မသေခင်က ထူးဆန်းတဲ့ အရာများ
Vol. 11 Ch. 150
ကျန်းရီ၊ ဒင်းဟိုနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက ပရိတ်သတ်တွေတောင် သွေးခြေဥမှုမရှိတဲ့ ဖြူဖပ်ဖြူရော်လက်မောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
သူ့လက်မောင်းကို ဆန့်ထုတ်လိုက်တဲ့အချိန်မှာ ဒင်းဟိုတောင် မသိစိတ်ကနေ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတယ်။
ဒါပေမယ့် ချက်ချင်းပဲ သူမက ပြန်ရှေ့တိုးလာပြီး တုန်တုန်ရီရီနဲ့ လက်ကို ဆန့်ထုတ်ကာ နောက်ဆုံးမှာတော့ ဖြူဖပ်ဖြူရော်လက်နဲ့ ဆက်မိသွားတယ်။
"ဟွားဟွား၊ အဲ့ညက ငါ့ခြေထောက်ကို ဆွဲဖမ်းတာက မင်းဖြစ်နေတာပဲ ။"
ဒင်းဟိုက ငိုရင်းနဲ့ ပြောလိုက်တယ်၊ ပြီးတော့ ဖြည်းဖြည်းချင်းပဲ လက်ကို ဆွဲထုတ်လိုက်တယ်။
ခုတင်အောက်က ဟွားဟွားက အရမ်းအားနည်းနေခဲ့တယ်။ သူမက ဒင်းဟိုကို မှုန်ဝါးတဲ့မျက်လုံးနဲ့ ကြည့်နေပြီး သူ့လက်နဲ့ အစ်မဒင်းပါးကို ကိုင်လိုက်တယ်။
"ရှောင်ဟို အဲ့ညက မင်းကို ထိတ်လန့်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ငါမဆွဲထားရင် မင်းရဲ့ဝိဉာဉ်ကို တစ်စုံတစ်ယောက်က နှုတ်ယူသွားမှာလေ။"
ဒင်းဟိုနဲ့ ဟွားဟွားက ညီအစ်မတွေကဲ့သို့ ရင်းနှီးတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ ဒီလောကမှာ အတုအယောင် ရင်းနှီးမှုတွေ အများကြီး ရှိပေမယ့် တကယ့် မိတ်ဆွေရင်းနှီးမှုတွေ မရှိဘူးလို့ မဆိုနိုင်ပါဘူး။
ဟွားဟွားက ဒင်းဟိုထက် နှနှစ်၊သုံးနှစ်လောက်ငယ်ပြီးတော့ ဒင်းဟိုကို တစ်သက်တာမိတ်ဆွေအဖြစ် မှတ်ယူထားသူပါ။
သူမပြောပြီးတဲ့နောက် အားနည်းစွာနဲ့ သက်ပြင်းချလိုက်တယ်၊ သူ့ပါးစပ်ကနေ လေထွက်လာတာကို မခံစားရပေမယ့်လို့ပေါ့။
ဒင်းဟိုကတော့ အလွန်ကို ငိုနေတဲ့ အတွက်ကြောင့် စကားတောင် မပြောနိုင်ခဲ့ဘူး။ ကျန်းရီက သူ့ဖုန်းရဲ့ ဗီဒီယို ခေါ်ဆိုမှု ကနေ ဟွားဟွားကို ကြည့်ပြီး ပြောလိုက်တယ် -"အောက်ထပ်က တစ္ဆေရဲ့ မျက်နှာအစစ်ကို မင်းမြင်ဖူးလား?"
