လက်ဆောင်အသစ်
Vol. 11 Ch. 144
အရုဏ်ဦး၏ အလင်းရောင်သည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ တစ်ညလုံးတွင် အစ်ကိုလင်း၏ အဖြစ်အပျက်၊ ထို့နောက် ရှောင်ဇီ ၏ အဖြစ်အပျက်နှင့် စတင်ခဲ့ပြီး နောက်ဆုံးတွင် အစ်ကိုဖန် ၏ အဖြစ်အပျက်နှင့် အဆုံးသတ်ခဲ့သည်။
ဒီညတွင် ကျန်းရီ သည် သဘာဝလွန် အဖြစ်အပျက် သုံးခုကို မသိမသာဘဲ ဖြေရှင်းခဲ့သည် ဖြစ်သည်။
ကောင်းကင်က ပို တောက်ပလာတာကိုမြင်တော့ အစ်ကိုဖန် က သတိဝင်လာခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကျန်းရီ ကို ကျေးဇူးတင်လိုက်သည်
“စတွင်မာ ကျေးဇူးတင်ပါတယ်... မင်းသာ ဒီမှာမရှိခဲ့ရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါ တကယ် မသိတော့ဘူး”
အစ်ကိုဖန် က ကျန်းရီ ကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်သည်။ ကျန်းရီ က ဘယ်သူလဲဆိုတာ လုံးဝ သိချင်ပုံ ပေါ်မနေခဲ့ပေ
ကျန်းရီ ၏မျက်လုံးထဲတွင် အံ့သြမှုကို မြင်လိုက်ရတော့ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ ပရိသတ်များပင် “မစ္စတာဖန်၊ ခင်ဗျားကလည်း ပရိတ်သတ် တစ်ယောက်ပဲလေ ငါတို့ရဲ့ စတွင်မာ ဘယ်သူလဲဆိုတာ မင်း ဘာလို့ မသိချင်ရတာလဲ။”
အစ်ကိုဖန် ကိုယ်တိုင်က သူ့ဖုန်းကို ကြည့်နေတာမို့ အခန်းထဲက လူတွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို သဘာဝအတိုင်း မြင်နေခဲ့ရတယ်။
သူက ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရီ က ပြုံးနေတာကို မြင်တော့ “ စတွင်မာက ငါ့အတွက် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ သူဘာလုပ်နေလဲ ဆိုတာသာ အရေးကြီးတာ ဟုတ်တယ်မလား။ ဒီမှာသာ လူတွေအများကြီးရှိနေလို့ မဟုတ်ရင် ငါက သူ့ရှေ့မှာ ဒူးထောက်ပြီးတော့ကို ကျေးဇူးတင်ချင်တာ”
“မလုပ်ပါနဲ့၊ အစ်ကိုဖန်သာ ဒီလိုဟာသလုပ်ခဲ့ရင် ငါ အချိန်တိုလေးအတွင်းမှာ နာမည်ကြီးသွားလိမ့်မယ်။
ကြည့်ရှု့သူ A-“ စတွင်မာ၊ အင်တာနက်က သတင်းတွေကို လုံးဝ မကြည့်မိဘူးလား။ လူတော်တော်များများက အရင်ကတည်းက မင်းကို သိနေတာကြာပြီဆိုတာ မင်းမသိဘူးလား။”
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိတ်သတ် ပြောတာကို မြင်လိုက်ရတော့ ကျန်းရီ ဟာ ခဏတာ အံ့အားသင့်သွားပြီး အင်တာနက် ရှာဖွေမှု ထဲမှာ သူ့နာမည်ကို ရိုက်ရှာလိုက်တယ်။
ပထမဆုံးတစ်ချက် ကြည့်လိုက်တာနဲ့တင် တစ်စုံတစ်ယောက်က သူ၏ ကိုယ်ရေးအကျဥ်းကို အမှန်တကယ် ဖန်တီးထားတာကို တွေ့လိုက်ရသည်။
ကျန်းရီ : အမျိုးသား၊ အသက် ၂၂ နှစ်။
အလုပ်အကိုင်- ငရဲဟု အမည်ရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတွင် တစ်ခုတည်းသောနှင့် စွမ်းအား အကြီးဆုံး သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ။
ဆောင်ပုဒ် - ကောင်းကင်ရှိ ကျောက်စိမ်းဧကရာဇ်၊ ငရဲရှိ ယမမင်း ပြီးတော့ မြေပြင်ရှိ ငါ ကျန်းရီ….
