← Chapters

ရွှံစရာကောင်းသော

Vol. 11 Ch. 151

ရွှံစရာကောင်းသော

Vol. 11 Ch. 151

ကျန်းရီသည် သူတို့ပြောနေသည်တွေကို နားထောင်လျက်ရှိပြီး နားထောင်ပြီးနောက် နက်ရှိုင်းစွာ တွေးတောမိသွားခဲ့သည်။

အစ်မဒင်းအပေါ် ဖြစ်ပျက်ခဲ့သည်များသည် ပစ္စည်းတစ်ခုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုပစ္စည်းပို့ရသည့်နေရာမှာ ထိုမြို့ရှိ သုသာန်တစ်ခုဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုပစ္စည်းသည် လုံးဝမရှိတော့ပေ။

တခြားသူသည် အစ်မဒင်းကို ရည်ရွယ်ပြီး လာခဲ့တာဖြစ်သော်လည်း၊ အစ်မဒင်း၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော ဟွားဟွားသာ ထိုကာလအတွင်း မတော်တဆသေဆုံးသွားမည်ကို မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။

ဟွားဟွား စကားပြောပြီးနောက်တွင် အစ်မဒင်းသည် ကျန်းရီကို စိုက်ကြည့်နေခဲ့သည်။

သူမ၏မျက်လုံးများတွင် အကူအညီတောင်းသည့်အရိပ်များ ပါဝင်နေသည်၊ ကျန်းရီက သူ့ကိုပြုံးပြလိုက်ကာ "ဟွားဟွား၊ မင်းသေပြီးနောက် ဘာတွေ ဆက်ဖြစ်ခဲ့သေးလဲ? အဲ့နေ့က သူမကို တွေ့ပြီးနောက်မှာ သူမဘာတွေလုပ်ခဲ့သေးလဲ?" ဟုမေးလိုက်သည်။

"ကျွန်မသေပြီးနောက်ညကနေစပြီတော့ ရှောင်ဟိုနောက်ကို လိုက်နေခဲ့တယ်၊ ဆေးရုံကိုတောင် အတူတူရောက်ခဲ့သေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကျွန်မသေနေတာကို ဘယ်သူမှမမြင်ခဲ့ဘူး။ ဒါပေမယ့် ရှောင်ဟိုက အရင်သွားနှင့်မယ်လို့ ကျွန်မကိုပြောခဲ့တယ်။ သူမထွက်သွားပြီး မကြာခင်မှာပဲ နောက်ရှောင်ဟို တစ်ယောက် ပေါ်လာခဲ့တယ်။"

"သူမက ကျွန်မကို တိုက်ရိုက်ခေါ်သွားခဲ့တယ်၊ ဘာမှတော့ မလုပ်ခဲ့ဘူး။

သူမက ပါးစပ်နည်းနည်း ဟနေပြီး မျက်လုံးထဲမှာလည်း ကြောက်စရာကောင်းတဲ့ အပြုံးနဲ့ ကျွန်မကို စိုက်ကြည့်နေခဲ့တယ်။

အစကတော့ ကျွန်မ ဘာပြသနာကိုမှ မတွေ့ခဲ့ဘူး၊ ဒါကြောင့် သူမကို ဘာလို့ဒီလိုလုပ်နေတာလဲလို့ မေးခဲ့တယ်။

သူမက ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး၊ ကျွန်မ ကိုယ့်ကိုကိုယ် အားနည်းလာတာကို သိလာတဲ့အထိ ဒီအတိုင်းပဲနေခဲ့တယ်။"

"နောက်ထပ် ရက်အနည်းငယ်လောက်သာ နေလိုက်ရင် ကျွန်မဒီကမ္ဘာကနေ တဖြည်းဖြည်းပျောက်ကွယ်သွားမယ်လို့တောင် ထင်မိခဲ့တယ်။

သူမရဲ့ နာကြည်းချက် အမျက်​ဒေါသတွေက တကယ့်ကိုပြင်းထန်နေခဲ့တယ်။ သူမဘာလို့ သေခဲ့ရတာလဲ၊ ပြီးတော့ သေပြီးနောက်မှာ ဘာလို့ ဒီလိုကြောက်စရာကောင်းတဲ့ သရဲအဖြစ်ပြောင်းသွားရတာလဲ ကျွန်မ မသိခဲ့ဘူး!"

