← Chapters

ညသန်းခေါင်မှာ ခေါ်နေတဲ့ အသံ

Vol. 11 Ch. 145

ညသန်းခေါင်မှာ ခေါ်နေတဲ့ အသံ

Vol. 11 Ch. 145

ကျန်းရီ သည် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက လူတွေရဲ့ ညီညွတ်မှုကို လျှော့တွက်နေဆဲပဲ ဖြစ်သည်။

မရဏ ဖယောင်းတိုင် လက်ဆောင်တွေနဲ့ ပြည့်နေတဲ့ ဖန်သားပြင်ကို ကြည့်ပြီးတော့ သူ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

ဆုလာဘ်ဆောင်တွေ ပေးနေမှုတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့အခါမှာ သူက မတ်တပ်ရပ်ကာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းဆီသို့ ဦးညွှတ်လိုက်သည်။

“မင်းတို့လက်ဆောင်တွေကို ငါလက်ခံပါတယ်။ ငါ့အိတ်ကပ်ထဲကို အဲ့တာတွေက ငွေကြေးအနေနဲ့ ရောက်လာမယ် ဆိုပေမယ့်လည်း နောက်တချိန် တကယ့် ဝိညာည်ကောင်းတွေ လူဝင်စားဖို့ ကြုံခဲ့ရင် မင်းတို့ကိုယ်စား ဒီ မရဏ ဖယောင်းတိုင်တွေကို သူတို့ကို ပေးပေးပါ့မယ်၊ လမ်းမှာ ဒုက္ခအချို့ကို လွယ်လွယ်နဲ့ ရှောင်ရှားလို့ ရတာပေါ့ ”

“ဒါ့အပြင် မင်းတို့မသိသေးတာက ဝိညာဉ်တွေဟာ မြေအောက်ကမ္ဘာကို သွားတဲ့အခါ လမ်းမှာ အထိအခိုက် နည်းပါးလေလေ၊ နောင်ဘဝမှာ မိသားစုကောင်းတစ်ခုကို ရွေးချယ်နိုင်ဖို့ အခွင့်ရေးများလေလေပါပဲ။ ဒါကြောင့် ဒီ ငွေတွေကိုတော့ ငါလက်ခံလို​က်မယ်၊ ကုသိုလ်ကောင်းမှုတွေကတော့ အကုန်လုံးနဲ့ ဆိုင်တာပေါ့ ”

ကြည့်ရှု့သူA- “သွား၊ သွားစမ်းပါ ဒီလို စတွင်မာကို ငါ တစ်ခါမှ မမြင်ဖူးဘူး။ တခြားစတွင်မာတွေများ ဒီလောက်များတဲ့ လောက်ဆောင်တွေ ရခဲ့ရင် ပျော်လွန်းလို့ ထပါကလိမ့်ဦးမယ် ။ ဒီ စတွင်မာ ကြမှ အရမ်းလေးနက်နေပြတယ်၊ မင်းဘာလို့ နည်းနည်းပါးပါးလောက် ပျော်ပြီး စိတ်မလှုပ်ရှားပြတာလည်း?? အနည်းဆုံးတော့ ငါတို့ စိတ်ကျေနပ်ရတာပေါ့”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်းက ဘောစိတော်တော်များများ စိတ်ဓာတ်တွေ ကျနေခဲ့သည်ဖြစ်သည်။ ကျန်းရီ ကလည်း ထရယ်လိုက်ပြီးတော့ “အိုကေ၊ အိုကေပါ ငါတို့အားလုံးက မိတ်ဟောင်းဆွေဟောင်း တွေပဲလေ ငါက အဲဒီလိုမျိုး တကယ်ကလိုက်ရင် မင်းတို့ ငါ့ကို ကြိုက်မှာ မဟုတ်တော့ဘူး ဟုတ်တယ်မလား?”

