(အမျိုးအစားတစ်ထောင်လောက် ပြောင်းလို့ရတဲ့ ခူရိုမီရဲ့ တုတ်ချောင်း)
Vol. 4 Ch. 52
ခူရိုမီရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ နောက်ထပ် အရာကတော့ သူမ နာမည်ပါတဲ့ ကဒ်ပြားလေးပင်။
ဘယ်လိုတောင်လဲ? သူမ ရှုတ်ထွေးသွားသည်။
သူမကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ ခန့်အပ်ခဲ့တာလေ!
ခူရိုမီ မျှော်လင့်ထားခဲ့တာ ရိုးရှင်းတဲ့ အခြေခံ ပုံစံတူ ဝတ်စုံမျိုးသာ.. ဒါမျိုး အထူးလုပ်ပေးထားတဲ့ အရာမဟုတ်ဘူး။
ငါနဲ့ လုံးဝ ကွက်တိကျတဲ့အရာကို သခင် ဒီလောက်အချိန်လေးနဲ့ ဘယ်လိုချုပ်ခဲ့တာလဲ?
ဒါအဓိပ္ပါယ်မရှိဘူးလေ။ သူ ကြိုပြီးပြင်ဆင် ထားတာများလား?
ငါက ဒီဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာကို သူ ကြိုမြင်ထားလို့များလား? ထိုအတွေးက သူမရင်ထဲ စွဲသွားသည်။
သူမရဲ့ သခင်က ကြိုမြင်နိုင်တာပဲ… သူ အနာဂတ်ကို ဘယ်လောက်ထိ မြင်နိုင်တာလဲ ခူရိုမီ သိချင်သွားသည်။ သူမ သဘောတူမယ် ဆိုတာကော ဟောင် သိပြီးသားလား? သူဒါတွေ အားလုံးကို ကြိုမှန်းနိုင်ခဲ့တာလား?
သူမ တွေးမိလေလေ၊ ဟောင်ရဲ့ လုပ်နိုင်စွမ်းတွေကြောင့် မှင်သက်ရလေလေပင်။
ဦးထုပ်လေးကို ခူရိုမီရဲ့ခေါင်းပေါ် ဟောင်က စောင်းပေးလိုက်ပြီး သူမကို အတွေးကမ္ဘာမှ ပြန်ဆွဲခေါ်ပေးလိုက်သည်။
ဦးထုပ်က သူမကို ထိတာနဲ့ ထူးဆန်းတာ တစ်ခု စတင်လာခဲ့သည်။ ဦးထုပ်ရဲ့ ထိပ်ပိုင်းက ကွဲသွားပြီး သူမရဲ့ ကြောင်နားရွက်လေးကို အပြည့်အဝ စွပ်ပေးသွားသည်။
မသိလျှင် ဦးထုပ်က သူမရဲ့ ပုံစံကို အာရုံခံလိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပေးနေသလိုပဲ။
နားရွက်လေးတွေ ကောင်းကောင်း ရွေ့လျား နိုင်မဲ့ လုံလောက်တဲ့ အပေါက်လေး ချန်ပေး သွားခဲ့သည်။
ခူရိုမီရဲ့ နားရွက်နှစ်ဖက် ထောင်သွားသည်။ သူမ အခုနားရွက်ကို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီး အကြားအာရုံကို ဘာကမှ မနှောက်ယှက်နေခဲ့ဘူး။ ဦးထုပ်ရဲ့အသားကလဲ နူးညံ့ပြီး သဘာဝကျကျပဲ နေရာယူထားသည်။ ထူးဆန်းသလို မခံစားရချေ။
ဦးထုပ်ရဲ့ ပြောင်းလဲမှုကို ဟောင် ဘေးကနေ အကြောင်သား ကြည့်နေမိသည်။
‘ ဝိုး.. ဒီလိုလဲ ရတာပေါ့?’
