← Chapters

သူငယ်ချင်းရဲ့ သေဆုံးမှု

Vol. 11 Ch. 148

သူငယ်ချင်းရဲ့ သေဆုံးမှု

Vol. 11 Ch. 148

အစ်မဒင်း ရဲ့ လေသံထဲတွင် အဆုံးမဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပါဝင်နေခဲ့သည်။

လူတိုင်းသည် ပဋိဇီဝဆေးများကို ကြိုက်ကြသည်မှာ အကြောက်တရား ခံနိုင်ရည်ရှိသည်။

ပဋိဇီဝဆေးဝါးတွေကို စသုံးဆွဲတုန်းမှာ ဆိုရင် အကျိုးသက်ရောက်မှုက အရမ်းကို ကောင်းေပလိမ့်မည်။

တဖြည်းဖြည်းနဲ့ ၎င်းသည် ၎င်း၏ မူလအကျိုးသက်ရောက်မှု ဆုံးရှုံးသွားပြီး နောက်ဆုံးတွင် ထိုဆေးဝါးတွေသည် အလုပ်မဖြစ်တော့ပေ

ကြောက်ရွံ့ခြင်းမှာလည်း အလားတူပင်။ လူတစ်ယောက်ဟာ ကြောက်စိတ်ကြောင့် ထုံကျဉ်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ထိုအကြောက်တရားကို ယဥ်သွားပေလိမ့်မည်။

ဘယ်အရာကမှ ကိုယ့်အတွက် အရေးမပါတော့ဘူးဟု ထင်ရလောက်တဲ့ အထိကို စိတ်ပျက်အားငယ်တဲ့ အခြေအနေတစ်ခုကို ရောက်သွားပေလိမ့်မည်။

အစ်မဒင်းက ဒီလို အခြေအနေမျိုး ရောက်ပြီလား??

သူမသာ ဂရုမစိုက်ဘူးဆိုရင် ဒီည ဖုန်းဆက်တဲ့အခါမှာ သူမ အရမ်းစိတ်လှုပ်ရှားနေမှာ မဟုတ်ပါဘူး။

"သူတို့ ငါ့ရုပ်အလောင်းကို ငါ့မျက်လုံးနဲ့ တောင်ပေါ်ကို သယ်သွားတာကို ငါမြင်လိုက်ရတယ်၊ တစ်ယောက်ပြီး တစ်ယောက် အုတ်ဂူထဲကို ဝင်သွားတာကို ငါမြင်လိုက်ရတယ်။ ဟားဟား၊ အဲဒီတုန်းက ငါတကယ်ကို မကြောက်ခဲ့ဘူး... တကယ်ပါ ငါ့နှလုံးသားက ရုတ်တရက် ဗလာဖြစ်သွားသလိုပဲ ခံစားရတယ်။ အဲ့အချိန် တွေးမိလိုက်တာက အဲ့ဒီ သေပြီးတဲ့သူတွေက ငါ့ကို သေဖို့ တောင့်တနေတာလား ဆိုတာပဲ"

“သေရင်လည်း သေပေါ့။ ငါ ဘာကိုမှ မကြောက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလောကမှာ ငါ့မှာ ဘာဆွေမျိုးမှ မရှိဘူး၊ အပြင်လူတွေရှေ့မှာ အမြဲပြုံးပြီး ရွှင်ပြနေပေမယ့် ငါအလုပ်လုပ်တဲ့နေရာတောင်မှ ငါ့ကို ကလေးစိတ်နဲ့ မရင့်ကျက်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ငါ့ရယ်သံတွေက တစ်ခါတလေမှာ အတုအယောင်တွေဆိုတာ သူတို့မသိကြဘူး။”

“ဒီနည်းနဲ့သာ ကိုယ့်ကိုကိုယ် ပျော်အောင် နေခဲ့တယ်၊ အဲ့ဒီလို ပြုံးတဲ့အခါ ငါတကယ် ပျော်နေတယ်လို့ ထင်မိခဲ့တယ်...”

