← Chapters

မရဏ ဖယောင်းတိုင် ရှေ့မှာ

Vol. 11 Ch. 154

မရဏ ဖယောင်းတိုင် ရှေ့မှာ

Vol. 11 Ch. 154

“ခဏစောင့်ပါအုံး ဟွာဟွာ ကို ထပ်ကြည့်လိုက်ပါဦးမယ်!”

ဟွာဟွာ က ထွက်သွားပြီးသားဖြစ်ပြီးတော့ အစ်မ ဒင်း သည် ဟွာဟွာ ကိုပြန်ခေါ်လုနီးပါးတောင်ဖြစ်ခဲ့သည်။

ကျန်းရီက သူမကို မလိုက်ခေါ်စေခဲ့ဘူး၊ သူက ခဏလောက် ငေးငိုင်နေခဲ့သည်။ မိနစ် အနည်းငယ်လောက် အကြာမှသာ သူ၏စိတ်အာရုံက ပြန်သတိရလာခဲ့သည်။

“သူမ ကံဆိုးရတာလည်း မအံ့သြစရာပဲ။ သူမကနောက်ဘဝမှာ စောစောစီးစီးကို ပျော်ရွှင်မှုတွေကိုခံစားရမယ့် ကံကြိုးမွှန်နေတာပဲ။ သူမက ကံကောင်းမယ့် ကံဇာတာ ပါလာမှတော့ ငါကလည်း သူမကိုကံကောင်းခြင်းတွေ ပေးလိုက်ပါအုံးမယ်”

ကျန်းရီ ၏ စကားများက ထုတ်လွှင့်မှုအခန်းရှိပရိသတ် အနည်းငယ်ကို ရှုပ်ထွေးစေပြီးတော့ အားလုံးက မေးခဲ့ကြသည်:

“စတွင်မာ ဒါ ဘာကိုဆိုလိုတာလဲ။”

“ဒါကို ကြားပြီးတော့ ရှုပ်တောင်သွားတယ်။ စတွင်မာဆိုလိုတာက ဟွာဟွာ က မရဏ ဖယောင်းတိုင် ကိုသုံးလို့ရတယ်မလား။”

ကျန်းရီ သည်ပြုံးလျက်ခေါင်းညိတ်လိုက်သည်- “ဟုတ်တာပေါ့၊ ရိုးရိုးရှင်းရှင်းပြောရရင် မရဏ ဖယောင်းတိုင် ဆိုတာက လူတိုင်းရဲ့ဆန္ဒတွေပေါ်မှာမူတည်ပြီး ပေါ်လာတဲ့အရာပဲ၊ ဒါပေမယ့် မင်းတို့ပဲဖြစ်ဖြစ် ငါပဲ ဖြစ်ဖြစ်၊ တတိယ ပါတီ အဖြစ်နဲ့ပဲသဘောထားရမယ်”

“တတိယ ပါတီ ဆိုတာဘာလဲ? ။ ဒါကအချက်အလက်တွေကို ကြည့်ပြီးတော့ တည်ငြိမ်စွာရင်ဆိုင်ဖို့ပဲ။

သေဆုံးသွားသူတွေက ငါတို့ရဲ့ သနားကရုဏာထားတာကို ခံစားလို့ရတယ်၊ ဒါပေမယ့် သေဆုံးသွားသူတိုင်းကတော့ ငါတို့များစွာရဲ့ ဆန္ဒတွေဖြင့် ပြုလုပ်ထားတဲ့ မရဏ ဖယောင်းတိုင်ကို သယ်ဆောင်နိုင်တာမဟုတ်ဘူး”

မရဏ ဖယောင်းတိုင် က ငါအစက ပြောခဲ့သလိုပဲ မရဏ ဖယောင်းတိုင် ကိုကိုင်ပြီး ငရဲကို သွားရင်လမ်းကြောင်းကို ချောမွေ့စေတယ်

