ခေါက်ဆွဲတစ်ပွဲကို ဝိညာဥ်ကျောက်တုံး တစ်တုံးပေးရမယ်? ဒီဆိုင်က ရဲတင်းလှချည်လား!)
Vol. 4 Ch. 55
အထဲက လေထုက ငြိမ်းချမ်းလှပြီး အပြင်ဘက် ကမ္ဘာရဲ့ အေးချမ်းတဲ့ ကောင်းကင်ဘုံ တစ်ခုလို ခံစားရစေသည်။
ယူလန်ချင်းယီ နဲ့ လီမေ့ နှစ်ယောက်လုံး.သူမတို့ အရေပြားကို ပွတ်တိုက်နေတဲ့ လေပြေအေးကို ခံစားမိကြသည်။ မသက်မသာ ဖြစ်သလို မခံစားရဘူး။ ထိုအစား လန်းဆန်းသွားစေသည်။
သူတို့တွေ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ စကားတစ်ခွန်း ပြောစရာမလိုပါချေ။ သူတို့တွေ တူညီသော အတွေးရှိသည်။
ဒီနေရာက အအေးအစီအရင် သုံးထားတာပဲ!
သက်တောင့်သက်သာ ဖြစ်စေချင်ရုံနဲ့ သုံးထားတာလား?
လက်ဖွာလိုက်တာ!
ဒီလို အစီအရင်မျိုးကို နန်းတော်နဲ့ ဂိုဏ်းအကြီးကြီးတွေမှာသာ တွေ့ရတတ်ပြီး အဆင့်အမြင့်ဆုံး ဆိုင်တွေမှာပဲ ဝယ်ယူလို့ ရနိုင်သည်။
ဒါပေမဲ့ မှောင်မဲနေတဲ့ လမ်းကြားမှာ ဖွင့်ထားတဲ့ ဆိုင်အငယ်လေးမှာ သုံးထားတယ်ပေါ့?
ကောင်တာ အနောက်မှာ ရပ်နေတဲ့ ကလေးမလေးဆီ အကြည့်ရောက်သွားချိန်မှာ သူတို့ရဲ့အတွေးတွေ ယာယီ ရပ်သွားကြသည်။
‘ သူမက.. ဆိုင်ရှင်လား?’ သူမတို့ နှစ်ယောက်လုံး အံ့အားသင့်သွား ကြသည်။
ဒါပေမဲ့ သူမတို့ အမြန်ပဲ အတွေးပြောင်း လိုက်ကြပါသည်။ သူမက အရမ်းငယ်လွန်းတယ်။ ဆိုင်ရှင် မဖြစ်နိုင်ဘူး။
ဒါပေမဲ့ ယဥ်ကျေးစွာပဲ သူမတို့ ခေါင်းညိတ် ပြလိုက်ကြသည်။
“ မင်္ဂလာပါ”
“ မင်္ဂလာပါ” ယူလန်ချင်းယီကလဲ နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။
“ မင်းက ဒီနေရာရဲ့ ပိုင်ရှင်လား မေးလို့ရမလား?”
