← Chapters

ဒါက မဖြစ်နိုင်ဘူး

Vol. 11 Ch. 142

ဒါက မဖြစ်နိုင်ဘူး

Vol. 11 Ch. 142

အစ်ကိုဖန် သည် ကျန်းရီ ၏တောင်းဆိုမှုကို မစဉ်းစားဘဲ ငြင်းဆိုခဲ့သည်။ ဒါပေမယ့် ကျန်းရီကတော့ သူနှင့် ငြင်းခုံခြင်း မရှိခဲ့ပေ။

တိတ်တိတ်လေးပဲ စောင့်နေခဲ့သည်။

အချိန်တွေက စက္ကန့်နဲ့အမျှ ကြာလာခဲ့ပြီးနောက်မှာတော့ ကျန်းရီ ဗီဒီယိုခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာပြီး အစ်ကိုဖန်သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ ရောက်လာခဲ့သည် ။

“ စက္ကူလူသားကို အဆုံးမသတ်ဘဲ ချန်ထားဖို့ တားမြစ်ချက် ဖြစ်လာရတဲ့ အကြောင်းရင်းက စက္ကူလူသားရဲ့ ဝိညာဥ် အခြောက်ခံရမှာကို ကြောက်ရလို့ပါပဲ။ ဒါပေမယ့် ရှောင်ဟူက လူပြန်ဝင်စားခဲ့ရင်တော့ သူ့ရဲ့ ဝိညာဥ် လာခြောက်မှာကို ကြောက်စရာ မလိုတော့ဘူး”

“ကဲ ဒါဆို အစ်ကိုဖန်ရေ ရှေးဟောင်း စက္ကူလူသားလုပ်တဲ့ လက်မှုပညာကို ပြသလို့ ရပါပြီ ။ အခု ဒီ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ ကြည့်ရှု့သူ လူလေးငါးသန်းလောက် ရှိမယ်ထင်တယ်

ဒါပေမယ့် ဒီပညာရပ်ကို မြင်ဖူးတဲ့သူက လက်တစ်ဆုပ်စာလောက်ပဲရှိမယ်ထင်တယ်”

ကျန်းရီ က အပြုံးနဲ့ ပြောလိုက်ရာ အစ်ကိုဖန်က ဗီဒီယိုရဲ့ အခြားတစ်ဖက်မှာ ကူရာမဲ့စွာ ပြုံးလိုက်သည်။ ပြီးနောက် ဝါးကိုင်းတစ်ချို့နဲ့ စက္ကူ အနည်းငယ် သွားရှာလိုက်သည်။

သူသည် စက္ကူအရုပ် ပြုလုပ်သူအဖြစ်နဲ့ ဆယ်စုနှစ်များစွာ လုပ်ကိုင်လာခဲ့သည့် သူတစ်ဦးဖြစ်တဲ့အတွက် ၎င်းတို့ကို ပြုလုပ်တဲ့အခါမှာ သူရဲ့ကျွမ်းကျင်မှု၏ အနှစ်သာရကို အမှန်တကယ်ကို မြင်တွေ့နိုင်သည်။

ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ကိုယ်ခံပညာရပ်က လျင်မြန်မှုပဲ ၊ သူက ကျွမ်းကျင်ပညာရှင် ဟုတ်မဟုတ်ကို သူ့ရဲ့ အရှိန်ကို ကြည်တာနဲ့ သိနိုင်တယ်လို့ ဆိုကြတယ်။

အစ်ကိုဖန်က အရုပ်ကို အမြန်ပြုလုပ်နေပေမယ့် သူလုပ်နေတဲ့ အရုပ်ကတော့ လက်ရာမြောက်နေခဲ့သည်။

အချိန်တွေ ဘယ်လောက် ကြာသွားတယ် မသိပေမယ့် နောက်ဆုံးမှာတော့ အစ်ကိုဖန် က လူပုံသဏ္ဍာန် အရုပ်တစ်ခုကို ပြုလုပ်ပြီး ခဲ့ပြီ ဖြစ်သည်။

လှုပ်ရှားမှုတွေက အရမ်းမြန်နေပေမယ့်လည်း ကျွမ်းကျင်တဲ့ သူကတော့ ကျွမ်းကျင်တဲ့ သူလိုပါပဲ။

ထို့နောက် တဖြည်းဖြည်းနှင့် ဝါးခြမ်းများဖြင့် ပြုလုပ်ထားသော ဘောင်ပေါ်တွင် စက္ကူတွေ အခြေချလိုက်ရာ ဖြည်းညှင်းစွာ လူသားအသွင်အပြင် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