စကားပြောရင်းနဲ့ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှု့သူ ဦးရေကို ကြည့်လိုက်သည်။

သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် မူလအစမှာ လူပေါင်း ဒါဇင်ကျော် ဒါမှမဟုတ် ရာနှင့်ချီရှိသာ ရှိခဲ့သော်လည်း ယခုအခါ လူပေါင်း သိန်းနဲ့ ချီပြီး ရှိနေပြီဖြစ်သည်။

“သဘာဝလွန်ဖြစ်ရပ်များ၊ တစ္ဆေများ နှင့် ကျန်းရီ” ကဲ့သို့သော စာလုံးများကို ရှာဖွေခြင်းဖြင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ လူများ ပို၍ပို၍ ရောက်လာမည်ဖြစ်သည်။

သူ ပိုကျော်ကြားလာတာနဲ့အမျှ လူတွေကလည်း ပိုများမည်ဖြစ်သည်။

သို့သော်လည်း ညတိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီးနောက် မကြာမီ အချိန်မှန်လိုပင် ဖုန်းခေါ်ဆိုမှုက အမြဲတမ်း ရောက်လာမည်ဖြစ်သည်။

“………….”

“ဟမ်? ဖုန်း လာနေပြီ”

ကျန်းရီက ဖုန်းခေါ်သံကြားသောအခါမှာ သူက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ လှမ်းပြောလိုက်သည်။ ဒီညမှာ ပထမဆုံးဖုန်းဆက်သူရဲ့ အဖြစ်အပျက်ကို ဂရုတစိုက် နားထောင်ချင်နေတဲ့ ပရိသတ်တွေကလည်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။

“ဟယ်လို၊ ဟယ်လို၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ ကျန်းရီပါ၊ မင်းရဲ့ နားထောင်သူဖြစ်ရတာ ဝမ်းသာပါတယ်။”

ကျန်းရီက ဖုန်းကို ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ပေမယ့် ဖုန်းရဲ့ အခြားတစ်ဖက်မှာတော့ အရမ်းကို ကြောက်တဲ့ အသံတွေ ထွက်လာခဲ့သည်။

“ဟေး ၊ စတွင်မာ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး။ ငါ့ကို သရဲခြောက်နေတယ်။ တကယ့်ကို ကြောက်လွန်းလို့ ငါ ဒီအတောအတွင်း ကောင်းကောင်း မအိပ်ရသေးဘူး။ ဒီအတိုင်းဆက်သွားရင် အကြောက်လွန်ပြီး မသေရင်တောင် အိပ်ရေးအပျက်လွန်ပြီး သေသွားရလိမ့်မယ်!”

အသံသည် အမျိုးသမီးတစ်ဦး၏ အသံဖြစ်ပြီး ယခုအချိန်တွင် သူမသည် အရမ်း ထိတ်လန့်နေသည်မှာ ထင်ရှားပါသည်။

“စိတ်မပူပါနဲ့ အစ်မ​၊ အစ်မ ဖုန်းဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ရောက်လာကတည်းက ငါ အစ်မကို လုံခြုံအောင်ထားပေးမှာပါ။ အစ်မကို နာမည်ဘယ်လို ခေါ်ရမလဲ၊ ဘယ်ကလဲ၊ ဒီလိုအရာတွေကို ဘယ်လို တွေ့ ကြုံခဲ့ရတာလဲ?”

ကျန်းရီ ရဲ့အသံက နူးညံ့နေပြီးတော့ တစ်ဖက်ရဲ့အသံကလည်း သိပ်ကြောက်နေပုံ မရတော့ပါဘူး၊ “ကျွန်မနာမည်က ဒင်းဟို ပါ၊ အသက် ၂၆ နှစ်ရှိပါပြီ၊ ကျွန်မက ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ပါ။ ကျွန်မတို့ရဲ့ အလုပ်မှာ ဒီကိစ္စတွေက စဖြစ်ခဲ့တာပါ ”

“ကောင်းပါပြီ အစ်မဒင်းရေ စိတ်မပူပါနဲ့၊ ဖြည်းဖြည်းပြောပါ။”