ဟွားဟွား ခေါင်းခါလိုက်တယ်။ "ငါမမြင်ဖူးဘူး။
သူမရဲ့ မကျေနပ်မှုတွေက အရမ်းကို ကြီးမားတယ်။
ညနက်ချိန်တွေဆိုရင် သူမက ရှောင်ဟိုနားမှာ ပေါ်လာတတ်တယ်။
ဒါပေမယ့် သူမက ရှောင်ဟိုကို သတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး၊ သူမကို လှည့်စားပြီး သူမကို စိတ်ရှုပ်စေဖို့ပဲ။
သူမက ပိုပိုပြီး ထိတ်လန့်လာပြီးတော့ သေဆုံးသည့်အထိ စိတ်ဓာတ်ကျလာစေဖို့ပဲ"
"ငါသူမရဲ့ မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း မမြင်ဖူးပေမယ့် ရှောင်ဟို့အပေါ် အရမ်းကို မုန်းတီးမှုတွေရှိနေတယ်ဆိုတာ ခံစားနေရတယ်။ ရှောင်ဟို မင်း တစ်စုံတစ်ယောက်ကို မှားယွင်းစွာနဲ့ ပြုမူမိဖူးလား?"
အစ်မဒင်းလည်း ခေါင်းခါလိုက်တယ်။ "မလုပ်ဖူးဘူး၊ ငါက နေ့တိုင်း အလုပ်ကို သွားတယ် ပြီးရင် အလုပ်က ပြန်လာတာပဲလေ
အလုပ်သွားရင် လူတိုင်းက ငါ့ကို အရမ်းဂရုစိုက်ကြတယ်၊ ဘာလို့လဲဆိုတော့ ငါက အဖွဲ့ထဲမှာ တစ်နှစ်အောက်သာ အလုပ်ဝင်ထားတဲ့ တစ်ဦးတည်းသော အသစ်ဝင်လာသူမို့လို့ပဲ။
အလုပ်ကနေ ပြန်ရင် အိမ်မှာပဲ ရှိတယ်၊ ဒါမှမဟုတ် မင်းတို့နဲ့ အပျော်အပါး စျေးဝယ့ထွက်တယ်လေ၊ တစ်စုံတစ်ယောက်ကို မှားယွင်းစွာ ပြုမူမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"ဒါဆို သူမဘာလို့ အဲ့လိုလုပ်တာလဲဆိုတာ ငါတကယ်မသိဘူး။
ငါက မတော်တဆနဲ့ သေဆုံးသွားခဲ့တာ။
အဲ့နေ့က ရှောင်ဟို အိမ်ပြန်လာတော့ သူမမှာ တစ်ခုခုမှားနေတယ်လို့ ငါခံစားမိလိုက်တယ်။
ငါက ခုတင်အောက်မှာ နေနေတာ၊ ညနက်ချိန်မှာ တစ်စုံတစ်ယောက်က ရှောင်ဟိုလို့ ခေါ်နေတာ ကိုကြားလိုက်ရတယ်။
ရှောင်ဟိုလည်း ထလာတယ်။
ငါက ရှောင်ဟိုနားမှာ ရပ်နေတာ၊ အောက်ထပ်က ရှောင်ဟိုနဲ့ တစ်ထပ်တည်း တူနေတဲ့ လူကလည်း ငါ့ကို သတိထားမိတယ်။"
"သူမက ငါ့ကို သတိထားမိတဲ့အတွက် ဒီကာလအတွင်းမှာ ငါက ရှောင်ဟိုကို ကာကွယ်ပေးတဲ့အခါတိုင်းမှာ သူမက ငါ့ကို တဖြည်းဖြည်းချင်းညှင်းပန်းနှိပ်စက်ခဲ့တယ်။
ဒါပေမယ့် သူမဘယ်လိုလုပ်ခဲ့တာလဲ၊ ဘာလို့ ရှောင်ဟိုနဲ့ အမြဲတမ်း ဆင်တူတဲ့မျက်နှာနဲ့ ရှိနေတာလဲဆိုတာတော့ ငါမသိဘူး။
လူတွေက သေပြီးနောက်မှာ အသက်ရှင်နေတဲ့လူတွေကို အမြင်အာရုံချို့ယွင်းစေတဲ့ နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် တစ္ဆေတွေကလည်း အခြား တစ္ဆေတွေကို အဲ့လိုနည်းလမ်းတွေ သုံးနိုင်သေးတာလား?"
