← Chapters

ဒါက မဖြစ်နိုင်ဘူး

Vol. 11 Ch. 141

ဒါက မဖြစ်နိုင်ဘူး

Vol. 11 Ch. 141

အစ်ကိုဖန် က အဘွားကူဟွာ နဲ့ တွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြတဲ့အခါမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက လုံးဝကို တိတ်ဆိတ်နေခဲ့သည်။

တဲ့အိမ်ထဲမှာ ဘယ်သူ နေခဲ့တယ်ဆိုတာကို ကြားလိုက်ရတဲ့အခါမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ပရိတ်သတ်တွေက မေးခွန်းတွေ မေးလာခဲ့ကြသည်။

ကြည့်ရှု့သူ A-" အဘွားကူဟွာ ကို အစ်ကိုဖန်က နည်းနည်းတော့ ကြောက်စရာကောင်းတယ်လို့ ပြောခဲ့ပေမယ့် သမီးဖြစ်သူရဲ့ ဝိညာဉ်ကို ရှာဖို့အတွက် သစ်သားအိမ်ထဲကို လာခဲ့တာပဲ ဟုတ်တယ်မလား?"

ကြည့်ရှု့သူ B-"ဟုတ်မယ်ထင်တယ်...

ပြီးတော့ ရန်ရှောင်ဟူကလည်း ဒီ သစ်သားအိမ်တွေဆီကို ရောက်ခဲ့ဖူးတယ် ထင်တယ်၊ သူဒီကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲဆိုတာတော့ မသိဘူးပေါ့

ပြီးတော့ ရန်ရှောင်ဟူရဲ့ သေဆုံးမှုကလည်း အဘွားကူဟွာနဲ့ သက်ဆိုင်နေပုံရတယ်

အစ်ကိုဖန် သူ့ကို ကူညီပေးချင်တာက ပုံမှန်ပါပဲ

တကယ်တော့ အကောင်းကြီး ရှိနေတဲ့ လူတစ်ယောက်က သေတော့မယ်လို့သာ သိလိုက်ရရင် ဘယ်သူမဆို ကူညီပေးချင်ကြမှာပဲလေ။ ဒါပေမယ့် ရန်ရှောင်ဟူ အနေနဲ့ အခြားသူရဲ့ငွေကို ယူခဲ့လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခံနိုင်ရည်တော့ ရှိရမှာပေါ့

ဒီ အဘွားကူဟွာ၊ သူမက အရမ်းကို လျှို့ဝှက်ဆန်းကြယ်နေတယ်လို့ အမြဲ ခံစားနေရတယ် “

ကြည့်ရှု့သူ C-" အစ်ကိုဖန်ဆီမှာ နောက်ထပ် တခြားဘာတွေ ဆက်ဖြစ်သေးလဲဆိုတာ အရင် နားထောင်လိုက်ရအောင်။"

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များကြားမှ အကျဉ်းချုံး ဆွေးနွေးမှုအပြီးတွင် ကျန်းရီ က "ဒါဆို သူ့မြေးနှစ်ယောက်ကို ဘယ်ကို ခေါ်သွားခဲ့တာလဲ" လို့ မေးလို​က်တယ်။

"သူတို့က တဲအိမ်လေးထဲမှာ အပြန်အလှန် လမ်းလျှောက်နေခဲ့ကြတယ်၊ ပြီးတော့ မလှုပ်မယှက်ဘဲ ငါ့ဘေးနားမှာ လာရပ်လိုက်ကြတယ်။ အဘွားနဲ့ မြေးတွေက ငါ့ကို မလှုပ်မယှက်နဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ် "

ဒါကိုကြားတော့ ကျန်းရီ က ခဏလောက်စဉ်းစားပြီး " ရန်ရှောင်ဟူ ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး တစ်ခုခုတွေ့ခဲ့သေးလား?"

“စတွင်မာ ခဏစောင့်အုံး.. မင်းကို ငါ တစ်ခု ဖွင့်ပြမယ်။ အဲဒီတုန်းက အသံသွင်းထားတာတွေကို ငါ သိမ်းထားတယ်။ ရှောင်ဟူ သူ့ရဲ့ သေဆုံးမှု... သူ့သေဆုံးမှုက အရမ်းထူးဆန်းတယ်!”