တီဗီဒရာမာအချို့တွင် စက္ကူအရုပ်ပြုလုပ်ခြင်း၏ လက်မှုပညာရပ် တွေသည် ကွဲပြားနေသည်။ စက္ကူအရုပ် ပြုလုပ်ထားသည့်နည်းပညာအများစုသည် သိကျွမ်းနားလည်သူဆီက မဟုတ်သောကြောင့် အိမ်များ၊ မြင်းများ သို့မဟုတ် ရွှေရောင်ကောင်လေးဖြစ်စေ

၎င်းတို့အားလုံးသည် ဖရဲသီး အပုပ်ကဲ့သို့ ရုပ်ဆိုးပန်းဆိုး ရှိလှသည်။

စက္ကူအရုပ် ပြုလုပ်ပြီးလို့ အစ်ကိုဖန်က စုတ်တံကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ သူ့အမူအရာက တုန်လှုပ်သွားပြန်ခဲ့သည်

သူ့လက်ကို မြှောက်လိုက်တဲ့အချိန်တွင် အစ်ကိုဖန်၏လက်များ တုန်ခါနေသည်ကို လူတိုင်းမြင်လိုက်ရသည်။

ကျန်းရီက စကားမပြောခဲ့ပေ။ ဒီလို အချိန်တွင် တစ်စုံတစ်ဦးအား စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးရန် မဖြစ်နိုင်ပေ။

စုတ်တံက ဗလာဖြစ်နေတဲ့ မျက်လုံးအိမ်ကို ထိသွားခဲ့သည်။ အစ်ကိုဖန် က “ငါ စက္ကူအရုပ်လုပ်တဲ့ အလုပ်ကို ဆယ်စုနှစ်နဲ့ချီပြီး​ လုပ်ခဲ့တယ်။ ဒါပေမယ့် ငါ မျက်လုံးကို တခါမှ မထည့်ခဲ့ဘူး။ အရင် ငါ့ကလေးတွေ ငယ်တုန်းက ငါ့ကို မေးခဲ့တယ် ။ အဖေက အရုပ်လူကို ဘာလို့ မျက်လုံးမထည့်တာလဲတဲ့။ ဒီမေးခွန်းကို ကြားလိုက်ရတော့ ငါ လန့်သွားခဲ့တယ် “

“အခု.. နောက်ဆုံးတော့ ငါ စမ်းကြည့်ရတော့မယ်၊ ဟူး.. ဟူး…!”

အစ်ကိုဖန် သည် သူ့သွားများကို အံကြိတ်လိုက်ကာ စက္ကူလူသား၏ မျက်လုံးအိမ်ကို စုတ်တံဖြင့် ထိလိုက်သည်။ ထိုအချိန်တွင် စက္ကူလူသားသည် အသက်ကင်းမဲ့နေသေးသော်လည်း သူ့ပုံက ပုံကြမ်းပုံတူတစ်ခုလို ဖြစ်နေသည်။

ကြည့်ရှု့သူ A-“အဲ့ဒါက ရန်ရှောင်ဟူ လား?”

ကြည့်ရှု့သူ B-“သူတကယ်လာမှာလား?”

“လေထန်နေတယ်၊ ​​စတွင်မာရေ ငါ့အိမ်မှာ လေတွေ တိုက်လာပြီ”

“အရမ်းအေးတယ်၊ လေက အရမ်းအေးနေတယ်!”

အစ်ကိုဖန် က ချက်ချင်းပဲ ပြောခဲ့သည်၊ အိမ်ထဲမှာ လေတိုက်လို့ လှုပ်နေတဲ့ အရာတွေ တကယ်လည်း ရှိ​နေခဲ့တယ်။

ကျန်းရီ က အဲဒါကိုမြင်တော့ “မင်းဒီကို ရောက်နေပြီ ဆိုကတည်းက ထွက်လာခဲ့တော့လေ ”

အသံဆုံး သွားပြီးနောက် ရှောင်ဟူ ၏ ပုံရိပ်သည် တံခါးဝတွင် ငြိမ်သက်စွာ ပေါ်လာခဲ့သည်။

သူ့ကိုယ်သူ ကြိုးဆွဲချသေခဲ့တဲ့ အတိုင်းပဲ သူ့ရဲ့ပုံစံက ရက်စက်ပြီး ကြောက်စရာကောင်းနေခဲ့သည်။

အခန်းထဲဝင်လာတော့ ရှောင်ဟူ က အစ်ကိုဖန်း ကို အရင်ဆုံး ကြည့်ပြီး ထို့နောက် ကျန်းရီကို ကြည့်လိုက်သည်။