မိုရှီရှီ ပေါ့ပါးစွာ ခေါင်းရမ်းပြလိုက်၏။
“ ငါကပိုင်ရှင် မဟုတ်ဘူး။ အလုပ်သမားပါ။ အခုဆိုင်ကြည့်ပေးနေတာ”
မိုရှီရှီ ထို့နောက်မှာ ကောင်တာကို လက်ညိုး ထိုးပြလိုက်သည်။
“ ဒါကမှ သူဋ္ဌေးပါ။ ဒီဆိုင်ရဲ့ ပိုင်ရှင်”
“ သူဋ္ဌေး”
ယူလန်ချင်းယီ မရင်းနီးသော စကားလုံးကို လိုက်ပြောကြည့်လိုက်သည်။
လီမေ့က ချင်းယီ နားနား ကပ်လိုက်ကာ
“ မင်းသမီး သူဋ္ဌေးဆိုတာ ဒီနေရာကို ပိုင်တဲ့ သူကို ခေါ်တာမျိုးပါ”
ယူလန်ချင်းယီနဲ့ လီမေ့ နှစ်ယောက်လုံး မိုရှီရှီ လက်ညိုးညွှန်ပြတဲ့ နေရာကို ကြည့်လိုက်ကြသည်။
ကောင်တာတွင် လူငယ်တစ်ယောက်သည် ခေါက်ဆွဲထိုင်စားနေခဲ့၏။
သူ့ရဲ့ ပုံစံက စားနေရင်း တန်းလန်းပင်။ ပါးစပ်က ဖောင်းနေပြီး ခေါက်ဆွဲတစ်လုပ်ကို အစောကမှ ပါးစပ်အပြည့် သွပ်ထားပုံ ရှိသည်။
ပါးစပ်ရဲ့ဘေးတွင် ဟင်းရည် တစ်ချို့ ပေကျံနေပြီး တူကြားမှာ ခေါက်ဆွဲမျှင်ကလဲ တိုးလို့တန်းလန်း…
ဟောင် အားနေတဲ့ လက်တစ်ဖက်နဲ့ ပုံမှန်လို လက်ယမ်းပြလိုက်သည်။
မိန်းကလေးတွေရဲ့ အလှကြောင့် အံ့သြနေဟန် တစ်စက်မရှိ။
ဆိုင်ကို အမြဲလိုလို လာတဲ့ ထူးခြားတဲ့ အလှပိုင်ရှင် ယွဲ့ရှုယန် ကြောင့် ဖြစ်နိုင်သည်။ သူ အလှလေးကို မြင်ရတာ ကျင့်သားရသွားလို့ ဖြစ်မည်။
“ အဲ့ဒါပိုင်ရှင်လား?” ယူလန်ချင်းယီကော လီမေ့ကော မှင်သက်သွား၏။
သူမတို့ ထင်ထားတာနဲ့ နည်းနည်းမှလဲ မတူဘူး။
သူမတို့ ထင်ခဲ့တာ ခမ်းနားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားမဲ့ ဉာဏ်ပညာရှိပုံပေါက်တဲ့ အသက်ကြီးကြီး လူအိုတစ်ယောက်လေ..
အခုမှ အိပ်ယာက ကောက်ထလာပုံနဲ့ ခေါက်ဆွဲ ပလုပ်ပလောင်းစားနေတဲ့ ငချွတ်လေး မဟုတ်ဘူး..
လီမေ့ မျက်မှောင်ကြုတ်သွားသည်။
‘ သူ မင်းသမီးကို ဘယ်လို ဆက်ဆံနေတာလဲ?!’
ဒါပေမဲ့ လီမေ့ မပြောရသေးခင်မှာပဲ ယူလန်ချင်းယီက အရှေ့တိုးလိုက်ပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“ မင်္ဂလာပါ ဆိုင်ရှင်”
အသိအသာကို မပျော်ရွှင်နေပုံ ပေါက်တဲ့ လီမေ့လဲ လိုက်နှုတ်ဆက် ရတော့တာပေါ့။
‘ မင်းသမီးက အရင် လေးစားမှုပြနေမှတော့ ငါက ငြင်းလို့ဘယ်ကောင်းမလဲ?’
