← Chapters

(မစ်ရှင်အသစ်..ဆုလာဘ်အသစ်တွေ!)

Vol. 4 Ch. 43

(မစ်ရှင်အသစ်..ဆုလာဘ်အသစ်တွေ!)

Vol. 4 Ch. 43

ကြောင်မဲလေး နှစ်ကောင်ဆီမှ စပ်စုတဲ့ မျက်လုံးလက်လက်လေးနဲ့ အမဲရောင်အမွှေးပွ လုံးလေးက ဟွာဖေးရှုဆီ တည့်တည့် ပြေးဝင်လာ၏။

ဟွာဖေးရှုရဲ့ ခြေထောက်အောက်ကို ရောက်တာနဲ့ သူ့ခေါင်းနဲ့ တိုးခွေ့လိုက်သည်။ ပြီးနောက်မှာ ကိုယ်ကို လှိမ့်ချလိုက်တာမို့ ဗိုက်မဲမဲလေး ထွက်ပေါ်လာ၏။

ဟွာဖေးရှုရဲ့ မျက်လုံးတွေ တောက်ပသွားပြီး

“ အိုး! အရမ်းချစ်ဖို့ကောင်းတာပဲ”

“ ကြည့်လိုက်အုံး.. သေးသေးလေး!”

“ မင်း ဗိုက်ကိုပွတ်ပေးတာ ကြိုက်လား? မင်းကြိုက်သွားမှာ ငါလောင်းရဲတယ်!”

သူမ ချက်ချင်းပဲ အောက်ထိုင်ကျသွားပြီး ပါးစပ်က ချီးကျူးစကားတွေ အဆက်မပြတ် ရွတ်လိုက်ရင်း ဗိုက်သားလေးကို ပွတ်လိုက်၏။

ထိုအချိန်မှာ တစ်ပုံစံထဲပဲ ချစ်ဖို့ကောင်းတဲ့ နောက်ထပ် ကြောင်မဲလေးက ယွဲ့ရှုယန်ဆီကို တိတ်တဆိတ် ချဥ်းကပ်သွားလိုက်သည်။

သူလေးက ယွဲ့ရှုယန်ကို အကြာကြီး စိုက်ကြည့်နေသေး၏။ မသိလျှင် သူမကို ထိုက်တန်မတန် စစ်ဆေးနေသည့်အတိုင်းပင်။ အဆုံးမှာ ခွင့်ပြုတဲ့အနေနဲ့ ယွဲ့ရှုယန်ရဲ့ ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက်မှာ အသံတစ်ချက်မပေးဘဲ လက်သေးသေးလေးနဲ့ ပုတ်လိုက်သေး၏။

ယွဲ့ရှုယန် မျက်တောင်ခတ်သွားသည်။ ဖြည်းဖြည်းပဲ သူမ လက်လှမ်းသွားပြီး ခေါင်းလေးကိုပုတ်ပေးလိုက်သည်။

ကြောင်မဲလေးက သူမရဲ့လက်ဆီကို ပိုတိုးဝင်ရင်း ညည်းသံပြုလာသည်။

သူမ လက်ခံစွာခေါင်းညိတ်လို​က်သည်။

“ချစ်စရာလေး”

လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်း တစ်ချိန်ထဲပဲ အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက်မှာ အတူတူ ထိုင်ချလိုက်ကြပြီး လက်ဆန့်ကာ လာဖို့ လက်ယပ်ခေါ်လိုက်ကြ၏။

​ကြောင်လေးတွေက အနည်းငယ် ထပ်အပွတ်ခံရတာကို စိတ်မဆိုးပါဘူး.. ဟုတ်တယ်မလား?