ကျန်းရီ ရဲ့ မေးမြန်းမှုကို ကြားပြီးနောက်မှာ အစ်ကိုဖန်က သူရဲ့ ဖုန်းရှိ အသံသွင်းထားတာကို ဖွင့်လှစ်ခဲ့သည်။

" ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးလို့ ရမလား? မတော်တဆမှုမဖြစ်ခင် ရက်အနည်းငယ်အလိုမှာ သူ့မှာ ထူးဆန်းတာတွေများ ရှိနေခဲ့သေးလား”

“အဲဒါတော့ မသိဘူး၊ ဒါပေမယ့် အဲဒီတုန်းက သူပြောခဲ့တာက

သူ့အဖေအကြောင်းကို အိပ်မက်မက်ခဲ့တယ်လို့ သူက ပြောတယ်။ ပြီးတော့ သူ့အဖေက သူ့ကို ဒီလိုမျိုး ဆက်နေခဲ့ရင် သေရလိမ့်မယ်တဲ့။ သူသာ ဒီလိုမျိုး ဆက်နေခဲ့ရင်

သူ့အဖေက မရဏကမ္ဘာကနေ ပြန်လာပြီး သူ့ရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ်တဲ့။ ဟား.. ဟား.. သေသွားတဲ့လူက မရဏကမ္ဘာကနေ တကယ်ပြန်လာနိုင်ပါ့မလား။ ရှောင်ဟူက ဘာကို ကြောက်နေမှန်း မသိပါဘူး

သူက နောက်ဆို ငါတို့နဲ့ လိုက်မသောက်တော့ဘူးလို့ ဒီရက်ပိုင်းအတွင်းမှာ ပြောခဲ့တယ်။

ငါ့ကို လာမခေါ်နဲ့တော့၊ ငါ့ရဲ့ စက္ကူအရုပ် လုပ်တဲ့ ကျွမ်းကျင်မှုကို တိုးတက်ဖို့ ကြိုးစားလိုက်အုံးမယ်တဲ့ “

"ဦးလေး ဖန် ဒါက ဖြစ်နိုင်မယ်လို့ ဦးလေး ထင်လား။ ရှောင်ဟူ ရဲ့ အကျင့်စရိုက်ကို တခြားသူတွေထက် ဦးလေး ပိုသိတယ် မဟုတ်လား? ဒီမြို့နားမှာ မူးလာပြီဆိုရင် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးတွေကိုတောင် အလွှတ်မပေးတဲ့ သူက တကယ်ကြီး ပြောင်းလဲမယ်လို့ ထင်လား"

“သူဘာတွေ ပြောင်းလဲသွားလဲ သူ့ရဲ့ အသက်သာ ဆုံးရှုံးသွားခဲ့တယ်။

သူ့ရဲ့ သေဆုံးမှုက မကောင်းတဲ့ အရာတွေကြောင့်ပဲ

အဲဒီနေ့တွေမှာ သူရဲ့ စိတ်တွေ အရမ်းမတည်မငြိမ် ဖြစ်နေခဲ့တယ်

အပြင်ထွက်ပြီးတော့ နေရောင်မြင်ရတိုင်း သူ့ မျက်လုံးတွေ မသက်မသာခံစားရပြီး စိတ်တိုခဲ့ဂတယ်လို့ ပြောခဲ့တယ်။

အိုး..ဒါနဲ့ စကားမစပ်၊ တစ်ရက်မှာ ငါတို့ စျေးလမ်းထဲ လမ်းလျှောက်နေတုန်း

မြို့မှာ စိတ်ကျန်းမာရေး ဆေးရုံရှိနေတယ်မလား သူက ငါတို့ကို ရုတ်တရက် ဖမ်းကိုင်လိုက်ကာ ဝင်ကြည့်ချင်တယ်လို့ ပြောခဲ့တယ်။

“ငါတို့က သူ့ကို တားခဲ့တယ်၊ ဒါပေမယ့် ဝင်ဖို့ပဲ အတင်းပြောနေခဲ့တယ်

သူဝင်လိုက်တာနဲ့ ဆေးရုံမှာကပ်ထားတဲ့ ဆရာဝန်တွေရဲ့ ဓာတ်ပုံတွေကို စိုက်ကြည့်နေခဲ့တယ်။

ဆေးရုံတိုင်းမှာ ဓာတ်ပုံကပ်ထားတဲ့ နံရံ ရှိတယ်မဟုတ်လား။ အဲ့ဒီအချိန်မှာ သူက အချိန်အတော်ကြာအောင် စောင့်ကြည့်ပြီးနောက်မှာ ဂျူတီကျနေတဲ့ ဆရာဝန်တစ်ဦးရဲ့ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ်သွားခဲ့လိုက်တယ်။