ထိုသို့ တွေးမိပြီး လီမေ့ အမြန်ခေါင်းညိတ် ပြလိုက်သည်။
ဟောင် သူမတို့ကို ခပ်တိုတို ခေါင်းပြန် ညိတ်ပြလိုက်ပြီး ဆက်စားနေလေ၏။
လီမေ့ရဲ့ မျက်ခုံးက တွန့်လိမ်သွားပြီ.. တစ်ခုခုပြောဖို့ရန် ပါးစပ် ဟပြီးသားပင်။
ဒါပေမဲ့ လီမေ့ အကြောင်း ကောင်းကောင်း သိနေတဲ့ ချင်းယီက အမြန်ပဲ လီမေ့ ရဲ့လက်ကို ဆွဲလိုက်ကာ အသာလေး ပုတ်လိုက်၏။
“ ငါ့ကို ခဏပတ်ကြည့်ခွင့်ပေး မေ့မေ့”
ချင်းယီက နူးညံ့စွာ ပြုံးပြလိုက်သည်။
မင်းသမီးရဲ့ တည်ငြိမ်တဲ့ အပြုအမူကို မြင်တော့ လီမေ့ မတတ်နိုင်စွာ အလွတ်ပေး လိုက်ရတော့သည်။
အလုပ်သမားကော ဆိုင်ရှင်ကောက ရောင်းကုန်တွေကို မိတ်ဆက်ဖို့ လုံးဝ စိတ်ဝင်စားဟန် မရှိတာမို့ သူမတို့ဘာသာ လှည့်ပတ်ကြည့်ရတော့သည်။
အဲ့ဒါကိုက အနည်းငယ် ထူးဆန်းသည်။
တစ်ခြားဆိုင်တွေဆို အမြဲတမ်း အလုပ်သမားတွေက တက်ကြွစွာ နှုတ်ဆက်ကြသည်။ အကောင်းဆုံး ပစ္စည်းတွေ ထုတ်ပြပြီး ဈေးအကြီးဆုံး ရတနာမျိုးစုံကို ထုတ်ပေးဖို့ ကြိုးစားကြတာလေ။ ဒါပေမဲ့ ဒီမှာကကော?
ဘာမှ မလုပ်ကြဘူး။
အဆိုးဆုံးက စင်အများစုက ဗလာဖြစ်နေတာပင်။
လီမေ့ မျက်မှောင်ကြုတ်သွားသည်။ ဒီဆိုင်က မရောင်းရလို့များလား? အအေးဓာတ်အတွက်တောင် အစီအရင်တွေ ကြီးကြီးကျယ်ကျယ် သုံးထားပြီး ရောင်းမဲ့ ပစ္စည်းက နည်းလှချည်လား?
သူမတို့ ပထမဆုံး ရောင်စုံအဖုံးများနဲ့ ခွက်ပုံစံ ပစ္စည်းများရှေ့ ရပ်သွားခဲ့သည်။
“ ဒါဘာတွေလဲ?”
ယူလန်ချင်းယီက ‘အမဲသားအရသာခေါက်ဆွဲ’ လို့ ရေးထားတဲ့ ခွက်ကို မလိုက်ရင်း နူးညံ့စွာ မေးလာသည်။
ဘေးက လီမေ့လဲ တစ်ခွက် ယူလိုက်ပြီး ထူးဆန်းတဲ့ ထုတ်ပိုးပုံကို လေ့လာလိုက်၏။
“ ငါလဲ သေချာမသိဘူး ယီယီ”
သူမတို့နှစ်ယောက်လုံး ခွက်ကို စိုက်ကြည့် နေကြသည်။
သူမတို့ရဲ့ မျက်နှာတွေက တည်ငြိမ်နေသော်ငြား မျက်လုံးများမှ သိချင်စိတ်ကို ဖုံးမရချေ။
“ ဒါ.. ဆိုင်ရှင် စားနေတာ မဟုတ်ဘူးလား?”
ယူလန်ချင်းယီရဲ့ မျက်လုံးတွေက ကောင်တာကို ဝှေ့သွားရင်း ပြောလိုက်သည်။
လီမေ့လဲ လိုက်ကြည့်လိုက်၏။ ဆိုင်ရှင်က ထိုနေရာမှာ ထိုင်ရင်း ပြင်ပကမ္ဘာကြီးကို အဖက်မလုပ်စွာ စားသောက်နေဆဲပဲ။ သူမ လက်ထဲက ခွက်နဲ့ တစ်ပုံစံထဲပင်။
“ ဒါက ခေါက်ဆွဲထည့်ထားတဲ့ ခွက်နေမယ်”
သူမတို့ အောက်ဆက်ငုံ့လိုက်ချိန်မှာ ဈေးနှုန်းကို မြင်သွားသည်။
ဝိညာဥ်ကျောက်တုံးတစ်တုံး။
သူမတို့နှစ်ယောက်လုံး ရပ်သွားကြသည်။
“ ခေါက်ဆွဲတစ်ပွဲအတွက်.. ဝိညာဥ်ကျောက်တုံး တစ်တုံး?”
