မြစ်ဘေးနားက အသုဘ
Vol. 11 Ch. 147
ဖုန်း၏အခြားတစ်ဖက်မှ အစ်မဒင်းသည် စကားပြောနေရင်း ထအော်လိုက်သည်။
မိသားစုမရှိ တစ်ယောက်မှ မရှိတဲ့ အထီးကျန်ဆန်နေသောအိမ်လေးသို့ သူမ ပြန်လာခြင်းသည် အကူအညီ မဲ့နေလို့သာ ဖြစ်သည်။
ဒါပေမယ့် ဘယ်သူမှ မရှိတဲ့ အိမ်က နံရံမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေထဲမှာ ရုတ်တရက် သူ့ရဲ့ အဖြူအမည်း ဓာတ်ပုံတစ်ပုံ ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?။
အစ်မဒင်း ရဲ့ တုန်လှုပ်ချောက်ချားမှုကို တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက ရှင်းရှင်းလင်းလင်း ခံစားနေရပြီး လက်ရှိအချိန်မှာ သူမ အစိုးရိမ်ဆုံးကတော့ လူတွေက သူမကို မယုံကြည်မှာကို ကြောက်နေတာပါပဲ။
"တကယ်ပါ ငါလိမ်နေတာမဟုတ်ပါဘူး။
ငါက ဖခင်ရဲ့ အောက်မှာ ကြီးပြင်းလာခဲ့ရပေမယ့် ဆယ်ကျော်သက်အရွယ်တုန်းကဆို သိပ်နာခံမှုမရှိခဲ့ဘူး၊ အဆော့မတ်ပြီး လိမ်ညာခဲ့ဘူးတယ်
ဒါပေမယ့် အခု ငါပြောသမျှက အမှန်တွေကြီးပဲ အရင်က ငါလိမ်ရတဲ့ အကြောင်းရင်းက ငါက အသက် ငယ်သေးတဲ့ အချိန်မို့လို့ပဲ
တခြားသူတွေရဲ့ အာရုံထားမှုကို ခံချင်တာကြောင့်ပဲ ပြီးတော့ အမေ့ကို မတွေ့ရတာလည်း ကြာပြီလေ။
တခြားသူတွေရဲဲ့ အကာအကွယ်ပေးတာကို ရဖို့ မျှော်လင့်ခဲ့တယ်၊ ဒါကြောင့် လူတိုင်းရဲ့နှလုံးသားထဲမှာ ပြီးပြည့်စုံတဲ့ပုံရိပ်ကို ဖန်တီးဖို့ ကြိုးစားရင်း ငါက မိုက်မဲစွာနဲ့ လိမ်ညာနေခဲ့တယ်။ ”
“ဒါပေမယ့် ငါအမြဲတမ်း အမှားတွေလုပ်ခဲ့မိပေမယ့် ငါက ဆိုးသွမ်းတဲ့ မိန်းကလေး မဟုတ်ခဲ့ပါဘူး။ အခု အသက် ၂၆ နှစ်ရှိပြီ၊ ငါက လူတွေကို မလိမ်တော့ပါဘူး။ ငါ အခြားသူတွေကို ဒီအကြောင်းတွေ ပြောတဲ့အခါမှာ သူတို့က ငါ့ကို မယုံကြဘူး!”
“ဘယ်သူကမှ မင်းကိုမယုံဘူးလို့ ဘယ်သူပြောလဲ အစ်မဒင်း အခု ငါမင်းကို အလေးအနက်ပြောမယ်၊ အစ်မ ပတ်ဝန်းကျင်က လူတိုင်းက အစ်မကို ပုံမှန်မဟုတ်နေဘူးလို့ ပြောနေရင် တောင်မှ ငါနဲ့ ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကြည့်ရှုသူသိန်းပေါင်းများစွာရဲ့ နှလုံးသားထဲမှာ မင်းအရမ်းကို ပုံမှန်ပဲ... အစ်မ ကြုံတွေ့ရသမျှ အရာအားလုံးကို ငါတို့ယုံတယ်!”
