အကြောက်တရား
Vol. 11 Ch. 146
“ဒင်းဟို...ဒင်းဟို...ဒင်းဟို......”
ဖုန်း၏အခြားတစ်ဖက်ရှိ အစ်မဒင်းသည် အပူးခံရသလို ဖြစ်နေပြီး သူမသည် သူ့နာမည်ကို ထပ်ခါတလဲလဲ ရွတ်ဆိုနေခဲ့သည်။
ကျန်းရီက တစ်ခုခုမှားနေပြီလို့ ခံစားမိတဲ့အတွက် “ဟယ်လို အစ်မဒင်း.. အစ်မဒင်းရေ မင်းနားထောင်နေလား?”
“အင်း... ဝူး.. ဝူး.. ဝူး.. ငါနားထောင်နေပါတယ်။ တစ်ခုခု လုပ်ပေးပါအုံး ။ ငါ့နားထဲမှာ ဒီအသံတွေနဲ့ ပြည့်နေတယ်၊ ငါ ရူးတော့မယ်... ငါတကယ် ရူးတော့မယ်”
“မင်းကို ခေါ်တဲ့ မိန်းမကဘယ်သူလဲ၊ မင်းသူ့ကိုသိလား” ကျန်းရီ က မေးလိုက်သည်။
အစ်မဒင်း က “ သူမကို သိတယ်၊ သူမနဲ့လည်း အရမ်း ရင်းနှီးတယ်”
“အိုး၊ အဲဒါဆို မင်းအတွက် ဘယ်သူများလဲ”
“အဲ့ဒါ ငါပဲ ...
အဲဒါ ငါပဲ မင်းတို့ သိလား။ ငါက ပြတင်းပေါက်နားမှာ ရပ်နေတာလေ ဒါပေမယ့် ဘာလို့ အောက်ထပ်မှာ ရှိနေသေးရတာလဲ။ ဝတ်ပုံစားပုံချင်းတောင် အတူတူပဲ။
ဆံပင်ပုံစံလည်းတူ၊ ဖိနပ်လည်း အတူတူပဲ အောက်ထပ်မှာ ခေါင်းမော့ပြီး ငါ့ကို ခေါ်နေတာ!”
အစ်မဒင်း ရဲ့ စကားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ကျန်းရီ ပင် မျက်မှောင်ကြုတ်ကာ “မင်း အောက်ထပ်က ဘယ်သူလို့ ပြောလိုက်တာလဲ” လို့ မေးလိုက်တယ်။
“အဲ့ဒါ ငါပဲ ! ငါကိုယ်တိုင်ပဲ !!”
အစ်မဒင်း ၏ အသံသည် ပိုကျယ်လောင်လာပြီး ကျန်းရီသည်ပင် တိတ်ဆိတ်သွားခဲ့သည်။
ဒါပေမယ့် အစ်မဒင်း က ချက်ချင်းပဲ “သူမရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အံ့ဩသွားတယ်။
စက္ကန့်အတော်ကြာအောင် သူမကို ငေးငိုင်စွာ ကြည့်နေမိခဲ့တယ်။
အမြန်ပြန်လှည့်ပြီး ကုလားကာတွေကို ဆွဲချလိုက်တယ်။
ပြီးတော့ အခန်းထဲက မီးတွေကို ဖွင့်လိုက်တယ်။
အပြင်မထွက်ရဲတော့ဘူး