သူ မျက်တောင်ခတ်ပြီး ပြုံးလိုက်ကာ ဦးထုပ်လေးကို တည့်ပေးလိုက်သည်။
“ မင်းနဲ့ကွက်တိပဲ ခူရိုမီ.. လန်းတယ်”
လန်းတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ခူရိုမီ နားမလည်ပေမဲ့ ဟောင်ရဲ့ လေသံကို နားထောင်ရသလောက် ချီးကျူးတာမှန်း သိလိုက်သည်။
ခူရိုမီလဲ ပြန်ကြည့်လိုက်ပြီး သူမရဲ့ အမြှီးက ကျေနပ်မှုကြောင့် ယမ်းနေလေ၏။
‘ ကြိုက်တယ်သခင် ငါနဲ့ကွက်တိပဲ’
ဟောင် နူးညံ့စွာ ရယ်လိုက်ကာ
“ ကောင်းတယ်။ မင်းတစ်ကယ် ကြည့်ကောင်းနေတယ်”
ကျန်တဲ့ဟာတွေကိုပါ စမ်းကြည့်ဖို့ သူ အချက်ပြလိုက်သည်။
“ ကျန်တာတွေပါ ငါကူညီပေးရမလား?”
ခူရိုမိ ခေါင်းညိတ်လိုက်သည်။
“ အင်း သခင် ကူညီပါအုံး”
ဟောင် အမဲရောင်ရှပ်ကို ယူပြီး သူမခေါင်းကနေ ဂရုတစိုက် စွတ်ပေးလိုက်သည်။ သူမရဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်သွားအောင် သူသေချာလေး ညှိပေးလိုက်သည်။
နောက်တစ်ခုအနေနဲ့ ဟောင် ခါးပတ်ပတ်ပေးဖို့ ပြင်လိုက်သည်။ သူမရဲ့ခါးမှာ ပတ်ပေးပြီးတာနဲ့ အစောင့်တွေကိုင်တဲ့ တုတ်အတိုကို ဘေးမှာ သေချာ နေရာချပေးလိုက်၏။
ခါးပတ်ကလဲ သူမနဲ့ ကွက်တိပင်။
နောက်ဆုံးအနေနဲ့ ချောကလတ်ရောင် အပေါ်ထပ် စွတ်ကျယ်ဆီ လက်လှမ်းလိုက်သည်။ သူမရဲ့ ပုခုံးဘေးကနေ ဝတ်ပေးပြီးတာနဲ့ အပေါ်ဘက်ထောင့်နားမှာ နာမည်ကဒ်ပါ တပ်ပေးလိုက်၏။
နောက်ဆုံး တစ်ခုပါ လုပ်ပြီးသွားပြီမို့ ဟောင် ခြေတစ်လှမ်း နောက်ဆုတ်ပြီး ခူရိုမီရဲ့ ဝတ်စုံပြည့်အနေအထားကို ကြည့်လိုက်သည်။
“ ဒါပဲ” ဟောင် ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့၏။
“ အကုန်ပြီးပြီ မင်းအခု လုံးဝကို အသင့်ဖြစ်ပြီ ခူရိုမီ”
ခူရိုမီ အနည်းငယ် အကြောဆန့်လိုက်သည်။ သူမရဲ့ ဝတ်စုံက လုံးဝကို ကွက်တိကျတာပင်။
ခန္ဓာကိုယ်ကို မတ်လိုက်ရင်း.သူမ အနည်းငယ် ဂုဏ်ယူမိသလို ခံစားလိုက်ရသည်။ သူမ အခု ဒီဆိုင်နဲ့ တရားဝင် သက်ဆိုင်သွားပြီဆိုတဲ့ သင်္ကေတပဲဒါက။
“ ကျေးဇူးပါသခင် ဒီဆိုင်အတွက် ငါ အစွမ်းကုန် ကြိုးစားမှာပါ”
ခူရိုမီ ဝတ်စုံအသစ်ကို စမ်းသပ်ကြည့်ဖို့ရန် လှုပ်ရှားကြည့်လိုက်သည်။ ဂိုထောင် တစ်ခုလုံးအတွင်းမှာ သူမ ခုန်ပေါက်ကြည့်လိုက်၊ အမြင့်ကနေ ဆင်းကြည့်လိုက်ဖြင့် လှည့်ပတ် သွားနေတော့၏။
အံ့သြဖို့ကောင်းလောက်အောင် ဝတ်စုံက ဘာကိုမှ မထိန်းချုပ်နေဘူး။ သုမ ဘာမှ မဝတ်ထားသလိုပဲ ခံစားရသည်!
