← Chapters

( ကိုလာက မင်းကို ကျင့်ကြံရေးအစွမ်းတွေ ပေးနိုင်တယ်)

Vol. 4 Ch. 48

( ကိုလာက မင်းကို ကျင့်ကြံရေးအစွမ်းတွေ ပေးနိုင်တယ်)

Vol. 4 Ch. 48

ကျီယွင်ကျစ်သည် ရှေ့တစ်ရက်လုံးကို သီအိုတွေထုတ်ပြီး စမ်းသပ်ရင်း အချိန်ကုန် ခဲ့သည်။ ဒါပေမဲ့ အခုတော့ မတူတော့ဘူး။ အခု သူ ပစ္စည်းအစစ်ကိုပါ စမ်းသပ်ဖို့ ပါလာခဲ့ပြီ။

အခု ဗူးအလွတ်တင် ရခဲ့တာမဟုတ်ဘူး။

ဖျော်ရည်ကိုကော ရခဲ့တာပဲ။

ကျယ်ပြန့်သော သူ့ရဲ့ ဆေးလုံးကျင့်ကြံရေး အခန်းထဲရှိ ကျောက်စိမ်းစားပွဲပေါ်ကို ကိုလာကို တင်လိုက်သည်။ အခန်းရဲ့ နံရံတွင် အနည်းငယ် လက်နေသော အစီအရင်များကို မြင်နိုင်သည်။ ထိုအစီအရင်များက ပြင်ပ က ကိစ္စတွေက သူ့ကို အနှောက်အယှက် မပေးနိုင်အောင်ချထားတဲ့ အစီအရင်တွေပဲ။

သူ ကိုလာဗူးကို ဂရုတစိုက် မကြည့်လိုက်သည်။ သူ့ရဲ့လက်ထဲမှာ အလေးဓာတ် တစ်ချို့ကို ခံစားလို​က်ရ၏။ သူ အဖုံးဖွင့်လိုက်တော့သည်။

ရှီး!

စူးရှတဲ့ အသံတစ်ခုအပြီးမှာ အဖုံးပေါ်ကို ပူးပေါင်းတွေ တက်လာပြီးအဆုံးမှာ လေထဲကို ပျောက်ကွယ်သွားသည်။

ကျီယွင်ကျစ်ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။ ဒါသူ မနေ့က သောက်ကြည့်တုန်းက တွေ့ခဲ့ရတာနဲ့ အတူတူပဲ။ ဒါပေမဲ့ အခုလို ရှင်းနေအောင် ထပ်မြင်ရတာက သူ့ရဲ့သိချင်စိတ်ကို နှိုးဆွနေပြန်သည်။

ဘယ်အရာက ဒီလိုစူးရှစေတာလဲ?

သူ အနားတိုးလိုက်ပြီး ပူပေါင်းတွေ အပေါ်တက်လာရင်း ပျောက်ကွယ်သွားတာကို သေချာကြည့်လိုက်၏။ အထဲမှာ တစ်စုံတစ်ခုက မပျက်ရွေ့လျားနေခဲဲ့သည်။

‘ ဒါသေချာပေါက် စွမ်းအင်ထုတ်တဲ့ တစ်ခုခုပဲမလား?’

ကျောက်တုံး ဖန်ပုလင်းထဲကို ကျီယွင်ကျစ် နည်းနည်း လောင်းကြည့်လိုက်သည်။ ကျောက်က ဖောက်မြင်နိုင်တဲ့ အကြည်သားမို့ အထဲက အရည်ကို မြင်နိုင်လေသည်။

နေရာပြောင်းပြီး ထည့်လိုက်တာတောင်မှ ပူပေါင်းတွေက ဆက်ဖြစ်ပေါ်ပြီး ပျောက်ကွယ် နေဆဲပဲ။ မသိရင် အရည်တွေက အသက်ရှိ နေသလိုမျိူး ဆက်တိုက် ရွေ့လျားနေကြသည်။

သူ နောက်ထပ် စိတ်ဝိညာဥ်ကျောက်တုံးနဲ့ သန့်စင်ဖန်တီးထားတဲ့ ငရုတ်ဆုံကို မလိုက်သည်။ ဆေးလုံးရဲ့ ပါဝင်ပစ္စည်းတွေကနေ အဆီအနှစ်တွေကို အကြမ်းဖျဥ်းခွဲစိတ်ဖို့ သုံးတဲ့အရာပင်။ သူတို့ရဲ့ အခြေခံပါဝင်ပစ္စည်းတွေကို ဖော်ထုတ် ပေးသည်။ သူ.ကိုလာကို အနည်းငယ် လောင်းချပြီးနောက်မှာ အစီအရင်ကို အသက် သွင်းလိုက်၏။

