← Chapters

မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ

Vol. 11 Ch. 152

မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ

Vol. 11 Ch. 152

အရာအားလုံးကတော့ ရှင်းလင်းလို့ လာခဲ့ပါပြီ။

အစ်မဒင်းရဲ့မိခင်ဟာ လူသားဘဝတုန်းကတည်းက ဒီလောက်ယုတ်မာနေခဲ့တာ သေပြီးနောက်ပိုင်းမှာ ပိုပြီးတော့တောင်မှ ဆိုးလာလေမလား ?

လူတိုင်းဟာ သေခါနီးချိန်မှ ကိုယ်လုပ်ခဲ့သမျှတွေကို နောင်တရတာမဟုတ်သလို၊ သေပြီးမှပဲ အားလုံးကိုနားလည်ပြီး အမှားတွေကို ပြင်ဆင်နိုင်တာလည်း မဟုတ်လေပြန်ဘူး။

သေခြင်းဟာ အဆုံးသတ်ဆိုရင်၊ ငရဲကြီး ၈ ထပ်က မကောင်းတဲ့ သူတွေကို ပြစ်ဒဏ်ပေးဖို့ ဘာလို့ဖန်တီးထားရမှာလဲ?

အစ်မဒင်းက တကယ်တော့ သူ့အမေ ဒီလုပ်လုပ်နိုင်တယ် ဆိုတာကို သိနေခဲ့တယ်။ သူတို့ မခွဲခွာခင်မှာ သူ့အမေပြောခဲ့သလိုပဲ-

"မင်းက ငါ့သား ရောဂါနဲ့ သေရတာကို ကြည့်နေခိုင်းတယ်။ ဒါဆို... အရမ်း ကောင်းပြီလေ၊ တကယ်လို့ သူသေသွားခဲ့ရင်၊ ငါလည်း အသက်မရှင်နေနိုင်ဘူး! ငါသေပြီးလို့ ငါသရဲဖြစ်သွားရင်တောင် မင်းကို မလွတ်စေရဘူး! မင်းအသက်ကို သေတာထက်ပိုဆိုးအောင် လုပ်ပြမယ်!"

ဒါက မိခင်တစ်ယောက်ရဲ့စကားပါပဲ။ မိခင်တိုင်းရဲ့မေတ္တာဟာ ကြီးမြတ်တယ်ဆိုတာ မဟုတ်ဘူးဆိုတာကိုလည်း လူတိုင်းကို ပြောပြနေတာပဲ ဖြစ်သည်။

တချို့မိခင်တွေမှာ အလွန်နက်ရှိုင်းတဲ့ မုန်းတီးမှုနဲ့ အတ္တဆန်မှုတွေ ရှိတတ်ကြတယ်။ သူတို့ချစ်တဲ့အရာကိုပဲ ချစ်ကြတယ်။ မချစ်တဲ့ကလေးတွေက သူတို့ဆီကနေ မွေးတာဖြစ်နေရင်တောင် ဂရုမစိုက်ကြဘူး။

"အစ်မဒင်း၊ အခု အစ်မအခန်းထဲမှာပဲ နေလိုက်အုံး။ ဒါပေမယ့် အခုလုပ်နေတာတွေကို မရပ်လိုက်နဲ့အုံး။ အစ်မ မောင်လေးရဲ့ ဓာတ်ပုံရှိလား? ရှိရင် လက်စွပ်နေရာမှာ အစားထိုးလိုက်ပါ။"

ကျန်းရီက အစ်မဒင်းကို မေးလိုက်တယ်။ အစ်မဒင်းက သူ့မောင်ကို ကယ်တင်ဖို့ ငြင်းဆန်ခဲ့တယ်ဆိုတဲ့ သံသယရှိပေမယ့် သူမှားတယ်လို့တော့ ဘယ်သူမှ ပြောလို့မရနိုင်ပါဘူး။ သူ့ကျောက်ကပ်လှူရဖို့ ကံကြွေးတင်နေရတဲ့ဘဝကို သူသိနေခဲ့တယ်။ ဒါ့အပြင်ကို သူအသုံးချခံနေရတာကိုလည်း သိနေခဲ့တယ်။ ဒါကြောင့် သူမမှာ သူ့ကျောက်ကပ်ကို ထပ်ပေးဖို့အတွက်က အကြောင်းပြချက် မရှိတော့ဘူး။

အစ်မဒင်းက ခေါင်းခါလိုက်တယ်- "သူတို့ရဲ့ဓာတ်ပုံ ကျွန်မမှာမရှိဘူး။"

"ဒါဆို အဲဒီအမျိုးသမီးရဲ့ မွေးသက္ကရာဇ်ကို မှတ်မိလား?"

