← Chapters

(လင်ယွီကျွင်းရဲ့ ဉာဏ်ကြီးရှင် အတွေးအခေါ် သံပုရာဆိုဒါ+ကိုလာ= စောက်ရမ်းမိုက်တယ်!)

Vol. 4 Ch. 50

(လင်ယွီကျွင်းရဲ့ ဉာဏ်ကြီးရှင် အတွေးအခေါ် သံပုရာဆိုဒါ+ကိုလာ= စောက်ရမ်းမိုက်တယ်!)

Vol. 4 Ch. 50

လင်ယွီကျွင်းကတော့ နေရာတွင် အဖက်မလုပ်စွာ ရပ်နေဆဲဖြစ်သည်။ ကျန်တဲ့ သုံးယောက်က ဂိုဏ်းအမြန်ပြန်ပြီး ကျင့်ကြံဖို့ လုပ်နေချိန်မှာ လင်ယွီကျွင်းက လုံးဝ မတူညီတာ​ကို တွေးနေခဲ့သည်။

“ အကြီးအကဲဖုန်း သံပုရာဆိုဒါက ဘာကို အတိအကျဖြစ်စေတာလဲ?” လင်ယွီကျွင်း မေးလိုက်သည်။

“ မင်းရဲ့အာရုံစိုက်မှုကို ထက်သန်စေပြီး စိတ်ကို ကြည်လင်စေတယ်။ ဒီတော့ ချီစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း တိုးစေတယ်”

အကြီးအကဲဖုန်းက ပြန်ပြောလိုက်သည်။

“ ကောင်းကောင်းသုံးပေါ့”

လင်ယွီကျွင်းက မသိလျှင် သူ တတ်နိုင်သမျှ အစွမ်းကုန်ထုတ်ပြီး ကျင့်ကြံတော့မဲ့အတိုင်း စိတ်အားထက်သန်စွာ ခေါင်းအဆတ်မပြတ် ညိတ်ပြ လိုက်သည်။ ဒါပေမဲ့ သူ တစ်ကယ် တွေးနေတာက လုံးဝ တစ်ခြားတစ်ခုပဲ။

ဒါက တစ်ခုခုပဲ။ လင်ယွီကျွင်း အနီးဆုံး ရေကန် တစ်ခုဆီ သွားဖို့တွေးလိုက်သည်!

သူ့ရဲ့ အာရုံစိုက်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို မြင့်နိုင်တယ်ဆိုမှတော့ ဘာကြောင့် အေးချမ်းတဲ့ ညနေခင်းလေးမှာ ငါးမြှားရင်း စွမ်းအင်ကို ကောင်းကောင်း အသုံးမချရမှာလဲ?

ငြိမ်သက်နေတဲ့ ကန်ရေပြင်နားမှာ ငါးစာဟပ်တာကို စောင့်နေရင်း သူ့ရဲ့ စိတ်တွေ ကြည်လင်နေမဲ့အချိန်ကို စိတ်ကူးပင် ယဥ်မိနေပြီ။

တုံ့ပြန်မှုလဲ ကောင်းသွားအောင်လို့ ကိုလာပါ သောက်ရမယ်!

ဒီပေါင်းစပ်မှုက အနားကပ်လာတဲ့ ဘယ်ငါးကို မဆို ဖမ်းနိုင်မဲ့ ပြီးပြည့်စုံတဲ့ အရှိန်ကို ပေးလိမ့်မည်။

လင်ယွီကျွင်း တွေးနေရင်းနဲ့ မျက်နှာက ပြုံးဖြဲဖြဲ ဖြစ်သွားပြီး ရေကန်ဘေးက ပြီးပြည့်စုံတဲ့နေ့လေးကို ကြို စိတ်ကူးယဥ် နေလိုက်သည်။

လင်ယွီကျွင်းရဲ့ အတွေးတွေကို အကြီးအကဲတွေသာ သိလို့ကတော့ သူ ရူးသွားပြီလို့ မြင်သွားလောက်သည်။

သံပုရာဆိုဒါရဲ့ အာရုံစိုက်နိုင်တဲ့ အစွမ်းကို ငါးမျှားရင်း ဖြုန်းဖို့လုပ်နေတာလား?