သူဝင်သွားပြီးနောက်မှာ ဆရာဝန်ကို “မင်းမှာ မျက်လုံးရှိလား၊ မင်း မျက်လုံးတွေက တစ်ခုခုမှားနေလား?” လို့ မေးလိုက်တယ်။

“အဲဒါကို ကြားလိုက်တော့ ဆရာဝန်က ဒေါသတကြီးနဲ့ ငါ့ မျက်လုံးတွေက ဘာဖြစ်နေတာလဲလို့ မေးလိုက်တယ်။

ရှောင်ဟူက သူ့မျက်လုံးတွေကို ညွှန်ပြပြီးတော့ မင်းရဲ့မျက်လုံးတွေက ငါ့ရဲ့မျက်လုံးတွေနဲ့ အတူတူပဲ၊ ဝိညာဉ်မရှိဘူး၊

အဖေကပြောတယ် စက္ကူအရုပ် လုပ်တဲ့သူက အရေပြားကိုသာ လုပ်ရမယ် နှလုံးသားကိုတော့ ဖန်တီးလို့မရဘူးတဲ့ ဒါပေမယ့် တကယ့် စက္ကူအရုပ် လုပ်သမားတစ်ယောက်က စက္ကူရုပ်တွေရဲ့ မျက်လုံးတွေကို သက်ဝင်မှုအပြည့် ကလေးတွေနဲ့ တူအောင် ဖန်တီးပေးနိုင်တယ်..”

အဲ့နောက်မှာတော့ ဆေးရုံတစ်ခုလုံးရှိ ဆရာဝန်များအားလုံး ထွက်လာခဲ့ကြတယ်

အဲဒီအချိန်မှာ သူတို့အားလုံးက ငါတို့ကိုဝိုင်းပြီးတော့ မင်းသူငယ်ချင်းမှာ ဦးနှောက်ပြဿနာရှိနေပြီ တတ်နိုင်သမျှ အမြန်ဆုံး ကုသမှုခံယူဖို့လိုတယ်လို့ ပြောခဲ့ကြတယ်။

ပြီးတော့ ငွေက ခန္ဓာကိုယ်ပြင်ပ အရာတစ်ခုသာဖြစ်ပြီးတော့ လူ့ကျန်းမာရေးကသာ ပထမ ဦးစားပေးဖြစ်တယ်ဟု ပြောခဲ့ကြတယ်။

မင်းတို့ရဲ့ ဒီသူငယ်ချင်းက တော်တော့ကိုဆိုးနေပြီ။

ငါတို့ရဲ့ ဆေးရုံက စိတ်ရောဂါကို အဓိက ထားကုတာပဲ

မင်းတို့ အမြန်ဆုံး ဆုံးဖြတ်ချက်ချရမယ်!"

"ငါတို့ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ထွက်ပြေးခဲ့တာပဲ။ ငါတို့ အမြန်မပြေးခဲ့ဘူးဆိုရင် စိတ်ကျန်းမာရေးဆေးရုံမှာ ပိတ်မိနေပြီး အပြင်ကိုထွက်လို့ရတော့မှာ မဟုတ်ဘူး!"

အသံ သွင်းယူထားမှုက အဲ့ဒီအချိန်မှာ ရပ်တန့်သွားခဲ့ပြီး အစ်ကိုဖန် ရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ “ ရှောင်ဟူက သူ မသေဆုံးခင်မှာ ပြောင်းလဲသွားခဲ့တယ်။

သူရဲ့ မျက်လုံးတွေက စွဲလန်းရူးသွပ် မှုတွေနဲ့ ပြည့်နေခဲ့ပြီး

အမှန်တကယ် အစွမ်းထက်တဲ့ စက္ကူအရုပ် ပြုလုပ်တဲ့ သူက အရုပ်ရဲ့ အဆုံးသတ်အထိ ပြုလုပ်ရမယ်လို့ ပေါက်ကရ အဓိပ္ပါယ်မဲ့တဲ့ အရာတွေကို သူပြောခဲ့တယ်

ဒီစည်းမျဥ်းက ငါတို့ ဘိုးဘေးဘီဘင်တွေ နှစ်ပေါင်းရာနှင့်ချီကနေ ချမှတ်ခဲ့တဲ့ စည်းမျဉ်းတစ်ခုပဲလေ။ သူ အဲ့လို ပေါက်ကရတွေ ပြောလို့ ရမလား? ဒီလိုတွေ ပြောဖို့ဆိုတာ သူ့ကို မကောင်းဆိုးဝါး ပူးကပ်နေတာပဲ ဖြစ်ရမယ်!”

