( အင်ပါယာရဲ့ လက်အောက်က လုပ်ကြံရေးဂိုဏ်း)
Vol. 4 Ch. 53
ခူရိုမီ အရင်ဦး သူမရဲ့ကလေးတွေ ဆော့နေတဲ့ ကောင်တာပေါ်ကို သွားလိုက်သည်။
ကလေးတွေရဲ့ ဘေးတွင် သူမ ထိုင်ချလိုက်ပြီး အမြှီးလေးက ဂုဏ်ယူစွာ တဖြတ်ဖြတ်ယမ်းနေသည်။ ဟိတ်ဟန်အပြည့်ဖြင့် သူမရဲ့ ဝတ်စုံအသစ် လေးကို ပြလိုက်၏။
ကလေးနှစ်ယောက်က သူမကို အံ့သြတကြီး ကြည့်လာကြသည်။ တစ်ကောင်က အရင်ဆုံး တိုးငယ်စွာ ‘ မြှောင်’ လိုက်ချိန်မှာ ကျန်တစ်ကောင်က အကျယ်ကြီး ‘ မြှောင်’ လိုက်သည်။ သူတို့ရဲ့ လေသံတွင် မနာလိုမှုတွေ ပါဝင်နေသည်။
ခူရိုမီ ပျော်ရွှင်စွာဖြင့် အမွှေးတစ်ချက် ခါလိုက်သည်။
‘ ကောင်းကောင်းလေ့ကျင့်ကြ၊ မင်းတို့ တစ်ရက်ရလိမ့်မယ်’
ထို့နောက်မှာ သူမ ဆိုင်အပြင်ကို သွားလိုက်သည်။
သူမရဲ့ တာဝန်က ဆိုင်ထဲမှာ မဟုတ်ဘူး။ ဒီနေရာက သူမသခင်ရဲ့ ပိုင်နက်ပဲ။ ဟောင် ဒီမှာရှိနေရင် ဘယ်သူမှ ပြဿနာ ရှာရဲမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဆိုင်အပြင်ကရော? ဆိုင်အပြင်ကို စောင့်ရှောက်ဖို့က သူမ တာဝန်ပဲ။
ခူရိုမီ လမ်းကြားအပြင်ကို ခြေချလိုက်တာနဲ့ သူမရဲ့အာရုံတွေကို ဖြန့်ကျပ်လိုက်သည်။
သူမရဲ့ ချီစွမ်းအင်က လမ်းကြားရဲ့ နေရာတွေကို ရောက်ရှိချိန်မှာ သူမရဲ့ နှာခေါင်းကို သုံးပြီး အနံ့ခံလိုက်သည်။ နားရွက်နှစ်ဖက်ကို ထောင်ကာ ကျောက်ခဲတွေရဲ့ လှုပ်ရှားသံကအစ အာရုံစိုက် နားထောင်လိုက်သည်။ သူမရဲ့ မျက်လုံးတွေက လမ်းကြားရဲ့ အရိပ်ကျတဲ့ ထောင့်တိုင်း အပေါ် ကျရောက်နေ၏။
ထို့နောက်မှာ သူမ အရှေ့ကို ဆက်သွားလိုက်သည်။
သူမရဲ့ မွေးရာပါ စွမ်းရည် အရိပ်သွေးကြောကို အသက်သွင်းလိုက်သည်။
ချီစွမ်းအင်အာရုံခံမှုကို သုံးတာက လှည့်ကွက်တစ်ချို့နဲ့ သိုင်းပညာတစ်ချို့ကို သုံးပြီး ပိတ်လို့ရသည်။ ဒါပေမဲ့ သူမရဲ့ ချီစွမ်းအင်ကို မှီခိုမှုမရှိတဲ့ အရိပ်သွေးကြောကတော့ မတူဘူး။
အရိပ်တွေကြားက ကမ္ဘာကြီးကို ကြည့်ရှုပြီး အသက်ဓာတ်ကို အာရုံခံသည်။
အရိပ်နှစ်ခုကို ဆက်နွယ်နိုင်သရွေ့ နံရံ အနောက်ကဖြစ်နေပါစေ၊ မြေအောက်က ဖြစ်နေပါစေ လှုပ်ရှားမှု မှန်သမျှကို သူမ အာရုံခံနိုင်သည်။ သူတို့ရဲ့ တည်ရှိမှုကို ဘယ်လိုပဲ ဖုံးကွယ်ထားပါစေ သူမ အာရုံခံနိုင်သည်။