“ပြီးခဲ့တဲ့လက ဇာတ်လမ်းစခဲ့တာပါ။

ငါက သာမာန်မိန်းမသားတစ်ယောက်ပါ။

ငါ့မှာ ပညာအရည်အချင်းမရှိတဲ့အတွက် ဒီလို မြို့ကြီးတွေမှာ ပညာအရည်အချင်း မလိုအပ်တဲ့ အလုပ်တွေကိုပဲ ရွေးချယ်ခဲ့ရတယ်။

ငါဒီအမြန်ပို့ဆောင်ရေး ကုမ္ပဏီမှာ အလုပ်လုပ်တာ တစ်နှစ်ခွဲကျော်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ခြောက်လတာ လုံးလုံးမှာ အေးဆေးပါပဲ အဲ့ နေ့ညအထိပေါ့ အဲ့ညမှာ အမြန်ပို့ဆောင်ရမဲ့ ပစ္စည်းတွေက များတဲ့ အတွက်ကြောင့် ကျွန်မတို့ ဝန်ထမ်းတွေက အချိန်ပိုအလုပ်ဆင်းခဲ့ကြတယ် “

“ ဒါနဲ့ ကျွန်မက ပစ္စည်းပို့ရတဲ့ သူမဟုတ်ဘူး

ကျွန်မက မြို့တွင်းရှိတဲ့ အမြန်ပို့ဆောင်ရေးမှာ ပစ္စည်းတွေကို စီစစ်ပေးရတဲ့ အလုပ် လုပ်ရတယ်။

တစ်နေ့တာ အလုပ်တွေက အမျိုးမျိုးသော ပစ္စည်းတွေကို စီစစ်ပြီးတော့ ဘယ်ခရိုင်၊ ဘယ်မြို့၊ ဘယ်ရက်ကွက်ကို ပို့ပေးရမယ်ဆိုတာကို ခွဲခြားပေးရတာ”

“အဲဒီညက ပုံမှန်အတိုင်းပဲ အချိန်ပိုအလုပ်လုပ်နေခဲ့တယ်

လုပ်စရာတွေက အများကြီးရှိတာကြောင့် ပို့ဆောင်ချိန်ကိုလည်း မသတ်မှတ်ထားတဲ့အတွက် အဲဒီနေ့ညနေမှာ ည​နေစာစားပြီးတာနဲ့ အလုပ်စလုပ်ခဲ့​ကြတယ်။

အဲဒီတုန်းက ဆိုက်မှာက အမြန်ပို့ရမယ့် ပစ္စည်းတွေက တောင်လိုပုံနေအောင်ပဲ များနေခဲ့တယ်။ ပြီးတော့ ကျွန်မနဲ့အတူ လုပ်ဖော်ကိုင်ဖက် အချို့လည်း ရှိနေခဲ့တယ်”

“ကျွန်မတို့ ည ကိုးနာရီလောက်အထိ အလုပ်လုပ်ခဲ့တယ်။

ငါတို့အဖွဲ့ထဲက ရှောင်ကျိုး က ဒီလိုမျိုးသာခွဲနေရင် အရမ်းပင်ပန်းပြီးတော့ ပျင်းလာလိမ့်မယ် လို့ ရုတ်တရက် ပြောခဲ့လိုက်တယ်။

ငါတို့ ဂိမ်းတစ်ခု ကစားရင် ဘယ်လိုလဲ။

ရှုံးခဲ့ရင် အဲ့လူက ညနက်ပိုင်း အဆာပြေစာ အားလုံးကို ဝယ်ကြွေးရမယ် ဘယ်လိုလဲ?