အစ်ကိုဖန်က ပြောလို့ပြီးတော့ ကျန်းရီက “ စက္ကူပြုလုပ်သူရဲ့ လက်မှုပညာကို ဘယ်လိုအကဲဖြတ်လဲ?”

“လုပ်ထားတဲ့အရာက ကောင်းလား မကောင်းဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်။”

“ဒါဆို ဘာက ကောင်းတာလဲ”

“သေချာတာကတော့ ကွက်ကွက်ကွင်းကွင်း ဖြစ်ရမယ်။ ပြုလုပ်တာက သင်္ချိုင်းဆိုရင် အိမ်တစ်လုံးလို ဖြစ်နေရမယ်။ မြင်း တစ်ကောင်ဆိုရင် ခမ်းနား ထည်ဝါရမယ်။ “

“လုပ်​​ရတဲ့ အရုပ်က လူအရုပ်ဆိုရင်ရော ”

“ သေချာတာပေါ့ အဲ့ဒါက သက်ရှိ လူတစ်ယောက်နဲ့ တူနေရမယ်၊ အဲ့ဒါကမှ တကယ့်အရည်အချင်းပဲ!”

“ဒါဆိုရင် လူတစ်ယောက်က မျက်လုံးမရှိပဲ ဖြစ်နိုင်ပါ့မလား”

ကျန်းရီ ၏ စကား က အစ်ကိုဖန်းကို ဆွံအသွားစေခဲ့သည်။ “ဒါပေမယ့် ငါတို့ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေက ဒီလိုပဲလေ။ အရုပ်မှာ မျက်လုံးတွေကို ထည့်ပေးလို့ မရဘူး။ မဟုတ်ရင် မင်းကို မကောင်းဆိုးဝါး ဝိညာဥ်တွေခြောက်လိမ့်မယ်။ ရှောင်ဟူက ဒီပုံစံအတိုင်းပဲ။ သူသာ မျက်လုံးထည့် မပေးလိုက်ရင် သေသွားတဲ့ အဘွားကူဟွာက သူ့ဆီ လာပါ့မလား? သူ့ကိုယ်သူရော ဆွဲကြိုးချ သေပါ့မလား?။”

“ဒါပေမယ့် ရန်ရှောင်ဟူက အစ်ကိုဖန်လို မဟုတ်ဘူးလေ သူက စက္ကူ အရုပ်လုပ်တာက လွဲလို့ ဘာမှမသိဘူး။ ဒါပေမယ့်လည်း သူ့က အဲ့တာကို နှစ်ပေါင်းများစွာ မလေ့ကျင်ခဲ့တဲ့ အတွက် သူ့လက်ရာက ကောင်းမနေဘူး။

မျက်လုံးကို အရုပ်မှာ ထည့်တာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရန်ရှောင်ဟူက စွန့်စားလိုက်ပြီးတော့ အရုပ်မှာ မျက်လုံးထည့်လိုက်တာရော မဖြစ်နိုင်ဘူးလား?”

ကျန်းရီ က ဒီလိုပြောလိုက်တော့ အစ်ကိုဖန်က နှုတ်ဆိတ်သွားခဲ့တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့ နောက်မှာ သူက “ဖြစ်နိုင်တယ်” လို့ ပြန်ဖြေခဲ့တယ်

"ပြီးတော့ အစ်ကိုဖန် မင်း အခု သူ့ကို ထမင်းစား ဖိတ်ဖို့ ဆန္ဒရှိလား?" အစ်ကိုဖန်က "ငါက လူ၊ သူက သရဲတစ်​​ကောင်​ဖြစ်နေပြီလေ သူ့ကို ဘယ်​လို ဖိတ်​ရမှာလဲ" ကျန်းရီက "မင်း ရန်ရှောင်ဟူရဲ့ အရုပ်ပုံစံ လုပ်​ပြီး မျက်​လုံး တပ်ပေး​လိုက်​​" "ဒါက မဖြစ်​နိုင်​ဘူး......!"

အစ်ကိုဖန် က ကျန်းရီ ကို မစဉ်းစားဘဲ ချက်ချင်း တုံ့ပြန်ခဲ့သည်။

All Chapters