သောက်ကျိုးနည်း…

အကြီးအကဲ ဖုန်းယွီဟန် လင်ယွီကျွင်းကို အပေါ်အောက် ပြောင်းပြန်ဖြစ်သွားသည်အထိ ရိုက်ပစ်လောက်သည်။

ဒီလို အဖိုးတန်လှတဲ့ တိုးတက်မှုကို ဘယ်စိတ်မှန်နေတဲ့ကောင်က ငါးမျှားရင်း ဖြုန်းမှာလဲ?

အကြီးအကဲ ထျန်းရှန့်သာ သိခဲ့ရင် မနိုင်ဘူးဆိုတဲ့ သက်ပြင်းတစ်ချက်သာ ချမည်ဖြစ်ပြီး တစ်ခွန်းမှ ပြောတော့မှာ မဟုတ်ဘူး။

သူ့ရဲ့ ပါရမီရှင် တပည့်ကျော်က နေ့တစ်နေ့ကို လျှောက်သွားပြီးပဲ ဖြတ်ကျော်လိမ့်မည်။ သူ့ကိုယ်သူ ကျင့်ကြံခြင်းမှာ ပိတ်မိပြီး အကုန်ဆုံးခံမဲ့ကောင် မဟုတ်တာ အကြီးအကဲ လက်ခံထားခဲ့ပြီးတာ ကြာခဲ့ပြီ။

ဒီလိုနဲ့ပဲ ‘ငပျင်းကောင်’ ဆိုတဲ့ ဘွဲ့ကို ဂိုဏ်းထဲမှာ ကြင်နာစွာ ပေးအပ်ထားကြတာပဲလေ။

ဒါပေမဲ့ လင်ယွီကျွင်းက သေချာပေါက် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ရေကန်ကြီးက သူ့ကိုခေါ်နေပြီ။ သူ့မှာ ပြီးပြည့်စုံတဲ့ ဆင်ခြေ ရှိနေတဲ့ဟာကို ဘာကြောင့် အေးချမ်းသာယာတဲ့ နေ့လေး မဖြတ်သန်း ရမှာလဲ?

သူ ကောင်တာဆီ လျှောက်လာပြီး ဟောင် ကို ကြည့်လိုက်သည်။

“ သူဋ္ဌေး ကိုလာနဲ့ သံပုရာဆိုဒါကို အတူတူသောက်လို့ရလား?”

“ သူတို့ရဲ့အစွမ်းတွေ အချင်းချင်း.မဆန့်ကျင် ကြဘူးမလား?”

ကျင့်ကြံရေးလောကမှာ အစွမ်းမြှင့်တင် ဆေးလုံးတွေကို တစ်ခုပြီးတစ်ခု စားကြတာက ပုံမှန်ပင်။ ဒါပေမဲ့ သတိဆိုတာ ပိုသည်မှ မရှိတာပဲ။

ဒီ ပစ္စည်းတွေ တစ်ခုချင်းဆီက ထူးကဲတဲ့ အစွမ်းတွေ ပေးနိုင်မှတော့ ဂရုမစိုက်ဘဲ အမြန်စားသုံး လိုက်တာက သူတို့ရဲ့အစွမ်းတွေကို သက်ရောက်သွားပြီး မညီမျှမှုတွေ ဖြစ်လာစေနိုင်တာပဲလေ။

ပြီးတော့ လူရဲ့ ခန္ဓာကိုယ်က သာမာန် ဆေးလုံးတွေ အများကြီး စားတာ အဆင်ပြေရင်တောင် အခုလို အစွမ်းမတူတာတွေ စားသုံးတာက အစွမ်းတွေကို အချင်းချင်း လွှမ်းမိုးမှုဖြစ်စေပြီး စွမ်းအင်မညီမျှမှုကို ဖြစ်စေနိုင်သည်။

အကယ်လို့ အစွမ်းတွေ အချင်းချင်း မတိုက်ခိုက်ရင်တောင်မှ သူတို့ရဲ့ ရလဒ်ကို အကောင်းဆုံး.မထုတ်ပေးတာမျိုး ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ နှစ်ခုလုံးကို လက်ခံနိုင်စွမ်းတွေ ကျသွား တာတို့ဘာတို့ပေါ့။

တစ်ချို့ ဆေးလုံးတွေ တစ်ခုပြီးတစ်ခု စားတဲ့ အဖြစ်မျိုးမှာဆိုရင် တစ်ခါတစ်လေ ချီစွမ်းအင် စီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေပြီး အတွင်းဒဏ်ရာ ရစေတာမျိုး ဖြစ်တတ်သည်။ ပြင်းထန်တဲ့ အခြေအနေဆို ဒုက္ခိတ ဖြစ်စေတာမျိုးပါရှိသည်။