"မှတ်မိတယ်။ အိုး၊ သူမက ဂင်ကျန်းမှာ သေဆုံးခဲ့တယ်။ ကျွန်မ မောင်ကိုလည်း ဂင်ကျန်းမှာ ကုသမှုခံယူဖို့လာခဲ့တာ။"

"ဟုတ်တာပေါ့၊ ဒါမှမဟုတ်ရင် မင်းကို ကယ်ဖို့ ငါလည်း တတ်နိုင်မှာ မဟုတ်ဘူး။"

ကျန်းရီက ပြောလိုက်တယ်။ အစ်မဒင်းက ခေါင်းညိတ်လိုက်ပြီး- "မှတ်မိ​ပါတယ်၊ အရင်က သူမကိုမေးဖူးတယ်"

"ကောင်းပြီ၊ သူမရဲ့မွေးသက္ကရာဇ်ကို စက္ကူပေါ်မှာရေးပြီး၊ နံ့သာတိုင် ၂ တိုင်နဲ့ အထိမ်းအမှတ်တိုင်မှာ ကပ်ထားလိုက်ပါ။"

အစ်မဒင်းက ကျန်းရီပြောတဲ့အတိုင်းပဲ လုပ်ဆောင်လိုက်တယ်။ ပြီးသွားတဲ့အခါ ကျန်းရီက- "ငွေစက္ကူတွေကိုရှင်းလိုက်ပါ၊ နံ့သာတိုင်တွေကို ငြိမ်းသတ်လိုက် ပြီးရင် မီးတွေပိတ်လိုက်ပြီး စောင့်နေလိုက်ပါ" လို့ပြောလိုက်တယ်။

အခန်းထဲက အလင်းတွေ ရုတ်တရက်ပျောက်ကွယ်သွားတယ်။ နံ့သာတိုင်နဲ့ ငွေစက္ကူတွေကို ရှင်းမထားသေးဘူး။ အခြားစားပွဲပေါ်က မွေးသက္ကရာဇ်ပါတဲ့ တိုင်ကလေးတစ်ခုပဲ ကျန်နေခဲ့တယ်။

"ဘာလို့ ထွက်မလာသေးတာလဲ?"

အမှောင်ထဲမှာ ကျန်းရီ ရဲ့အသံက အလွန်အေးစက်နေတယ်။

နောက်ဆုံးမှာ တံခါးကနေ ညင်သာတဲ့အသံတစ်ချက်ထွက်လာခဲ့တယ်။ ဧည့်ခန်းထဲမှာလည်း အလင်းရှိမနေဘူး။

ဒါပေမယ့် ပုံရိပ်တစ်ခု ဝင်လာတဲ့အခါမှယ အမှောင်ထုက အနည်းငယ် စိမ်းနေသလို ခံစားလာရတယ်။

ဝင်လာတဲ့ပုံရိပ်ရဲ့မျက်နှာက အထူးကို ရှင်းနေခဲ့တယ်။

သူမကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့အခါမှာ အစ်မဒင်းရဲ့အသံက ထွက်လာခဲ့တယ်- "တကယ်ကို မင်းပဲ!"

"းခွေးမ၊ နင့်မှာ ဒီလောက်ကြီးမားတဲ့အထောက်အပံ့ရှိနေတာ ကံကောင်းတယ်မှတ်! နင့်ကို ငါ မုန်းတယ်!"

ဝင်လာတဲ့အမျိုးသမီးက အသက်(၅၀)လောက်ရှိနေပြီ ဖြစ်သည်။

ဒါပေမယ့် သူ့မျက်နှာက အလွန်ကြမ်းတမ်နေးပြီး၊ မျက်လုံးတွေမှာလည်း အမှောင်ရိပ်တွေနဲ့ ပြည့်နေခဲ့တယ်။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူ့မျက်နှာက အစ်မဒင်းရဲ့မျက်နှာပြန်ဖြစ်သွားတယ်။ ဒါပေမယ့် ပြောင်းလဲသွားတာနဲ့ တစ်ပြိုင်နက် မမြင်ရတဲ့လက်တစ်ဖက်ပေါ်လာပြီး အဲဒီမျက်နှာကို ဆွဲဖြုတ်လိုက်သလိုပဲ အမျိုးသမီးရဲ့ မူရင်းမျက်နှာပြန်ပေါ်လာခဲ့တယ်။

" သတ္တိကောင်းလှချည်းလား။ ငါဒီမှာရှိနေတာသိရဲ့သားနဲ့ ကိုယ့်ကိုကိုယ် အရှက်ခွဲဖို့ကြိုးစားနေတာလား?"