ဒါကိုမြင်တော့ ကျန်းရီ အနေဖြင့် အံ့အားသင့်သွားပြီး “ ငါ့လခွမ်း.. ဒီဟာကို ဘယ်သူလုပ်တာလဲဟ၊ ငါဘယ်တုန်းက ဒီလိုစကားမျိုး ပြောဖူးလို့လဲ။”
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်အားလုံးက ရယ်မောခဲ့ကြပြီး “ဒါကို ကျွန်တော်တို့လည်း မသိဘူး။
ဘာပဲဖြစ်ဖြစ် စတွင်မာရေ အခု မင်းနာမည်ကို ရှာဖွေတဲ့ အရေအတွက်က တစ်နေ့တည်းကိုပဲ သိန်းနဲ့ချီ ဖြစ်နေပြီ။ ( cele ကျန်းရီ၊ ကျန်းရီ cele:3 )
အဲ့တာကြောင့်သာ မဟုတ်ရင် စတွင်မာရဲ့ လူကြိုက်များမှုက ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ကို လျင်မြန်စွာနဲ့ တိုးလာတာက ဘာကြောင့်လို့ ထင်လဲ?”
ကြည့်ရှု့သူ A-“ စတွင်မာက လုံးဝကို မဟုတ်တော့ဘူး။ သူကိုယ်တိုင်ပဲ ပြောခဲ့ပြီးတော့ အခုမှ ဝန်ခံဖို့ကို ငြင်းဆန်နေတယ်။”
ကြည့်ရှု့သူ A-“ f***k၊ အခြားဟာထဲမှာ ငါးလို ရေသောက်နဲ့ ကောလဟာလ တွေတောင် ပါနေသေးတယ်”
ကျန်းရီ သည် အလွန်တုန်လှုပ်သွားပြီး သူ့အတွက် ထိုကိုယ်ရေးအကျဥ်းကို ဖန်တီးသူအား ခေါ်ကာ ရိုက်နှက်ရန်ပင် ဆန္ဒရှိခဲ့သည်။
ငါးလိုရေသောက်ကလည်း ထိုအကြောင်းကို အမြန်ရှာဖွေပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ပြန်လာကာ ကျန်းရီ ကို “ စတွင်မာ ၊ အခုဘာလုပ်ရမလဲဆိုတာ ပြောပါအုံး။ ငါ့လို အပြစ်ကင်းစင်တဲ့ မိန်းကလေးကောင်းတစ်ယောက်က စတွင်မာကြောင့် ညှိုးနွမ်းသွားရပြီ၊ ဒါကြောင့် မင်းကိုမေးချင်တာက တာဝန်ယူပေးမှာလား မယူပေးဘူးလားပဲ?”
ဒါတွေဟာ အလွန်လေးနက်တဲ့ စကားတွေ ဖြစ်သည်မှာ အသေအချာပါပဲ ဒါပေမယ့် အဆုံးမှာ ငါးလိုရေသောက်က နှာရည်ယိုနေသည့် အီမိုဂျီတစ်ခုကို ပေးပို့ခဲ့သည်။ ဘာကိုဆိုလိုချင်တာလဲ?