ဟွားဟွားက သံသယရှိစွာနဲ့ ပြောလိုက်တယ် ဒါပေမယ့် ကျန်းရီက အဲ့ဒီအချိန်မှာ ခေါင်းညိတ်ပြီးတော့ "ဟုတ်တယ်၊ မင်းက သူမထက် အားနည်းတဲ့အခါမှာ သူမက မင်းကို လွှမ်းမိုးနိုင်မှာပဲ။ ဒါပေမယ့် ဟွားဟွား၊ အခု ငါမင်းကို တစ်ခုမေးချင်တယ်၊ မင်း ဒီအဖြစ်အပျက်တွေ မတိုင်ခင်မှာ တစ်ခုခု ထူးဆန်းတာတွေ ဖြစ်ခဲ့ဖူးလား?"
ကျန်းရီက မေးလိုက်တဲ့အခါမှာ ဟွားဟွား တိတ်ဆိတ်သွားခဲ့တယ်။
"မဟုတ်ဘူး၊ အဲ့ဒီနေ့တွေမှာ ငါအရမ်းပုံမှန်ပဲ။ အိုး၊ ဒါနဲ့ ရှောင်ဟို နောက်ဆုံးတစ်ခါ ငါမင်းအိမ်မှာ နေခဲ့တာကို မင်းမှတ်မိသေးလား?"
ဟွားဟွား တစ်ခုခုကိုတော့ သတိရသွားသလိုပါပဲ၊ ဒါပေမယ့် အစ်မဒင်းရဲ့မျက်နှာမှာတေ့ာ သံသယတွေနဲ့ ပြည့်နေခဲ့တယ်။
"အဲ့တုန်းက မင်းအမေ ခရီးထွက်သွားလို့ မင်းက အိမ်မှာ တစ်ယောက်တည်း မအိပ်ရဲလို ငါ့အိမ်ကို လာခဲ့တုန်းကလား?"
"ဟုတ်တယ်၊ ဒါပေမယ့် အဲ့ညက မင်းက အလုပ်ကနေ နောက်ကျနေခဲ့တော့ ငါက ဒီအခန်းထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။
ငါမှတ်မိတယ် အဲ့ဒီညက ကိုးနာရီလောက်ဖြစ်မယ်ထင်တယ်
မင်းကို ငါ WeChat ကနေ မင်းဘယ်တော့ ပြန်လာမှာလဲလို့ မေးခဲ့တယ်လေ
မင်းက မနက် ၁၂ နာရီလောက်ထိ လုပ်ရမယ်လို့ ပြောပြီး ငါ့ကို စောစောအိပ်ခိုင်းတယ်လေ၊ ငါဗိုက်ဆာနေလားနဲ့ ဘာစားချင်လဲလို့ မေးခဲ့တယ်။"
"အဲ့တုန်းက ငါမှတ်မိတယ်၊ အဲ့ညက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ?"