ကျန်းရီက အစ်မဒင်းရဲ့မိခင်ကို အေးစက်စွာကြည့်နေခဲ့တယ်။ သူမက သွားတွေကို တင်းတင်း အံ့ကြိတ်လိုက်ပြီး " သူမက ငါ့သားကို ကယ်ပေးဖို့ ငြင်းဆန်ခဲ့တယ်၊ ငါသားကို ရောဂါက သေအောင် ညှင်းပန်းနှိပ်စက်ခံရတာကို ကြည့်နေခဲ့တဲ့အတွက် သူမကို အပြစ်ပေးသင့်တယ်မလား?" လို့ ပြောလိုက်တယ်။

" သူမက ဘာလို့ ကယ်တင်ပေးရမှာလဲ? ဘာလို့ ကယ်တင် ပေးသင့်တာလဲ? "

"သူမကို ငါမွေးဖွားပေးခဲ့လို့ပဲ!"

"ဒါဆို မင်းသိလား အာဟာရမဲ့စွာနဲ့ အသက်ရှင်သန်ရမယ်ဆိုရင် လက်ချောင်းတွေ ဖြတ်ပစ်ခံရမယ်ဆိုတာကို?" ကျန်းယက်က အေးစက်စွာပြောလိုက်တယ်။

ဒီစကားကိုကြားတဲ့အခါမှာ အမျိုးသမီးက "ဒါဆို သူမရဲ့ လက်ချောင်းတွေကို ဖြတ်လိုက်ပါ၊ အခုချက်ချင်း ဖြတ်လိုက်ပါ!" လို့ ပြင်းပြင်းထန်ထန်ပြောလိုက်တယ်။

ကြည့်ရှု့သူ A-" f**k.... ဘာပြောရမှန်းတောင် မသိတော့ဘူး၊ စတွင်မာရေ သူမကို ငရဲပို့လိုက်ပါတော့... ငါ အခုပဲ ဂင်ကျန်းကို လာပြီး ဒီမိန်းမကို ကိုယ်တိုင်ညှစ်သတ်ပစ်မယ်!"

ကြည့်ရှု့သူ B-" အရမ်းကို ယုတ်မာလိုက်တာ။ သူမရဲ့နှလုံးသားက တကယ်ပဲ အသွေးအသားနဲ့ လုပ်ထားတာလား?!"

ကြည့်ရှု့သူ C-" လူဘဝတုန်းကတောင်မှ သူမရဲ့နှလုံးသားက လူတွေကို ကြောက်ရွံ့စေတဲ့အထိ ယုတ်မာနေခဲ့တာ။ သေပြီးနောက် သရဲဖြစ်သွားတဲ့အခါ ပိုပြီးယုတ်မာလာမယ်ဆိုတာ မဆန်းပါဘူး။ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် လူသတ်ဖို့ ဆန္ဒဖြစ်လာတာပဲ!"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ က ပရိသတ်တွေအားလုံး အရမ်း ဒေါသထွက်နေခဲ့ကြတယ်။ ဒါပေမယ့် အစ်မဒင်းကတော​့ ဘာမှမခံစားခဲ့ရဘူး။ အဲ့ဒီအစား သူမက ပြုံးပြီးပြောလိုက်တယ်- "မင်းက ငါ့လက်ချောင်းတွေကို တောင်းဆိုဖို့အတွက် အရည်အချင်းရှိသေးတယ်လို့ ထင်လို့လား?"

"ငါမင်းကို မပြုစုပျိုးထောင်ခဲ့ပေမယ့်၊ မင်းကိုငါမွေးဖွားပေးခဲ့တယ်။ မွေးဖွားပေးတဲ့ကျေးဇူးကို မင်းကျေးဇူးဆပ်ရမယ်!"

"သူမက မင်းကိုကျေးဇူးဆပ်ပြီးပြီ။ မင်းက သူမကို နှစ် ၂၀ ကျော်စွန့်ပစ်ခဲ့တယ်။ ဒါပေမယ့် မင်းပြန်လာတဲ့အခါ သူမက လက်ခံခဲ့တယ်။ သူမက မင်းရဲ့ ကျေးဇူးကို ဆပ်ပြီးပြီ။ လက်ချောင်းတွေကို ဖြတ်မှကျေးဇူးဆပ်ရမယ်လို့ မင်းတကယ်ထင်နေတာလား?"

ကျန်းရီ က ပြက်ရယ်ပြုလိုက်သည်။ အမျိုးသမီးရဲ့မျက်နှာက အရောင်ပြောင်းသွားပြီး စပြီး ငိုကြွေးပါတော့တယ်-

"မတရားဘူး၊ လုံးဝ မတရားဘူး!"

