ကျန်းနန်အိမ်ယာ၏ အိမ်စျေးနှုန်းမှာ မြင့်မားသဖြင့် နေထိုင်သူမျာက လူချမ်းသာများ သို့ အရာရှိကြီးများ ဖြစ်ကြသည်။
သူဌေးအများစုက မိသားစုနှင့်အေးအေးဆေးဆေး အခြေချနေထိုင်ရန် ကျန်းနန်အိမ်ယာမှာ အိမ်ဝယ်ကြသည်။
လူအများစုက ပိုက်ဆံချမ်းသာသောအခါ အသက်ရှည်ရှည်နေထိုင်မည့် နည်းလမ်းများကို ရှာဖွေကျင့်သုံးကြ သည်။ ထို့ကြောင့် ကျန်းနန်အိမ်ယာမှာနေထိုင်သောအသက်အရွယ်ကြီးရင့်သူများက ထိုက်ကျိသိုင်းကျင့်ခြင်း သို့ မနက်ခင်းလမ်းလျှောက်ခြင်းကို အကျင့်တစ်ခုလို ကျင့်ကြံကြသည်။တစ်ခါတစ်ရံ သူတို့၏ မြေးများကိုပါ ခေါ်လာတတ်ကြသည်။
ပန်းခြံရှိရင်ပြင်ကျယ်ကြီးတွင် လူအများစုက စုဝေးနေကြသည်။ လူအုပ်စုထဲတွင် အဘွားအိုတစ်ဦးနှင့် ငါးနှစ် ခြောက်နှစ်အရွယ်မြေးမလေးတစ်ဦးလည်း ပါသည်။
ကလေးမလေးကချစ်စရာကောင်းသည်။ ကလေးမလေး၏ ဘောင်းဘီတစ်ဖက်ကပြဲနေပြီး
ဒဏ်ရာမှ သွေးများစီးကျနေသည်။
“ဘုရားရေ” အားကောက တစ်ခါမှ လူတွေကိုမကိုက်ဖူးပေ။ ခုတစ်ကြိမ်မှ ဘာလို့ လူတွေကို
လိုက်ကိုက်နေရတာလဲ။
“ခဏလေးပါဗျ။ လမ်းလေးတစ်ချက်လောက်ဖယ်ပေးလို့ရမလား”
အားကောက တစ်ယောက်ယောက်ကို ကိုက်မိလိုက်ပါက ပိုင်ရှင်ဖြစ်သည့် သူက အလုံးစုံတာဝန်ယူရပေမည်။
သို့သော် အရှေ့ကို ရောက်သောအခါ သူထင်ထားသလိုမဟုတ်နေပေ။ မလှမ်းမကမ်းနေရာတွင် တစ်မီတာနီးပါးမြင့်သော ရှက်ပ်ဟုတ်ခွေးကြီးတစ်ကောင်က အားကော၏ ရှေ့မှာရပ်နေသည်။
ရှက်ပ်ဟုတ်အမျိုးအစားခွေး၏ပါးစပ်တွင် သွေးနှင့် အကျီစများရှိနေသည်။ အကျီစအရောင်ကိုကြည့်လိုက်ရုံဖြင့် ကလေးမလေး၏ ဘောင်းဘီဆိုတာ သိသာသည်။
ထိုခွေးကြီး၏ ဘေးနားတွင် မိတ်ကပ်အဖွေးသားလိမ်းခြယ်ထားသော မိန်းမပျိုလေးတစ်ဦးရှိနေပြီး ကလေးမလေးကိုအမြင်မကြည်သည့်ပုံဖြင့် ကြည့်နေသည်။ သူမက ထိုခွေးကြီး၏ ပိုင်ရှင်ဖြစ်ရမည်။
“ဝုတ် ဝုတ် ဝုတ်”
ထိုခွေးကြီးက အားကောကို အဆက်မပြတ်ထိုးဟောင်နေသော်လည်း ရှေ့ကို မတိုးလာရဲပေ။
ခန္ဓာကိုယ်အရွယ်အစားချင်းမမျှသော်လည်း ထိုခွေးကြီးက အားကောကိုရှိန်နေပုံရသည်။
“အဘွား ဘာဖြစ်လို့လဲ”
အားကောကို ထိုခွေးကြီးက ကိုက်မည်ကို မစိုးရိမ်ပေ။ Bအဆင့် အဆင့်မြင့်စွမ်းအားအသုံးပြုသူဖြစ်သော်ငြား အားကောကို မယှဉ်နိုင်ပေ။ သာမန်ခွေးတစ်ကောင်လောက်တော့ အားကောက မမှုပေ။