ကျန်းရီ ရဲ့မျက်နှာက မဲမှောင်သွားပြီး “ဘယ်သူက လျှောက်ဖွနေတာလဲလို့ မေးချင်တယ်။ ငါက အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက် အဲ့လို ကောလဟာလ တွေကို မကြောက်တက်ဘူး၊ ဒါပေမယ့် ငါးလိုရေသောက် ကတော့ မတူဘူး မိန်းကလေးတစ်ယောက်လေ တခြားတစ်ယောက်ကို ဘယ်လို မဟုတ်တမ်းတရားတွေကို ပြောရတာလဲ။”
“ အဲ့ဒီလူရဲ့ ကောလဟာလတွေကို နားမထောင်ရင်တောင်မှ ငါ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တယ်လေ၊ ဒါကြောင့် ဘယ်လိုတာဝန်ယူမှာလည်း ပြော” ငါးလိုရေသောက် က ထပ်ပြောလိုက်သည် ။
ကျန်းရီက ဒီအကြောင်းကို လေးလေးနက်နက် စဉ်းစားပြီးတော့ “ ပရိတ်သတ်တို့ ၊ ညမှ တွေ့ကြမယ်!”
အသံဆုံးသွားသည်နှင့် တပြိုင်နက် ကျန်းရီ၏ ပုံရိပ်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ပျောက်ကွယ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို အမြန်ပိတ်လိုက်ပြီး ကျန်းရီ သည် မန့်များ မရှိတော့တဲ့ ကွန်ပြူတာကိုကြည့်ရင်း လန်းဆန်းသွားခဲ့သည်။
“သေချာတာကတော့၊ မင်း တိုက်ရိုက် ထုတ်လွှင့်မှုကို သိပ်အကြာကြီး မလုပ်သင့်ဘူး၊ မဟုတ်ရင် မင်း ဆက်လုပ်နေရင် သူတို့က အနက်ရောင်ကနေ အဖြူရောင် ဖြစ်အောင် လုပ်လိမ့်မယ်”
ကျန်းရီ သည် သူ့ကိုယ်သူ တိတ်တိတ်ဆိတ်ဆိတ် ရေရွတ်လိုက်ကာ ကွန်ပျူတာကို ပိတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက် အလင်းရောင်ကို ကြည့်လိုက်ကာ ပြုံးပြီး မတ်တပ်ထရပ်လိုက်သည်။
အချိန်အတော်ကြာအောင် စောင့်ပြီးမှ ရေမိုးချိုးပြီး အိပ်ပျော်သွားသည်နှင့် နေ့တစ်နေ့သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ကုန်ဆုံးသွားခဲ့သည်။
ညနေစောင်း အိပ်ရာထသောအခါ ကျန်းရီ သည် မှိန်ဖျော့နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ သူသည် အိမ်ထဲတွင် တစ်ချိန်လုံးရှိမနေပေ။ သူသည် အောက်ထပ်သို့ဆင်းကာ လှည့်ပတ်သွားရင်း ကံမကောင်းစွာပဲ သူနဲ့ ရေစက်ရှိတဲ့ ရှောင်ဇီ ကို မတွေ့ခဲ့ရပေ။
အချိန်နီးလာသောအခါ ကျန်းရီ သည် သူ့အခန်းသို့ပြန်ကာ ကွန်ပြူတာဖွင့်ပြီး လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်သည်။
အချိန်နီးကပ်နေပြီဖြစ်သဖြင့် ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်လိုက်သည်။
သို့သော် သူတိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို ဖွင့်လိုက်သည်နှင့် ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသည် အနည်းငယ် ခြားနားနေသည်ကို ရုတ်တရက် သတိထားမိခဲ့သည်။
အထူးသဖြင့် လက်ဆောင်တွေထဲတွင် ဆုလက်ဆောင် အသစ်တစ်မျိုး ပေါ်လာခဲ့သည်။
ဖယောင်းတိုင် တစ်ချောင်း
မရဏ ဖယောင်းတိုင်?