အပြင်ထွက်လိုက်တာနဲ့ ငါနဲ့ တူတဲ့ သူနဲ့ တွေ့မှာကို ကြောက်နေခဲ့တယ်။ အလုပ်ဖြစ်ပါ့မလားတော့ မသိပေမယ့် ကိုယ့်ကိုယ်ကို စောင်နဲ့ ဖုံးအုပ်ထားချင်မိခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အဲ့ဒီနည်းလမ်းတွေကိုပဲ တွေးနိုင်ခဲ့တယ်။
ဒါပေမယ့် အိပ်ရာထဲ ဝင်ဖို့ စိတ်ကူးလိုက်တာနဲ့ ခြေကျင်းဝတ်က ရုတ်တရက် အေးသွားသလို ခံစားလိုက်ရတယ်။ တကယ်ပါ အဲ့ဒီတုန်းက တစ်စုံတစ်ယောက်က ခြေကျင်းဝတ်ကို ရေခဲတုံးနဲ့ ရုတ်တရက် ကပ်လိုက်သလို ခံစားလိုက်ရတယ်။
မသိစိတ်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ လက်တစ်စုံကို တွေ့လိုက်ရတယ်... ခြေကျင်းဝတ်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တစ်ချောင်း။ အဲ့ဒီအချိန်မှာ ကျွန်မ ကျယ်လောင်စွာ အော်လိုက်ပြီးတော့ လက်ကို ဖယ်ထုတ်ဖို့ ခြေထောက်နဲ့ ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်တယ်။
ဒါပေမယ့် ခြေသည်းတွေသာ လန်သွားခဲ့တယ်။
အဲ့ဒီတော့မှပဲ ငါ့ခြေထောက်တွေ ပြေလျော့သွားသလို ခံစားလိုက်ရတယ်" "ငါ အိပ်ယာပေါ်တက်ပြီး ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်းကို လာခေါ်ဖို့ ခေါ်လိုက်တယ်။
ငါ့သူငယ်ချင်းရောက်လာတော့ ခြေသည်းကနေ သွေးတွေ ကြမ်းပြင်ပေါ် အများကြီး ထွက်နေခဲ့တယ်။
ဒါကိုမြင်တော့ သူငယ်ချင်းလည်း အံ့သြသွားပြီး ငါ့ကို အောက်ထပ်ကို ကူညီပြီး ခေါ်လာခဲ့တယ်။ အဲဒီတုန်းက ဆေးရုံကို ဘယ်လိုရောက်သွားလဲတောင် မသိလိုက်ဘူး”
“ကျွန်မ ကြက်သေ သေနေခဲ့တယ်
အခန်းထဲက ထွက်လာတုန်းက ကုတင်အောက်ခြေကို စိုက်ကြည့်နေခဲ့တာပဲ မှတ်မိခဲ့တယ်။
ဘာမှ မမြင်ရခဲ့ပေမယ့် အောက်ထပ်မှာ ရပ်နေတဲ့ ကျွန်မနဲ့ ခပ်ဆင်ဆင်တူတဲ့ အမျိုးသမီးက အဲဒီတုန်းက အပေါ်ထပ်ကို တက်လာခဲ့ပြီးတော့ အဲဒီလက်ဟာ သူမရဲ့ လက်ပဲ ဖြစ်ရမယ်လို့ ကျွန်မရဲ့ ပင်ကိုယ်စိတ်က ပြောပြနေခဲ့တယ်!”