ကျွန်မတို့ ဆိုက်ရှိလူတွေက အတော်လေးကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့တယ်၊ ဒါ့ကြောင့် လူတိုင်းက ရှောင်ကျိုးရဲ့ အကြံပြုချက်ကို သဘောတူခဲ့ကြတယ်”

"ဒါဆို အဲဒီတုန်းက မင်းတို့ ဘာဂိမ်းကစားခဲ့ကြတာလဲ"

ကျန်းရီက မေးလိုက်သည်။ ရှောင်ကျိုး လို့ ခေါ်တဲ့ ဒီအမျိုးသမီးက စိတ်ဝိညာဥ် ဂိမ်းများ ဆော့လိုက်သလားလို့များ ထင်ပြီး မေးလိုက်သည်။

သူတွေးနေတုန်းမှာပဲ အစ်မဒင်းက " ရှောင်ကျိုး ပြောတဲ့ဂိမ်းက အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ ဒါက ကံကိုစမ်းတဲ့ ဂိမ်းတစ်ခုပါပဲ။

ပို့ရမယ့် ပစ္စည်းတွေကို ကျွန်မတို့ ဆက်လက် ခွဲခြားမယ် ဆိုပါစို့၊ ဒါပေမယ့် ဘယ်သူပဲ တွေ့တွေ့ ပို့ရမယ့် ပစ္စည်းတွေရဲ့ ပေးပို့တဲ့သူရဲ့ နာမည်ပဲဖြစ်ဖြစ် လက်ခံသူရဲ့ နာမည်နဲ့ ကျွန်မတို့ထဲက သူတစ်ယောက်ရဲ့ နာမည်နဲ့ တူနေခဲ့ရင် အဲ့တူတဲ့လူက အရှုံးပဲ"

အစ်မဒင်း က ဒီလိုပြောပြတဲ့အခါမှာ ကျန်းရီ နဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက နားလည်သွားခဲ့ကြတယ်။

ဒီဂိမ်းနဲ့ ပတ်သက်ပြီး အထူးအဆန်း ဘာမှ မရှိပါဘူး၊ ပျင်းစရာကောင်းတဲ့ အလုပ်မှာ ပျော်စရာလေးတွေ ရှာကျန်ပြီး တိုးလိုက်တယ် လို့ပဲ ပြောလို့ရပါတယ်။

“အဲဒီတုန်းက ကျွန်မ နည်းနည်း တိတ်တဆိတ် ပျော်လိုက်ပါသေးတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မလို မျိုးရိုးနာမည်က ရှားတယ်လေ

အခြား နာမည်ကြီး မျိုးရိုးနာမည် ရှိတဲ့ သူတွေနဲ့ နှိုင်းယှဥ်လိုက်ရင် အဆုံးမှာ မနိုင်ရင်တောင် လွယ်လွယ်နဲ့တော့ မရှုံးနိုင်ဘူးလေ

ပြီးတော့ ကျွန်မ ဒီမှာ တစ်နှစ်ခွဲလောက် အလုပ်လုပ်ခဲ့တယ်။

လိပ်စာ အများစု က နာမည်တွေကို ကြည့်လိုက်ရင် ကျွန်မနဲ့ မျိုးရိုး နာမည်တူတဲ့သူ တဦးကိုမှ မတွေ့ဖူးဘူး။

ရှောင်ကျိုး ပြောတဲ့ဂိမ်းကို ကစားဖို့ လူတိုင်းကသဘောတူခဲ့ကြပြီးတော့ အားလုံးအလုပ်စခဲ့ကြတယ် “

“ဒါပေမယ့် ပြောရတာတော့ ထူးဆန်းတယ် ဒါပေမယ့် အဲ့ဒီ ညက တစ်နာရီကျော်​ ကြာခဲ့ပေမယ့် ဘယ်သူ့ရဲ့ နာမည်နဲ့မှ မတူခဲ့ဘူး

ကျန်း၊ ဝမ် နှင့် လူ အပါအဝင် ကျွန်မတို့ အဖွဲ့ထဲမှာ မျိုးရိုးတူတဲ့သူတွေ အများအပြား ရှိတယ်။

သို့ပေမယ့် ညဆယ်နာရီထိုးခါနီးအထိကို တစ်နာရီကျော်ကြာအောင် နာမည်တစ်လုံးမှ တူမနေခဲ့ဘဲ ရုတ်တရက် အစ်မလူက ပြောလိုက်တယ်

ရှောင်ဒင်းရေ မင်း ရှုံးသွားပြီ!"

