← Chapters

( ဂတုံးဆေးလုံးကျင့်ကြံသူရဲ့ ကိုလာ စမ်းသပ်ပွဲ)

Vol. 4 Ch. 47

( ဂတုံးဆေးလုံးကျင့်ကြံသူရဲ့ ကိုလာ စမ်းသပ်ပွဲ)

Vol. 4 Ch. 47

ဒီအစွမ်းနဲ့ တစ်မိနစ်လောက် မပြောနဲ့ မိနစ်ဝက်လောက်ပဲ အချိန်ရခဲ့ရင်တောင် သူနဲ့ အဆင့်တူတဲ့ ဘယ်ကျင့်ကြံသူကိုမဆို အကြီးအကဲ ထျန်းရှန့် အနိုင်ယူနိုင်နေပြီ။

သူတို့တွေသာ ကိုလာရဲ့ အစွမ်းကို သတိထားမိလို့ သတိအကြီးကြီး ထားနေတာမျိုး မဟုတ်ရင် သူချက်ချင်း အနိုင်ယူပစ်လို့ရသည်!

ကိုလာရဲ့ အစွမ်းက အရမ်း အံ့သြဖို့ကောင်းသည်။

ပြီးတော့ ဝိညာဥ်ကျောက်တုံး သုံးပဲ ပေးရတယ်?

နှစ်တစ်ရာလောက် တံခါးပိတ် ကျင့်ကြံထားရင်တောင် အခုလို အစွမ်းမျိုး ရနိုင်မှာ မဟုတ်ဘူး။

ထိုအချိန် တစ်လျှောက်လုံးမှာ အကြီးအကဲ ဖုန်းယွီဟန်က အကြီးအကဲထျန်းရှန့်ကို လေ့လာနေခဲ့သည်။ ကိုလာရဲ့ အစွမ်းက ပြောထားတဲ့အတိုင်း အံ့သြဖို့ကောင်းမှန်း သူမ သဘောပေါက်သွားတော့၏။ ထိုသူရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက် ထိုထက်ပင် ပိုနေနိုင်သည်!

သူမ ဘာမှမပြောဘဲ စိုက်သာကြည့်နေခဲ့သည်။

သူမ ဆက်ကြည့်နေသေးသည်။

ကြာလာတော့ အကြီးအကဲ ထျန်းရှန့်ပင် သူမရဲ့ ပူလောင်တဲ့အကြည့်တွေကို ခံစားမိလာပြီ။ အဆုံးမရှိတဲ့ သိချင်စိတ်တွေ ပါဝင်နေတဲ့ အကြည့်မှာ သိချင်စိတ် တစ်ခုထဲ ပါဝင်ခြင်း မဟုတ်ချေ။

ဒီအကြည့်က အရမ်းကို စူးရှပြီး အဖြေကို အသေအလှဲ လိုချင်နေတဲ့ အကြည့်မျိုးပဲ။

အဆုံးမှာ သက်ပြင်းချလိုက်ပြီး အကြီးအကဲ ထျန်းရှန့် ပြောလိုက်လေ၏။

‘ အစွမ်းကို သိချင်တာမလား အကြီးအကဲဖုန်း?’

အကြီးအကဲ ဖုန်းယွီဟန် အလွန် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ မသိရင် ကြောင်တစ်ကောင်ရဲ့ ငါးကြော်ကို မျက်လုံးလေးပြူး၊ အမြှီးတစ်ယမ်းယမ်းနဲ့ ကြည့်နေချိန်မှာ စားမလား မေးခံလိုက်ရတဲ့ အတိုင်းပဲ။

အကြီးအကဲ ထျန်းရှန့် စိတ်ထဲမှ ရယ်မောလို​က်သည်။ ထို့နောက်မှာ သူ့ရဲ့ ရင်ဘတ်ကိုပါ အနည်းငယ် မော့လိုက်သေး၏။

‘ အမ်.. အခု ငါ တစ်ယောက်ချင်း တိုက်မယ်ဆိုရင် ငါ့ဂိုဏ်းရဲ့ ပင်မအကြီးအကဲ အားလုံးကို အနိုင်ယူနိုင်ပြီ’

အကြီးအကဲ ဖုန်းယွီဟန် “.....”

သူမ မျက်တောင်ခတ်လိုက်သည်။ သူမ မျက်တောင် ထပ်ခတ်လိုက်ပြန်သည်။

သူမ အကြားမှားတာများလား?

မဟုတ်ဘူး။

သူမ အကြားမှားတာ မဟုတ်ဘူး!