ထိုခွေးကြီး၏ခြေထောက်မှာ ကိုက်ရာများရှိနေသည်ကို တွေ့ရသောအခါ အားကော၏ လက်ချက်ဆိုတာ တန်းသိလိုက်သည်။
“လူလေးရယ်..အဘွားက မြေးမလေးနဲ့အတူ ကန်ဘေးမှာ လမ်းလျှောက်နေတာ။အဲ့ချိန်မှာ ဒီခွေးက ရုတ်တရက် မြေးလေးနောက်ကိုလိုက်ပြီး ကိုက်တော့တာ။ ဒီခွေးလေးကြောင့်သာမဟုတ်ရင် မြေးမလေးခြေထောက်က ရစရာရှိမှာမဟုတ်ဘူး”
ရှက်ပ်ဟုတ်အမျိုးအစားသည် ခွေးကြီးမျိုးဖြစ်ပြီး အင်အားကလည်း သန်မာလှသည်။ ထိုခွေးမျိုးက သခင်ပေါ် အလွန်သစ္စာရှိပြီး လူတွေကို အကြောင်းမဲ့မကိုက်တတ်ပေ။ ဒါဆို ဘာကြောင့်များ ကလေးမလေးကို
လိုက်ကိုက်ရသနည်း။
“ဒီခွေးက ရူးနေတာများလား”
ဖန့်ကြွယ်ယွီက ကလေးမလေး၏ ခြေထောက်ကိုလှမ်းကြည့်သည်။ ခွေးကြီးတစ်ကောင်ကကိုက်လိုက်သဖြင့် အရိုးမြင်နေရလောက်သည်အထိ ဒဏ်ရာကပြင်းထန်သည်။
ဖန့်ကြွယ်ယွီက သူ၏အတွင်းအားကို ကလေးမလေး၏ ခန္ဓာကိုယ်ထဲထည့်လိုက်ပြီး သွေးတိတ်အောင်ပြုလုပ်ပေးသည်။ ထို့အပြင် ဒဏ်ရာမှာရှိနေသော ဗိုင်းရပ်စ်များကိုလည်း ဖယ်ရှားပစ်သည်။
“ဒီခွေးအနက်က မင်းခွေးလား”
“ဟုတ်တယ်။ ငါ့ခွေး”
“မင်းခွေးကိုက်လိုက်လို့ ငါ့ခွေးလေး ဒဏ်ရာရသွားပြီ။ ငါ့ခွေးက တန်ဖိုးကြီးတယ်။ ဘယ်လိုပြန်လျော်ပေးမှာလဲ”
“ဘာပြောတယ်” ဖန့်ကြွယ်ယွီက နားကြားများ မှားလေသလားဟု ထင်မိသည်။ ကလေးမလေးက ခွေးကိုက်ခံရသည့်အပေါ် ထိုအမျိုးသမီးဖြစ်သူက မသနားသည့်အပြင် တစ်ဖက်လူကို အပြစ်တင်နေသည်။
“အမခွေးက ခွေးကြီးမျိုးလေ။ ဒီမြို့မှာ ခွေးကြီးတွေကို ထွက်ကျောင်းလျှင် လိုက်နာရမည့် စည်းကမ်းဆိုတာ သပ်သပ်ရှိတယ်။ပြီးတော့ ခင်ဗျားခွေးက ကလေးမလေးကို မညှာမတာကိုက်သေးတာ။ အနည်းဆုံးတော့ ခင်ဗျားတောင်းပန်သင့်တယ်မထင်ဘူးလား”
“ဒီကလေးမလေးမိဘတွေက ကလေးကို သေချာမထိန်းလို့ဖြစ်တာလေ။ အဲ့တာကို ဘာလို့ ငါက တောင်းပန်နေရမှာလဲ။ ဒီနေ့မှ ကံဆိုးလိုက်တာ။ ဘယ်လောက်လျော်ပေးရမလဲ ပြော”
“နင့်ခွေးက သူများသားသမီးကို ကိုက်ပြီးတာတောင် နင်က ဒီလိုအချိုးမျိုးလုပ်ပြနေတယ်ပေါ့လေ”
ကလေးမလေး၏ အဘွားဖြစ်သူက ပြောရင်းဆိုရင်း ဒေါသထွက်လာသည်။
“နင် ငါတို့နဲ့ အတူတူဆေးရုံလိုက်ခဲ့။ လျော်ကြေးဘယ်လောက်ပေးရမလဲဆိုတာ အဲ့ကျမှသိရမှာပဲ”
“ကျွန်မမှာ ရှင်တို့နဲ့ အတူဆေးရုံကိုလိုက်ခဲ့ဖို့ အချိန်မရှိဘူး”
