← Chapters

( ဒီခေါက်ဆွဲတွေက မြို့ကြီးတစ်ခုလုံးကို လှုပ်ခတ်စေနိုင်လောက်တယ်!)

Vol. 4 Ch. 46

( ဒီခေါက်ဆွဲတွေက မြို့ကြီးတစ်ခုလုံးကို လှုပ်ခတ်စေနိုင်လောက်တယ်!)

Vol. 4 Ch. 46

ဒီခေါက်ဆွဲတွေက ဝိညာဥ်ကျောက်တုံး နည်းနည်းပဲ ပေးရပြီး တစ်ယောက်ယောက်က စားလိုက်တာနဲ့… ဘွန်း.. သူ အဆင့်တက် သွားမယ်ပေါ့?

ဟာသပဲ..ဒါမဖြစ်နိုင်ဘူး။

ဒါပေမဲ တစ်ကယ် ဖြစ်လာခဲ့ပြီ။

ဒီသတင်းကသာ ​ကောင်းကင်ပြာ တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ရင် ဖြစ်လာမဲ့ ပရမ်းပတာ အခြေအနေကို အကြီးအကဲ နှစ်ယောက်လုံး ကြိုမြင်နေမိပြီ။

ဘယ်လောက်တောင် သန်မာတဲ့ ကျင့်ကြံသူတွေ၊ ဘယ်လောက်တောင် အာဏာရှိတဲ့ပုဂ္ဂိုလ်တွေများ ဒီခေါက်ဆွဲကို ရနိုင်ဖို့ တိုက်ခိုက်လိမ့်မလဲ?

ဒါက အလင်းပွင့်စေရုံတင် မဟုတ်သေးဘူး…

အရသာ တစ်ခုနဲ့တင် ပေးရတဲ့ဈေးက တန်နေပြီ။ ဒါကို ထပ်စားရဖို့ နှစ်တွေ၊ လတွေ များစွာ စောင့်စားရအုံးမယ်ဆိုရင်တောင် ထိုက်တန်သည်။

အကြီးအကဲနှစ်ယောက် အကြည့်ချင်း ဖလှယ်လို​က်ရင်း အချင်းချင်း နားလည်လိုက်ကြသည်။ သူတို့ စကားပြောဖို့ မလိုဘူး။.. သူတို့နှစ်ယောက်လုံးရဲ့ အတွေးက တူညီတဲ့နေရာမှာ အဆုံးသတ်နေတာလေ။

သူတို့အခု ကြုံတွေ့ခဲ့ရတဲ့အရာက သာမာန် အစားအသောက်တစ်ခု မဟုတ်ဘူး။

လူတွေ ဒါကိုရနိုင်ဖို့ လိမ်လည်ကြမယ်၊ အကွက်တွေ ဆင်ကြလိမ့်မည်။ အချိန်တောင် ကြာလိုက်မှာ မဟုတ်ဘူး။ ဒီဆိုင်ငယ်လေးက ပြဿနာတွေရဲ့ ဗဟိုဖြစ်လာလိမ့်မည်။

ဒါပေမဲ့ စိတ်ပူစရာ ကိစ္စက တစ်ခုထဲ မဟုတ်သေးဘူး။

အကြီးအကဲ ထျန်းရှန့်ကော၊ အကြီးအကဲ ဖုန်းယွီဟန်ကောသည် ဒီအရာက သေမျိုး တစ်ယောက်ရောင်းနေတယ်ဆိုတာ ယုံရအောင် မရူးနှမ်းသေးဘူး။

မသေမျိုးရသေ့ တစ်ယောက်လား? ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အထက်ဘုံက အဆင့်မြင့် ပုဂ္ဂိုလ် တစ်​ယောက်ယောက်လား? ဒါမှမဟုတ် ကျင့်ကြံရတာ ပျင်းလာလို့ တိတ်ဆိတ်တဲ့ ဘဝမှာ နေချင်တဲ့ အဆင့်မြင့် ကျင့်ကြံသူများလား?

ဟုတ်တယ်.. သူတို့ပိုပြီး တွေးလေလေ၊ ပိုပြီး မြင်လာလေလေပဲ!

ဒီ ဆိုင်ရှင်က လောကီရဲ့ ကိစ္စတွေကနေ အဝေးမှာနေချင်တဲ့ နှိုင်းယှဥ်လို့မရတဲ့ မသေမျိုးဆိုင်ရှင်ပဲ ဖြစ်ရမည်! ကျင့်ကြံရေး လောကရဲ့ လောဘတွေနဲ့ သွေးစွန်းမှုတွေကို သူအများကြီး ကြုံတွေ့ခဲ့ပြီးလောက်ပြီ။ ဒါကြောင့်မို့ အဆုံးမှာ သာမာန် ဆိုင်ရှင်လေး တစ်ယောက်လိုဟန်ဆောင်ပြီး နှိမ့်ချစွာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာပဲ။

အကြီးအကဲလေး နှစ်ယောက် အဆင့်လောက်နဲ့ သူ့ရဲ့ အေးချမ်းတဲ့ဘဝလေးကို သွားနှောက်ယှက် မိလို့ကတော့..