“ ရှောင်ဟူ အရုပ်မှာ မျက်လုံးထည့်လို့ မရဘူးဆိုတာ သိရက်နဲ့ အဘွားကူဟွာ အသုဘရဲ့ အရုပ်မှာ ဘာလို့ မျက်လုံးထည့်ဖို့ သဘောတူခဲ့တာလဲ”

ရှောင်ဟူ သည် ရှုပ်ထွေးသော မျက်လုံးများဖြင့် အစ်ကိုဖန် ကို ကြည့်လိုက်ပြီး အဲ့ဒီအချိန်တွင် အစ်ကိုဖန် ကို တောင်းပန်ခဲ့သည်။

“အန်ကယ် ဖန် တောင်းပန်ပါတယ် ကျွန်တော် ရန်ရှောင်ဟူရဲ့ ဘဝကို တိုးတက်အောင် ဘာမှ မလုပ်ခဲ့ဖူးပေမယ့် တစ်နေ့မှာတော့ လူကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တယ်။

ငါ့သားသမီးတွေရဲ့ ကျောင်းလခကို အမြဲတမ်း အချိန်မှီ မပေးနိုင်ခဲ့ဘူး

အမေက နေမကောင်းလို့ ဆေးရုံတောင် မပို့နိုင်ခဲ့ဘူး

ငါ့မိန်းမကို အဝတ်အစား အသစ်မဝယ်ပေးတာတောင် နှစ်တော်တော်ကြာနေခဲ့ပြီ”

“အဲဒီနေ့က ကျွန်တော့်ကလေး ကျောင်းမှာ အနိုင်ကျင့်ခံရတယ်

ဒါပေမယ့် အဲဒီနေ့က ငါ့ကလေးကို အနိုင်ကျင့်တဲ့ ကျောင်းသားရဲ့မိဘက ခရိုင်ထဲမှာ ချမ်းသာတဲ့သူ

အဲဒီတုန်းက သူ့ကိုတွေ့တော့ စကားတောင်ပြောဖို့ သတ္တိမရှိခဲ့ဘူး။

ပြီးတော့ သူက ငါ့ရှေ့မှာ ရပ်ပြီး ငါ့မျက်နှာကို ဆယ်ခါတောင် ရိုက်ခဲ့တယ်။”

“ဟားဟား၊ ယောက်ျား တစ်ယောက်အနေနဲ့ အဲ့ဒီအချိန်မှာ ငါ ဘာမှ မလုပ်နိုင်ခဲ့ဘူး။

ငါ့ကလေးက သိသိသာသာကို အနိုင်ကျင့်ခံနေရတယ်၊ ငါ့ ကလေးကို အစွမ်းကုန် ကူညီပေးချင်ခဲ့တာပေါ့

ဒါပေမယ့် နောက်ဆုံးမှာ ဘာဖြစ်သွားခဲ့လဲ။ နောက်ဆုံးတော့ ငါ့ ကလေးရှေ့မှာပဲ ပါးရိုက်ခံခဲ်ရတယ်။

အဲဒီအခိုက်အတန့်မှာ လေးလေးနက်နက် တစ်ခုခုလုပ်ရတော့မယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ငါဘယ်လောက်တောင် စောက်သုံးမကျခဲ့လဲဆိုတာ ငါ နားလည်လာခဲ့တယ်။

“ဒါပေမယ့် ငါဘာလုပ်ရမှာလဲ? ငါ ဘာမှ မသိဘူးလေ။

အရက်သောက်တာနဲ့ ကြွားလုံးထုတ်တာ အပြင်၊ ငါသိတာက စက္ကူအရုပ်လုပ်နည်းပဲ ရှိတယ်။

ဒါပေမယ့် ဒီလက်မှုပညာနဲ့ အခုချိန် ငွေမရှာတော့ဘူးလေ။ ငွေရှာနိုင်တဲ့ တစ်ခုတည်းသော အရာက အန်ကယ်ဖန်လို အရမ်းနာမည်ကြီးတဲ့သူ ဖြစ်ဖို့လိုတယ်။ ဒါကြောင့် ငါအရင်ဆုံး နာမည်ကြီးအောင်လုပ်ရမယ်။

အဖွားကူဟွာ ၏မြေးက အဲ့နေ့မှာ ကျွန်တော့်ဆီကို လာခဲ့တယ်။

သူက ကျွန်တော့်ကို စက္ကူလူသားမှာ မျက်လုံးတပ်ပေးစေချင်ခဲ့​တယ်။ ပြီးတော့ အဲ့တာကို အန်ကယ်ဖန်တောင်မှ မဝံ့ရဲဘူးလို့ ပြောခဲ့တယ်”