“အဲဒီညက မိုးလင်းတဲ့အထိ မြစ်နားမှာ ထိုင်ပြီး တစ်ညလုံး အဲ့တာတွေကို အဲ့ဇာတ်ပွဲတစ်ခုလို ကြည့်နေခဲ့တယ်။

မိုးလင်းတော့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ် ငါ ဘယ်ကို ပြန်ရမလဲပေါ့။ ကျွန်မအိမ်ကိုလည်း မပြန်ချင်ဘူး အငှားအိမ်ကလည်း သူမ ပထမဆုံး ပေါ်လာတဲ့နေရာ။

ငါ့မှာ သွားစရာနေရာမရှိခဲ့ဘူး၊ နောက်ဆုံးတော့ နေ့ခင်းကြောင်တောင်ပဲ ဆိုပြီး သတ္တိရှိရှိနဲ့ အငှားအိမ်ကို ပြန်သွားခဲ့တယ်”

“အငှားအိမ်ပြန်ရောက်တဲ့ အချိန်မှာ ကျွန်မရဲ့ သူငယ်ချင်းကို ဖုန်းဆက်လိုက်တယ်။

သူမနဲ့ စကားပြောချင်ခဲ့တာ။

ဒါပေမယ့် ပြန်ရောက်တဲ့အခါမှာ သူမကိုဖုန်းဆက်ခဲ့တယ်၊ ဒါပေမယ့် ဖုန်းပြန်ဖြေတဲ့သူကတော့ သူ့အမေပဲ”

“သူ့အမေက စကားစပြောတာနဲ့ ငိုတော့တာပဲ

ဟွာဟွာ မရှိ​တော့ဘူးတဲ့ ။ ဟွာဟွာက ကျွန်မ အချစ်ဆုံး သူငယ်ချင်းရဲ့ နာမည်ပြောင်ပဲ

သူ့အမေက ဒီလိုပြောလာတော့ ကိုယ့်ကိုကိုယ်တောင် လုံးဝမေ့သွားသလို ဖြစ်သွားခဲ့တယ်

ဟွာဟွာ ဘာလို့ ပျောက်သွားတာလဲလို့ မေးတော့ ဟွာဟွာ ပြန်မလာတာ ရက်တော်တော်ကြာနေပြီလို့ သူ့အမေက ပြန်ပြောတယ်။

၆ရက်နေ့က အပြင်ထွက်ပြီးနောက်မှာ ပြန်မလာတော့တာ

“ကျွန်မ ဟွာဟွာရဲ့အမေကို ရဲခေါ်ခဲ့သေးလားလို့ မေးလိုက်တယ်

သူ့အမေက ရဲစခန်းကို ဖုန်းဆက်ခဲ့ပေမယ့် ရဲက ဘယ်မှာမှ ရှာမတွေ့ဘူးလို့ ပြန်ပြောတယ်။

အဲဒါကိုကြားတော့ ကျွန်မ စိတ်ထဲမှာ စိုးရိမ်လာခဲ့တယ်။

ဒါပေမယ့် သေသေချာချာ တွေးကြည့်လိုက်တော့ တစ်ခုခုက မှားနေတယ်။

ကျွန်မက ၆ ရက်နေ့မှာ အဲ့တာေတွ စဖြစ်ခဲ့တာ

အဲဒီနေ့ ၆ ရက်နေ့ ညမှာပဲ ဟွာဟွာ ကို ကျွန်မ ရှင်းရှင်းလင်းလင်း ဖုန်းဆက်ခေါ်ပြီးတော့ ကျွန်မတို့ ဆေးရုံကို အတူတူ သွားခဲ့တယ်၊ ပြီးတော့ ဟွာဟွာ က သူ အိမ်ပြန်ရောက်ပြီလို့ ကျွန်မကို ပြောခဲ့တာ!”

“ ဟွာဟွာ က အရမ်းလိမ္မာတဲ့ မိန်းကလေးမို့လို့ ဒါဟာ အရမ်းထူးဆန်းတယ်လို့ ခံစားမိခဲ့တယ်။

သူမက ကျွန်မထက် အသက်ငယ်ပေမဲ့၊ တစ်ခါတစ်ရံမှာ သူမက ငါ့ထက် ပိုပြီး ရင့်ကျက်မှုရှိတယ်။

သူမက အိမ်ပြန်ရောက်ပြီလို့ ပြောရင် သူမက အမှန်တကယ် အိမ်မှာ ရှိနေလို့ပဲ

ဟွာဟွာအိမ်က ဘယ်အချိန်က ထွက်သွားတာလဲလို့ အဒေါ့်ကို မေးကြည့်တော့ ညနေ လေးနာရီလောက်ကလို့ ပြောခဲ့တယ်။

မဖြစ်နိုင်ဘူးလို့ သူမကို ပြန်ပြန်ခဲ့တယ် သူမကို ညပိုင်း ဖုန်းခေါ်ပြီး ဆေးရုံကို လိုက်ပို့ခိုင်းခဲ့တာ ”

“ငါပြောပြီးတဲ့အခါမှာ ဟွာဟွာရဲ့အမေက ခဏတိတ်ဆိတ်သွားပြီးတော့ ပြန်ပြောခဲ့တယ်...