နောက်ဆုံးတော့ ကျန်းရီ အလေးအနက် ထားခဲ့သည်။ ၎င်းသည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင် အသစ်များ ပေါ်လာနိုင်သည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခင်က စိတ်ဝိဥာဉ်ကျောက်စိမ်း၊ လျှို့ဝှက်သော ရာဇသံ၊ သေခြင်း ရှင်ခြင်း ပုတီးစေ့ နှင့် ငရဲဘုရင်ရဲ့ အမိန့်တို့ အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားချက်များ ရှိနေကြသည်။
ယခု တိုက်ရိုက်ထုတ်လွှင့်နေသည့် ကျန်းရီ နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည့်အချိန်နှင့် နှိုင်းယှဉ်ပါက၊
ယခုအချိန်တွင်၊ ကျန်းရီ ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ဖုန်းကွယ် နိုင်သည့်စွမ်းရည်သည် ယခင်ကထက် အဆများစွာ တိုးလာခဲ့သည်။
စိတ်ဝိညာဥ်စွမ်းရည်၊ သို့မဟုတ် ရိုးရိုးရှင်းရှင်းပြောရလျှင် အဖြစ်အပျက်များအပေါ် အာရုံခံနိုင်စွမ်းသည် ယခင်ကထက် အဆများစွာ ကြီးမားလာခဲ့သည်။
သေခြင်းရှင်ခြင်း ပုတီးစေ့ရဲ့ စွမ်းရည်သည်လည်း အရင်ကထက် တိုးလာပြီဖြစ်သည်။ သို့သော် ငရဲဘုရင်ရဲ့ အမိန့်ကတော့ ၎င်းကို တိုးတက်ရန် ခက်ခဲပေသည်။
ဒါပေမယ် တိုးတက်လာသော ငရဲဘုရင်ရဲ့ အမိန့် စွမ်းအားက သူ့ရဲ့ စွမ်းရည်ကို တချို့ အဖြစ်အပျက်တွေကို ဖြေရှင်းဖို့ လုံလောက်နေပြီဆိုတာ သိနေခဲ့သည်။
ဒီလိုစွမ်းရည်မျိုးက ရှားပါးပြီးတော့ ရဖို့ခက်ခဲသည်။
သို့သော် မရဏဖယောင်းတိုင် ရဲ့ စွမ်းရည်တွေက ဘာများလဲ??။
မရဏ ဖယောင်းတိုင် - အပိုင်းစတစ်ခုကို ယွမ် ၁၀၀ ဖြင့် ဆုချနိုင်ပြီး မရဏဖယောင်းတိုင် တစ်ခုလုံးကို ယွမ် ၁၀,၀၀၀ ဖြင့် ဆုချနိုင်ပါသည်။ သင်သည် မရဏဖယောင်းတိုင် ကို တခြားသူအား ကိုင်ဆောင်ထားခိုင်းပြီး ၎င်းတို့၏ ကုသိုလ် ကောင်းကျိုးများကို မှတ်တမ်းတင်ရန်အတွက် ဝိညာဉ်ကို မရဏကမ္ဘာသို့ ပြန်ပို့နိုင်သည်။
ကျန်းရီ သည် ဤ ရှင်းပြချက်ကို ဖတ်ပြီးနောက် ချက်ချင်း နားလည်လိုက်သည်။
ဒါက သူ့အတွက် သက်သက်ထုတ်ပေးထားတဲ့ လုပ်ပိုင်ခွင့် အသစ်တစ်ခုပင် ဖြစ်သည်။
သူပေးလိုက်တဲ့ မရဏဖယောင်းတိုင်တွေ ကိုင်ဆောင်ပြီး မရဏပြည်ကို သွားတဲ့ သူတွေဟာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိတဲ့သူပဲ ဖြစ်ရမယ်။
ကြီးမားတဲ့ ကုသိုလ်ကောင်းမှု ရှိသူများ၏ ကုသိုလ်ကောင်းမှုများကို ကျန်းရီ တွင် ထည့်သွင်းရေတွက်မည်ဖြစ်သည်။ ထို့အပြင် မရဏဖယောင်းတိုင် ဖြန့်ဝေခြင်းသည်လည်း ကုသိုလ်ရရှိးစေတဲ့ ကိစ္စပင်ဖြစ်သည်။
ကျန်းရီ သာမက ပါဝင်သူများသည်လည်း ကုသိုလ်ကောင်းမှုများကို မျှဝေနိုင်ပါသည်။
ကုသိုလ်ဆိုတာ ဘာလဲ?