"သူမက အစ်မဒင်း ကိုရည်ရွယ်ပြီး လာခဲ့တာဆိုတော့ အစ်မဒင်းနဲ့သူမကြားမှာ ရှုပ်ထွေးတဲ့ မကျေနပ်မှုတစ်ခုခု ရှိလို့နေမှာပေါ့။

ဒါပေမယ့် အစ်မဒင်းရဲ့ လူမှုဆက်ဆံရေးက အမြဲတမ်းကျဉ်းမြောင်းတယ်၊ သူမ၏ဆွေမျိုးအများစုကလည်း အနီးနားမှာ မရှိဘူး၊ အလုပ်က လူတွေနဲ့ကလည်း အဆင်ပြေနေတာပဲလေ။

ကျွန်တော် တစ်ခါလောက် ခင်ဗျားကို သံသယဝင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ခင်ဗျားက ဒီကာလအတွင်း အစ်မဒင်းရဲ့ အစောင့်အနေနဲ့ ရှိနေခဲ့တယ်ဆိုတော့"

"အစ်မဒင်း၊ အစ်မ အနေနဲ့ သေသေချာချာပြန်စဉ်းစားဖို့တော့ လိုနေပြီ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အစ်မနဲ့ ဆက်စပ်နေတဲ့ သူတွေထဲမှာ ဘယ်သူ သေဆုံးသွားခဲ့သေးလဲ?"

ကျန်းရီ စကားပြောပြီးနောက် ကြမ်းပြင်ပေါ်မှာ ငေးငိုင်စွာ ထိုင်နေတဲ့ အစ်မဒင်းကို နက်ရှိုင်းစွာကြည့်လိုက်တယ်။ သူမ၏ မျက်နှာအမူအရာမှာ အလွန်ကိုမှားယွင်းနေခဲ့တယ်။

သူမ တစ်ခုခုကို စဉ်းစားမိခဲ့ပေလိမ့်မည်၊ ဒါပေမယ့်လည်း သူမစဉ်းစားမိတဲ့ဖြစ်နိုင်ခြေကို လက်ခံနိုင်ခြင်းတော့ ရှိပုံမရပေ။

"မဖြစ်နိုင်ဘူး၊ သူမ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကျွန်မနဲ့သူမကြား အချိန်ကြာ​ကြီး ဘာမှဆက်စပ်မှုမရှိတော့ဘူလေး။ သူမသားရဲ့ အသက်ကို ကျွန်မအသက်နဲ့ လဲပေးရမှာလား?"

ကျန်းရီ ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ " ဘယ်သူ့ ကိုတွေးမိတာလဲ?" ဟုမေးလိုက်သည်။

"ကျွန်မအမေ၊ ကျွန်မရဲ့ မွေးချင်းအမေ!"

အစ်မဒင်းက လူတစ်ဦးကို ညွှန်ပြလိုက်သည်၊ ဒါပေမယ့် သူမရဲ့ စကားကို ကြားလိုက်ရသည့်အခါမှာတော့ လူတိုင်းပဲ အလွန်ကို အံ့အားသင့်သွားခဲ့ကြသည်။

အရင်က ပြောခဲ့သမျှထဲတွင် အစ်မဒင်းက သူမ၏ အမေသည် သူမငယ်စဉ်က ဆင်းရဲမှုကြောင့် အိမ်ကနေ ထွက်ပြေးသွားခဲ့ကြောင်း၊ သူမ၏ဖခင်ကသာ သူမကိုပြုစုစောင့်ရှောက်ခဲ့ကြောင်း၊ အစ်မဒင်းက နှစ်ပေါင်းများစွာ သူမ၏ အမေကိုမမြင်ဖူးကြောင်း ပြောခဲ့သည်။

နားထောင်နေစဉ်အတွင်းမှာပဲ ကျန်းရီနှင့် ကြည့်ရှုနေသောပရိသတ်များက အစ်မဒင်း လုံးဝမတွေ့ဖူးဘူးဟု ထင်ခဲ့ကြတာဖြစ်သည်။

သို့သော် "လုံးဝ" နှင့် "အချိန်အကြာကြီး" ဆိုသည်မှာ လုံးဝကွဲပြားသောအဓိပ္ပါယ်များဖြစ်သည်။ ဒါ့ကြောင့် ကျန်းရီက ထိုအချိန်တွင် မေးလိုက်သည် "အစ်မအမေကို ဘယ်တုန်းက တွေ့ခဲ့တာလဲ?"