သူမ သေချာ မခွဲနိုင်တော့ဘူး။ သူမရဲ့ အမွှေးတွေ ပုံမှန်လို လွတ်လပ်စွာ လှုပ်ရှားနေတာကို အသားကျပေမဲ့ ဒီဝတ်စုံကလဲ လုံးဝကို ပေါ့ပါးတာပင်။
ဒါဘယ်လို ဖြစ်နိုင်မှာလဲ? ဒီလိုမျိုး ဝတ်ရ ကောင်းအောင် ဘယ်လို အရာကနေ ဖန်တီးထားတာလဲ?
ဒီလို လက်ရာမြောက် ဝတ်စုံကို ဘယ်သူ ချုပ်ထားတာလဲ?
သူမရဲ့ အမြှီးက ရှုတ်ထွေးမှုကြောင့် အနည်းငယ် ယမ်းနေသော်ငြား သူမ ဝတ်စုံကို ကျေနပ်မိသည်။
သူမရဲ့ ခါးပတ်နားက တုတ်ချောင်းကို ယူကြည့်လိုက်သည်။ ဒါဘာလဲ သူမ မသိပေ။
ခါးနားမှာ ချိတ်ထားတဲ့ ထူးဆန်းတဲ့ ပစ္စည်းဖြစ်ပြီး တုတ်တစ်ချောင်းနဲ့ ဘာမှ မကွာခြားဘူး။
ဒါရဲ့ရည်ရွယ်ချက်ကဘာလဲ? ဒါကဘာလို့ ဒီလိုကြီးကပ်ထားတာလဲ?
သူမရဲ့ ရှုတ်ထွေးနေမှုကို သတိထားမိတာမို့ ဟောင် စနစ်ကို လှမ်းမေးလိုက်၏။
‘ စနစ် ဒီတုတ်ချောင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ? အလှထည့်ပေးထားတာတော့ မဟုတ်ဘူးမလား?’
( အဲ့ဒီတုတ်ချောင်းက ဆိုင်အစောင့်အတွက် လုပ်ပေးထားတဲ့ ပစ္စည်းပါ)
( အဲ့ဒါက အသုံးပြုသူရဲ့လိုအပ်ချက် အတိုင်း လိုက်ပြောင်းပေးနိုင်တယ်။ ဥပမာ ပြောရရင် ခူရိုမီက အဲ့ဒါကို ဓားအဖြစ် ပြောင်းစေချင်ရင် ဓားအဖြစ်ပြောင်းသွားမယ်။ ဒိုင်းအဖြစ် ပြောင်းချင်ရင် ဒိုင်းအဖြစ် ပြောင်းသွားမယ်)
ဟောင် မျက်ခုံးတစ်ဖက် ပင့်သွားပြီး
‘ နေအုံး နေအုံး ဒါဆို တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီဟ’
‘ ကြိုက်တာပြောင်းလို့ရတဲ့ ပစ္စည်းပေါ့’
ဟောင် ခူရိုမီဘက်ကို လှည့်လိုက်ကာ
“ ဒါကို အစောင့်တုတ်လို့ခေါ်တယ်။ ပုံမှန်အားဖြင့် ခုခံတဲ့နေရာမှာ အသုံးပြုတယ်။ ဒါပေမဲ့ မင်းရဲ့ဟာက ကြိုက်တဲ့လက်နက်အဖြစ် ပြောင်းလို့ရတယ်။ မင်း လိုချင်တာကို စိတ်ကူးလိုက်ရုံပဲ”
စိတ်ကူးရမယ်?