“အဲဒီတုန်းကတော့ အစ်မလူက ကျွန်မကို စနေတာလို့ပဲ ထင်ခဲ့တယ်၊ ဒါပေမယ့် ပစ္စည်းထုပ်ကို ကောက်ကြည့်လိုက်တော့ လက်ခံသူရဲ့ နာမည်ကို ဒင်းဟို လို့ ရေးထားတာကို တွေ့လိုက်ရတယ်။

အဲဒီ့ညက ငါ့ရဲ့ကံဆိုးမှုအတွက်ကို ငါ့ကိုယ်ငါပဲ အပြစ်တင်နိုင်တော့တယ်။

အဖေနဲ့အမေက ကျွန်မကို ဒီလိုမျိုး နာမည်ပေးခဲ့ပေမယ့် အခြား မျိုးရိုးနာမည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အနိုင်မယူနိုင်ခဲ့ဘူး။”

အစ်မဒင်းဟို က ပြောပြနေတုန်း ကျန်းရီ ကလည်း စိတ်ရှည်ရှည်နဲ့ နားထောင်နေတုန်းပါပဲ။

ယခုအချိန်အထိ သူမ ပြောခဲ့တဲ့ စကားတွေက သူမ သရဲခြောက်ခံရခြင်းနှင့် မသက်ဆိုင်သေးသော်လည်း အကြောင်းရင်းက ရှင်းလင်းနေပြီဖြစ်သည်။

“ကျွန်မ ရှုံးပြီဆိုကတည်းက အဲဒီ ပစ္စည်းတွေ စီစစ်ပြီးတာနဲ့ အလုပ်ဘေးက ခေါက်ဆွဲဆိုင်မှာ စားဖို့ အားလုံးကို ဖိတ်ခဲ့လိုက်တယ်။ အိမ်ပြန်ရောက်ပြီး ရေချိုးတဲ့ အထိ အားလုံး အဆင်ပြေ​နေပါသေးတယ်။

“ဒါပေမယ့် အဲဒီနေ့ မနက်အစောကြီး၊ ကျွန်မ အိပ်ပျော်သွားပြီး သိပ် မကြာခင် အချိန်လေးမှာပဲ အော်သံတွေကို ကြားလိုက်ရတယ်။”

“ ဒင်း ကကောင်းတယ်... ဒင်း က ကောင်းတယ်...”

“အော်သံက အရမ်းကို တိုးညှင်းနေပေမယ့် ကျွန်မ ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရတယ်။ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကျွန်မ အိပ်မက်မက်နေတယ်လို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ အိပ်ရာက နိုးလာတဲ့အခါမှာတော့ တစ်စုံတစ်ယောက်က ငါ့ကို တကယ်ခေါ်နေတာမှန်း သိလိုက်ရတယ်။”

“ဟယ်လို ဒင်း... ဟယ်လို ဒင်း... မင်းငါ့ကို ဘာလို့ လာ​ပြီးမတွေ့တာလဲ။”

“ဒီအသံက ငါ့အတွက် အရမ်းကို ရင်းနှီးနေတာမို့ ဖြည်းညှင်းစွာထပြီးတော့ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တယ်။ အပြင်မှာ လရောင်က တောက်ပနေတော့ ပြတင်းပေါက်ကိုဖွင့်ပြီး အောက်ထပ်ကို ငုံ့ကြည့်လိုက်တယ်။ အောက်ထပ်မှာ အမျိုးသမီးတစ်ယောက်ရှိ​နေခဲ့တယ်၊ သူမက အပေါ်ကို မော့ကြည့်ပြီး လက်ကို ဝှေ့ယမ်းကာ ဒင်းဟို……………ဒင်းဟို!.......”

All Chapters