ရေလှိုင်းသံစဥ် ဓားဘုရင်ဂိုဏ်းရဲ့ ကျန်တဲ့ ပင်မအကြီးအကဲ သုံးယောက်က ဘယ်လောက် သန်မာလဲ သူမသိသည်။ သုံးယောက်လုံးက သူ့နည်းသူ့ဟန်နဲ့ ကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးလို တည်ရှိမှုတွေပဲ။

တစ်ချို့ဆို သူမထက်တောင် သန်မာသေးသည်။

ဒါတောင်မှ အကြီးအကဲ ထျန်းရှန့်က အကုန်လုံးကို အနိုင်ယူနိုင်ကြောင်း ယုံကြည်ချက် ရှိစွာ ပြောနေတာလား?

ဒါက…

အကြီးအကဲ ဖုန်းယွီဟန် သူမရဲ့ ကိုယ်တွင်းက မြင့်တက်လာတဲ့ စိတ်ဆန္ဒကို ခံစားမိလိုက်သည်။ သူမ အခု သူမရဲ့ ကိုလာကို သောက်ကြည့်ပြီး ကိုယ်တိုင် ကြည့်ကြည့် ချင်သည်။

သူမရဲ့ အတွေးထဲတွင်… ‘တစ်ငုံလောက်..’

ဒါပေမဲ့ သူမရဲ့ လက်သီးနှစ်ဖက်ကို တင်းကျပ်နေအောင် ဆုတ်လိုက်သည်။

မရဘူး!

ဒါက သူမရဲ့ လျှို့ဝှက်ကဒ် တစ်ခုပဲ။

သူမရဲ့တပည့် ယွဲ့ရှုယန်ရဲ့ ပြောကြားချက်အရဆိုရင် ဒီဆိုင်မှာ ပစ္စည်းတစ်မျိုးကို တစ်ခုပဲ ဝယ်ခွင့်ရှိသည်။

သူမ မနက်ဖြန်ထိ စောင့်လို့ရသည်။ သူမ ဒါကို အခု သိမ်းထားရမည်။

အကြီးအကဲ ထျန်းရှန့်က သူမကို ကြည့်လိုက်ပြီးနောက်မှာ စငိတွေဘက်ကို ပြန်ကြည့်လိုက်သည်။

‘ ငါတို့တွေ ခေါက်ဆွဲနောက်တစ်ဗူး စားကြ မလား?’

သူ အကြံပြုလိုက်၏။

သူ့ရဲ့ စကားမဆုံးခင်မှာပဲ အကြီးအကဲဖုန်းက ခေါင်းညိတ်ပြီးနေပြီ။

ဟောင် ဆီမှာ ငွေချေပြီးတာနဲ့ သူတို့ မြန်မြန် ပြင်ဆင်လိုက်ကြသည်။ ပြောရရင် ပြင်ဆင်ရတဲ့ လုပ်ငန်းစဥ်က အရမ်း ရိုးရှင်းတာမို့ ကလေးတောင် လုပ်နိုင်သည်လေ။

ဒီ ရေထည့်စက်လို့ ခေါ်တဲ့ ပစ္စည်းက အရမ်း အသုံးဝင်တာပဲ!

ခေါက်ဆွဲကို ရေနွေးထည့်ပြီးတာနဲ့ သူတို့ စိတ်ရှည်စွာ စောင့်လိုက်ကြ၏။

မကြာမီမှာပဲ သူတို့တွေ ခေါက်ဆွဲပွဲတော်ကို ဒုတိယအကြိမ် ဆင်နွှဲတော့သည်!

ဒီအရသာက ပထမခေါက်ဆွဲဗူးလိုပဲ အလွန်ကောင်းသည်။ ဒါပေမဲ့ အကြီးအကဲ ဖုန်းက အမဲသားအရသာထက် ကြက်သားအရသာ ကို ပိုကြိုက်သည်။

သူတို့တွေ ခေါက်ဆွဲကို ပြောင်နေအောင် စားလိုက်ကြပြီး တစ်စက်တောင် မချန်ထားခဲ့ပေ။

လုပ်စရာ တစ်ခြား မရှိတော့သည်မို့ သူတို့လဲ မျက်လုံးမှိတ်ကာ ကျင့်ကြံနေလိုက်ကြသည်။ စိတ်ရှည်စွာဖြင့် သူတို့ရဲ့ တပည့်လေးယောက် အလင်းပွင့်လို့ပြီးမည့် အချိန်ကို စောင့်ဆိုင်း နေကြသည်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ တံခါးပွင့်လာခဲ့သည်။

သူတို့ရဲ့ မျက်လုံးတွေက သတိကြီးကြီးနဲ့ မျှော်လင့်စွာဖြင့် တံခါးပေါက်ကို ရောက်သွား၏။

အကြီးအကဲဖုန်းက ထိုသူကို မသိပေမဲ့ အကြီးအကဲထျန်းရှန့်က ဘယ်သူလဲဆိုတာ ချက်ချင်းပဲ သိလိုက်သည်။

ရွှေရောင်ကို အမဲဖောက်တဲ့ အင်္ကျီလတ်ပြတ် ဆေးလုံးကျင့်ကြံသူ ဝတ်ရုံနဲ့..

