ဝိညာဥ်အစားထိုးခြင်း
Vol. 11 Ch. 149
ဒင်းဟိုဟာ အရမ်းငိုနေခဲ့ပြီး သူမပြောတဲ့စကားတွေက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။
ဟွာဟွာ သေဆုံးသွားတာကို လူအများက မယုံနိုင်ကြပါဘူး။
အိပ်ရာကုတင်အောက်က ဘိလပ်မြေသံချောင်းက ဦးခေါင်းထဲကို ထိုးဖောက်ဝင်နိုင်သလား?
ရတာပေါ့! သံချောင်းတွေက အရမ်းမာပြီး သူမခေါင်းမြှောက်လိုက်တဲ့အခါ အချို့ခုခံအားနည်းတဲ့အစိတ်အပိုင်းတွေက ထိုးဖောက်ခံရနိုင်ပြီး သေဆုံးနိုင်ပါတယ်! ဒါပေမယ့် ဒီလိုသေဆုံးမှုမျိုးကိုတော့ လက်ခံဖို့က ခက်ခဲတယ်။
ဟွာဟွာ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတာက ဒင်းဟို ကိုပေချင်တဲ့ မွေးနေ့လက်စွပ်ကို ကောက်လိုက်လို့ပါပဲ
"ဟွာဟွာက မိဘတွေကွဲနေတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့သူပါ၊ သူ့အမေနဲ့အတူနေနေတာပါ။
ငါတို့စတွေ့ပြီးကတည်းက ညီအစ်မတွေလိုပဲ ရင်းနှီးခဲ့ကြတယ်။မကြာခဏ တစ်ယောက်ပေါ် တစ်ယောက် အားကိုးအားထား ပြုခဲ့ကြတယ်။
တစ်ခါတစ်လေ ငါနဲ့ဟွာဟွာက ငါတို့တွေ လက်ထပ်ဖို့ သင့်ပြီလို့ ဟာသတွေလုပ်ကြတယ်။
ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်လုံးက အသက်တွေကြီးလာပြီလေ။ ဒါပေမယ့် အခုအချိန်အထိ နှစ်ယောက်လုံး ရည်းစားတောင် မရှိသေးဘူး "
"ဒီနှစ်မှာတော့ ငါ တကယ်လက်ထပ်ချင်နေပြီ။ ငါလည်း ၂၆ နှစ်ရှိနေပြီမို့ မိသားစုလေးထူထောင်ပြီး ဆွေမျိုးတွေနဲ့ နေချင်နေပြီ။
ဟွာဟွာကလည်း ငါ့ကို ထောက်ခံခဲ့တယ်တယ်။ သူမက ငါ့မွေးနေ့မှာ အံ့အားသင့်စရာတစ်ခု ပြင်ဆင်ပေးမယ်လို့ ပြောခဲ့တယ်။
ဒါပေမယ့် ဒီလက်စွပ်ဖြစ်မယ်လို့ ငါမထင်ခဲ့ဘူး၊ ဒါပေမယ့် သူမက တစ်နည်းနည်းနဲ့ ပုံမှန်မဟုတ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူမက လက်စွပ်ကို ငါ့လက်မှာ ကိုယ်တိုင်ဝတ်ဆင်ပေးမယ်၊ ပြီးတော့ မင်္ဂလာဝတ်စုံကိုလည်း သူကိုယ်တိုင် လိုက်ရွေးပေးမယ်လို့ ပြောခဲ့လို့ပဲ!"
"အဲ့ဒီနေ့ ငါ ဒူးထောက်ကြည့်ဖို့ မစဉ်းစားခဲ့တာကို တကယ်နောင်တရမိတယ်။
ငါသာ ဒူးထောက်ကြည့်ခဲ့ရင် သူမသေတာ ဒီလောက်ကြတာာအောင် ဘယ်သူမှ မသိခဲ့ကြမှာ မဟုတ်ဘူး။
ဟွာဟွာက အရမ်းလှတဲ့သူပါ၊ ဒါပေမယ့် အဆုံးသတ်က ဒီလောက် ဆိုးဝါးခဲ့တယ်။
သူမသာ ဝိဉာဉ်အဖြစ်ရှိခဲ့ရင် ငါ့ကို အပြစ်တင်မှာပဲ။
ငါ သူမကို မကာကွယ်ပေးနိုင်ခဲ့ဘူး...