အရည်ထဲကနေ ချီစွမ်းအင် လှိုင်းတစ်ခု ဖြတ်ပြေးသွားသည်။ ပုံမှန်ဆို အခုဖြစ်စဥ်က စွမ်းအင်ကို ဆွဲဆန့်သွားပြီး မသန့်စင်တဲ့ ပစ္စည်းတွေကို အနည်ချပေးသည်။

ဒါပေမဲ့ အခုတော့ ဘာမှ မပြောင်းလာခဲ့ပေ။

ကိုလာက ထိုအတိုင်းရှိနေပြီးဘာမှ မပြောင်းလဲဘူး။ ပူပေါင်းတွေ ခဏ တက်လာပြီးနောက်မှာ အမြုပ်တွေက သာမာန်အတိုင်းပဲ အရည်ထဲမှာ အပေါ်အောက် ရွေ့နေခဲ့သည်။

ကျီယွင်ကျစ် မျက်မှောင်ကြုတ်လိုက်သည်။

‘ ဒီတော့ဒါက သာမာန်စိတ်ဝိညာဥ်အရည် မဟုတ်ဘူးပေါ့? ပုံမှန်ဆေးရည်တွေလို မပြိုကွဲသွားဘူး’

သူ ခဏရပ်သွားပြီး မနေ့က အကြောင်းကို ပြန်စဥ်းစားလိုက်သည်။ မနေ့က သူ့ ကိုယ်ထဲမှာ ကိုလာရဲ့ အစွမ်းရှိနေစဥ်က သူ ဘေးထွက်ဆိုးကျိုးကို တစ်ချို့ကို စောင့်စား ခဲ့သေးသည်။

ဒါပေမဲ့ သူ ဘယ်လောက်ပဲ စောင့်ပါစေ ဘာမှ မဖြစ်လာခဲ့ဘူး!

‘ ဒါကြောင့် မပြိုကွဲတာပဲ’

‘ ကိုလာမှာ မသန့်စင်တာ.ဘာမှမပါတော့ တည်ငြိမ်နေတာပဲ။ အခုလို အပြင်းအထန် ဖိအားပေးတာတောင်.ဘယ်လို မသန့်စင်မှုမျိုးမှ မတွေ့ရဘူး’

ဘေးထွက်ဆိုးကျိုး မရှိတဲ့အချက်က သူ့ရဲ့ သံသယကို အတည်ပြုပေးခဲ့သည်..ဒီအရည်က အန္တရာယ်ဖြစ်စေတာတို့၊မတည်ငြိမ်တာတို့ လုံးဝမရှိဘဲ သန့်စင်သည်။

ဒါက ပြဿနာ မဟုတ်ဘူး။ သူ့မှာ စမ်းသပ်ဖို့ တစ်ခြားနည်းလမ်းတွေ ရှိသေးသည်။

သူ့ရဲ့ သိုလှောင်ဆေးအိတ်ထဲကနေ အပူထိန်းချုပ် အဆောင်စာရွက် တစ်ရွက် ထုတ်ယူကာ အရည်နမူနာ ထည့်ထားတဲ့ ကျောက်ပုလင်းကို အနည်းငယ် အပူပေး လိုက်သည်။

ရလဒ်က အတူတူပင်။ အမြုပ်တွေ ပေါင်းသွားပြီး အရည်က အနည်းငယ် လှုပ်သွားသည်။ ထို့နောက်မှာ အပေါ်ကို အမြုပ်တွေ တက်လာပြီး ပြီးပြန်ပျောက်ကွယ် သွားတာပဲ။

ကျောက်ပုလင်းကို ကိုင်ထားတဲ့ ကျီယွင်ကျစ်ရဲ့ လက်တွေ တင်းကျပ်သွားသည်။

‘ အပူက ဖြစ်စဥ်ကို ဖယ်ရှားလိုက်တာလား? ဒါဆို ကိုလာရဲ့ အစွမ်းက ဒီအမြုပ်တွေနဲ့ ဆက်နွယ်နေရမယ်’