ပြောင်ရှင်းနေတဲ့ ဂတုံးခေါင်း..

ဒါ ပိုင်ချန်းပဲ!

အကြီးဆုံးမြို့တော်ရဲ့ နာမည်ကြီး ဆေးလုံးကျင့်ကြံသူ ပိုင်ချန်း!

ဂိုဏ်းများစွာက သူ့ကို ကမ်းလှမ်းခဲ့ကြပြီး အရည်အချင်းရှိတဲ့ ဆေးလုံးကျင့်ကြံသူကို သူတို့ဆီပါအောင် ကြိုးစားခဲ့ကြသည်။ ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ ချမ်းသာမှု၊ ဂုဏ်ဒြပ်၊ ရှားပါးပစ္စည်းတွေနဲ့ ကမ်းလှမ်းပါစေ ပိုင်ချန်းက အကုန်လုံးကို ငြင်းခဲ့တာပင်။

ရေလှိုင်းသံစဥ် ဓားဘုရင် ဂိုဏ်းတောင် ကြိုးစားခဲ့သေးပေမဲ့ အငြင်းခံရတာပဲ။

သူ့ကို သာမာန်ခေါင်းမာမှုလောက်နဲ့ ဖော်ပြလို့ မရဘူး။ ဒါပေမဲ့ အရည်အချင်းပိုင်းကို ပြောရရင်လား? ပိုင်ချန်းမှာ အပေါဆုံးပဲ။

သူက အရည်အချင်းရှိရုံတင် မကဘူး.. ဉာဏ်ကောင်းတာ။

ကမ်းလှမ်းမှုတိုင်းကို ငြင်းခဲ့ပေမဲ့ သူက ဘယ်ဂိုဏ်းနဲ့မှ ရန်သူ မလုပ်ခဲ့ဘူး။ ထို့အစား သူက ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းခဲ့တာပဲ။ သူ ဘယ်ဂိုဏ်းရဲ့ လက်အောက်မှာမှ မလုပ်မှာကို သေချာစေပြီး ဘယ်သူ့ကိုမှ မျှမျှ တတ အခွင့်အရေး မပေးခဲ့ချေ။

သူက လွတ်လပ်ပြီး အချုပ်အနှောင် မကြိုက်တဲ့ သူဖြစ်ပေမဲ့ ဂိုဏ်းတိုင်းကို ဆေးလုံးအကူအညီတွေ ထောက်ပံ့ပေးသည်။

ဒါက ဉာဏ်ရှိတဲ့ နည်းလမ်းတစ်ခုပင်.. သူ့ရဲ့ အာဏာနဲ့ နာမည်ကို တက်လာစေပြီး ဂိုဏ်းကြီးတွေကြားက အရှုတ်အထွေးတွေကို ရှောင်နိုင်ခဲ့သည်။

“ ကြိုဆိုပါတယ်”

သေချာပေါက် ဟောင်လဲ ကျီယွင်ကျစ်ကို မမေ့ချေ။

သူ.ဘယ်လို မေ့နိုင်ပါ့မလဲ? အဲ့ဒီ သောက်ကျိုးနည်း အတွေးအခေါ်တွေ… အယ်မှားလို့ ဉာဏ်ရှိတဲ့ အတွေးအခေါ်တွေကြောင့် ခေါင်းထဲ စွဲနေတာလေ။

“ မင်္ဂလာပါ ဆိုင်ရှင်”

ကျီယွင်ကျစ် နှုတ်ဆက်ပြီးတာနဲ့ ရေခဲသေတ္တာ တည့်တည့်ကို ပြေးတော့သည်။ သူ ကိုလာ တစ်ဗူး ထုတ်ယူလိုက်ချိန်မှာ သူ့ရဲ့ မျက်လုံးက တစ်ခြားတစ်နေရာကို ရောက်သွား၏..ကိုလာရဲ့ ဘေးတွင် အစိမ်းရောင် ဗူးများ တန်းစီထားသည်။

‘ သံပုရာဆိုဒါ?’