ငါ့အမှားပါ...ငါ့အမှားတွေပါ!"
ဒင်းဟို ဟွာဟွာ အကြောင်းပြောနေတုန်း ကျန်းရီ က မနေနိုင်ဘဲ သက်ပြင်းချလိုက်တယ်- " ဒီကိစ္စကို နောက်ပိုင်းဘယ်လိုဖြေရှင်းခဲ့လဲ?"
"ရဲတွေက ဒီအမှုကို စုံစမ်းခဲ့တယ်။ အစက လူတိုင်းက ငါဟွာဟွာကို သတ်တယ်လို့ သံသယရှိခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်း အထောက်အထားမတွေ့ဘဲ သူမသေဆုံးရတဲ့ အကြောင်းရင်းက သံချောင်းက သူမဦးခေါင်းထိပ်ရဲ့ အားနည်းဆုံးနေရာကို ထိုးဖောက်မိခဲ့တယ်။ အဒေါ်ကလည်း နားလည်ခဲ့ပေမယ့် ဟွာဟွာသေသွားတာကိုတော့ လက်မခံနိုင်ခဲ့ဘူး "
"ကျွန်မလည်း အသက်ရှင်ချင်စိတ် ပျောက်ခဲ့တယ်၊ ဒါပေမယ့် အဒေါ်ကိုမြင်တဲ့အချိန်မှာ ဟွာဟွာကို ပြန်သတိရမိတယ်။ ငါ မသေနိုင်သေးဘူး၊ ဟွာဟွာက ငါ့ကြောင့် ဒုက္ခရောက်ခဲ့ရတာ။ သူမအမေကို ပြုစုစောင့်ရှောက်ဖို့ ဘယ်သူမှ မရှိရင် သူမက ငါ့ကို အပြစ်တင်လိမ့်မယ်!"
"ဒီကိစ္စရဲ့ တကယ့် တရားခံကို ငါရှာဖွေချင်တယ်။ဟွာဟွာသေဆုံးရတာက ငါ့ကို ခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးနဲ့ ဆက်စပ်နေနိုင်တယ်။
ဟွာဟွာက ငါ့အသက်ကို ကာပေးခဲ့တာ၊ ဒါပဲဖြစ်ရမယ်! ဒါကြောင့် ငါ ပိုပြီးအသက်ရှင်နေဖို့လိုတယ်
ဒီကိစ္စရဲ့ တရားခံကို မတွေ့မချင်း ငါ အသက်ကောင်းကောင်း ရှင်နေရမယ်! "
ဒင်းဟို ရဲ့စကားတွေက ခိုင်မာပြီး ပြတ်သားလာခဲ့တယ်၊ ဒါပေမယ့် ကျန်းရီ က တစ်ခုခုကို သတိရမိပြီး -" မင်းရဲ့ အောက်ထပ်က လူခေါ်နေတဲ့ညက မင်းခြေကျင်းဝတ်ကို ဆွဲထားတဲ့လက်ကို မှတ်မိသေးလား?"
"မှတ်မိတာပေါ့ "
"ဟွာဟွာနဲ့ အတူရှိနေချိန်မှာ မင်းတို့ဟာ ခွဲခြားလို့မရဘူမးလား?"
"ဟုတ်တယ်၊ သူတို့က ငါနဲ့ဟွာဟွာက တူလာတယ်လို့ ပြောကြတယ်။ သူတို့က ငါတို့သွေးရင်းမဟုတ်ဘူးဆိုတာ သိလို့သာပေါ့ မဟုတ်ရင် ငါတို့ကို ညီအစ်မတွေလို့ ထင်ကြလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးအတူနေရင် ပုံစံတွေ တဖြည်းဖြည်း တူလာလိမ့်မယ်ဆိုတာ ငါကြားဖူးတယ်။ ဘာဖြစ်လို့လဲ စတွင်မာ ? မင်း စဉ်းစားနေတာက....."