“အဘွားကူဟွာ ရဲ့မြေးဖြစ်သူက စပေါ်ငွေ ယွမ် ၅၀၀ ပေးခဲ့တယ်

ဒီကိစ္စ ပြီးသွားခဲ့ရင် ယွမ် ၂,၀၀၀ ကနေ ၃,၀၀၀ အတွင်း ရလိမ့်မယ်လို့ ပြောခဲ့တယ်

ဒါက ဂွင် အကြီးကြီးပဲလေ

ဒါကြောင့်။

ငါတုံ့ဆိုင်းမနေဘဲ၊ ငါသာ ဒါကို လက်ခံခဲ့ရင် ဦးလေးဖန် တောင် မယူဝံ့တဲ့ လုပ်ငန်းကို ငါလုပ်နိုင်လိမ့်မယ်လို့ အဲဒီအချိန်မှာ ငါတွေးခဲ့တယ်၊ ပြီးတော့ ငါ့အကြောင်းကိုလည်း ဒီနယ်တစ်ဝိုက်မှာ လူတွေ သိလာလိမ့်မယ်ပေါ့။ ပြီးတော့ ဒီလို ကိစ္စတွေသာ ငါလုပ်နိုင်ခဲ့ရင် ပိုက်ဆံတွေ အများကြီးရနိုင်သေးတယ်လေ!”

“အဲဒါကြောင့် ငါလုပ်ခဲ့တာပဲ။

စက္ကူအရုပ်ရဲ့ အကောင်းဆုံးက မျက်လုံးပါ ထည့်ပေးမှ ရတာလို့ အပြင်ကို ပေါက်ကရေတွေ လျှောက်ပြောခဲ့တယ်၊ ဒါကြောင့် လူတိုင်းက အနာဂတ်မှာ စက္ကူအရုပ်လုပ်ဖို့ ငါ့ဆီ လာကြလိမ့်မယ်ပေါ့။

တောင်းပန်ပါတယ်...ဦးလေးဖန်၊ အသက် ရှင်နေတုန်းကလည်း ငါက လူကောင်းတစ်ယောက် မဖြစ်ခဲ့ဘူး၊ ငါသေခါနီးအချိန်မှာတောင် မင်းရဲ့ ရွှေအိုးကို ရိုက်ခွဲဖို့ စဉ်းစားခဲ့သေးတယ်”

“ဒီမျက်လုံးထည့်တာက ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ ကျွန်တော် မမျှော်လင့်ထားခဲ့တာက။

အဲ့ညမှာ အရုပ်ရဲ့ ခေါင်းနှစ်လုံးမှာ မျက်လုံးခြယ်ပြီးတာနဲ့ အဘွားကူဟွာရဲ့ မြေးနှစ်ယောက်က ထွက်လာခဲ့တယ်။

သူတို့က နေ့တိုင်းညတိုင်း ငါ့ကို နှောင့်ယှက်ခဲ့တယ်၊ ငါသွားတဲ့နေရာတိုင်း သူတို့ကို မြင်နေရတယ်။”

“ကြောက်တယ်၊ ငါ တကယ်ကို ကြောက်နေခဲ့တယ်။

ငါ တကယ်ကို မသေချင်သေးဘူး၊ ဒါပေမယ့် သွားလေရာရာမှာ သူတို့ကို မြင်နေရတယ်၊ ပြီးတော့ သူတို့က “ ဦးလေး မင်း ငါတို့ကို တော်တော်ရုပ်ဆိုးအောင် လုပ်ထားတယ်... ဦးလေး၊ မင်း စက္ကူအရုပ် ဘယ်လိုလုပ်ရမှန်းကို မသိရင်လည်း ငါတို့ကို ဘာလို့ ကြုံသလို မလုပ်နဲ့လေ” ဟုတ်တယ်၊ ငါ တခြားဘာမှ မလုပ်နိုင်ဘူး၊ ငါဟာ အသုံးမကျတဲ့သူ၊ ငါလို အသုံးမကျတဲ့သူအတွက် အသက်ရှင်နေရတာက ဘာထူးလဲ။ သေသွားတာက ပိုကောင်းတယ်!”

ရှောင်ဟူက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး နာကျင်စွာ ငိုကြွေး​ေနခဲ့သည်။

သူသည် သရဲတစ္ဆေငယ်နှစ်ကောင်၏ ခြောက်နှံခြင်းကို ခံရပြီးနောက်တွင် အခြေအနေအား မပြောင်းလဲနိုင်သောကြောင့် နောက်ဆုံးတွင် ကြိုးတစ်ချောင်းကို ရှာခဲ့ပြီး အိမ်တွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့သည်။

All Chapters