"မနှစ်က၊ သူမ မနှစ်က ကျွန်မဆီလာခဲ့တယ်။ ကျွန်မတကယ်ထင်ခဲ့တာက သူမမှာ သမီးရှိသေးတယ်ဆိုတာကိုတွေးမိလို့၊ ဒါမှမဟုတ် အသက်ကြီးလာလို့ ကျွန်မဆီမှ ာအားကိုးချင်လို့ပေါ့။ သူမငိုပြီး ကျွန်မရှေ့မှာဒူးထောက်ကာ တောင်းပန်တဲ့အခါမှာကျွန်မစိတ်ပျော့သွားခဲ့တယ်။"

"ဒီလောက်နှစ်တွေ အကြာကြီး ကျွန်မအလိုချင်ဆုံးက သူမဆီကဂရုစိုက်မှုပါ။ ဒါပေမယ့် သူမကဘယ်တော့မှ မပေးခဲ့ဘူး၊ ဒါကြောင့်ပဲ သူမ ပြန်ပေါ်လာတာနဲ့ ကျွန်မကိုယ်တိုင်ကိုက မထိန်းနိုင်ခဲ့ဘူး။ သူမငိုတဲ့အခါမှာ ကျွန်မလည်း သူမကို ပွေ့ဖက်ပြီးငိုခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ၊ သူမရုတ်တရက်ကျွန်မဆီလာရတဲ့ အကြောင်းရင်းကို နားလည်သွားခဲ့တယ်။"

"သူမ ကျွန်မအဖေကိုစွန့်ခွာပြီးနောက်မှာ အခြားသော ဆက်ဆံရေးတွေရှိခဲ့တယ်။

နောက်ပိုင်း အသက် ၃၀ အရွယ်မှာ အခြားလူတစ်ယောက်နဲ့လက်ထပ်ပြီး၊ အဲ့ဒီလူကို သားတစ်ယောက်မွေးဖွားပေးခဲ့တယ်။

ထိုသားက မနှစ်က ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်လောက် အရွယ် ရှိမယ်ထင်တယ်

ဒါပေမယ့် သူက ကျန်းမာရေးချို့တဲ့ပြီး ကျောက်ကပ် အစားထိုးကုသမှု လိုအပ်နေခဲ့တယ်။

ကျွန်မတို့က သူ့ဆီက မွေးလာတာမို့လို့ ကိုက်ညီမှု ရှိမယ်လို့ ထင်နေခဲ့တယ်

သူမ ကျွန်မဆီလာတဲ့အခါမှာ ကျွန်မကိုစစ်ဆေးဖို့တောင်းခံခဲ့တယ်။

ကျွန်မ သူမကို ရှင်းရှင်းလင်းလင်းပြောခဲ့တယ် တကယ်လို့ ကိုက်ညီတယ်ဆိုရင်တောင်မှ

ကျွန်မ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး၊ ဘာမေတ္တာမှ မရှိတဲ့ အခြားလူနဲ့ ရတဲ့ မောင်ကို ကျောက်ကပ်ခွဲပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး "

"သူမက ကျွန်မကို ချော့ပြီးတော့ စစ်ဆေးမှုမှာ တူမနေတာလည်း ဖြစ်နိုင်တာပဲလို့ ပြောခဲ့တယ်။

သူမ ကျွန်မကို အတင်းစစ်ဆေးခိုင်းခဲ့တယ်၊ နောက်ဆုံးရလဒ်က ကျွန်မနဲ့ တကယ်ပဲ ကိုက်ညီနေခဲ့တယ်။

အဲ့ဒီအချိန်မှာ နတ်ဘုရားတွေက ကျွန်မအပေါ်ကို ဟာသတွေ လုပ်နေတယ်လို့ပဲ ခံစားလိုက်ရတယ်။