ယူလန်ချင်းယီ ရှုတ်ထွေးစွာ မျက်တောင် ခတ်လိုက်သည်။
လီမေ့လဲ အနည်းငယ် မျက်မှောင် ကြုတ်သွား၏။
“ ဒါက အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေရဲ့ အသားဟင်း တစ်ပွဲဈေးလောက်ရှိတယ်”
“ ဒါက ပုံမှန် ဆိုင်ကောင်း တစ်ခုအဆင့်တောင် မဟုတ်ဘဲ..”
“ ဒါ ဓားပြတိုက်နေတာလား?”
မြို့တော်အရာရှိဋ္ဌာနကို တင်ပြလိုက်သင့်လား?
ဒါမှမဟုတ် မှားရေးထားတာ များလား?
“..ယီယီ”
လီမေ့က လေသံနိမ့်နဲ့ ခပ်တိုးတိုး ခေါ်လိုက်သည်။
ဒါပေမဲ့ ယူလန်ချင်းယီက ခေါင်းရမ်းပြပြီး ပြုံးလိုက်ကာ
“ အရင်စားကြည့်ရအောင် မေ့မေ့”
“ ဝိညာဥ်ကျောက်တုံး တစ်တုံးကျတယ်ဆိုမှတော့ သေချာပေါက် ထူးခြားတာ ရှိရမယ်။ ငါတို့ အမြန် မဆုံးဖြတ်သင့်ဘူး”
ယူလန်ချင်းယီက အမြဲထိုသို့ပင်။ အထူးဆန်းဆုံး ကိစ္စတွေကိုတောင်မှ မျှတတဲ့ အခွင့်အရေး ပေးချင်သည်။
ဒါပေမဲ့ လီမေ့ကတော့ မတူတာကို တွေးနေခဲ့တာပင်။ သူမရဲ့ အတွေးထဲမှာ ဒါက လိမ်ညာမှုတစ်ခုအပြင် မပိုဘူး။ ဒါပေမဲ့ မင်းသမီးက စိတ်ဝင်စားနေပုံရှိတော့ သူမရဲ့ အတွေးတွေကို မြိုချလိုက်တော့သည်။
သူမတို့ နှစ်ဗူးယူလိုက်ပြီး ကောင်တာတွင် ချပေးလိုက်ကာ
“ ဝိညာဥ်ကျောက်တုံးနှစ်တုံး”
ငွေပေးပြီးတာနဲ့ မိုရှီရှီက ထူးဆန်းပုံ ပေါက်သည့် ပစ္စည်းကြီးတစ်ခုကို ညွှန်ပြလိုက်သည်။
“အသင့်စား ခေါက်ဆွဲကို ပြင်ဆင်ဖို့ အဲ့ဒီကို သွားလိုက်ပါ”
“ အဲ့ဒါကို ရေထည့်စက်လို့ခေါ်တယ်”
“ အဖုံးနည်းနည်းမပြီး အဲ့ဒီပေါ် တင်လိုက်ရင် ရေနွေး ကျလာလိမ့်မယ်”
“ ရေနွေးထည့်ပြီးရင် အဖုံးပြန်ပိတ်ပြီး တူယူလိုက်ပါ”
“ အဲ့ဒါ ချက်နေတုန်း ဟိုဘက်က ခုံမှာ ထိုင်စောင့်လို့ရတယ်။ သုံးမိနစ်နေရင် အဆင်သင့်ဖြစ်ပြီ”
ညွှန်ပြချက်တွေက ရိုးရှင်းပေမဲ့ သူမတို့ နှစ်ယောက်လုံး လက်ထဲက ခွက်ကို သံသယ ရှိစွာ ကြည့်လိုက်ကြသည်။
ဒါက ဘာလဲ?
သူမတို့ တစ်ခွက်အတွက် ဝိညာဥ် ကျောက်တုံးတစ်တုံးတောင် ပေးထားရတာကို ဆိုင်က မပြင်ဆင်ပေးဘူးလား?