သူတို့ရဲ့ တစ်ကိုယ်လုံးကို အအေးဓာတ်က ဖြတ်ပြေးသွား၏။

သူ့ကို စိတ်တိုအောင် လုပ်ဖို့ မပြောနဲ့… ဒီနေရာနဲ့ ပတ်သတ်ပြီး သတင်းဖြန့်တာကိုက သူ့ရဲ့ ကိစ္စတွေမှာ ဝင်ပါသလို ဖြစ်သွားနိုင်သည်!

မဖြစ်ဘူး။

သူတို့ မတွေးတောဘဲ လှုပ်ရှားလို့မဖြစ်ဘူး။

ညီမျှမှုကို ဆက်လက်ထိန်းနိုင်ဖို့အတွက်… မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အေးချမ်းတဲ့ ဘဝကို အနှောက်အယှက် မပေးမိဖို့အတွက်…

သူတို့ ဒီဆိုင်ကို လျှို့ဝှက်ချက်အနေနဲ့ ထားမှ ဖြစ်မည်!

ဒါ လောဘကြီးတာ မဟုတ်ဘူး။ သူတို့တွေ အကျိုးအမြတ်ကို တစ်ယောက်ထဲ လက်ဝါးကြီး အုပ်ချင်လို့ မဟုတ်ဘူး။

ဒါက ဉာဏ်ရှိရှိ ဆုံးဖြတ်တဲ့ကိစ္စပဲ!

ဒါက သေရေးရှင်ရေးနဲ့ ဆိုင်တဲ့ကိစ္စ!

ဟောင် သာ သူတို့ရဲ့ အတွေးတွေကို ကြားနိုင်မယ်ဆိုရင် ဘယ်လိုတွေးမလဲ သူတို့ သိလောက်မလား…

“ ငါ့ရဲ့အေးချမ်းမှုကို နှောက်ယှက်မိမယ်ဆိုတာ ဘာကိုပြောတာလဲ? ဘာကိုပြောတာလဲလို့! ငါ လုံလောက်အောင် အေးချမ်းပြီးပါပြီဟာ။ ဈေးဝယ်လာလေ ငါပိုကြိုက်လေလေပဲ။ ဒါမှ ငါ့မစ်ရှင်တွေ မြန်မြန် ပြီးမှာလေ!”

“ အဲ့ဒါမှ စနစ် ပြောပြောနေတဲ့ စောက်ရမ်း မိုက်တဲ့ကျင့်ကြံသူဖြစ်လာမဲ့ ငါ့အိပ်မက်က နီးစပ်လာမှာ! စကားလေး တစ်ခွန်းနှစ်ခွန်း ပြောလိုက်လို့ မင်းတို့ မြွေမကိုက်ပါဘူးကွ!”

ဒါပေမဲ့ ကံကောင်းစွာဖြင့် ဟောင်သည် အကြီးအကဲ နှစ်ယောက်ရဲ့ အတွေးကို မကြားနိုင်ခဲ့ပေ။ မဟုတ်လို့ကတော့သူ ထိုင်ငို သွားလောက်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင် အနေနဲ့ သူတို့ရဲ့ ကိစ္စတွေကို ဝင်ပါလို့ မရပေ။ စနစ်ရဲ့ စည်းကမ်းချက်တွေက သူ့ကို ဝင်ပါဖို့ ခွင့်မပြုထားဘူး။

ဟောင် ဝင်ပါဖို့ လုပ်ရင်တောင် စနစ်က ဒါမျိုးပြောလာလောက်သည်။

“ မရှက်တတ်ဘူးလား? ကိုယ့်ကိုယ်ကို အရှက်ခွဲမနေနဲ့။ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ရဲ့ ပိုင်ရှင်အနေနဲ့ ပိုင်ရှင်က ဒါတွေအားလုံးထက် မြင့်တယ်။ ဘာမှ ကြော်ညာဖို့မလိုဘူး။ ရောင်းကုန်တွေက သူတို့နဲ့ထိုက်တန်တဲ့ ဆွဲဆောင်မှုကို ထုတ်ပြလိမ့်မယ်”