ဒါပေမဲ့ မှားသွားခဲ့သည်။

အမွှေးပွလေး နှစ်လုံးက ထိုနှစ်ယောက်ကို တစ်ချက်တောင် လှည့်မကြည့်ချေ။

လင်ယွီကျွင်း အနေခက်စွာ ချောင်းဟန့်လိုက်ပြီး ထပ်ကြိုးစားသည်။ ပိုပြီး.ဖိတ်ခေါ်တဲ့ပုံပေါက်အောင် လက်ချောင်းလေးတွေ လှုပ်လိုက်ပါသေးသည်။

ဒါပေမဲ့ ဘာမှထူးမလာဘူး။

ရှောင်းလျန်ဖန်းလဲ အရှုံးကို လက်မခံချင်စွာ ကြောင်လေးတွေရဲ့ အာရုံစိုက်မှု ရဖို့ ကြိုးစားပြန်၏။

“ ဒီမှာ ဒီမှာ..ကြောင်လေးတွေ”

ကြောင်မဲလေးတစ်ကောင်က အသေးငယ်ဆုံးသော နားရွက်လေး လှုပ်ပြလာ၏။

ဒါပေမဲ့ ဒီလောက်ပဲ။

လင်ယွီကျွင်းနဲ့ရှောင်လျန်ဖန်း နေရာတင် ထိုင်ပြီး လျစ်လျူရှုခံနေရသည်။ ကြောင်လေးတွေနဲ့ မိန်းကလေးနှစ်ယောက် ပျော်ပါးစွာ ဆော့ကစားနေတာကို ကြည့်ရုံပဲ တတ်နိုင်တော့၏။

လင်ယွီကျွင်း ချောင်းတစ်ချက်ဟန့်ပြီး စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်သည်။ သူ အကြီးအကဲနှစ်ယောက်ဘက်ကို လှည့်လိုက်၏။

“ ဆရာနဲ့ အကြီးအကဲဖုန်း ကျွန်တော် ပစ္စည်းတွေကို မိတ်ဆက်ပေးပါရစေ”

အကြီးအကဲနှစ်ယောက်က ခေါင်းညိတ်ပြီး လင်ယွီကျွင်းနောက်ကို လိုက်လာကြ၏။ စင်နားကို ရောက်တာနဲ့ သူတို့ရဲ့အကြည့်တွေက ရောင်စုံတဲ့ အဖုံးကိုယ်စီပါသော ဗူးဝိုင်းလေးတွေပေါ် ကျရောက်သွားသည်။

“ ဒီသေးငယ်တဲ့ ခွက်ပုံစံ ပစ္စည်းလေးက အလင်းပွင့်စေတယ်ပေါ့?”

အကြီးအကဲ ထျန်းရှန့်က အမဲသားခေါက်ဆွဲဗူးကို ယူလိုက်ရင်း အနီးကပ်လေ့လာ၏။

ဒီပစ္စည်းက သူနဲ့လုံးဝကို မရင်းနီးနေ​ပေ။ သူ့ရဲ့ရှည်လျားတဲ့ သက်တမ်းနဲ့ ပေါများလှတဲ့ အတွေ့အကြုံရှိတာတောင်မှ ဒီလိုပစ္စည်းမျိုးကို ဒီနေ့ဒီချိန်အထိ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

ရေခဲသေတ္တာနားကို ရောက်သောအခါမှာ လင်ယွီကျွင်းရဲ့မျက်လုံးတွေ တောက်ပသွားသည်။.ချက်ချင်းပဲ သူ တစ်စုံတစ်ခုကို သတိထားမိသွားသည်။

အထဲမှာ ရှိနေသော သတ္ထုဗူးရဲ့ ပတ်ပတ်လည်တွင် ရေငွေ့လေးတွေ တွဲလွဲခိုနေသည်။ ဒီဗူးက ကိုလာနဲ့ ပုံစံဆင်ပေမဲ့ အ​ပြင်က ဒီဇိုင်းကွဲ၏။

နာမည်ရဲ့ အပေါ်တွင် အဝါရောင်အသီး တစ်ခုနဲ့ ပူပေါင်းပုံလေးတွေပါသည်။

“ သံပုရာဆိုဒါ”

လင်ယွီကျွင်း လက်ညိုးထိုးလိုက်ကာ

“ သူဋ္ဌေး ဒါပစ္စည်းအသစ်လား?”