မမြင်နိုင်၊ ထိ၍လည်း မရနိုင်သလို ယုံကြည်ခြင်း၏ စွမ်းအားကဲ့သို့ပင် ကုသိုလ်ကို ဒစ်ဂျစ်တယ်ာနည်းဖြင့် မတိုင်းတာနိုင်ပေ။
ကျန်းရီ သည် မရဏဖယောင်းတိုင်များကို ရနိုင်သလောက်သာ ရခဲ့လျှင် နောင်တွင် မရဏကမ္ဘာသို့ သွားသောသူများသည် ထိုဖယောင်းတိုင်ကိုကိုင်ထားရန်သာလိုမည်ဖြစ်ပြီး၊ ထိုသူများသည် ကျန်းရီ က ကယ်တင်ခဲ့သော ဝိညာဉ်တွေ ဖြစ်သည်ကို မရဏကမ္ဘာရှိလူတိုင်း သိကြမည်ဖြစ်သည်။
ကျန်းရီသည် အားလုံး နားလည်ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များက ထို ဆုလက်ဆောင် အသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ကြည့်ရှု့သူများ "အမ်! တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ လက်ဆောင် အသစ်တစ်ခု ရှိနေတယ်ဟ။ စတွင်မာ... ဒီ မရဏဖယောင်းတိုင် က ဘာလုပ်တာလဲ "
"နေ့ခင်းဘက်တွေ ပျင်းနေရင်းနဲ့ နည်းနည်းလေး အပြောင်းအလဲ လုပ်လိုက်တာပါ။ မရဏကမ္ဘာကို သွားတဲ့ လမ်းက အရမ်းမှောင်နေမှန်းကို လူတိုင်းသိတာပဲလေ၊ ဒါကြောင့် သွားမလို့ လုပ်နေတဲ့ အထီးကျန် ဝိညာဥ်တွေအတွက် ပိုအဆင်ပြေအောင် လုပ်ပေးနိုင်မလားလို့ တွေးမိလိုက်လို့လေ"
ကျန်းရီရဲ့ ရှင်းပြချက်ကို ကြားတော့ အားလုံးက "ဒါဆို ငါတို့ကသာ အဲ့ဒီ လက်ဆောင် ပေးလိုက်ရင် သေသွားသူတွေရဲ့ ဝိညာဉ်တွေကို လမ်းပြပေးမယ့် မရဏ ဖယောင်းတိုင်တွေကို စတွင်မာက ရမယ်ပေါ့ ?"
"ဒါအမှန်တရားပဲ၊ ဒါပေမယ့် မရဏဖယောင်းတိုင် ကိုလုပ်ရတာက အချိန်ကုန်ပြီးတော့ နတ်ဘုရားတွေလက်ထဲ အပ်ရမှာမို့လို့ မင်းတို့တွေ တစ်ချက်လောက်တော့ ကြည့်လိုက်အုံး..”
"ငါးလိုေရသောက်က စတွင်မာကို မရဏဖယောင်း ၉၉၉၉၉ ကို ပေးခဲ့သည်။"
" ကျိုးခိုင် က စတွင်မာကို မရဏ ဖ ေယာင်းတိုင် ၉၉၉၉၉ ကို ပေးခဲ့သည်။
" ဒန်နီယယ်ပိုင်ရှင်က စတွင်မာကို မရဏ ဖ ေယာင်းတိုင် ၉၉၉၉၉ ကို ေပးခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးရဲ့ မျက်နှာပြင် တစ်ခုလုံးသည် မရဏ ဖယောင်းတိုင်များဖြင့် ပြည့်နှက်နေသည်။ .