“အစ်မ မြင်တဲ့အတိုင်းပဲ တချို့လူတွေက သူတို့တစ်သက်မှာ သိန်းပေါင်းများစွာသော လူတွေနဲ့ တွေ့နိုင်ချင်မှသာ တွေ့လိမ့်မယ်၊ အဲ့ဒီ လူတွေရဲ့ ယုံကြည်မှုကို ရဖို့ဆို ဝေးရောပေါ့၊ အခု ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ မင်းပြောနေတာတွေကို လူပေါင်း ၅၆၀,၀၀၀ ထဲက တစ်ယောက်မှ သံသယ ဖြစ်မှာမဟုတ်ဘူး။”
မိန်းကလေးတစ်ယောက်ကို ချော့ဖို့ဆိုရင် သူမနဲ့ စီးမျောလိုက်ပါ သွားရမှာ ဖြစ်ပြီး မိန်းကလေးဆယ်ယောက်မှာ ကိုးယောက်က အကာအကွယ်ပေးတာကို ခံချင်ကြတာချည်းပဲ။
ထို့ကြောင့် ကျန်းရီက ယခုအချိန်မှာ သူက အစ်မဒင်း ထက် အမှန်တကယ် ငယ်နေတယ် ဆိုတဲ့ အချက်ကို မသိစိတ်က လျစ်လျူရှုထားပြီး သူမ၏ နှလုံးသားထဲမှ ကြောက်စိတ်ကို ဖြေရှင်းရန် သူ၏ နူးညံ့သိမ်မွေ့တဲ့ ဘက်ခြမ်းကို အတတ်နိုင်ဆုံး ထုတ်ပြခဲ့သည်။
ဖုန်းတစ်ဖက်ရှိ အစ်မဒင်း ၏ ကြောက်စိတ်များ တဖြည်းဖြည်း လျော့ပါးလာပြီး “ စတွင်မာကို ကျေးဇူးတင်ပါတယ်၊ ငါ...”
“ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောဖို့ မလိုပါဘူး၊ မင်းကို တခြားသူတွေ ယုံကြည်လာမှာလား ဆိုတာကို စဉ်းစားနေဖို့လည်း မလိုပါဘူး။
အစ်မ သိသမျှကို ပြောပြဖို့သာ လိုတယ်
အစ်မပတ်ဝန်းကျင်က လူတွေက အစ်မကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည် ဖြစ်စေ ဒါဟာ သူတို့ရဲ့ ကိစ္စပဲ
အခု အစ်မက ပြဿနာရဲ့ အလယ်မှာ ရောက်နေပြီ၊ အစ်မမှာ အားကိုးစရာ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ နားလည်ဖို့ပဲလိုတယ်၊ ပြီးတော့ အစ်မရဲ့အားကိုးမှုက တခြားသူတွေအပေါ်မှာ မဟုတ်ဘဲ ငါ့အပေါ်မှာပဲ “
ကျန်းရီ ရဲ့ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တေွ ဘာပြောရမှန်းတောင် မသိဖြစ်သွားခဲ့သည်။
ကျန်းရီက ထပ်ပြီးတော့ - "အစ်မရဲ့ ပုံတူဓာတ်ပုံကို မြင်တုန်းက တစ်ခုခုများ လုပ်ခဲ့သေးလား"
“ဟင့်အင်း ဘာမှမလုပ်ဘဲ ပြေးထွက်သွားခဲ့တာ။
အဲဒီတုန်းက ဘယ်နေရာကမှ လုံခြုံမှာ မဟုတ်ဘူးဆိုတာကို သိတဲ့အတွက် တစ်နေရာဆီ ပြေးသွားခဲ့တယ်။
ငါ့ဇာတိမြို့နဲ့ မနီးမဝေး မြစ်ကမ်းနားမှာ ဘုရားကျောင်းတစ်ခုရှိတယ်။
အဲ့ဘုရားကျောင်းမှာ ကိုးကွယ်သူတွေ တော်တော်ရှိတယ်။
နွေရာသီအားလပ်ရက်တိုင်းမှာ မြစ်ထဲမှာ အမြဲနစ်ပြီး သေတဲ့လူတွေ ရှိတဲ့အတွက် မကောင်းဆိုးဝါးတွေ ပပျောက်အောင် ဆိုပြီး လူတွေ အဲ့အနားမှာ ဘုရားကျောင်းတစ်ခု တည်ထားခဲ့ကြတယ်။