မဖြစ်နိုင်ဘူး၊ မင်းဘယ်သူ့ကိုခေါ်တာလဲ။ ဟွာဟွာရဲ့ ဖုန်းက ဖုန်းခေါ်ဆိုမှု မှတ်တမ်းအားလုံးကို ငါ စစ်ဆေးခဲ့ပြီးပြီ မင်းဆီကနေ ဖုန်းခေါ်ဆိုမှုက လုံးဝမရှိနေခဲ့ဘူး။

ဖုန်းခေါ်တာလား! ကောင်းပြီ၊ ဟွာဟွာ ဘယ်ကို သွားတာလဲ။ မင်းသူ့ကို ဖွက်ထားတာလား?။ ဒီရက်ပိုင်း မင်းကို ငါဖုန်းဆက်ပြီးပြီ မင်းဘာလို့ တစ်ခါမှ မကိုင်တာလဲ!”

“အဒေါ်ရဲ့ စကားကြောင့် ကျွန်မ လုံးဝကို စိတ်ရှုပ်ထွေး သွားခဲ့တယ်။

အဲဒီနေ့တွေမှာ ကျွန်မ ဖုန်းမှာ အဝင်ခေါ်ဆိုမှုတွေ တစ်ခါမှ ရောက်မလာခဲ့ပေ

ကျွန်မ အဒေါ့်ကို ရှင်းပြပေမယ့် နားမထောင်ဘဲ ကျွန်မ ဘယ်ရောက်နေလဲလို့ မေးခဲ့တယ်။

လိပ်စာကိုပြောပြလိုက်တော့ သူ ကျွန်မ ကိုလာရှာခဲ့တယ်။

သူတို့ ရောက်လာတော့

ရဲတွေက ကျွန်မရှေ့ ရောက်လာပြီး ဖုန်းခေါ်တာကို တကယ်မရရှိခဲ့ဘူးလို့ ကျွန်မ သူတို့ကို ရှင်းပြခဲ့တယ်။

နောက်တော့ ရဲတွေက ငါ့ဖုန်းနံပါတ်ကို စစ်ကြည့်တော့ ဘယ်သူမှ ငါ့ကို မခေါ်တာကို တွေ့ခဲ့တယ် ”

“ဒါပေမယ့် အဒေါ်က ငါ့ကို သံသယဝင်နေတုန်းပဲ

သူက ငါ့ လက်ကိုဆွဲပြီး ကျွန်မ နေတဲ့ နေရာကို သွားမယ်လို့ ပြောခဲ့တယ်။

ငါလည်း ပြန်သွားချင်တော့ မငြင်းခဲ့ဘူး။

ဒါနဲ့ ငါလည်း အဒေါ်နဲ့ ရဲအရာရှိတချို့ကို ငါနေခဲ့တဲ့နေရာကို ခေါ်သွားပြီးတော့ လမ်းမှာ ရဲသားတယောက်က ကျွန်မကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘယ်ရောက်နေလဲ မေးခဲ့တယ်။

ဟိုတယ်မှာ တစ်ည တည်းခိုပြီးတော့ ကျေးလက်က အိမ်ကို ပြန်သွားခဲ့တယ်လို့ ပြောလိုက်တယ်။

ရဲသားက ခေါင်းညိတ်ပြပြီး ကျွန်မ နောက်ကို လိုက်လာပြီးတော့ ကျွန်မကလည်း ဒီရက်ပိုင်း ကျွန်မ ဒီမှာ မနေဘူး ၊ သူတို့ကို ငါနေခဲ့တဲ့နေရာကို သွားကြည့်သေးလားလို့ မေးတော့

“ရဲသားက သူတို့ နောက်နေ့ညမှာ ငါ့နေရာကို သွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ဘူးတဲ့။

ဟွာဟွာက ငါ့နေရာမှာ ပုန်းနေဖို့ မဖြစ်နိုင်ဘူးလို့လည်း ငါထင်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ခုခုဖြစ်ခဲ့ရင် သူ့အမေက ငါ့ဆီ ပထမဆုံးရောက်လာမှာ သေချာနေတာပဲလေ