အခု ငါတို့ရဲ့ မရဏဖယောင်းတိုင် ကို ငရဲမှာ မြင်ရခဲ့မယ်ဆိုရင် ငရဲရဲ့ အမြင့်ပိုင်း သူတွေကတောင်မှ အနည်းငယ် ရှိန်နေရမယ်၊ ပြန်လည်မွေးဖွားခြင်းကိုဆုံးဖြတ်တဲ့ သူဆိုရင် ထည့်တောင်မပြောနဲ့၊ သူမကိုပြန်လည်မွေးဖွားခွင့် ပြုဖို့ကို သေချာစဥ်းစားပြီးမှသာ ဆုံးဖြတ်ချက်ချရဲမှာ “

“ဒီတော့ မရဏဖယောင်းတိုင် ရဲ့အစွမ်းသတ္တိတွေကိုနားလည်ပြီလား။”

ကျန်းရီ ၏စကားကြောင့် ပရိသတ်တွေ ရုတ်တရက်နားလည်သွားခဲ့သည်- “ ဒီလိုလား၊ မရဏဖယောင်းတိုင်က တော်တော်ကို စွမ်းတာပေါ့၊ ဒါဆိုရင် သူ့ကို သတိထား သုံးရမှာပေါ့ “

“ စတွင်မာ ဒါဆို ဟွာဟွာ ကရော မရဏဖယောင်းတိုင် ကိုသုံးဖို့ အရည်အချင်း မှီလား”

ကျန်းရီက ပြုံးလျက် ခေါင်းညိတ်ပြီး- “ဘဝ သုံးခုက ကောင်းမှုတွေက သူ့မှာ စုစည်းနေတာ၊ သူမမှာအရည်အချင်းရှိမယ်ထင်လား။”

“ဝိုး.. ဟွာဟွာက ဘဝသုံးခုလုံးမှာ လူကောင်းတစ်ယောက်ဖြစ်ခဲ့တာလား။ ဒါဆိုဒီဘဝမှာ ဘာလို့ဒီလောက်ကံဆိုးရတာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အိမ်အသစ်ကိုသွားပြီးတော့ တကယ့်ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုတွေကို ခံစားဖို့လိုနေလို့ပဲ”

ကျန်းရီ ရဲ့ စကားများကို ကြားသောအခါ အစ်မဒင်းက မျက်ရည်များဖြင့်ရယ်ကာ- “ စတွင်မာ မင်း ငါ့ကို ညာနေတာတော့ မဟုတ်ဘူးမလား”

“ငါက ဘာလို့ ညာရမှာလဲ။ ဒီထုတ်လွင့်မှု အခန်းထဲက လူတိုင်းက ငါ, ကျန်းရီက ဘယ်တော့မှ မလိမ်ဘူးဆိုတာ လူတိုင်းသိတယ် “

“ဝူး ...

ဒါဆို အရမ်း ကောင်းတယ်။

ဟွာဟွာ ရဲ့ဘဝက မလွယ်ခဲ့ပါဘူး။

သူမက ငယ်စဉ်ကတည်းက ဖခင်မရှိခဲ့တာ။

ဒါပေမယ့် သူမက တကယ်ကို ကောင်းတဲ့သူတစ်ယောက်ပါ။

သူမက အခြားသူတွေကို အမြဲ ကူညီလေ့ရှိတယ် “

အစ်မဒင်း ကပြောတော့ ကျန်းရီကလည်း ပြုံးပြီးတော့- “ဟုတ်တယ်၊ ဒါကြောင့် သူမက မရဏ ဖယောင်းတိုင် ကိုသုံးဖို့ အရည်အချင်းရှိတယ်။ ဟွာဟွာ ဝေးဝေး ရောက်ပြီလားဆိုတာ သွားကြည့်လိုက်ပါအုံး။ မရောက်သေးရင် သူမကို တားလိုက်ပါအုံး။”

ကျန်းရီ ပြောလို့ပြီးတော့ အစ်မဒင်းက ပြတင်းပေါက်ဆီကို ချက်ချင်းပြေးသွားပြီး ဟွာဟွာ ကိုမြင်သောအခါ သူမက အောက်ထပ်သို့ ပြေးသွားပြီး အစ်မဒင်းက အမြန်ပဲ အော်ဟစ်လိုက်တယ်- “ဟွာဟွာရေ ခဏစောင့်အုံး “