သူမရဲ့ အရိပ်ဖြန့်ကျပ်မှုကို လာထိတာနဲ့ ခူရိုမီ တန်းသိသည်။
လမ်းကြားထဲက ထောင့်တွေ၊ အရိပ်ကျတဲ့ နေရာတွေတိုင်းမှာ သူမရဲ့ ပြစ်ချက်မရှိတဲ့ အာရုံခံမှုရှိသည်။ ဘာကမှ သူမရဲ့ အာရုံကနေ မလွတ်နိုင်ဘူး။
ခူရိုမီ ကောင်းကောင်း နားလည်ပါသည်။ သူမရဲ့တာဝန်က ဆိုင်ထဲကို ရိုးသွားစွာ ဝင်ရောက်ချင်နေတဲ့ ဈေးဝယ်ကို တားရမှာမဟုတ်သလို သံသယဖြစ်ဖွယ် ပုံပေါက်တဲ့ လူဝင်လာရင်တောင် ပြဿနာ မရှာသေးရင် တားလို့မရသေးဘူး။
အဲ့ဒါက သူမရဲ့ တာဝန်မဟုတ်ဘူး။
ဘယ်သူက မောင်းထုတ်သင့်တယ် ဆိုတာကို သခင်ကပဲ ဆုံးဖြတ်လိမ့်မည်။ ဆိုင်ထဲကို ဘယ်သူ ဝင်သင့်တယ် မဝင်သင့်ဘူး ဆုံးဖြတ်ရန်က သူမရဲ့တာဝန် မဟုတ်ဘူး။
သူမရဲ့ တာဝန်က ရိုးရှင်းသည်.. ဒီနေရာကို စောင့်ကြပ်ရမယ်။
သူမရဲ့ အလုပ်က ဒီလမ်းကြား တည်ငြိမ်စွာ ရှိနေဖို့နဲ့ ဈေးဝယ်တွေကို ပြဿနာ မတက်စေရန် စောင့်ကြပ်ပေးဖို့ပဲ။
အကယ်လို့ တစ်စုံတစ်ယောက်က သံသယ ဖြစ်ဖွယ် ကိစ္စရပ်ကို လုပ်ဖို့ကြိုးစားလာလျှင် သူမ ရှေ့ထွက်ပြီးတားဆီးမည်။ ဒါပေမဲ့ လာသမျှ လူတွေက ဆိုင်နဲ့ အထဲက ဈေးဝယ်တွေကို လေးစားမှုရှိနေသရွေ့ သူမ ကြားဝင်ဖို့ အကြောင်းအရင်း မရှိဘူး။
…………
ပင်မမစ်ရှင်- ကြက်သားအရသာဖြစ်ဖြစ်၊ အမဲသားအရသာဖြစ်ဖြစ် ကြိုက်တဲ့အထဲက အစပ် ၅၀၊ အချို ၃၀ ရောင်းရန်။
တိုးတက်မှု- အစပ် 0/50နဲ့ အချို 0/30 မှ
အစပ် 0/50 နဲ့ အချို 2/30
……………..
အရန်မစ်ရှင်တစ်- ကိုလာနဲ့ သံပုရာဆိုဒါမှ ဝိညာဥ်ကျောက်တုံး ၁၅၀ စုဆောင်းရန်။
တိုးတက်မှု- 0/150 မှ 15/150
………………
အရန်မစ်ရှင်နှစ်- ဆိုင်အစောင့်နှစ်ယောက် ငှားရန်။
( ဆိုင်ကို အခုလို အကာအကွယ်မဲ့ ထားဖို့ အစီအစဥ် မရှိဘူးမလား?)
တိုးတက်မှု- 0/2 မှ 1/2
………….
ဟောင် သက်ပြင်းချလိုက်သည်။
“ ရောင်းစရာတွေ အများကြီး ကျန်သေးတာပဲ”
ဒီလိုနဲ့ နေ့တစ်နေ့က ပုံမှန်ဆန်စွာ ကုန်ဆုံးသွား၏။ အထဲဝင်လာတဲ့ ဈေးဝယ် တွေ ရှိပေမဲ့ ဈေးကိုမြင်ပြီး ပြန်ထွက်သွားကြသည်။
သူတို့ ဆင်းရဲနေလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဈေးကိုက ပြဿနာ ဖြစ်နေတာပင်။
အရမ်းကို သောက်ကျိုးနည်း မြင့်လွန်းနေတာပဲ!
ဈေးအနည်းဆုံး ပစ္စည်းက ဝိညာဥ်ကျောက်တုံး တစ်တုံးကျမယ်? ဝိညာဥ်ကျောက်တုံး တစ်တုံးနဲ့ အများကြီး ဝယ်လို့ရသည်!