သူမက ဒီမနက်ခင်းမှာ သူငယ်ချင်းများနှင့် အလှပြင်ဆိုင်သွားဖို့ ချိန်းဆိုထားသည်။ ထို့အပြင် သူမ၏ ကားအသစ်လေးမှာ ကလေးမလေး၏ သွေးများဖြင့် ပေကျံသွားမှာကိုလည်း စိုးရိမ်သည်
“ဟေ့ မင်းလည်းအတူတူပဲလေ။မင်းခွေးက ငါ့ခွေးကိုကိုက်ပစ်တာမလား။ ဘယ်လိုလျော်ကြေးပေးမှာလဲ”
ဘေးနားက ရပ်ကြည့်သူများတောင် သူမ၏အပြုအမူကို သည်းမခံနိုင်တော့ပေ။
သူတို့၏ ဘဝတွင် ဒီမိန်းမလောက်အရှက်မဲ့သူကို မမြင်ဖူးပေ။ခွေးလေးသာ ဝင်မကယ်ပါက ကလေးမလေးတင်သာမကဘဲ အဘွားကြီးပါ ဒဏ်ရာရလိမ့်မည်။
“တာဝန်ယူရမယ်ဟုတ်လား။ ခင်ဗျားခွေးက ငါ့ခွေးကိုပြန်ကိုက်လိုက်ပေါ့။ အဲ့တာဆိုကျေပြီဟုတ်။ ဒါပေမဲ့ ခင်ဗျားခွေးက ငါ့ခွေးကိုမကိုက်ရဲပါဘူး။”
“မင်း နောင်တရမယ်နော်” သူမ၏ ခွေးသည် နိုင်ငံခြားခွေးမျိုးဖြစ်ပြီး သေချာလေ့ကျင့်သင်ကြားပေးထားသော ခွေးတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် သူမခွေးကို သာမန်ခွေးတော်တော်များများက အနားမကပ်ရဲကြပေ။
ဖန့်ကြွယ်ယွီခွေးက ကံကောင်းလို့သာ သူမခွေးကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့သည်ဟု ထင်နေမိသည်။
“စိတ်လျှော့ပါ။ခင်ဗျားခွေးက ငါ့ခွေးကို ကိုက်သတ်ပစ်ရင်တောင် ဘာမှ စောဒကမတက်ပါဘူး။ စိတ်ချ။ ဒါပေမဲ့ ခင်ဗျားခွေး ဒဏ်ရာဗရပွရရင်သာ ငါ့ကိုအပြစ်မတင်နဲ့”
“သားကြီး ကိုက်ပစ်စမ်း” အမျိုးသမီးက သူမခွေး၏ နောက်ကျောကို ပုတ်ပြီး အမိန့်ပေးသည်။ ဖန့်ကြွယ်ယွီ၏ ခွေးကိုအသေကိုက်သတ်ပစ်ရန် သူမခွေးကို လွှတ်လိုက်ခြင်းဖြစ်သည်။
“ဒီမိန်းမ တော်တော် စိတ်ဓာတ်ယုတ်ညံ့တာပဲ”
ဘယ်လိုအသိုင်းအဝိုင်းကများ ဒီမိန်းမမျိုးကို မွေးထုတ်ပေးလိုက်သလဲဆိုတာ မစဉ်းစားတတ်တော့ပေ။
“ခွေးလေး မသွားပါနဲ့”
ကလေးမလေးက အသက်ငယ်သော်ငြား သူမကိုကယ်တင်ပေးခဲ့သော ခွေးလေးဒဏ်ရာရမည်ကို စိုးရိမ်တကြီးဖြစ်နေရှာသည်။
“ရပါတယ် သမီးလေး။ ဘာမှမဖြစ်ဘူးနော်” ဖန့်ကြွယ်ယွီက ကလေးမလေး၏ ကျောကုန်းကိုအသာအယာပုတ်ပြီး နှစ်သိမ့်ပေးသည်။ သူ့ခွေး၏ အမွှေးတစ်မျှင်ကိုတောင် တစ်ဖက်ခွေးကြီးက ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
“အားကော..ဆုံးမလိုက်စမ်း။ ဘာမှငဲ့မနေနဲ့”
“ဝုတ်” အားကောက သခင်၏အမိန့်ကို နားလည်သယောင် ပြန်လည်တုံ့ပြန်သည်။