ဟောင် တစ်ချက် ကြည့်လိုက်သည်။

“ အင်း ဒီနေ့ပဲရောက်တာ”

“ သောက် ကောင်းတယ်”

ကောင်းတယ်?

လင်ယွီကျွင်း မျက်လုံးတွေ မှေးကျဥ်းလိုက်သည်။ သူဋ္ဌေးက ကောင်းတယ် ပြောမှတော့ ကိုလာလိုမျိုး အစွမ်းတစ်ခုခု ရှိရမယ်။

သူ ဈေးကို စစ်ဆေးလိုက်သည်။

ဝိညာဥ်ကျောက်တုံးသုံးတုံး။

ကိုလာနဲ့ အတူတူပဲ။

အကြီးအကဲတွေလဲ ဈေးကို သတိထားမိသည်။ သူတို့ရဲ့တပည့်တွေဆီက ကြားပြီးသားဆိုပေမဲ့ အခုလို သာမာန်ဆန်သည့် ပစ္စည်းကို ဒီဈေးရောင်းတာတော့ သူတို့အနေနဲ့ သိပ် မလက်ခံချင်ဘူး။

ဒါပေမဲ့ သူတို့ပြောသလို ရနိုင်မဲ့အစွမ်းတွေက တစ်ကယ်ပဲဆိုရင် ဒီဈေးနဲ့ရောင်းတာက အလကား ပေးသလိုပဲ!

လင်ယွီကျွင်း ဆုံးဖြတ်ပြီးပြီ။ သူ သောက်ကို သောက်ကြည့်ရမည်။ အစွမ်းကိုသိချင်ရုံထက် သူ အရသာကို မြည်းချင်သည်။

စုစုပေါင်းအားဖြင့် ထိုအုပ်စုသည် အမဲသား ခေါက်ဆွဲ ခြောက်ဗူး၊ ကြက်သားလေးဗူး၊ ကိုလာခြောက်ဗူးနဲ့ သံပုရာဆိုဒါ တစ်ဗူး ဝယ်လို​က်ကြ၏။

ဟောင် ဝိညာဥ်ကျောက်တုံး ၃၁ တုံး ရလိုက်သည်။

သူ ပစ္စည်းတွေကို စကန်ဖတ်ပြီးလို့ ပေးပြီးတာနဲ့ ခေါင်းထဲကို အသိပေးချက် ဝင်လာသည်။

…………….

ပင်မမစ်ရှင်- အသင့်စားခေါက်ဆွဲ ဗူးနှစ်ဆယ် ရောင်းရန်။

တိုးတက်မှု- 16/20 မှ 20/20

ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်။ အမဲသားအရသာခေါက်ဆွဲအစပ်နဲ့ ကြက်သားအရသာခေါက်ဆွဲအစပ်။

(ပြီးတာနဲ့ ဂိုထောင်ကို ပို့ထားမည်)

အခြေအနေ- မစ်ရှင်ပြီးမြှောက်။ ဆုလာဘ် ယူတော့မည်လော?

……….

ယူမယ်။

ဆုလာဘ် ရယူပြီးပါပြီ။

( မစ်ရှင်အားလုံးပြီးပြီမို့ မစ်ရှင်အသစ်တွေ ပေးပါမည်။ အလုပ်ကြိုးစားပြီး ဆိုင်ကို ရောင်းကောင်းအောင်လုပ်ပါ ပိုင်ရှင်)

ဟောင် ပုံရိပ်ယောင် မျက်နှာပြင်ကို ကြည့်လိုက်သည်။

…………

ပင်မ မစ်ရှင်- ကြက်သားအရသာ ဖြစ်စေ၊ အမဲသားအရသာဖြစ်စေ တစ်မျိုးထဲက အစပ်အရသာ ဗူးငါးဆယ်နဲ့ ပုံမှန်အရသာ ဗူးသုံးဆယ် ရောင်းရန်။

တိုးတက်မှု- 0/50 အစပ်နဲ့ 0/30 အချို။

ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်..