ဒင်းဟို တစ်ခုခုကို ရုတ်တရက်သတိရပြီး စိတ်လှုပ်ရှားစွာပြောလိုက်တယ်- "မဖြစ်နိုင်ဘူး စတွင်မာ ။ ဟွာဟွာက ငါ့ကို ထိခိုက်စေမှာမဟုတ်ဘူး။
ဟုတ်ပါတယ်၊ အဲ့ညက ဟွာဟွာသေနေပြီ၊ ဒါပေမယ့် သူမက ငါ့ကိုခြောက်လှန့်မယ် ဆိုရင်တောင် ဒီနည်းလမ်းကို သုံးမှာမဟုတ်ဘူး။
လူတစ်ယောက်သေပြီးရင် အရင်လိုမဟုတ်တော့ဘူးမလား? လူတစ်ယောက်က သရဲဖြစ်သွားရင် သူ့မိသားစုကိုတောင် ဒုက္ခပေးနိုင်တယ်ဆိုရင် ငါတို့ ဘာလို့ သေဆုံးသွားတဲ့ဆွေမျိုးတွေကို ကိုးကွယ်ပြီး ဆုတွေတောင်းနေကြအုန်းမှာလဲ?"
ဒင်းဟို ရဲ့စကားတွေက မှန်ပါတယ်။ ရှေးယခင်ကတည်းက ဘိုးဘွားတွေကို ကိုးကွယ်တာက အောက်မေ့သတိရဖို့နဲ့ ကောင်းချီးတွေကို ဆုတောင်းဖို့ပါပဲ ။
ကျန်းရီ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာ ဂျီမိသားစုရဲ့ ဘိုးဘေးကလွဲရင် (နောက်ဆုံးအချိန်မှာ မိသားစုရဲ့ မျိုးဆက်ကို ပျက်စီစေးခဲ့တဲ့သူ) ဘယ်သရဲကမှ သူ့မိသားစုကို မထိခိုက်စေခဲ့ပါဘူး။
ဒါပေမယ့် သဘာဝလွန် ဖြစ်ရပ် တစ်ခုမှာ အထူးသဖြင့် ခြောက်လှန့်နေတဲ့ သရဲဖြစ်ရပ်မှာ အကြောင်းရင်းရှိရမယ်။
ဒင်းဟို ရဲ့ပြောပြချက်အရ သူမကြုံတွေ့နေရတဲ့ သရဲက သိပ်ပြီး ဖော်ရွှေ ပုံ မရဘူး။
ကျန်းရီက စဉ်းစားပြီးတော့ - " ဟွာဟွာကို ခေါ်ထုတ်ပြီး မေးကြည့်ရအောင်။"
"ဘာ?"
ဖုန်းအခြားဘက်က ဒင်းဟို က ကျန်းရီ ရဲ့ဒီလိုအဖြေကို မမျှော်လင့်ထားပုံ မရခဲ့ပါဘူး။ ကျန်းရီက -" သူမက ဒီကိစ္စကို မင်းထက် ပိုသိမယ်ထင်တယ်၊ ဟုတ်တယ်မလား?"
"မဟုတ်ဘူး၊ ငါဆိုလိုတာက သူမကို ငါမြင်နိုင်မယ်ပေါ့?"
တိိုက်ရိုက်ထုတ်လွင့် အခန်းထဲ စဝင်လာတဲ့ ဒင်ဟိုက ကျန်းရီ ရဲ့စွမ်းရည်ကို မသိသေးပါဘူး...
ဒါကြောင့် ကျန်းရီ ရဲ့စကားကို အံ့အားသင့်သွားခြင်း ဖြစ်သည် ။ ဒါပေမယ့် ကျန်းရီ က သူမကို အသေးစိတ်ရှင်းမပြတော့ဘဲ သတိပေးလိုက်တယ်-"အစ်မဒင်း၊ အစ်မ လုပ်ရမယ့် အရာတွေရှိတယ်။"
" ပထမ ဟွာဟွာရဲ့ပစ္စည်းတစ်ခုခု (ဒါမှမဟုတ်) အဲ့လက်စွပ်ကိုသုံးလိုက်။
ဒုတိယ ဟွာဟွာသေဆုံးတဲ့နေရာ အစ်မငှားထားတဲ့အိမ် မှာ စားပွဲခင်းပြီးတော့ နံ့သာတိုင်၊ စက္ကူငွေတွေ ရှို့လိုက် ပြီးရင် ဟွာဟွာလို့ခေါ်လိုက်။
အဲ့ဒီနောက်မှာ ဗီဒီခေါ်ဆိုမှုလုပ်ပြီး သူမကို ငါမေးမြန်းမယ်။
ဒင်းဟို က ငြင်းဆိုခြင်းမရှိဘဲ နံ့သာတိုင်၊ စက္ကူငွေတွေဝယ်ဖို့ အမြန်ထွက်သွားလိုက်တယ်။
ပြီးသွားတဲ့အခါ ကျန်းရီ ကို ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်တယ်။
ဗီဒီယိုထဲက ပင်ပန်းနွမ်းနယ်နေတဲ့ ဒင်းဟို ကို ကျန်းရီ က နှုတ်ဆက်ပြုံးပြလိုက်တယ် -"ငှားထားတဲ့အိမ်ထဲ ပြန်သွားနိုင်သေးလား?"