ဒါပေမယ့် ကျွန်မ သူ့ကိုကျောက်ကပ် မပေးဖို့ဆုံးဖြတ်ထားတုန်းပဲ။

သူမက သိပ်ပြီးတော့ အလျှင်မလိုခဲ့ဘူး ဒါပေမယ့် သူမ တစ်ယောက်တည်း ထိုင်ငိုနေပြီး၊ နေ့တိုင် းပိန်လာသလိုခံစားလာရတယ်။"

"နောက်ဆုံးတော့ တစ်နေ့မှာ ငါ့စိတ်တွေ ယိမ်းယိုင်လာခဲ့တော့တာပဲ၊ ငါ့ကိုယ်ငါတောင် မုန်းတီးနေခဲ့မိတယ်။

ငါသူမနဲ့ ဘယ်တော့မှ မပတ်သတ်တော့ဘူးလို့ ပြောခဲ့တယ် ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူမကိုလက်ခံခဲ့တာပဲ။

သူမရဲ့ သားကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို အန္တရာယ် အဖြစ်မခံနိုင်ဘူးလို့ သူမကို ပြောခဲ့တယ်။

ဒါပေမယ့် သူမရဲ့ သနားစရာပုံစံကို မြင်လိုက်ရတော့ စိတ်က ပျော့ပြောင်းလာခဲ့တယ် "

"နောက်ဆုံးတော့ သူမကို ကျောက်ကပ်ခွဲပေးတော့မယ်လို့ ပြောမလို့လုပ်တုန်းမှာ နတ်ဘုရားတွေက ကျွန်မကို မျက်စိတွေဖွင့် နားတွေဖွင့်ပေးလိုက်ခဲ့တယ်။

ကျွန်မ သူမနဲ့ အဒီလူတို့ စကားပြောနေတာတွေကို ဆေးခန်းတံခါးဝနားမှာကြားလိုက်ရတယ်။

သူမပြောခဲ့တာက ဒီလို 'စိတ်မပူနဲ့၊ အဲ့ဒီမိန်းမပျက်ကို ငါအရင်ကတည်းက ဂရုစိုက်တာတတ်ဘူး၊ ဒါပေမယ့် သူမက ငါနဲ့တူတယ်။ ငါသူမကိုနည်းနည်းချင်းချော့ပြောလိုက်ရင်၊ သူမ ကျောက်ကပ်ကို ပေးမှာပဲ။'

"သူ့ယောကျာ်းက 'ကျောက်ကပ်ရပြီးတဲ့အခါမှာ သူမခန္ဓာကိုယ် အားနည်းသွားရင် ငါတို့သူမကိုဂရုစိုက်ရမယ်။ သူမက ၂၆ နှစ်တောင်ရှိပြီပဲ ငါတို့ ဘယ်လောက်ထိ ဂရုစိုက်နိုင်မှာလဲ။ သူမခန္ဓာကိုယ်နည်းနည်းပြန်ကောင်းလာရင် သူမကိုအိမ်ထောင်ပြုပေးလိုက်ပြီး ငါတို့သား အနာဂတ်အတွက် အစီအစဉ် ဆွဲရမယ်။'

"ကျွန်မဒါတွေကို ဟွားဟွားကိုတောင် မပြောပြဖူးဘူး။

ပြောလိုက်တဲ့အခါတိုင်းမှာ နှလုံးသားထဲမှာ ဓားနဲ့ထိုးသလို နာကျင်နေရတယ်။

တကယ်ပါ၊ တစ်ခါတလေ စဉ်းစားမိတိုင်း အသက်ရှူမဝ ဖြစ်နေတယ်။

ကျွန်မလည်း သူမရဲ့ သားသမီးပါပဲ သူမရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာခဲ့တာပါ။

ဘာလို့သူမက ကျွန်မကို ကျွန်မမောင်လေးလောက်တေယင် ဂရုမစိုက်ရတာလဲ? သူမရဲ့ မျက်လုံးထဲမှာ ကျွန်မအသက်က အမှိုက်တစ်ခု သာသာပဲ!"