ဟွာဟွာ သည် သူမ၏ မျက်နှာပေါ်တွင် သံသယများနှင့် ပြန်လှည့်လာခဲ့သည်။ ကျန်းရီက ပြုံးလျက်- “ သူမ လက်တွေကို ဖြန့်ခိုင်းလိုက်”

“ဟွာဟွာ မင်းလက်တွေကို ဖြန့်လိုက်။ နောက်ပိုင်းမှာဘာပဲရှိလာရှိလာ မပစ်လိုက်နဲ့၊ သိလား။ “

“အိုကေ!”

ဟွာဟွာ ပြန်ဖြေလိုက်သည်။ ဟွာဟွာက သူမရဲ့လက်ဖဝါးကို စူးစမ်းလိုစိတ်ဖြင့်ကြည့်နေစဉ် အဲ့ဒီအချိန်မှာ မီးအစိမ်းရောင်ဖျော့ဖျော့ ဖယောင်းတိုင်တစ်ချောင်း ပေါ်လာခဲ့သည်။

ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲတွင် အပြည့်အဝဖမ်းမိလိုက်ပြီး သိန်းနှင့်ချီသောပရိသတ်တွေသည် မရဏ ဖယောင်းတိုင် အသစ် ပေါ်ထွက်လာပုံကို မြင်တွေ့ခဲ့လိုက်ရသည်။

ကြည့်ရှု့သူ A-“ဝိုး... မရဏဖယောင်းတိုင် က ဒီလိုမျိုးလား “

ကြည့်ရှု့သူ B-“ဟုတ်တယ်၊ အစိမ်းရောင်က ငါ့ကို ထိတ်လန့်စေတယ်ဟ။ ဒါကြောင့် သေဆုံးသွားသူတွေက အဲဒါတွေကို သုံးတာမဆန်းဘူးပဲ။ “

ကြည့်ရှု့သူ C-“ ဟားဟား၊ အပေါ်ထပ်က လူမှန်တယ်၊ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို ကြည့်တိုင်း၊ ဒီလောက် ကြောက်စရာကောင်းတဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်တိုင်းမှာ ငါဟာ လူကောင်းတစ်ယောက်ဖြစ်အောင် နေရမယ်ဆိုတဲ့ အသံတစ်ခုက ငါ့ခေါင်းထဲမှာ အမြဲတမ်း ရှိနေတယ်။ “

ကြည့်ရှု့သူ D-“ဟုတ်တယ်၊ ငါလည်းပဲ အဲဒီလိုပဲခံစားရတယ်။ ဝဋ် ဆိုတဲ့ စကားလုံးဟာ အမြဲတမ်းရှိနေတယ်၊ ဒါပေမယ့်ဘယ်အချိန် လာမှာလဲ ဆိုတာပဲ “

ကြည့်ရှု့သူ E-“ ဒီတော့ အစ်ကိုအစ်မတို့ ဘာလို့ ဒီလောက် အများကြီးတွေ ပြောနေတော့မှာလဲ။ မရဏ ဖယောင်းတိုင် ဆုချတာက ကောင်းတာတွေ လုပ်တာနဲ့ ကုသိုလ်တွေ ယူတာနဲ့ အတူတူပဲလေ”

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးသည် မရဏ ဖယောင်းတိုင်များ လက်ဆောင်ပေးမှု အချက်အလက်များနှင့် ပြည့်နှက်နေခဲ့သည်။

ကျန်းရီ သည် မရဏဖယောင်းတိုင်ကို ကိုင်ထားသော ဟွာဟွာ ကိုကြည့်နေပြီး အစ်မဒင်း ကို - “ အစ်မဒင်း သူမကို မရဏကို သွားတဲ့အခါ သူမမြင်သမျှကို မကြောက်ဖို့ သူမကို ပြောလိုက်ပါ

ရင်ကိုမော့ပြီး ရဲရဲတင်းတင်းနဲ့သာ သွားပါလို့ ပြောလိုက်ပါ”