"ကျွန်မက ဘုရားကျောင်းငယ်လေးထဲကို ပြေးပြီး နောက်ဆုံးတော့ အဲ့ဒီကို ရောက်တော့ ဖူတန်ပေါ်မှာ ဒူးထောက်ထိုင်ပြီး ကန်တော့လိုက်တယ်။ ဘာကြောင့်မှန်း မသိပေမယ့် အဲဒီအချိန်မှာ နွေးထွေးတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။ နတ်ဘုရားတွေကို ကျေးဇူးတင်လိုက်ပြီး၊ စိတ်ထဲက တင်းမာမှုတွေကလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့တယ်။"
“ဒါပေမယ့် နတ်ဘုရားရုပ်တုကို တစ်ခါပဲ မျှော်ကြည့်လိုက်ပြီး နောက်တစ်ခု ပြန်ကြည့်ဖို့ သတ္တိ မရှိတော့ဘူး။
ဘာကြောင့်မှန်းတော့ မသိပေမယ့် နတ်ဘုရားရုပ်ထုနဲ့ ပတ်သက်ပြီးတော့ တစ်ခုခု မူမမှန်ဘူးလို့ ခံစားလိုက်ရတယ်။
ဒါကြောင့် ဒူးခေါင်းကို ဖတ်ကြီး အောက်မြေပြင်ကိုသာ ငုံ့ကြည့်နေခဲ့တယ်။
ဘယ်လောက်ကြာမှန်း မသိပေမယ့် နောက်ဆုံးမှာ ပင်ပန်းနွမ်းနယ်မှုတွေကို မခံနိုင်တော့ဘဲ အိပ်ချင်လာခဲ့တယ်”
“ဒူးပေါ် မေးတင်ပြီးတော့ ကြောင်တောင်တောင်နဲ့ပဲ ဆူညံသံတချို့ကို ကြားလိုက်ရတယ်။
ငါ့နာမည်ကို ခေါ်တဲ့အသံ မဟုတ်ဘူး ဒါပေမယ့် အိုးသံ ခွက်သံတွေ။
အဲ့အချိန်က အော်ဟစ်ဆူညံသံတွေက ငါ့ကို အနှောင့်အယှက် ပေးနေခဲ့တယ်။
ငါ အိပ်ရာက နိုးလာခဲ့တယ်။
ပင်ပန်းလွန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အိပ်ရာကနိုးလာတဲ့အခါမှာ စိတ်က ဗလာအတိုင်းပဲ ရှိနေတုန်းပဲ။ '
“ကျွန်မ ခေါင်းကို မော့ပြီး ဘုရားကျောင်းအပြင်ဘက်ကို ကြည့်လိုက်တယ်။
လူတွေ အများကြီး ရှိနေခဲ့တယ်... တကယ်ကို လူတွေအများကြီးရှိနေခဲ့တယ်။
သူတို့အားလုံးက စားပွဲမှာ ထိုင်နေကြပြီး စားပွဲပေါ်မှာလည်း ဟင်းအမယ်များစွာ ရှိနေခဲ့တယ်။
လူတွေက စားပွဲမှာထိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ စကားစမြည်ပြောကြ၊ ဒါမှမဟုတ် အရက်သောက်ပြီး အစားအသောက်တွေ စားနေကြတယ်။
ဒါပေမယ့် ပိုကြည့်မိလေ၊ လူအုပ်ထဲက လူတချို့က ကျွန်မနဲ့ ပိုရင်းနှီးလာလေပါပဲ။
စားပွဲတစ်ခုရဲ့ခေါင်းရင်းမှာထိုင်နေတဲ့ အဘိုးက ကျွန်မအဖိုးမဟုတ်ဘူးလား၊ အဖိုး အဖိုးက ဘာလို့ ငိုနေတာလဲ၊ အဖွား..အဖွားကလည်း အဲဒီမှာ တကယ်ရှိနေတယ်၊ ပြီးတော့ အဖေ အဖေတဲကထွက်လာတော့..အဖေ့ကိုမြင်တော့ပြုံးနေတဲ့သူတွေမရယ်တော့ဘူး။
"အဖေ ငိုနေတယ်။