အကြီးအကဲ ထျန်းရှန့်က လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။

‘ အကြီးအကဲဖုန်း.. ဒီနေ့ပြီးတာနဲ့ ဒီဆိုင် မတည်ရှိတော့ဘူး’

အကြီးအကဲ ဖုန်းယွီဟန် ခေါင်းညိတ်လိုက်သည်။

‘ သဘောတူတယ်။ တစ်ယောက်ယောက် မေးလာရင် ငါတို့ဒီကို ဘယ်တုန်းကမှ မရောက်ဖူးဘူး’

‘ မင်းရဲ့ တပည့်တွေကိုလဲ ဒါကိုပြောထားပါ။ ဒီဆိုင်နဲ့ ပတ်သတ်ပြီး.ဘယ်သူမှ သိလို့ မဖြစ်ဘူး။.. တစ်ခုမှ သိသွားလို့ မဖြစ်ဘူး’

‘ မင်းလဲ ပါးစပ်ကို လုံအောင်ပိတ်ထား’

အကြီးအကဲ ထျန်းရှန့် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်နှာက တည်တင်းသွားပြီး

‘ အင်း အကြီးအကဲဖုန်း ဘယ်သူ့ကိုမှ တစ်ခွန်းတောင် မဟဘူး’

ဒါက သူတို့ကြားတင် မဟုတ်တော့ဘဲ ဂိုဏ်းနဲ့ပါ ဆိုင်သွားပြီပင်။ ဒီအကြောင်းကို တစ်ခွန်းထုတ်ပြောမိတာနဲ့ တောမီးလို လျင်မြန်စွာ ပျံ့သွားလိမ့်မည်။

အကျိုးဆက်က လုံးဝ ကပ်ဘေးဆိုက်မှာပဲ။ မတော်ရင် တစ်ဂိုဏ်းလုံး နေ့ချင်းညချင်း ပျောက်ကွယ်သွား နိုင်သည်။

‘ ငါတို့ ဂိုဏ်းခေါင်းဆောင်ကို ဒါနဲ့ပတ်သတ်ပြီး အသိပေးသင့်လား?’

အကြီးအကဲ ဖုန်းယွီဟန် အတွေးနက်သွားပြီး နောက်မှာ တစ်ဖြည်းဖြည်း ခေါင်းငိုက် စိုက်ကျသွားသည်။

‘ ငါ့အထင် ငါတို့လဲ ပိုကောင်းဖို့အတွက် လုပ်ရတာပဲ’

သူတို့နှစ်ယောက်လုံး သေချာ နားလည်တာပေါ့။ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်လဲ ဂိုဏ်းအတွက် အကောင်းဆုံးက ဘာဆိုတာ သိမှာပဲ။

သူတို့တွေ တိတ်တိတ်လေး အကျိုးအမြတ် ရချင်လို့ ဂိုဏ်းခေါင်းဆောင်ကို ကျော်သွားတာ မျိုးမဟုတ်ပါဘူး။

လုံးဝအဲ့လို မဟုတ်ဘူး!

သူတို့က အသိအသာကို တာဝန်ယူမှု ရှိနေတာ.. ဒါတွေ အားလုံးက ပိုကောင်းတဲ့ အဖြစ်အပျက်တွေအတွက်ပဲ… အင်း ပြီးတော့ ဂိုဏ်းရဲ့ လုံခြုံရေး အတွက်ကောပဲ။

ဘာမှမပို၊ ဘာမှမလျော့ဘူး.. ဂိုဏ်းရဲ့ လုံခြုံရေးကြောင့်ပဲ! သူတို့အတွက် အပို ငြိမ်းချမ်းမှုနဲ့ အပို အကျိုးအမြတ် ရချင်လို့ 'လုံးဝ မဟုတ်ဘူး’!

အကြီးအကဲထျန်းရှန့်ရဲ့ မျက်လုံးက စားပွဲပေါ်ကို ပြန်ရောက်သွားပြီး နောက်ထပ် ပစ္စည်းကို ကြည့်လိုက်သည်။ သူ နောက်တစ်ခု စမ်းကြည့်ရမည်။

ဒါကို ဘာလို့ခေါ်တာ ပါလိမ့်? သူ နာမည်ကို မျက်လုံးများ မှေးကာ ဖတ်လိုက်သည်။

“ အာ ကိုကာကိုလာ!”