အတူတူ တွဲစားလို့ရတဲ့ အထူးထုတ်ထားတဲ့ ဆေးဝါးများ ရှိသော်လည်း အဲ့ဒါတွေက ချွင်းချက်တွေပဲ။ ဘယ်ဆေးမဆို တွဲစားလို့ ရတာမဟုတ်ဘူး။

ဒါကြောင့်မို့ ကျင့်ကြံသူတွေအနေနဲ့ သူတို့ စားတဲ့ ဆေးလုံးပေါ်မူတည်ပြီး ဂရုစိုက်သင့်သည်။ ခန္ဓာကိုယ်ကို အလိုက်အထိုက် ဖြစ်အောင် အချိန်မပေးဘဲ မတူညီတဲ့ဆေးလုံးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်စားတာက အန္တရာယ် ဖြစ်စေ တတ်သည်။

ဟောင် ရဲ့ ခေါင်းက မတ်သွားခဲ့သည်။ သူ အဖြေကို မသိလို့မဟုတ်ဘဲ အနည်းငယ် မနာလိုမိလို့ဖြစ်သည်။

ဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်နေပေမဲ့ ဒီဖျော်ရည်တွေရဲ့ အစွမ်းတစ်ခုမှ သူ မခံစားဖူးဘူး။ သူက ကျင့်ကြံသူမဟုတ်ဘဲ သေမျိုးပဲ ဖြစ်နေသည်လေ။

သူ့အတွက် အရသာကတော့ သေချာပေါက် သောက်လို့ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလောက်ပဲလေ!

အကုန်လုံး ချီးကျူးနေတဲ့ အစွမ်းတစ်ခုမှ သူ ခံစားရတာ မဟုတ်ဘူး။ သောက်ပြီးသွားရင် ဘယ်လို အကျိုးမှ မထူးသွားဘူး။

အခုတော့ လင်ယွီကျွင်းကနှစ်မျိုး တွဲသောက်ရင် ဘယ်လိုဖြစ်မလဲပါ တွေးနေခဲ့ပြီ။

ကောင်းပြီ။ မင်းအလှည့်ဆိုတော့လဲ လောဘ ကြီးထားပေါ့။

ကျွတ်။ ငါ့အလှည့်လဲ မကြာခင် ရောက်တော့မှာပါကွာ။

ငါ မစ်ရှင်အနည်းငယ်ထပ်ပြီးတာနဲ့ ငါ့ရဲ့ ကျင့်ကြံရေးခရီးလမ်းကို စတင်မယ်!

ငါ မလောဘူး။ ငါ စိတ်ရှည်တယ်။ ဟုတ်တယ်မလား…ဟုတ်တယ်မလားလို့?

ငါ ကျင့်ကြံသူဖြစ်လာတာနဲ့ လုပ်ချင်တာ အားလုံးလုပ်မယ်။ ငါက ဒီဆိုင်ကို ပိုင်တာပဲ။ အဲ့ဒီကျမှ ဖျော်ရည်တွေအကုန် ထိုင်သောက် ပစ်ရင်တောင် ဘယ်သူငါ့ကို တားနိုင်မှာလဲ?

အဲ့ကျမှ အကုန်သောက်ပစ်မယ်!

‘ စနစ် ကိုလာနဲ့ သံပုရာဆိုဒါကို တွဲသောက်ရင် ရလား? အစွမ်းက အလုပ်လုပ်အုံးမှာလား?’

( ရတယ်ပိုင်ရှင်။ ပြဿနာမရှိဘူး။ ငါတို့ ရောင်းကုန်က အရည်အသွေးနိမ့်နေတာမှ မဟုတ်တာ။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိသလို အရင်အတိုင်းပဲ အစွမ်းက ရအုံးမှာပဲ)

ဟောင် စနစ်ရဲ့ စကားကို ပုံတူကူးရင်း ပြန်ရှင်းပြပေးလိုက်သည်။

လင်ယွီကျွင်း လက်ဖြောက်တစ်ချက် တီးကာ ပြုံးလိုက်ပြီးနောက် ဟောင်ကို အနည်းငယ် ဦးညွတ်လိုက်သည်။

“ ကျေးဇူးပါ သူဋ္ဌေး ဒါကိုငါကောင်းကောင်း သုံးမယ်”