“ကောင်းပါပြီ “

အစ်မဒင်း သည် ကျန်းရီရဲ့ စကားများကို ဟွာဟွာသို့ ပြောပြလိုက်သည်၊ ဒါပေမယ့် မထင်မှတ်ထားတာက စနောက်တက်သော ဟွာဟွာက ပြုံးလျက်မေးမြန်းခဲ့သည်- “ဟေး၊ စတွင်မာ.. ငါ ငရဲရောက်သွားရင် အဖြူအမည်းနှစ်ယောက်ကို တွေ့ရင် ဒူးထောက်သင့်လား? “

“မင်းဆင်းသွားပြီးတဲ့နောက်မှာ မရဏ ဖယောင်းတိုင် ကိုသာ ကိုင်ထားလိုက်၊ နွားခေါင်းနဲ့မြင်းမျက်နှာ အနက်နဲ့အဖြူကို မပြောနဲ့၊ ငရဲတရားသူကြီး လေးဦးကတောင်မှ မင်းကိုမြင်တဲ့အခါမှာ မျက်နှသာပေးရမယ် ။ ဒီတော့ ငါဆိုလိုတာကိုနားလည်ပြီလား။ “

ကျန်းရီ ၏စကားများကို ဟွာဟွာ မတုံ့ပြန်မီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းသည် ပေါက်ကွဲလုနီးပါးတောင် ဖြစ်ခဲ့သည်။

ကြည့်ရှု့သူ A-“ သေစမ်း ၊ မရဏ ဖယောင်းတိုင်ကဒီလောက်တောင်မှ ကြီးမြတ်တယ်လား။ မင်းဆင်းသွားတဲ့အခါမှာ တရားသူကြီးလေးယောက်ကိုတောင်မှ ဂရုစိုက်ဖို့ မလိုဘူးလားဟ “

ကြည့်ရှု့သူ B-“ အံ့သြစရာပဲ၊ အရမ်းကောင်းတယ်။ ဒါဟာ ငါ ပထမဆုံးအကြိမ် ဒီလောက်အံ့သြစရာကောင်းတဲ့ ပစ္စည်းနဲ့ တွေ့တာပဲ ... စတွင်မာ၊ ငါ ဒီပစ္စည်းကို အရင်စရင်းသွင်းထားမယ်။ စိတ်မပူပါနဲ့၊ ဒီဘဝမှာ ကောင်းတဲ့ အရာတွေကိုပဲ လုပ်ထားမှာပါ”

ကျန်းရီ သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ကူရာမဲ့စွာ ကြည့်ပြီး“ မရဏ ဖယောင်းတိုင် ကို ပေးသူပေါ် မူတည်တယ်၊ ဟုတ်ပြီလား။ အနက်နှင့် အဖြူ ၊ပြီးတော့ တရားသူကြီးလေးယောက်က ငါ့ဆီကို လာခဲ့ရင်၊ သူတို့က တစ် ဦး ချင်းစီတန်းစီပြီးတော့ ငါ့ကို မျက်နှာချိုသွေးရမယ်၊ ငါပြောတာကို မင်းတို့ ယုံလား၊ မယုံဘူးလား။ “

ကြည့်ရှု့သူများ-“ယုံပါတယ်၊ ယုံပါတယ်.. ကောင်းကင်ဘုံမှာ ကျောက်စိမ်းဧကရာဇ်၊ ငရဲမှာ ယမမင်း၊ လူလောကမှာ ကျန်းရီ “

ပရိသတ်များရယ်မောကာပြီး ကျန်းရီကလည်းကျေနပ်စွာ ခေါင်းညိတ်ခဲ့လိုက်သည်။

ဟွာဟွာ သည် သူမ၏လက်ထဲတွင် မရဏဖယောင်းတိုင်ကို ကိုင်ထားပြီး ထွက်ခွာသွားခဲ့သည်။

ပုံရိပ် ပျောက်ကွယ်သွားသောအခါ ကျန်းရီက ပြုံးလျက်“ အစ်မဒင်း သံသယတွေများ ရှိသေးလား။ ”