နေအုံး။ အရင်ကဒါမရှိပါဘူး။

‘ ပစ္စည်းအသစ်လား?’ သူ.ဈေးကို စစ်ဆေးလိုက်သည်။

ကိုလာနဲ့ အတူတူ ဝိညာဥ်ကျောက်တုံး သုံးတုံးပဲပေါ့?

သူ လျစ်လျူမရှုနိုင်စွာဖြင့် သံပုရာဆိုဒါလဲ တစ်ဗူးယူလိုက်သည်။

ငွေရှင်းပြီး နှုတ်ဆက်ပြီးတာနဲ့ ကျီယွင်ကျစ် ဆိုင်ထဲကနေ ထွက်သွားခဲ့သည်။ အခု ဒီဖျော်ရည်တွေကို အပြင်ယူလို့ရတာ သူသိသွားပြီပင်။ ဒီတော့ သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ လေ့လာရမှာပေါ့။

ဟောင် ဒီလိုနဲ့ နောက်ထပ် ဝိညာဥ်ကျောက်တုံး ခြောက်တုံး ရလိုက်လေသည်။

မနေ့က ကျီယွင်ကျစ်ရဲ့ လေ့လာမှုက ဝမ်းနည်းဖို့ကောင်းစွာ ကျရှုံးခဲ့ရ၏။

ကိုလာဗူးကို ဂရုတစိုက် ခွဲပြီးတာတောင်မှ အထဲမှာ တစ်စက်တောင် မကျန်တော့တာကို တွေ့လိုက်ရသည်.. ဘာကိုမှ လေ့လာလို့ မရခဲ့ဘူး။

ဒါပေမဲ့ ဒီလောက်နဲ့ သူမရပ်ခဲ့ဘူး။

ကိုလာရဲ့ အစွမ်းကို ပြန်စဥ်းစားရင်း သူ့ရဲ့ ကိုယ်ပိုင်အချိုးနဲ့ ဖန်တီးဖို့ ကြိုးစားသေးသည်။ မိုးကြိုးမြက်ပင်၊ ကြက်သွေးရောင် မီးဘယ်ရီသီး၊ ဟင်းလင်းပြင်ချီအမြစ်တို့ကို သုံးပြီး ကိုလာရဲ့ အစွမ်းနဲ့ ဆင်တူနိုင်မည့် ဆေးရည်ကို ဖန်တီးကြည့်သည်။

ပထမဆုံး ကြိုးစားမှုကလား? သေချာပေါက် ကျရှုံးတာပေါ့။ စွမ်းအင်က အလွန် အရိုင်းဆန်သွားပြီး ထိန်းချုပ်မရတာကြောင့် တစ်ကိုယ်လုံး အပူတွေ ထိုးတက်လာခဲ့သည်။ အသိအသာကို သူ့ရဲ့အချိုးက ညီမျှမှု မရှိနေတာပင်။

မိုးကြိုးမြက်ပင်ကို မိုးကြိုးဆူးပင်နဲ့ အစားထိုးကြည့်ရင် အလုပ်ဖြစ်နိုင်လောက်သည်။ ဒါမှမဟုတ် ထိန်းညှိနိုင်မဲ့ စိတ်ဝိညာဥ်ရွှေမိုကို သုံးရင် အစွမ်းကို နည်းနည်း ငြိမ်သွားစေနိုင်လောက်လား?

ဖော်မြူလာက အခုထိ စမ်းသပ်ဆဲ ဖြစ်ပေမဲ့ ကျီယွင်ကျစ်ဆိုတာ လွယ်လွယ် အရှုံးပေးတတ်တဲ့ လူစားမှ မဟုတ်တာ။

ကိုလာအစွမ်းရဲ့ တစ်စက်လောက်ကို ပုံတူကူးနိုင်ပြီလို့ သူ ယူဆခဲ့သည်။ စိန်ခေါ်မှုက သူ့ကို ပိုအလုပ်ကြိုးစားချင်စိတ် ပေါက်စေ၏။

ဆေးလုံး ဖန်တီးခြင်းက သူ့ရဲ့ စွဲလန်းမှု တစ်ခုဖြစ်သည်။

စမ်းသပ်မှု တစ်ခုဆီ၊ ဖြစ်နိုင်ချေ အသစ် တစ်ခုဆီက သူ့ကို ပိုပြီးရှင်သန်လာသလို ခံစားရစေသည်။

အဆုံးမရှိတဲ့ ကျရှုံးမှုနဲ့ အမှားအယွင်းတွေက သူ့ကို ပိုပြီး နစ်ဝင်စေတာပင်။

All Chapters