ညရောက်လာချိန်မှာ မိုရှီရှီလဲ ကျင့်ကြံလို့ ပြီးသွားခဲ့သည်။ သူမပိုပြီး သန်မာလာသလို ခံစားရသည်။ အတွင်းချီစွမ်းအင်တွေက နည်းလမ်းအသစ်နဲ့ စီးဆင်းနေသလိုပဲ။
သူမ နောက်ဆုံးတော့ ကောင်းကင်ဘုရင် နယ်ပယ်ရဲ့ အဆင့်ခြောက်ကို တက်သွားခဲ့ပြီ!
လုံးဝ မတူညီတဲ့ ကမ္ဘာသစ်တစ်ခုထဲ ဝင်ရောက်သလိုမျိုး ခံစားနေရသည်။
မိုရှီရှီ ညစာအတွက် ခေါက်ဆွဲပြုတ် စားဖို့ တွေးလိုက်သည်။ ဒါပေမဲ့ သူမ စားပြီးနောက်မှာ အရင်လို အလင်းမပွင့် တော့ဘူး။ သူမ ခဏတာ ရှုတ်ထွေးသွား၏။
နောက်မှသာ ခေါက်ဆွဲတွေကြောင့် မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။ သူမရဲ့ ကျင့်ကြံရေး နယ်ပယ်က မြင့်သွားပြီမို့ အလင်းပွင့်နိုင်ဖို့ ခေါက်ဆွဲတွေ ပိုလိုအပ်လာတာပင်။
သူမ စိတ်မပျက်မိပေ။ တိုးတက်လာရင် ဒီလောက်တော့ ကြုံရမှာပေါ့။
မိုရှီရှီ ကောင်တာနားကို လျှောက်သွားလိုက်၏။
“ ရှီရှီလေးရေ ခူရိုမီက ငါတို့ဆိုင်ရဲ့ တရားဝင် အစောင့်ဖြစ်သွားပြီ”
ဟောင်က ကောင်တာမှာ ခေါက်ဆွဲစားနေရင်း ပုံမှန်လို လှမ်းပြောလိုက်သည်။
“ သူမက ငါတို့ဆိုင်ရဲ့ ပထမဆုံး အစောင့်အရှောက်ပဲ”
ဒီလိုဖြစ်လာမယ်မှန်း မိုရှီရှီ အရင်ထဲက တွေးမိခဲ့ပေမဲ့ ဒီလောက် မြန်လိမ့်မယ်လို့ မထင်ထားမိပေ။
သူမ ပြုံးလိုက်တော့၏။ ပြန်တွေးကြည့်တော့.. သူမကို အလုပ်ခန့်တုန်းကလဲ မြန်ခဲ့တာပင်။ ခူရိုမီထက်တောင် မြန်သေးသည်။ သူမ ဆိုင်ထဲကို ဝင်လာတဲ့ ပထမဆုံးအချိန်မှာပဲ အလုပ်ခန့်လိုက်တာလေ။
ခူရိုမီ ရှိနေမဲ့ တံခါးအပြင်ဘက်ကို သူမ လှမ်းကြည့်လိုက်သည်။
ခူရိုမီရဲ့ တာဝန်က အပြင်ဘက်ကို စောင့်ကြပ် ရမှာဖြစ်တာမို့ ဆိုင်ထဲမှာ မရှိဘူး။
ဒါလဲ ကြိုသိနိုင်ပါသည်။ ခူရိုမီက ကျင့်ကြံသူ အများစုထက် ပိုသန်မာသည်။ ဒီတော့ သူမရဲ့ အလုပ်တာဝန်က အပြင်ဘက်က ခြိမ်းခြောက်လာနိုင်မဲ့ အန္တရာယ်ရန်ကနေ ဆိုင်ကို ကာကွယ်ရမှာမျိုး ဖြစ်သင့်တာပဲ။
ဆိုင်အပြင်တွင် ပြဿနာ ရှာရဲတဲ့ ဘယ်သူမဆို အမြန်နောင်တရသွားကြရလိမ့်မည်။ ဘာတွေ ဖြစ်နေလဲတောင် မသိလိုက်ဘဲ သက်မဲ့ အသားတုံးဘဝ ပြောင်းသွား နိုင်တာကြောင့်ပင်။
ခူရိုမီက လူတိုင်း အလွယ်သွားရှုတ်လို့ရတဲ့ ကြောင်စားမျိုး မဟုတ်ဘူး။
အပြင်ဘက် တံခါးဘေးတွင် ခူရိုမီသည် သတိအပြည့်ဖြင့် ရပ်နေခဲ့သည်။ သူမရဲ့ အာရုံက လမ်းကြားအဝကို လမ်းလျှောက်လာနေတဲ့ အမျိုးသမီး နှစ်ယောက်ထံတွင်ရှိနေသည်။
ခြေသံကို နားထောင်ရသလောက် ပေါ့ပါးပြီး အလျင်မလိုဘူး။
သူမ အာရုံခံရသလောက် ထိုမိန်းကလေး နှစ်ယောက်တွင် အန္တရာယ်မရှိချေ။ သူတို့ရဲ့ ကျင့်ကြံဆင့်ကလဲ နိမ့်၏..သာမာန် ဖြတ်သွားတဲ့သူဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဈေးဝယ်ထွက်လာတဲ့ မိန်းကလေးတွေသာ ဖြစ်နိုင်သည်။
ဒါပေမဲ့ မူမမှန်တာ တစ်ခု ရှိနေသည်။
သူတို့ရဲ့ နောက်ကနေ လိုက်လာနေတဲ့ တတိယ သူတစ်ယောက် ရှိနေတာပဲ!