……………

ကုန်စုံဆိုင်ထဲတွင် လင်ယွီကျွင်း၊ ရှောင်လျန်ဖန်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်တို့ လေးယောက် နောက်ဆုံးတော့ အလင်းပွင့်ရာကနေ ပြန်နိုးလာကြပြီပင်။

သူတို့ရဲ့ ခန္ဓာကိုယ်က မတူတော့ပေ။ ချီစွမ်းအင်တွေ ပိုသိပ်သည်းလာပြီး ထုတ်လွှတ်နေတဲ့ အရှိန်အဝါက အရင်ကထက် ပိုသန်မာ သွားတော့သည်။

သူတို့ရဲ့ ကျင့်ကြံမှုမှာ တိုးတက်မှုအများကြီး လုပ်နိုင်ခဲ့ကြသည်။

ဘေးမှာ ရပ်နေတဲ့ အကြီးအကဲ ထျန်းရှန့်နဲ့ အကြီးအကဲ ဖုန်းယွီဟန်က တိတ်တဆိတ် လေ့လာနေခဲ့၏။ ထိုလေးယောက် ထုတ်ပြောလာဖို့ သူတို့အတွက် မလိုအပ်ဘူး။ သူတို့ရဲ့ စိတ်ဝိညာဥ် အာရုံခံမှုနဲ့ အကုန်လုံးကို အာရုံခံလို့ရနေသည်။

အကြီးအကဲ နှစ်ယောက်အတွက် သူတို့ ကလေးတွေရဲ့ ပြောင်းလဲမှုက ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်လို ရှင်းလင်းစွာ​မြင်ရသည်။

ဒါပေမဲ့ သူတို့ရဲ့ ခံစားချက်ကို ဖော်ပြဖို့ရန် ခဲယဥ်းလွန်းသည်။ သူတို့ ကလေးတွေရဲ့ တိုးတက်မှုက အရမ်း အထင်ကြီးဖို့ ကောင်းသည်…ဒါပေမဲ့ မမျှတသလိုပဲ။

ဒီ ကလေးတွေက သူတို့ ငယ်ငယ်တုန်းကလို ရုန်းကန်ဖို့ မလိုတော့ဘူးလေ။

အကြီးအကဲ ထျန်းရှန့်နဲ့ အကြီးအကဲ ဖုန်းယွီဟန်ရဲ့ ခေတ်အခါတုန်းကဆိုရင် သူတို့တွေ နှစ်များစွာ ကြိုးစားရသည်။ ရှားပါး ဆေးပင်တွေအတွက် အသက်စွန့်ပြီး အမဲလိုက်ရသည်။ အဆင့်တက်မှုကို ရဖို့ ကန့်သတ်ချက်ထပ် ကျော်လွန်ပြီး ဖိအား ပေးခံခဲ့ရသည်။

တိုးတက်မှု တစ်ခုဆီတိုင်းက ခက်ခဲမှုနဲ့ အနိုင်ယူထားရတာဖြစ်ပြီး အကုန်လုံးအတွက် သူတို့ရဲ့သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့ရသည်။

ဒီ အကြီးအကဲ နှစ်ယောက်က ခိုင်မာတဲ့ စိတ်ဓာတ်တို့ကြောင့်နဲ့ အရည်အချင်း ရှိမှုတို့ကြောင့် ဒီလိုတိုးတက်မှုကို ရခဲ့ကြသည်။ သူတို့ရဲ့ပင်ကိုယ်ပါရမီက တစ်စိတ်တစ်ပိုင်း ဆိုသော်ငြား တိုးတက်မှု တစ်ခုတိုင်းအတွက် သူတို့ ရုန်းကန်ခဲ့ရချည်ကြည့်သာ။

ထိုလေးယောက်ရဲ့ လွယ်ကူစွာ တိုးတက်မှုက အကြီးအကဲနှစ်ယောက်ကို အတိတ်က ရုန်းကန်မှုတွေကို.ပြန်အမှတ်ရသွားစေသည်။

သူတို့တွေ သိချင်သွားကြသည်။

‘ သူတို့တွေ ငယ်တုန်းက ဒီဆိုင်ကို ရှာတွေ့ခဲ့ရင် ဘယ်လိုဖြစ်လောက််မလဲ?’

ဒီအချိန်ဆို အထက်ဘုံကိုကြွနေရလောက်ပြီလား? မသေမျိုး ဘဝကို ရနေလောက်မှာများလား?