အားလူးကြော်။

( လုပ်ငန်းချိန်ပြီးမှ ဂိုထောင်ကို ပို့ထားမည်)

……..

ရောင်းရမဲ့ ခေါက်ဆွဲက အများကြီးဆိုပေမဲ့ မဆိုးပါဘူး..

ခေါက်ဆွဲတွေက ဆိုင်ရဲ့ ရောင်းအကောင်းဆုံး ပစ္စည်းတွေပဲ။ အရသာ ရှိရုံတင်မကပဲ ကျင့်ကြံသူတွေကို အလင်းပွင့်စေတာလေ။ ဘယ်သူမဆို စားဖူးသွားရင် ထပ်စားချင် ကြမှာပဲ။ တစ်နည်းပြောရရင် ဒီမစ်ရှင်က စိတ်ဝိညာဥ် ကျောက်တုံးတောင်းတဲ့ မစ်ရှင်လို့ ပြောရမယ်။

ပြီး ဆုလာဘ်က အာလူးကြော်တဲ့လား?

သွားရည်တောင် ကျချင်လာပြီ။

ကျွတ်ကျွတ်ငန်ငန်လေးနဲ့ ပါးစပ်ထဲ စွဲသွားမှာပဲ။ ဖျော်ရည်အေးအေးလေးနဲ့ တွဲသောက်ဖို့ အသင့်တော်ဆုံး အစာပြေမုန့်ပဲ!

‘ အင်း အဲ့ဒါလဲ ရူးလောက်အောင် ရောင်းကောင်းအုံးမှာ’ ဟောင် ပြုံးလိုက်သည်။

……….

အရန်မစ်ရှင်တစ်- ကိုလာနဲ့ သံပုရာဖျော်ရည်မှ ဝိညာဥ်ကျောက်တုံး ၁၅၀ စုဆောင်းရန်။

တိုးတက်မှု- 0/150

ဆုလာဘ်- ရောင်းကုန်အသစ်ပွင့်မည်.. မက်မွန်လက်ဖက်ရည်။

( အလုပ်ချိန်ပြီးမှ ဂိုထောင်သို့ ပို့ပေးထားမည်)

…….

မက်မွန်လက်ဖက်ရည်?

ဟောင် အရင်က လက်ဖက်ရည် သောက်ဖူးပေမဲ့ မက်မွန်လက်ဖက်ရည်ကတော့ သူ့အတွက် အသစ်အဆန်းပင်။

လက်ဖက်ရည်က ငါ့အကြိုက်တော့ မဟုတ်ပေမဲ့ ဒါလဲ ကောင်းတာပါပဲ။ အသက်ကြီးတဲ့ကျင့်ကြံသူတွေဆိုရင် ကိုလာနဲ့ သံပုရာဆိုဒါထက်က ဒါကို ပိုကြိုက်လောက်မယ်။

‘ ပြီးတော့ပိုများတဲ့ သောက်စရာတွေ ရွေးဖို့ ရှိနေတာစီးပွားရေးအတွက် ပိုကောင်းတာပေါ့’

…………..

အရန်မစ်ရှင်နှစ်- ဆိုင်အစောင့်နှစ်ယောက် ထားရန်။ ဆိုင်ကို အခုလို အကာအကွယ်မဲ့ ထားမှာ မဟုတ်ဘူးမလား?