အစ်မဒင်း ရဲ့လေသံက ပိုမို ကျယ်လောင်လာတဲ့အတွက် ကျန်းရီ က “ အစ်မဒင်း၊ အစ်မ ဆေးရုံတက်တော့ တစ်ခုခုဖြစ်ခဲ့သေးလား”
“ကျွန်မ ဆေးရုံတက်တော့ ဆရာဝန်က ကျွန်မကို ထူးထူးဆန်းဆန်း ကြည့်နေခဲ့တယ်။ သူက ကျွန်မရဲ့ သူငယ်ချင်းကို အပြင်ကို ခေါ်ထုတ်သွားပြီး သူတို့ပြောနေတာတွေကို ကျွန်မ ကြားလိုက်ရတယ်။ ဆရာဝန်က ကျွန်မ အခု ကုသမှုပြီးရင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ သွားပြတာ အကောင်းဆုံးဖြစ်မယ်လို့ အကြံဉာဏ်ပေးခဲ့တယ်”
“ဟားဟား၊ ငါ့မှာ စိတ်ရောဂါရှိတယ်လို့ သူတို့ သံသယရှိနေခဲ့တယ်။
ငါဒီလောက် နေကောင်းနေတဲ့အချိန်မှာ စိတ်ရောဂါက ဘယ်လိုလုပ်ရှိနိုင်လဲ။ ဘာလို့ ငါ့ကို ဒီလောက်သံသယဖြစ်နေကြတာလဲ စဥ်းစားလို့ မရခဲ့ဘူး! နောက်ပိုင်း ခြေထောက်ကို ပတ်တီးနဲ့ ပတ်ပြီးတာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်တယ်။
ငါထွက်သွားတော့ ငါပြန်တော့မယ်ဆိုပြီး သူငယ်ချင်းကို ပြောလိုက်တယ်၊ ဒါကြောင့် သူမကို စိတ်ပူစရာမလိုဘဲ စောစောပြန်ပြီး အနားယူဖို့ ပြောခဲ့တယ်”
“ဒါပေမယ့် တကယ်က ကျွန်မ အိမ်မပြန်ခဲ့ဘူး။
ကျွန်မ လုံးဝ မပြန်ရဲခဲ့ဘူး။
ကျွန်မ အနီးနားက ဟိုတယ်တစ်ခုမှာ အခန်းတစ်ခန်း ယူခဲ့လိုက်တယ်။
ဟိုတယ်ရောက်တော့ အရမ်းပင်ပန်းနေ ခဲ့တယ်
ဒါနဲ့ ကုတင်ပေါ်လှဲပြီး မကြာခင်ပဲ အိပ်ပျော်သွားခဲ့တယ်။
နောက်ဆုံးတော့ အဲဒီည တိတ်ဆိတ်သွားပြီးတော့ မနက်အစောကြီးအထိ အေးအေးချမ်းချမ်း အိပ်ခဲ့ရတယ်။
ဒါပေမယ့် ခြေထောက်ဒဏ်ရာရပြီး အလုပ်မသွားနိုင်တဲ့အတွက် အလုပ်က တာဝန်ရှိသူကို ခွင့်တောင်းလိုက်တယ် “
“ကျွန်မ ခွင့်တောင်းပြီးတာနဲ့ ရှောင်ကျိုးကို မက်ဆေ့ခ်ျပို့ပြီးတော့ မနေ့ညက အဲ့ဂိမ်းကို ဘာလို့ကစားခဲ့တာလဲလို့ မေးတော့ ရှောင်ကျိုးက အဲဒီတုန်းက ပျင်းပြီးတော့ ဗိုက်ဆာနေတယ်တဲ့ ဒါကြောင့် ညဘက် တစ်ယောက်ယောက်ကများ မုန့်ဝယ်ကြွေး မလားဆိုပြီး ကစားလိုက်တာလို့ ပြောခဲ့တယ်
အဲဒါကို သူ့ဆီကနေ ဘာမှ သိရမှာ မဟုတ်ဘူးလို့ ခံစားမိတဲ့အတွက် ကိုယ်တိုင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။”
“ဒီဂိမ်းနဲ့ ပတ်သက်တာ တစ်ခုခု ရှိမရှိ မသိပေမယ့် အဲ့ဒီ ဂိမ်းကစားပြီးမှ ဒီအရာတွေ ဖြစ်လာတာလို့ ကျွန်မရဲ့ ပင်ကိုယ် မသိစိတ်ကနေ ပြောနေခဲ့တယ်။