“ အင်း အဲ့ဒါပဲ”

ဗူးကို ထိပ်သီး ပစ္စည်းမျိုးနဲ့ ဖန်တီးထားပုံ ရှိပြီး အလင်းရောင်အောက်တွင် ချောမွေ့သော မျက်နှာပြင်သည် အလင်းပြန်နေသည်။ ဒီဆန်းကြယ်တဲ့ စတိုးဆိုင်က ရောင်းကုန် ဆိုသည့်အတိုင်းပဲ ဖန်တီးထားပုံက လက်ရာ မြောက်လှသည်။

ဒါတွေ အားလုံးကို ဆိုင်ရှင် ကိုယ်တိုင် လုပ်တာလား ဒါမှမဟုတ် ကျွမ်းကျင် တစ်ယောက်ယောက်ကို ခိုင်းထားတာလား သူ သိချင်မိသွား၏။ ဘယ်လိုပဲ ဖြစ်ပါစေ အသေးစိတ် လုံးဝ ဂရုတစိုက် ဖန်တီးထားမှန်း သိနိုင်သည်။

ဘယ်လို ဖွင့်ရမလဲ အနည်းငယ် လေ့လာပြီး နောက်မှာ အဆုံးတော့ သူ ဖွင့်နိုင်သွားသည်။

ရှီး!

လေပူပေါင်း အနည်းငယ် ထွက်လာသလို အသံကလဲ ကျေနပ်ဖို့ ကောင်းလှသည်။ အကြီးအကဲ ထျန်းရှန့် အနံ့ခံ ကြည့်လိုက်သည်။

သကြားလား?

ဒါပေမဲ့ အထဲက အမဲရောင်အရည်တွေကို စိုက်ကြည့်ရင်း သူ သက်ပြင်းရှိုက်မိသွားသည်။ ဒါက… အဆိပ်နဲ့ မတူဘူးလား? ဒါပေမဲ့ သိချင်စိတ်ကြောင့် သူ တစ်ငုံသောက် ကြည့်လိုက်သည်။

အရသာ ချက်ချင်းပဲ သူ့ကို ရိုက်ခတ်သွား၏.. ချိုပေမဲ့ လူကို အီပြီး ရပ်သွားစေတဲ့ ချိုပုံချိုနည်း မဟုတ်ဘူး။ လျှာဖျားကို ပိုတောင်းတစေတဲ့ အချိုဓာတ်လေး စွတ်ထားတဲ့အပြင် စူးရှမှုက လည်ချောင်းထဲပါ စီးဝင်သွား၏။

သူ ခဏရပ်သွားပြီး ကုန်သွားပြီဖြစ်တဲ့ ဗူးအလွတ်ကို ကြည့်လိုက်သည်။

အတည်ပြုပြီးပြီ။ ဒီဖျော်ရည်ကလဲ ခေါက်ဆွဲလိုမျိုး အံံ့သြဖို့ကောင်းတဲ့ အစွမ်းရှိတာပဲ။ ပုံစံတော့ ကွာပေမဲ့ အစွမ်း နှစ်မျိုးလုံးက အထင်ကြီးဖို့ ကောင်းသည်။

တုံ့ပြန်မှုကို တိုးမြှင့်ပေးတာလား..? သူ့တပည့် လင်ယွီကျွင်းက ဒါက နှစ်ဆလောက် မြန်သွားစေသည် ပြောခဲ့ပေမဲ့ သူတို့ရဲ့ ကျင့်ကြံဆင့်ကြောင့် အစွမ်းက လျော့သွားတာလား?

သူ့ရဲ့ တုံ့ပြန်မှုကို 60% လောက်ပဲ မြန်သွားစေသည်။

ဖြစ်သင့်ပါသည်။ ဒီလောက်ကိုက အရမ်း လွှမ်းမိုးနိုင်တဲ့ တိုးတက်မှု ဖြစ်နေခဲ့ပြီ။ ပြီးတော့ သူ့တပည့်ရဲ့ ပြောကြားချက် အရဆို ဒါက ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး!

ဘယ်လို မကောင်းဆိုးဝါး ဆေးရည်မလို့ ဒီလို အကျိုးမျိုးရှိတာလဲ? ဒဏ္ဍာရီလာ ဆေးလုံး ကျင့်ကြံသူ ဖန်တီးထားတဲ့ ဒဏ္ဍာရီလာ ဆေးတောင်မှ ဘေးထွက်ဆိုးကျိုး တစ်ချို့ရှိသည်။ ဒါက လောကကြီးရဲ့ သဘာဝပဲလေ။

ဒီ တိုးမြှင့်မှုနဲ့သာဆို ရေလှိုင်းသံစဥ် ဓားဘုရင် ဂိုဏ်းရဲ့ ကျန်တဲ့ ပင်မ အကြီးအကဲ သုံးယောက်ကို တစ်ယောက်ချင်း ယှဥ်တိုက်ရင် လုံးဝနိုင်မယ်မှန်း အကြီးအကဲ ထျန်းရှန့် ကောင်းကောင်း ပြောနိုင်သည်။

All Chapters