နောက်နေ့အထိကို ဟွာဟွာ ပျောက်ဆုံးနေကြောင်းကို သူ့အမေက မသိခဲ့ဘူး

အဲဒီညက သူမကို မရှာရတဲ့ အကြောင်းအရင်းကလည်း ဟွာဟွာက အဲဒီနေ့ ညပိုင်းထိ အလုပ်ဆင်းရတာကြောင့်ပဲ”

“ကျွန်မ အံ့သြမှုတွေနဲ့ ပြည့်နှက်နေပေမယ့် ဘာမှ မပြောဘဲနဲ့ ကျွန်မ နေထိုင်တဲ့ နေရာကို ခေါ်သွားခဲ့တယ်။

တံခါးကိုဖွင့်ဖို့ သော့ကိုထုတ်လိုက်တော့ တံခါးမှာရှေ့မှာ ရပ်တဲ့အချိန်မှာ အိမ်ထဲကနေ အနံ့တစ်ခု ရလိုက်တယ်။

အဲဒီအနံ့ကို ရဲတွေကလည်း အနံ့ရလိုက်တယ်။

တံခါးသော့ကိုဖွင့်တော့မယ့်အချိန်မှာ ရဲတွေက ကျွန်မကို နံရံကို ကြောက်စရာကောင်းတဲ့အမူအရာတွေနဲ့ ဖိလိုက်တယ်

နောက်တော့ ရဲတစ်ယောက်က တံခါးဖွင့်ပြီး ဝင်သွားခဲ့တယ်

“အခန်းထဲက အနံ့က ရုတ်ချည်းကို ထွက်လာခဲ့တယ်။ အနံ့က တော်တော် ဆိုးတယ်... ပုပ်စော်နံသလို အနံ့ထွက်နေတာ။ အဲဒီအနံ့ကို ရလိုက်တော့ ကျွန်မ နာကျင်တာတွေပါ မေ့သွားခဲ့တယ်။ မကြာခင်မှာပဲ အိမ်ထဲကို ပြေးဝင်သွားတဲ့ အဒေါ်ရဲ့ အော်ဟစ်သံကို ကြားလိုက်ရတယ် ဟွာဟွာ... ငါ့သမီး... ဟွာဟွာ..!”

“ဟွာဟွာရဲ့ အလောင်းက ပုပ်ပွ​နေပြီး ငါ့အခန်းထဲက ကုတင်အောက်မှာ သေဆုံးနေခဲ့တယ်။ သူ့ခန္ဓာကိုယ်မှာ လောက်​တွေ တွားသွားပေမယ့် သူ့ခေါင်းက ကုတင်နား ကပ်နေခဲ့တယ်။ လက်မှာက လက်စွပ်တစ်ကွင်းကို ကိုင်ထားတယ် ။ ကုတင်အောက်ကို ပြုတ်ကျတော့ ကောက်ဖို့ ကုတင်အောက်ကို ဝင်ခဲ့တယ်နဲ့ တူပါတယ်”

“သိပ်မကြာခင်မှာ ငါ့မွေးနေ့ ရောက်တော့မှာမို့လို့ “ဟန်နီ​ရေ မင်းမွေးနေ့မှာ ငါမင်းကို စပရိုက် လုပ်ပေးမယ်လို့ ပြောခဲ့တယ်”

ကျွန်မ သူမကို မေးတော့ အမြဲတမ်းပဲ ဘာမှ မပြောခဲ့ဘူး

သူပေးမယ့် မွေးနေ့လက်ဆောင်က အဲဒီလက်စွပ်ဖြစ်မယ်ထင်တယ်

ဒါ​ပေမယ့်​ သူမဘာလို့ဒီ​လောက်​ တုံးအ​ခဲ့တာလဲ? လက်စွပ်ကရော ဘာလို့ ကုတင်အောက်ကို ကျသွားခဲ့တာလဲ?။ ကုတင်စွန်းကနေ ကုတင်ခေါင်းရင်းကို ဘာလို့ တွားသွားတာလဲ။ ကုတင်ခေါင်းရင်းမှာ သံချောင်းကြီး ​တော်တော်ကြီးတဲ့ ဘိလပ်မြေ သံချောင်းတစ်ခုရှိတယ်။

လက်စွပ်ကို ကောက်တဲ့အခါမှာ မင်းကဘာလို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့တာလဲ”

ထိုအချိန်တွင် တစ်ဖက်မှ အစ်မဒင်းသည် မျက်ရည်များ ပေါက်ထွက်မတတ် ကျနေပြီဖြစ်သည်။

All Chapters