အစ်မဒင်း စကားပြောနေစဉ်မှာပဲ မျက်ရည်တွေကျလာခဲ့သည်။ သို့သော်လည်း သူမ မငိုခဲ့ပေ။ မကြာမီ သူမ၏မျက်နှာတွင် ပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်၊

"သူတို့စကားကိုကြားပြီးနောက်မှာ ကျွန်မ လူနာခန်းထဲကို တိုက်ရိုက် ဝင်သွားခဲ့တယ်။

ကျွန်မ မောင်လေးကိုပြောခဲ့တယ် *ငါ့ကိုအပြစ်မတင်နဲ့။

ဒီဘဝမှာ ငါနဲ့မင်းကြားမှာ ညီအစ်ကိုမောင်နှမဆက်ဆံရေးဆိုတာ မရှိခဲ့ဘူး။

မှတ်ထားပါ၊ မင်းကိုမကယ်တာက ငါမဟုတ်ဘူး၊ မင်းမိဘတွေပဲ

သူတို့က မင်းကိုသတ်တာ

ဒီကနေ့ကစပြီး၊ ငါ့ကျောက်ကပ်က မင်းကိုလုံးဝပြန်ကောင်းစေနိုင်ရင်တောင်မှ ငါအစားထိုးပေးမှာ မဟုတ်ဘူး။

မင်းသေရင်တောင် ငါနဲ့မဆိုင်ဘူး!"

"ဒီစကားတွေပြောပြီးနောက်မှာ ကျွန်မ ထွက်လာခဲ့လိုက်တယ်။

အဲ့ဒီအချိန်မှာ သူတို့လင်မယားရဲ့ စိတ်ထားက အံ့သြစရာကောင်းလောက်အောင် ကောင်းနေခဲ့တယ်။

ပထမဆုံး ကျွန်မရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်မလည်း လက်မလျှော့တာလည်း မြင်ရော သူတို့ ဆူပူသောင်းကျန်းခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ဆေးရုံကလူတွေတောင် သူတို့ကိုမခံနိုင်တော့ဘဲ၊ သူတို့ကို ဝိုင်းတားကြလို့ ကျွန်မ ထွက်လာခဲ့လိုက်တယ်။

ကျွန်မထွက်လာပြီး လအနည်းငယ်အကြာမှာ၊ ထိုလူ့ဆီကနေ ဖုန်းခေါ်ဆိုမှု တစ်ခုရခဲ့တယ်။

သူကကျွန်မကိုဆဲဆိုပြီး၊ သူရဲ့ သားနဲ့ ဇနီးကို သတ်ခဲ့တာလို့ ပြောခဲ့တယ်။

ကျွန်မအမေ...အ.. ထိုမိန်းမက ကျွန်မ မောင်လေး ရောဂါနဲ့ သေဆုံးပြီးနောက်မှာ ပိုးသတ်ဆေးသောက်ပြီး သတ်သေသွားခဲ့တယ်၊ ဟားဟား..!"

ကျန်းရီ က အစ်မဒင်းရဲ့ စကားတွေကို နားထောင်ပြီးနောက် "ဒါဆို သူမက အသေ တကယ်ကောင်းသွားခဲ့တာပဲ" ဟုပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ ကလေးတွေအားလုံးက သူမရဲ့သားသမီးတွေပဲ၊ ဘာလို့ ဒီလိုရက်စက်တဲ့ စိတ်ထားမျိုးရှိနေရတာလဲ! ကျောက်ကပ်ပေး ပြီးတဲ့သမီးကိုတောင် သူတို့သား အတွက်ကို အကျိုးအမြတ်ထုတ်လို့ရမယ်လို့ထင်နေကြသေးတယ်။ ရွံစရာကောင်းလိုက်တာ

ဒီလောက်ရွံစရာကောင်းတဲ့အရာကို ငါတို့ တစ်ခါမှ မမြင်ဖူးဘူး!"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပရိသတ်တွေတောင် အလွန်ကို ဒေါသထွက်နေခဲ့ကြသည်။ ကျန်းရီက ပြက်ရယ်ပြုလိုက်ကာ "အခု ဦးတည်ချက်ရှိနေပြီပဲ သူမကို ထွက်လာခိုင်းပြီး စစ်ဆေးကြည့်လိုက်ရင် မှန်မမှန် သိရမှာပေါ့" ဟု ပြောလိုက်သည်။

All Chapters