အစ်မဒင်း က ခေါင်းခါပြီးတော့ - “နောက်ထပ် မရှိတော့ပါဘူး၊ ဒါပေမယ့် စတွင်မာ စိတ်မပူပါနဲ့ အခုကစပြီး ငါလုပ်ရမယ့် အရာတွေကိုပဲ လုပ်ပါတော့မယ်။ ငါ ကိုယ့်ကိုယ်ကိုလည်း အမြဲသတိပေးနေမယ်၊ ကောင်းတဲ့ အရာတွေကိုပဲ လုပ်ပြီး၊ မကောင်းတဲ့ အလုပ်တွေကို မလုပ်ဖို့ပေါ့!”

ကျန်းရီ က အစ်မဒင်း ကိုလက်မထောင်ပြလိုက်သည် - “ဒါဆို အစ်မဒင်း နဲ့ အနာဂတ်မှာ တွေ့မယ့်သူတွေအစား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အစ်မဒင်း ရဲ့ ပြသနာတွေကတော့ ပြီးသွားပြီ။ ကံမကုန်သေးရင်တော့ ထပ်တွေ့ကြတာပေါ့။ “

“စတွင်မာရေ နှုတ်ဆက်ပါတယ်။ “

“နှုတ်ဆက်ပါတယ်။ “

ကျန်းရီက အစ်မဒင်းနဲ့ ဗီဒီယိုခေါ်ဆိုမှုကို ပိတ်လိုက်ပြီး၊ သူသည်တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ စခရင်ထဲတွင်တစ်ယောက်တည်းသာ ရှိတော​့သည်။

ငါးလိုရေသောက် - “ ဘာကြောင့် ရုတ်တရက် စတွင်မာရဲ့ မျက်နှာက ပိုလှလာတယ်လို့ ခံစားနေရတာလဲ? “

“အဟမ်း ... ဝူလျှူ(ငါးလိုရေသောက် ရဲ့ နာမည်အရင်း) မင်းရဲ့ နှလုံးသားက ပိုပိုပြီးစိတ်လှုပ်ရှားနေတယ်ထင်တယ်။ “ ကျိုးခိုင်က မနေနိုင်ဘဲ ပြောလိုက်မိသည်။

ဒန်နီယယ်ကလည်း- “စတွင်မာ အခွင့်အရေးတစ်ခုလောက်ပေးလိုက်ပါ။ ဒီကာလအတွင်း ငါလည်း ရည်းစားထားဖို့ စ​တင်နေပြီ။ ဝူလျှူ က မင်းနဲ့တွေ့ပြီးနောက်မှာ သူမရဲ့မျက်လုံးထဲမှာ အခြားယောက်ျားတွေ ရှိမယ်လို့ထင်လား?”

“ဟုတ်တယ်၊ စတွင်မာ ... ငါ့ကို အခွင့်အရေးတစ်ခုပေးပါ။ “

ကျန်းရီက ခေါင်းကိုက်လာပြီး- “ ငါမှ တစ်ခါမှ မမြင်ဖူးတာ၊ ဟုတ်ပြီလား “

ငါးလိုရေသောက် -“ ဒါဆို စတွင်မာကို ပြမယ်လေ။ စတွင်မာရေ CB ကို လာခဲ့ စကားပြောမယ်၊ ပြီးရင် ဓာတ်ပုံအားလုံးကို မင်းကိုပြမယ်၊ လုံလောက်ပြီလား? “

ဝူလျှူ ပြောပြီးနောက် ကျန်းရီ ၏ဖုန်းပေါ်တွင်သူငယ်ချင်းဖြစ်ရန် အပ်လာသည့် သတိပေးချက်ကိုလက်ခံရရှိခဲ့သည်။

လက်ခံပြီးနောက် ဝူလျှူ သည် ဘာစကားမှမပြောဘဲ ဓာတ်ပုံများစွာကို ပို့ခဲ့လိုက်သည်။

ကျန်းရီသည် ပထမဆုံးဓာတ်ပုံကိုမြင်သောအခါ မသိစိတ်ကနေ လွှတ်ခနဲ့ - “ f**k!”

All Chapters