သူ့မျက်လုံးတွေက အရမ်းနီနေခဲ့တယ်။
အဖေ့ကိုမြင်လိုက်တဲ့အချိန်မှာ မတ်တပ် ထရပ်လိုက်တယ်၊ ခေါင်းထဲမှာ တစ်ချိန်လုံးပြောနေတဲ့ အသံတစ်ခု ရှိနေပေမယ့် လည်းပေါ့။
အဘိုးကသေပြီ၊ အဖွားလည်းသေပြီ၊ အဖေလည်း ဆုံးတာကြာပြီ။
သူတို့တွေ သေတာ နှစ်အတော်ကြာနေပြီ၊ အဲဒီစားပွဲပေါ်မှာ ထိုင်တဲ့လူတွေက ရွာက အဘိုးအဘွားတွေနဲ့ ဦးလေးတွေပဲ၊ ငါ့အဖိုးအဖွားတွေထက် အသက်ကြီးတဲ့သူတွေတောင် ရှိနေတယ်။”
“ကျွန်မ ဘုရားကျောင်းထဲက ထွက်လာတော့ မြစ်ကမ်းနားက စားပွဲတိုင်းက လူတွေက ငါ့ကို တဖြည်းဖြည်းနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။ ငါ သူတို့ကို လျစ်လျူရှုပြီး တဲရှေ့မှာ လဲလျောင်းနေတဲ့ အဖေ့ရဲ့ ရှေ့ကို လျှောက်သွားလိုက်တယ်။ နောက်ဆုံးတော့ အဖေ့နားကို ရောက်တော့ အဲ့ဒီမှာ ခေါင်းတလားတစ်ခု ရှိနေတယ်။”
“အခေါင်းအနီးမှာ အမွှေးတိုင်တွေ၊ ဖယောင်းတိုင်တွေနဲ့ ပြည့်နေပြီး မြေပြင်ပေါ်မှာလည်း စက္ကူပိုက်ဆံတွေ မီးလောင်နေတယ်။ ဒါပေမယ့် ငါမျက်စိနဲ့ မြင်လိုက်ရတာက ခေါင်းတလားပေါ်မှာ တင်ထားတဲ့ ကွယ်လွန်သူရဲ့ ဓာတ်ပုံလား၊ ဒါမှမဟုတ် ငါလား... ။ အဖေက အရမ်းဝမ်းနည်းပြီး ငိုနေပေမယ့် သူ့ ငိုသံကို မကြားရဘူး။”
“ပွဲပြန်စပြီဆိုတာ ငါသိလိုက်တယ်၊ သေပြီးတဲ့လူတွေက စားပွဲမှာ ပျော်ပျော်ကြီး ထိုင်သောက်နေပြီးတော့ စကားတွေ ပြောနေခဲ့ကြတယ်။ ငါ သေတာကိုများ ပျော်နေကြတာလား မသိဘူး”
အစ်မဒင်း ပြောတဲ့စကားတွေကို ကြားတော့ ကျန်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့တယ်။
အစ်မဒင်းရဲ့ အခြေအနေသည် အလွန် ထူးဆန်းတဲ့ အခြေအနေသို့ ရောက်ရှိသွားပုံရသည်ဟု သူ ခံစားနေရသည်။ အစ်မဒင်းက ကြောက်တယ်လို့ ပြောပေမယ့် သူသည် ကြောက်ပုံ ပေါ်မနေခဲ့ဘူး။ စိတ်သက်သာရာရကြောင်း သူမက ပြောနေသော်လည်း တကယ် သက်သာနေတာ မဟုတ်ပေ။
“ အဲ့ဒီစားပွဲက ဘယ်လောက်ကြာလိုက်လဲ”
“မိုးလင်းခါနီးအထိ မပြီးသေးဘူး။
နောက်တော့ ဦးလေးဆန်းနဲ့ ဦးလေးဟောင်တို့ ခေါင်းတလားအောက်မှာ ဖိထားတဲ့ ခုံတန်းကို ကောက်ကိုင် လိုက်တယ်။
ကြိုးတွေနဲ့ သစ်သားအကြီးကြီးတွေကို ယူပြီး လူရှစ်ယောက်က ကျွန်မအခေါင်းကို တောင်ပေါ်ကို သယ်သွားခဲ့ကြတယ်။
ဖေဖေကလည်း ဓာတ်ပုံကို ကိုင်ပြီး လမ်းလျှောက်နေခဲ့တယ်။
လမ်းလျှောက်ရင်းနဲ့ သူ့အုတ်ဂူရှေ့မှာ ပျောက်ကွယ်သွားခဲ့တယ်..။”