ထိုတုတ်ချောင်း.ဘယ်လို အလုပ်လုပ်လဲ သူမ ကောင်းကောင်း သဘောမပေါက်သေး သော်ငြား ဆက်မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
သူမရဲ့ အာရုံကို စုစည်းကာ တုတ်ချောင်းကို သူမရဲ့ပုံစံနဲ့ ကိုက်ညီတဲ့ တစ်စုံတစ်ခုအဖြစ် ပြောင်းဖို့စဥ်းစားလိုက်သည်.. လက်သည်း!
ဒီလို ထက်တဲ့အရာမျိုးက သူမရဲ့ အမြန်နှုန်းနဲ့ လိုက်လျောညီထွေဖြစ်နိုင်သည်။
ဒါပေမဲ့ မပြောင်းလဲသေးချေ။ ထို့နောက်မှာမှ တစ်ဖြည်းဖြည်း ပြောင်းလဲမှုက စတင်လာခဲ့သည်။ တုတ်ချောင်းက အရည်အဖြစ်ပြောင်းသွားပြီး ပြဒါးနက်လိုမျိုး ဖြစ်သွားသည်။
သူမရဲ့ ညာဘက်လက်အနားကို ရောက်လာပြီး ရစ်ပတ်ခွေသွားသည်။ ထို့နောက်မှာ အရည်က ခဲသွားပြီး ချွန်ထက်တဲ့ သေစေနိုင်သော လက်သည်းက မီးရောင်အောက်မှာ လက်လာခဲ့သည်။
ဒီ လက်နက်ရဲ့ ချွန်ထက်တဲ့ အသွားက ပစ္စည်း အများစုကို အေးဆေးဖြတ်နိုင်မည်မှန်း သူမ သေချာပြောနိုင်သည်။
ဘယ်လို လက်နက်အဆန်းမျိုးလဲ? တွေးလိုက်တာနဲ့ ပုံစံတူ ပြောင်းနိုင်တယ်?
သူမရဲ့ လည်ချောင်းကနေ စိတ်လှုပ်ရှားမှုကြောင့် နူးညံ့တဲ့ အသံတစ်ခု ထွက်လာခဲ့သည်။
‘ သခင်.. ဒါက တစ်ကယ်ပဲ ငါ့ဟာလား?’
“ အင်း မင်းအပိုင်ပဲ။ မင်းက ဒီဆိုင်ရဲ့ အစောင့်အရှောက်တစ်ယောက်ဖြစ်သွားပြီ”
ခူရိုမီရဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။ လက်နက်ကြောင့်ပဲ မဟုတ်ဘူး။ ဒါတွေ အကုန်လုံး သူမကို ပေးလိုက်လို့ပဲ။ အကုန် သူမအပိုင်ပဲ!
ဟောင် ထိုလက်သည်းကို မနာလိုစွာ တစ်ချက် ကြည့်လိုက်သည်။ စိတ်ကူးယဥ်လိုက်တာနဲ့ ပြောင်းနိုင်မဲ့ပစ္စည်း.. ဒါကို မလိုချင်တဲ့သူ ရှိပါ့မလား?
ဒါက အသက်အရွယ်မရွေး ကမ္ဘာပေါ်က ယောက်ျားလေးတိုင်းရဲ့ အိပ်မက်တစ်ခုလို့ ပြောလို့ရသည်။
ဒါပေမဲ့ ဟောင် ပြုံးလိုက်ကာ
‘ ငါ့မှာ မရှိပေမဲ့ ခူရိုမီမှာ ရှိတာကိုပဲ ပျော်ပါတယ်’
ခူရိုမီက ဟောင်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လာသည်။
“ သခင် ငါ အလုပ်စလို့ရပြီလား?”
ဟောင် ခေါင်းညိတ်လိုက်သည်။
“ ရတာပေါ့။ သွားလေ”
ဒီလိုနဲ့ သူတို့နှစ်ယောက်လုံး ဆိုင်ထဲ ပြန်သွားလိုက်ကြသည်။ ဒါပေမဲ့ ဟောင် ဘာမှမပြောရသေးခင်မှာပဲ ခူရိုမီက လှုပ်ရှားနေခဲ့တာပင်။
အမိန့်မလိုဘူး။ သူမက လုပ်ရမဲ့တာဝန်ကို ကောင်းကောင်းသိသည်။