ကျွန်မရဲ့ မျိုးရိုးနာမည်က ရှားပါးမျိုးရိုးနာမည် မဟုတ်ပေမယ့်လည်း အဲ့နာမည်က တော်တော်ရှားတယ်လို့ ပြောလို့ရတယ်
ဒါကြောင့် ကျွန်မနဲ့ နာမည်တူတဲ့ သူကို အဲဲ့ဒီ ပစ္စည်းတွေထဲမှာ တွေ့ဖို့ ဖြစ်နိုင်ခြေက တကယ့်ကို နည်းပါးပါတယ်။”
“ဒါနဲ့ ကျွန်မ မှတ်ဉာဏ်ထဲက အဲ့ပစ္စည်း ပို့ရမယ့် လိပ်စာကို ဖော်ခဲ့လိုက်တယ်။ လက်ခံသူက ဒင်းဟို လို့ နာမည်ပေးထားပြီး အဲဒီတုန်းက သူမရဲ့ လိပ်စာကလည်း ဒီမြို့ထဲမှာပါပဲ။ ဟိုတယ်က ထွက်လာပြီး တက္ကစီငှားလိုက်ပြီးတော့ လိပ်စာကို ပြောလိုက်တယ်။
“တက္ကစီသမားက ဦးလေးကြီး တစ်ယောက်ပဲ
ငါပြောနေတဲ့နေရာကို သူကြားတော့ ထူးဆန်းတဲ့အကြည့်နဲ့ ကျွန်မကို ကြည့်လိုက်တယ်
ဒါပေမယ့် သူက ဘာမှ မပြောဘဲ ကျွန်မကို နေရာကို မောင်းခဲ့ပေးလိုက်တယ်
သူက အချိန်အတော်ကြာ ကားမောင်းနေတော့ ဖြတ်လမ်းများ မရှိဘူးလားလို့ တွေးမိလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မအိပ်လည်း အိပ်လာလိုက်တာ ကားသမား ဦးလေးကြီး ကျွန်မကို နှိုးမှ “မိန်းကလေး မင်းပြောတဲ့ လိပ်စာကို ရောက်ပြီ ” လို့ ပြောခဲ့တယ်။
“မီတာအကွာအဝေးကို ကြည့်လိုက်ပြီး မိုဘိုင်းလ်ဖုန်းနဲ့ ယွမ် ၈၀ ကျော် ကားခပေးပြီး ကားတံခါးကိုဖွင့်ပြီး ထွက်လာခဲ့တယ်။ ဒါပေမယ့် ကျွန်မ အပြင်ကို ရောက်တာနဲ့ အံ့သြသွားခဲ့တယ်။ အဲဒါက သင်္ချိုင်းတစ်ခုပဲ !”
“ ပစ္စည်းရဲ့ လိပ်စာက သင်္ချိုင်းကုန်းကို ဘယ်လိုရောက်နေတာလဲ? မနေ့ညက ဖြစ်ပျက်ခဲ့တာကို တွေးကြည့်လိုက်တော့ နေ့ခင်းကြောင်တောင် နေရောင်က တောက်ပနေတာတောင် တကိုယ်လုံး ကြက်သီးထသွားသလိုတောင် ခံစားလိုက်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကံလေးများ ကောင်းမလားလို့ ဆိုပြီး သုသာန်စောင့်တဲ့သူက ဒင်းဟို လို့ခေါ်တာ ဖြစ်နေမလားလို့ ထင်ခဲ့မိလိုက်တယ်။”
“ဒါနဲ့ ကျွန်မ သုသာန်ရဲ့ အဝင်ဝက အစောင့်ခန်းတစ်ခုဆီ လျှောက်သွားပြီး အစောင့်ကို ဒင်းဟိုလို့ခေါ်တဲ့ လူတစ်ယောက်ရှိလားလို့ မေးလိုက်တယ်။ သင်္ချိုင်းအစောင့်က အသက်တော်တော် ကြီးတယ်
သူက ကျွန်မကို မော့ကြည့်လိုက်ပြီး ပြတင်းပေါက်ကို အမြန်ပိတ်လိုက်တယ်။
သူဘာမှပြန်မပြောဘဲ အမွှေးတိုင် မီးထွန်းပြီး တစ်ခုခုကို ရှိခိုးနေတာကို ပြတင်းပေါက်ကနေ တွေ့လိုက်ရတယ်။”