ကြည့်ရှု့သူ A- " F***k မင်းကရော ဒင်းဟိုကို တရားမျှတစွာ ဆက်ဆံခဲ့လို့လား? သူ့ကို (၂၀) နှစ်ကျော်စွန့်ပစ်ခဲ့တဲ့ မိခင်တစ်ယောက်အတွက် သူမမှာ ဘာတာဝန်ရှိလို့လဲ? လူတွေက ကိုယ့်ကိုယ်ကိုယ် သိဖို့လိုတယ်။

ကြည့်ရှု့သူ B- " ကောင်းပြီ မင်းသူမကို မေးဖူးလား? သူမက မင်းလို မိခင်မျိုးရမယ်ဆိုတာကို အရင် သိခဲ့ရင် လူ့လောကထဲကို လာချင်အုံးမလား ဆိုတာကို?"

ကြည့်ရှု့သူ C-" မင်း သူမကို မွေးဖွားပေးခဲ့တာနဲ့ပဲ မင်းလုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ ထင်နေတာလား? ရီစရာပဲ ။ ဒီကမ္ဘာပေါ်က မိဘတိုင်းမှာ သူတို့ မွေးဖွားပေးခဲ့တဲ့ ကျေးဇူးကြောင့် သူတို့စိတ်ကြိုက် ပုံသွင်းရင်တောင်မှ မင်းလောက် အတင့်ရဲတဲ့သူ မရှိဘူး။ မင်းလိုလူမျိုးက နောက်ဘဝမှာ လူပြန်ဖြစ်ဖို့တောင် မတန်ဘူး"

ကျန်းရီတောင်မှ သူ့ဒေါသကို ထိန်းမထားနိုင်တော့ပါဘူး။ အမျိုးသမီးကတော့ ကြောက်လန့်တုန်လှုပ်နေပြီး ကျန်းရီကို မျက်နှာမမူရဲခဲ့ဘူး။

" အစ်မဒင်း၊ သူမရဲ့ကံကြမ္မာကို မင်းဆုံးဖြတ်ပါ။ ငရဲမှာအပြစ်ပေးခံဖို့ လွှတ်ပေးလိုက်မလား၊ ဒါမှမဟုတ် အခုပဲ ဖျက်ဆီးပစ်မလား၊ မင်းအပေါ် မူတည်တယ်။"

ကျန်းရီက ရွေးချယ်ခွင့်ကို အစ်မဒင်းဆီ အပ်နှင်းလိုက်တယ်။ အစ်မဒင်းက သူမရဲ့ရိုသေလေးစားသင့်တဲ့ မိခင်ကို ကြည့်ရင်း အံကြိတ်လိုက်ကာ

" ထားလိုက်ပါတော့၊ သူမကို ငရဲကိုလွှတ်လိုက်ပါ။ သူမ ကိုယ်တိုင်ပဲ ပြန်လည်ဝင်စားနိုင်မလားဆိုတာ ကြည့်ရအောင်။"

အစ်မဒင်းက သူ့အမေကို အရမ်းမုန်းပေမယ့်၊ သူ့အမေကို ကိုယ်တိုင်ဖျက်ဆီးဖို့ကတော့ သူမ မလုပ်နိုင်ခဲ့ပါဘူး။

သူမက ကရုဏာ ရှိလွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက်ကြားက တော်ဆပ်မှုကိုတော့ ဘယ်တော့မှ ဖျက်ဆီးလို့မရနိုင်ဘူးလေ။

သူ့ မိခင်က ငြင်းဆန်နိုင်တယ်။ သမီးကို ပစ္စည်းတစ်ခုလို အသုံးပြုတဲ့အထိ ရက်စက်နိုင်တယ်။

ဒါပေမယ့် သူမကရော? သူမကတော့ အဲ့လို မလုပ်နိုင်ပါဘူး။

ကျန်းရီက အဲ့ဒီအချိန်မှာ ပြုံးပြီးခေါင်းညိတ်လိုက်တယ်။ ဒါကြောင့်ပဲ သူက အစ်မဒင်းကိုကူညီဖို့ ဆန္ဒရှိခဲ့တာ။ ဒီရွေးချယ်မှုက အကောင်းဆုံးပဲဖြစ်တယ်။

ဒါပေမယ့် အစ်မဒင်းမမျှော်လင့်ထားတာက၊ ပျားဝပ်နေတဲ့ အမျိုးသမီးက ရုတ်တရက်ခေါင်းမော့လိုက်ပြီး

"မင်းက ငါ့သားကိုသတ်တာ ။ မင်းရဲ့ကရုဏာကို ငါမလိုချင်ဘူး။ ငါ့ဝိညာဉ်ပျောက်သွားရင်တောင် မင်းကို ငါနဲ့ အတူ ပျောက်ကွယ်သွားစေချင်တယ်!"

"မင်းက တကယ်ပဲ ငါ့ကို မအံ့သြစေခဲ့ဘူးပဲ!"

အမျိုးသမီးက အစ်မဒင်းဆီပြေးဖို့ကြိုးစားနေတဲ့အချိန်မှာ ကျန်းရီ ရဲ့ ရယ်သံက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ထွက်လာခဲ့တယ်....

All Chapters