ထိုအတွေးက သူတို့ရဲ့ စိတ်ထဲ မနာလိုမှုနဲ့ မယုံနိုင်မှုတွေကို ရောထွေးသွားစေခဲ့သည်။

သူတို့ရဲ့ လက်ရှိနေရာကို များစွာတဲ့ တိုက်ပွဲတွေ၊ အဆုံးမရှိတဲ့ ကြိုးစားမှုတွေ ကြောင့် ရခဲ့ကြတာပဲ။ ဒါပေမဲ့ ဒီကျင့်ကြံသူလေးတွေက ဒီလောက် အလွယ်နဲ့ ကျင့်ကြံသူတိုင်းရဲ့ အိပ်မက်ကို ရနေတယ်ပေါ့။

အကြီးအကဲ ဖုန်းယွီဟန်ရဲ့ မျက်လုံးက ကြက်သားအရသာ ခေါက်ဆွဲစင်နဲ့ တစ်ခြားရောင်းကုန်တွေဘက်ကို ရောက်သွားပြီး သူမရဲ့ နှလုံးက အခုန် မြန်လာသည်။

ဒါပေမဲ့ သူမ ချက်ချင်းပဲ ဘာခံစားချက်ကိုမှ မပြလိုစွာ ထိန်းချုပ်လိုက်သည်။ ဒါပေမဲ့ သူမရဲ့ စိတ်တွင်းမှာတော့ အရမ်းကို သိချင်နေခဲ့သည်။ သူမရဲ့ ကျင့်ကြံရေးလောကထဲ ဝင်စတည်းက ဒီဆိုင်ကိုသာ တွေ့ခဲ့ရင် ဘယ်လိုတွေ ပြောင်းလဲသွားနိုင်လောက်လဲ?

ဒါပေမဲ့ မနာလိုမှု အနည်းငယ်အပြင် နွေးထွေးတဲ့ ဂုဏ်ယူမှုတစ်ချို့ကိုလဲ သူမ ခံစားလိုက်ရသည်။အခုလိုမျိုး လွယ်ကူမှုကို ရနေတဲ့ ကျင့်ကြံသူအငယ်လေးတွေက သူမ ဂိုဏ်းရဲ့ တပည့်တွေဖြစ်ပြီး အနာဂတ်မှာ ကျင့်ကြံရေးလောကကို ဦးဆောင်မဲ့ သူတွေပဲ။

ပို အရေးကြီးတာက သူတို့က အခု သူမရဲ့ လမ်းပြမှုအောက်မှာ ရှိနေကြတာပဲ။

အကြီးအကဲ ထျန်းရှန့်လဲ ထိုနည်းတူ ခံစားခဲ့ရသည်။ အစက သူသာ ထိုအခွင့်အရေးမျိုး ရခဲ့ရင် ဘယ်လို ဖြစ်လာနိုင်လဲ တွေးခဲ့ပေမဲ့ အခုလိုမျိုး ကျင့်ကြံရေးလောကရဲ့ အလွှာအသစ် တစ်ခု ပွင့်သွားတာကို ​မျက်မြင်တွေ့ရတဲ့ အတွက် စိတ်ထဲပျော်ရွှင်မိသည်။

ပိုအရေးကြီးတာက အခု သူ့အရှေ့မှာ ရပ်နေတဲ့ လူငယ်လေးတွေက မကြာမီ ဆက်ပြီး အောင်မြင် ထွန်းပေါက်လာကြမှာပဲ။

သူ့ကိုယ်သူလဲ ကျင့်ကြံရေးမှာ ကန့်သတ်ချက် ရောက်နေပြီထင်ထားခဲ့သည်။ ဒါပေမဲ့ အသင့်စားခေါက်ဆွဲက သူ့အတွက်လဲ တိုးတက်ဖို့နေရာ ရှိသေးသလို မျှော်လင့်ချက်များ ခံစားရစေသည်။

ထိုအချိန်မှာ ထိုလေးယောက်လဲ အကြီးအကဲ နှစ်ယောက်ကို လှည့်ကြည့်လာကြသည်။ ထိုမှသာ စားပွဲပေါ်က ခေါက်ဆွဲဗူးအလွတ်တွေကို သတိထားမိ သွားကြသည်။

ဟွာဖေးရှုက အကြီးအကဲ ဖုန်းယွီဟန်ကို စိုက်ကြည့်လိုက်ရင်း

“ ဆရာ နှစ်ပွဲလုံး စားပြီးပြီလား??”

All Chapters