“ထူးထူးဆန်းဆန်း တက္ကစီသမားနဲ့ ဒီ သချိုင်းစောင့်ကနေ တစ်ခုခုကတော့ ထူးခြားနေတယ်ဆိုတာကို သိလိုက်ရတယ်။ အမြန် ပြန်ထွက်သွားလိုက်တယ် ဒါပေမယ့် သုသာန်နားမှာ တက္ကစီတွေက လာလေ့မရှိဘူး။ လမ်းမှာသာ ကြင်နာတတ်တဲ့ ယာဉ်မောင်းကို မတားလိုက်မိခဲ့ရင် အပြန်ကို လမ်းလျှောက်ပြီး ပြန်ရလိမ့်မယ်ထင်တယ်”
ကျန်းရီ က ဒါကိုကြားတော့ ထပ်မေးလိုက်တယ် “ အစ်မ ပြန်သွားပြီးတော့ ဘာတွေ ဆက်ဖြစ်သေးလဲ၊ ဒုတိယအကြိမ်ကို ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ”
“အဲဒီနေ့ပြီးတော့ ကျွန်မ အိမ်ပြန်ခဲ့တယ်။
မိသားစုက ဆင်းရဲတဲ့အတွက် အစောပိုင်းနှစ်တွေမှာ အမေက အခြား တစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့ပြီး အဖေတစ်ယောက်တည်းနဲ့ ကြီးပြင်းလာခဲ့ရတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မအဖေလည်း မတော်တဆမှု တစ်ခုကြောင့် ဆုံးပါးသွားပြီးတော့ အိမ်မှာက ကျွန်မတစ်ယောက်ထဲပဲ ရှိတော့တယ်
အဲဒီညက အိမ်ပြန်ရောက်တော့ ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလေးလုပ်ပြီး အနားယူဖို့ အိပ်ရာကို ခင်းလိုက်တယ်။”
“ အိပ်နေတုန်း သန်းခေါင်ယံအချိန် ရောက်တော့၊ အသံက ထပ်ပြီး မြည်လာတယ်
ဒင်းဟို… ဒင်းဟို ၊ သူမက ကြောက်စရာ အသံနဲ့ ခေါ်နေခဲ့တာ၊ အထူးသဖြင့် သူမ နောက်ဆုံး စကားလုံးကို ခေါ်လိုက်တဲ့အခါမှာ သူမရဲ့ အသံက တုန်ရီနေတယ်။
ကျွန်မ ရုတ်တရက် လန့်နိုးသွားခဲ့တယ်။
သူငါ့ခြေထောက်ကို ထပ်ဆွဲမှာကို ကြောက်လို့ ဘယ်နေရာက အော်နေလည်း ဆိုတာတောင် ဂရုမစိုက်ဘဲနဲ့ အိပ်ရာကနေ ထခုန်လိုက်တယ်။
အိမ်က မီးတွေကိုဖွင့်လိုက်ပြီး အိမ်မှာရှိတဲ့ အဖေ့ရဲ့ ဓာတ်ပုံကို ပြေးကြည့်လိုက်တယ်”
“အဲဒီတုန်းက အဖေ့ဓာတ်ပုံရှေ့မှာ ဒူးထောက်ထိုင်ကာ ငိုပြီး အဖေ၊ အဖေ၊ အဖေ့ ဝိညာဉ်က ကောင်းကင်ဘုံမှာရှိနေရင် သမီးကို ကယ်ပါဦး။ အဖေ့ ဓာတ်ပုံကို ဦး အကြိမ်ကြိမ်ချလိုက်တယ်၊ ဒါပေမယ့် အဖေ့ဓာတ်ပုံကို လှမ်းကြည့်လိုက်တော့ နံရံပေါ်က ကွယ်လွန်သွားတဲ့ အဖေ့ရဲ့ ဓာတ်ပုံ ဘေးမှာ၊ ကျွန်မရဲ့ ဓာတ်ပုံတစ်ပုံရှိသေးတယ်”
“အဖြူအမည်းနဲ့ ဘောင်တစ်ခုပါ... ခတ်ထားတဲ့ ဓာတ်ပုံထဲမှာ ကျွန်မက တိတ်တိတ်လေး ပြုံးနေတယ်... အား…!”