"သော့တော့ ရှိသေးတယ်။ ဒီအဖြစ်အပျက်ပြီးနောက်မှာ အိမ်ရှင်က အိမ်ကို ပြန်ယူသွားတယ်။ပစ္စည်းတွေအားလုံးကို သူ့ကိုပေးခဲ့တယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ သော့တစ်ခု ကျန်ခဲ့တာသိလိုက်ရတယ်။ သော့အတွက် သူ့ကိုဖုန်းဆက်တော့ သူက ဖုန်းမကိုင်ခဲ့ဘူး။"
ကျန်းရီ ခေါင်းညိတ်ပြီး ဒင်းဟို အိမ်ပေါ်တက်သွားတာကို ကြည့်နေခဲ့တယ်။
မီးတွေဖွင့်လိုက်တဲ့အချိန်မှာ ကျန်းရီ ရဲ့မျက်ခုံးတွေကျဉ်းသွားပြီး အရာရာကို နားလည်သွားသလိုခံစားရတယ်။
"အခန်းထဲဝင်ပြီး အခုနက ပြောတဲ့အတိုင်း လုပ်လိုက်ပါ။"
ကျန်းရီ ပြောတော့ အစ်မဒင်း အခန်းထဲဝင်သွားတယ်။ အစ်မဒင်း က စိတ်ခံစားမှုတွေကို ထိန်းချုပ်ရင်း စားပွဲခင်းပြီး နံ့သာတိုင်ထွန်းပြီး၊ စက္ကူငွေတွေ မီးရှို့လိုက်တယ်။
စားပွဲနားမှာရပ်ပြီး အစ်မဒင်းက မျက်ရည်တွေနဲ့ အော်လိုက်တယ် -"ဟွာဟွာ၊ မင်းငါ့နားမှာရှိလား? ရှိရင် ထွက်လာပြီး ငါ့ကိုကြည့်လှည့်ပါဦး!"
"ဟွာဟွာ၊ မင်းမရှိတော့တဲ့အခါ ငါ့မှာ ဒီကမ္ဘာမှာ ဘာဆွေမျိုးမှ မကျန်တော့သလို ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်ပါ ဆုံးရှုံးလိုက်ရတယ်၊ မင်းပြောခဲ့တယ်လေ ငါတို့ တစ်ယောက် နဲ့ တစ်ယောက် ရဲ့မင်္ဂလာဆောင်မှာ သတို့သမီးအရံတွေ လုပ်ကြမယ်လို့၊ ပျော်ရွှင်စွာနဲ့ သူငယ်ချင်းတွေ ထာဝရ နေသွားကြမယ်လို့ ပြောခဲ့တယ်လေ!
မင်း လိမ်တယ်... မင်း ငါ့ကို ညာခဲ့တယ်..
မင်း ငါ့ကို တစ်ယောက်ထဲချန်ထားခဲ့တယ်...!"
ဒင်းဟို ရဲ့စကားတွေက အခန်းထဲမှာ ပဲ့တင်ထပ်နေပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ကြည့်ရှုနေတဲ့သူတွေတောင် မျက်ရည်တွေကျလာကြတယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ...အိပ်ရာအောက်ကနေ ဖြူဖပ်ဖြူရော်လက်မောင်းတစ်ခု ဖြည်းဖြည်းချင်း ဆန့်ထွက်လာခဲ့တယ်!