"ငါ WeChatကနေ ပို့ပြီးတဲ့နောက်မှာ အိပ်ပျော်သွားခဲ့တယ်။
အဲ့အချိန်တုန်းက အိမ်မှာရှိတဲ့ မီးတွေအားလုံးကို ငါပိတ်လိုက်တယ်၊ လျှပ်စစ်မီးဖိုး မကုန်ချင်လို့။
ငါအိပ်ပျော်သွားပြီးနောက်မှာ ဘယ်လောက်ကြာကြာ အိပ်နေမိလဲတောင် မသိဘူး၊ ဒါပေမယ့် အခန်းထဲမှာ အရမ်းအေးနေတယ်လို့ အမြဲခံစားနေရတယ်။
ပြီးတော့ ငါစောင်နဲ့ လုံးပြီး အိပ်လိုက်တယ်၊ ဒါပေမယ့် စောင်နဲ့လုံးလိုက်တာနဲ့ ငါက မူးဝေနေသလိုလို ခံစားရပြီး တစ်စုံတစ်ယောက်က အိပ်ရာဘေးမှာ ရပ်ပြီး ငါ့ကို ကြည့်နေသလိုလို ခံစားလိုက်ရတယ်။"
"အဲ့အချိန်တုန်းက ငါမျက်လုံးဖွင့်ချင်ခဲ့တယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မဖွင့်နိုင်ခဲ့ဘူး။
ငါဘာမှ မမြင်ရပေမယ့် အခန်းထဲမှာ တစ်စုံတစ်ယောက်က ငါ့ကို အကြာကြီး စိုက်ကြည့်နေသလို ခံစားရတယ်၊ ပြီးတော့ အခန်းထဲမှာ ပိုပိုပြီးအေးလာခဲ့တယ် "
"ပြီးတော့ ငါ တံခါးပွင့်သွားတယ်လို့ ခံစားလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ အသံတစ်ခု ကြားလိုက်ရလို့ပဲ တံခါးက ပြန်ပိတ်သွားခဲ့တယ်၊ ငါမူးဝေနေတုန်းမှာ မျက်လုံးကို ဖွင့်လိုက်တယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ငါတကယ်အိပ်ချင်နေခဲ့တယ်၊ ဒါကြောင့် တခြားဘာမှ ဂရုမစိုက်တော့ဘဲ ပြန်အိပ်လိုက်တယ်။ယ"
"ဒါပေမယ့် မကြာခင်မှာပဲ ဧည့်ခန်းထဲက တီဗီသံကြားလိုက်ရတယ်။ တစ်စုံတစ်ယောက်က ကာတွန်းရုပ်ရှင်ဖွင့်ထားတယ်၊ ဘယ်ကာတွန်းရုပ်ရှင်လဲဆိုတာတော့ ငါမသိဘူး၊ ဒါပေမယ့် ကလေးတွေရယ်သံတွေကို အဆက်မပြတ်ကြားနေရတယ်။ ငါပဲ အကြားမှားတယ်လို့ ထင်ခဲ့တယ်၊ အိမ်နီးနားးချင်းတွေရဲ့ အသံလားလို့ တွေးမိခဲ့တယ်၊ ဒါကြောင့် ငါထပြီး တံခါးဖွင့်လိုက်တယ်။"
"ဧည့်ခန်းထဲမှာ လုံးဝ မှောင်နေခဲ့တယ်၊ ဘာမီးရောင်မှ မမြင်ရဘူး။
တီဗီကလည်း ပိတ်ထားတယ်။
ငါက အိမ်နီးနားးချင်းဆီက အသံပဲဆိုပြီး ထင်လိုက်တယ်၊ ဒါကြောင့် ဂရုမစိုက်တော့ဘဲ အခန်းထဲကို ပြန်ဝင်လိုက်တယ်။
ငါမီးဖွင့်ပြီ တစ်ချက် ကြည့်လိုက်တယ်၊ ဒါပေမယ့် တံခါးပိတ်လိုက်တဲ့အချိန်မှာ ငါ့ဦးနှောက်ထဲမှာ တစ်ခုခုက ရုတ်တရက် ထိုးထွက်လာခဲ့တယ်။