ယောက်ျားတစ်ယောက်…
ထိုသူက ပုံမှန်လို လမ်းလျှောက်နေတာမျိုး မဟုတ်ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကို မြူခိုးတစ်ခုလို ဖုံးကွယ်ထားသေးတဲ့အပြင် ချီစွမ်းအင်ကိုပါ ဖိနှိပ်ထားသည်။ သူ့ရဲ့ လှုပ်ရှားမှုကလဲ သတိမထားမိလောက်အောင် တိုးဖျော့သည်။
သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်နေတာ မဟုတ်ပေမဲ့ တည်ရှိမှုက အလွှာတစ်ခု ဖုံးထား သလိုမျိုးပဲ။
အရိပ်သွေးကြော ကြောင့်သာ မဟုတ်ရင် ခူရိုမီ လုံးဝ သတိထားမိမှာ မဟုတ်ချေ။
ထိုသူ အသုံးပြုထားတဲ့ ဖုံးကွယ်သိုင်းက အလွန် ရှားပါးလောက်သည်.. အဆင့်မြင့် ကျင့်ကြံသူတွေကိုတောင် ထင်ယောင်ထင်မှား ဖြစ်စေဖို့ လုံလောက်သည်။
သူ့ရဲ့ အဲ့ဒီကျွမ်းကျင်တဲ့ စွမ်းရည်က ကျင့်ကြံမှုမြင့်ကြောင်း ပြောနေလေ၏။
ခူရိုမီရဲ့ ကျင့်ကြံဆင့်ထက် မမြင့်ပေမဲ့ ဖြစ်နိုင်တာတော့ တော်တော်လေး နီးစပ်သည်။
အခုလို အဆင့်မြင့် ဖုံးကွယ်သိုင်းကို သုံးထားတည်းက ဒီလူက သာမာန်သူ တစ်ယောက်မဟုတ်တာ ခူရိုမီ သိလိုက်သည်။ ထိုသူက ကျွမ်းကျင်သူလျှို တစ်ယောက် ဖြစ်နိုင်သည်။ သူ ဘာအကြောင်းကြောင့်ပဲ ရောက်လာတာဖြစ်စေ အရေးကြီးကိစ္စ ဖြစ်ရမည်။
ထိုသူက ရှဲ့ဖေးယန် ဖြစ်သည်။
တိမ်တိုက်ဝန်းရံ အင်ပါယာရဲ့ လက်အောက်က လျှို့ဝှက် လုပ်ကြံရေးဂိုဏ်း တစ်ခုဖြစ်သော တိမ်မိုးဓားသွားဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်သည်။
သူတို့က အရိပ်အောက်က အင်ပါယာရဲ့ လျှို့ဝှက်ဓားသွားတွေ ဖြစ်သည်။ အင်ပါယာက ပေးအပ်တဲ့ တာဝန်တွေကို ရှင်းလင်းနေအောင် ဆောင်ရွက်ပေးရသည်။
ထီးနန်းကို အန္တရာယ်ပေးလာနိုင်တဲ့ သူတွေကို ရှင်းလင်းပေးရသည်။ နိုင်ငံရေး ပြိုင်ဘက်တွေကို အမြစ်ဖြတ်ရှင်းလင်း ပေးရတတ်ပြီး အင်ပါယာရဲ့ အာဏာ တည်တံ့အောင် ထိန်းသိမ်းပေးဖို့ တာဝန် ရှိသူများပင်။