တိုးတက်မှု- 0/2

လိုအပ်ချက်- ဆိုင်အစောင့်ဖြစ်နိုင်မဲ့ တစ်ယောက်ချင်းဆီက ကောင်းကင်အင်ပါယာ နယ်ပယ်နှင့်အထက် ရှိရမည်။ လိုအပ်ချက်နဲ့

ကိုက်ညီသူကို မြင်လျှင် စနစ်မှအသိပေးမည်။

ဆုလာဘ်- အလုပ်သမားတွေရဲ့ အမှတ်သင်္ကေတ ပွင့်မည်။

( အလုပ်ချိန်ပြီးမှ ဂိုထောင်သို့ ပို့ပေးပါမည်)

…………

ဆိုင်အစောင့်? ငါက ဘာတွေ ကာကွယ်ဖို့ လိုမှာမို့လဲ?

ငါက ဆရာကြီးလေ။ ဘယ်ကောင်မှ ငါ့ကိုထိခိုက်အောင်လုပ်နိုင်တာ မဟုတ်ဘူး…. အင်း.. ဆိုင်ထဲမှာဆိုရင်ပေါ့။

ဒါပေမဲ့ ဟောင် အတွေးတစ်ခု ဝင်လာခဲ့သည်။

အကယ်လို့ ဆိုင်ထဲမှာ တစ်ယောက်ယောက်က ဈေးဝယ်ကို ထိခိုက်အောင် လုပ်မယ်ဆိုရင်ကော?

ဆိုင်ထဲမှာဆို လူတိုင်းရဲ့ သန်မာမှုကို ဖိနှိပ်နိုင်တာ ဟောင် သိသည်။ ဒါပေမဲ့ အဲ့ဒါကလဲ သူက လုပ်ခိုင်းမှ ဖြစ်တာပင်။ အလိုအလျောက်ဖြစ်တာမျိုး မဟုတ်ဘူး။

အကယ်လို့ တစ်စုံတစ်ခုက အမြန်ကြီးဖြစ်ပျက်သွားရင် သူ တုံ့ပြန်ချိန် မရတာမျိုး ဖြစ်သွားနိုင်သည်။

‘ စနစ် အလိုအလျောက်ကာကွယ်တာမျိုးက ငါ့အတွက်ပဲရှိတာလား?’

( အင်းလေ ပိုင်ရှင်တစ်ယောက်ပဲ ရတာ)

‘ ဒါဆိုဘာလို့..’

ဟောင် သက်ပြင်းချလိုက်သည်။ သူက ကိုယ့်ကိုယ်ကို လုံခြုံဖို့ပဲ အာရုံစိုက်မိပြီး ဈေးဝယ်တွေကို မေ့သွားတာပဲ။

ဆိုင်ထဲမှာ တစ်ကယ်ကို သင့်တော်တဲ့ လုံခြုံရေး လိုအပ်သည်။ အနာဂတ်မှာ ဘယ်လိုလူစားတွေ၊ ဘယ်လို သတ္တဝါတွေ ပေါ်လာမလဲ ဘယ်သူပြောနိုင်မှာမို့လဲ?

နောက်မှ နောင်တရတာထက် ကြိုပြင်ဆင်ထားတာ ပိုကောင်းတာပေါ့။

နောက်ထပ် ပြဿနာတစ်ခုလဲ ရှိသေးသည်။ ဆိုင်ထဲမှာဆို သူ အပြည့်အဝ ထိန်းချုပ်နိုင်ပေမဲ့ ဆိုင်အပြင်ရောက် သွားတာနဲ့ သူ ဘာမှ မတတ်နိုင်တော့ဘူး။

ပြဿနာက တံခါးပေါက်မှာ တက်နေခဲ့တာဆိုရင် သူ သိရမှာတောင် မဟုတ်ဘူး။

‘ ငါ အစောင့်ငှားလိုက်ရင် သူတို့တွေ အထဲကော၊ အပြင်ကော စောင့်ကြလိမ့်မယ်’

ဟောင် ခေါင်းညိတ်လိုက်သည်။ လုံလောက်တဲ့ သန်မာမှုရှိတဲ့သူကို မြန်မြန်တွေ့လေ ကောင်းလေပဲ။

All Chapters