"ငါအိပ်တဲ့ အချိန်တုန်းက ကော်ဖီစားပွဲပေါ်က မုန့်တွေက မဖွင့်ရသေးဘူးဆိုတာ ငါမှတ်မိပါတယ်။
ဒါပေမယ့် ငါမီးဖွင့်ပြီး ကြည့်လိုက်တော့ ကော်ဖီစားပွဲပေါ်မှာ မုန့်တစ်ထုပ် ဖွင့်ထားတာကို တွေ့လိုက်ရတယ်၊
သိချင်စိတ်နဲ့ အဲ့နားကို သွားကြည့်လိုက်တယ်
"ကော်ဖီစားပွဲပေါ်က ဘီစကစ်ထုပ်က တကယ်ပဲ ဖွင့်ထားပြီး ကော်ဖီစားပွဲပေါ်မှာ ထားထားတယ်၊ ဒါပေမယ့် အဲ့နားမှာ ဘယ်သူမှ မရှိနေဘူး။"
"ငါအမှတ်မှားတယ်လို့ ထင်လိုက်တယ်၊ ပြီးတော့ ငါအဲ့နေရာမှာ ရပ်ပြီး တွေးနေခဲ့တယ်။ အဲ့အချိန်မှာ ငါက တီဗီကို မျက်နှာမူပြီး ရပ်နေတာ၊ ငါက မီးအောက်မှာ ရပ်နေခဲ့တယ်၊ ငါ့ပုံရိပ်ကို တီဗီအမည်းရောင်ဖန်သားပြင်ပေါ်မှာ မြင်နေရတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ တီဗီပေါ်မှာ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာခဲ့တယ်၊ သူမက တဖြည်းဖြည်း ငါ့ဆီကို ချဉ်းကပ်လာတယ်၊ အဲ့ဒါက အမျိုးသမီးတစ်ယောက်ပဲ!"
"ဟုတ်ပါတယ်၊ သူမက အမျိုးသမီးတစ်ယောက်ပါ။ သူမရဲ့ ကိုယ်ဟန်က အရမ်းပြည့်ဖြိုးပြီးတော့ အရမ်းမမြင့်ဘူး။ သူမက တစ်လှမ်းပြီး တစ်လှမ်း ငါ့ဆီကို ချဉ်းကပ်လာခဲ့တယ်။ အဲ့အချိန်မှာ ငါထိတ်လန့်သွားပြီး သဘာဝအတိုင်းပဲ နောက်ကို လှည့်ကြည့်လိုက်တယ်၊ ဒါပေမယ့် နောက်မှာ ဘယ်သူမှ ရှိမနေဘူး။ ငါက တီဗီကို ပြန်ကြည့်လိုက်တယ်၊ ဒါပေမယ့် ပုံရိပ်က နောက်တစ်ခါ ထပ်မပေါ်လာတော့ဘူး။"
ဟွားဟွား ပြောနေတုန်း အစ်မဒင်းက "ဒါဆို မင်းဘာလို့ ငါ့ကို မပြောခဲ့တာလဲ?"
"ငါက အဲ့နေ့က အရမ်းပင်ပန်းနေခဲ့လို့ စိတ်ကူးယဉ်နေတယ်ပဲလို့ အမြဲထင်နေခဲ့တာ။ ပြီးတော့ ငါအခန်းထဲကို ပြန်ဝင်သွားတဲ့အခါမှာ အရာအားလုံးက ငြိမ်သက်သွားခဲ့တယ်။ ဒါပေမယ့် အခုတွေးကြည့်လိုက်တော့
အဲ့ညက တကယ်ပဲ ပုံမှန်မဟုတ်ခဲ့ဘူး။ တကယ်ပဲ တစ်စုံတစ်ယောက်က ငါ့အိပ်ရာဘေးမှာ ရပ်ပြီး ငါ့ကို ကြည့်နေခဲ့တာလား? တကယ်ပဲ တစ်စုံတစ်ယောက်က ဧည့်ခန်းထဲမှာ ထိုင်ပြီး တီဗီကြည့်နေခဲ့တာလား? ပြီးတော့ မုန့်တွေပါစားနေခဲ့တာလား?"
"အဲ့ဒီညက ဖြစ်ပျက်သမျှတွေ အားလုံးက ငါ့စိတ်ကူးယဉ်မှုတွေ မဟုတ်ခဲ့ဘူး၊ တကယ်ကိုပဲ... တစ်စုံတစ်ယောက်က တကယ်ပဲ ဒီကို ရောက်လာခဲ့တာပဲ!"