တိတ်တဆိတ် နားစွင့်နေတဲ့ ကျန်တဲ့သူတွေ အကုန်လုံး အနည်းငယ် ကျောစိမ့်သွားသည်။ ဖျော်ရည်နှစ်ခုလုံးကို တစ်ပြိုင်ထဲသောက်ဖို့ တွေးတဲ့သူကော၊ နှစ်ခုလုံးသောက်တာတောင်မှ အစွမ်းကိုရအုံးမယ်ဆိုတဲ့ အချက်ကောက အံ့သြဖို့ ကောင်းလွန်းလှသည်။

သူတို့ရဲ့ လေ့ကျင့်မှုကို တိုးတက်စေရုံ တင်မကပဲ တိုက်ပွဲမှာသာ ဒါမျိုး ပေါင်းသုံး လိုက်ရင် လုံးဝကို ပွဲကို ပြောင်းပြန်လှန်ပစ် သွားမှာပဲ!

အာရုံစိုက်မှုကော တုံ့ပြန်မှုကောကို ဘေးထွက် ဆိုးကျိုးမရှိစေဘဲ တိုးတက်စေမည်တဲ့လား?

ဒီဆိုင်ရဲ့ ပစ္စည်းတွေက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ ထပ်ရှင်းပြပေးသွားသလိုပင်။ အစွမ်းတွေက အထင်ကြီးဖွယ် ကောင်းလွန်းနေပြီကို အတူ ပေါင်းသုံးလိုက်ရင် ပိုပြီးတော့ မယုံနိုင်ဖွယ် ဖြစ်သွားမှာပဲ!

ပြီး ဆိုင်ရှင်က ဤအရာကို သာမာန်အကျဆုံး ကိစ္စတစ်ခုလို ထုတ်ပြောလာသေးသည်။

ဟောင်ရဲ့ သရုပ်မှန်အပေါ် သူတို့ရဲ့ထင်မြင်ချက်တွေက ပိုပြီး ပြင်းထန် လာတော့၏။ ဟောင် က ဘယ်သူ ဘယ်ဝါ ဆိုတာတောင် မမှန်းဆရဲတော့တဲ့အထိ ဖြစ်လာရသည်။

သူတို့ တစ်ယောက်ချင်းဆီသည် မထွက်သွားခင်မှာ ထိုပစ္စည်းတွေ ရောင်းပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောပြီး လေးစားမှု ပြခဲ့ကြသည်။ ယဥ်ကျေးစွာ စကားတစ်ချို့ပြောပြီးတာနဲ့ နှုတ်ဆက်ပြီးထွက်သွားကြသည်။

အပြင်ကို ရောက်တာနဲ့ အကြီးအကဲ ထျန်းရှန့်နဲ့ အကြီးအကဲ ဖုန်းယွီဟန်က သူတို့ရဲ့ တပည့်တွေကို စိတ်ထဲမှ ဆက်သွယ်လိုက်ကြသည်။

သူတို့တွေ ဒီဆိုင်အကြောင်းကို သတိပေးခဲ့ပြီး အပြင်ရောက်တာနဲ့ ဘယ်သူ့ကိုမှ မပြောပြ သင့်ကြောင်း တစ်ခါထဲ ပြောထားလိုက်၏။

‘ သေချာနားထောင်။ဒီဆိုင်အကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့။ အပြင်မှာ တစ်ခွန်းတောင် မဟနဲ့နော်။ မင်းတို့ ရင်းနီးတဲ့ သူနဲ့လဲ သီးသန့်မပြောနဲ့’

‘ လူသိနည်းလေ ကောင်းလေပဲ’

‘ မင်းတို့လာရင်လဲ အတတ်နိုင်ဆုံး တိုးတိုးတိတ်တိတ် လာခဲ့ကြ။ဘယ်သူမှ အနောက်က မလိုက်လာစေနဲ့’

‘ ဆိုင်က မရှိသလိုမျိုးနေရမယ်..နားလည် ကြလား?’

‘ ဒီလျှို့ဝှက်ချက်က ထိန်းသိမ်းထားမှ ရမယ်။ ဒါသာ ပျံ့သွားရင် ကောင်းကင်ပြာတိုက်ကြီး တစ်ခုလုံးကို ပရမ်းပတာတွေ ဖြစ်လာစေနိုင်တယ်!’

All Chapters