(ဆိုင်ရဲ့ ပထမဆုံးအစောင့်က ကြောင် တစ်ကောင်လား?!)
Vol. 4 Ch. 51
အကြီးအကဲ ဖုန်းယွီဟန်ရဲ့ သတိပေးမှုကလဲ ပြင်းထန်ပါသည်။
‘ မင်းတို့ပါးစပ်ကို လုံနေအောင်ပိတ်ထားကြ။ သတင်းပျံ့သွားရင် ငါတို့ပဲ နောင်တရရလိမ့်မယ်’
‘ အကျိုးဆက်က အန္တရာယ်များနိုင်တယ်။ ငါတို့ အလွယ်လေး ဖြေရှင်းနိုင်မှာမျိုး မဟုတ်ဘူး’
တပည့်လေးယောက်လုံးလဲ တည်တင်းနေတဲ့ မျက်နှာများနဲ့ ခေါင်းညိတ်လိုက်ကြသည်။ ဒီ အခြေအနေရဲ့ ဖိအားက အရမ်းကိုရှင်းလင်း နေပြီလေ။
သူတို့တွေလဲ ဒီဆိုင်အကြောင်း ပိုလေ့လာမိလေလေ၊ ဆိုင်ကို လျှို့ဝှက်ချက် အနေနဲ့ထားဖို့ တွေးမိလေလေပဲ။
လွဲချော်မှုသေးသေးလေးကနေ ကပ်ဘေးကြီး တစ်ခုလုံးကို ဖြစ်လာစေနိုင်သည်!
ဒီလိုနဲ့ အုပ်စုက လမ်းခွဲလိုက်ပြီး သက်ဆိုင်ရာ ဂိုဏ်းအသီးသီးကို ပြန်လာလိုက်ကြ၏။
ထိုထဲမှ လင်ယွီကျွင်းကတော့ မြို့ထဲ တစ်နေရာကို လမ်းလျှောက် ခဏထွက်မည်ဆိုသော ဆင်ခြေနှင့် လစ်ထွက် ခဲ့သည်။
သူ့ရဲ့ စိတ်ထဲမှာ အရေးကြီးကိစ္စ ရှိနေသည်။
‘ ငါ ငါးမြှားတံ ကောင်းကောင်း ရှိရမယ် မလား?’
‘ ငါးမြှားမယ် တွေးထားမှတော့ ကောင်းကောင်း လုပ်ရမှာပေါ့’
…………….
တိတ်ဆိတ် နေတဲ့ ဆိုင်ထဲတွင် ဟောင်နဲ့ ကြောင်အမေကြီး ခူရိုမီသည် စာလိပ် တစ်ခုရှေ့၌ ရပ်နေကြသည်။
ရှေးစာချုပ်က လေထဲမှာ ဝဲနေ၏။
အရှေ့က မြင်ကွင်းကြောင့် ခူရိုမိ မျက်တောင် တစ်ချက်ခတ်လိုက်သည်။ သူမ အနည်းငယ် အံ့သြသွားတာပင်။ ဒါပေမဲ့ အရမ်းတော့ မဟုတ်ပေ။
ဟောင်ရဲ့ သရုပ်မှန်ကို မြင့်မြင့် တွေးထားပြီး သားမို့ ဒီလိုကိစ္စတွေလောက်က သာမာန်ပဲ။
စာချုပ်တွင် မိုရှီရှီ လက်ခံခဲ့ရသလိုမျိုး တူညီတဲ့ အကျိုးကျေးဇူးတွေ ပါရှိသည်။
ဒါပေမဲ့ တစ်ရက်ကို ဝိညာဥ်ကျောက်တုံး နှစ်တုံးအစား အလုပ်ချိန်ကိုးနာရီနဲ့ ဝိညာဥ် ကျောက်တုံးဆယ်တုံးကို ကမ်းလှမ်းခဲ့သည်။
ဒါက ရက်ရောတာထက်ကို ပိုနေခဲ့ပြီ။
ဝိညာဥ်ကျောက်တုံး ဘယ်လောက် ပေးလဲက သူမအတွက်တော့ အရေးမပါချေ။
အကယ်လို့ ဟောင်က တစ်ပြားမှ မပေးဘဲ သူမနဲ့ ကလေးတွေအတွက် ခေါက်ဆွဲလေး ပြုတ်ပေးရင်တောင်မှ ခူရိုမှ လက်ခံမှာပဲ။
ဟောင် အတွက် အလုပ်လုပ်ပေးမယ်လို့ ခူရိုမီရဲ့ စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသားပင်။
သူမ တည်ငြိမ်စွာ လက်တစ်ဖက် မြှောက်လိုက်ပြီး စာလိပ်ပေါ်ကို သွေးတစ်စက် ချလိုက်သည်။
ထို့နောက်မှာ စာချုပ်က ဟောင် ရှိရာကို ပျံလာခဲ့တာမို့ ဟောင် လက်နဲ့ ထိလိုက်သည်။
ဒီလိုနဲ့ ခူရိုမီက ဆိုင်ရဲ့ တရားဝင် အစောင့် ဖြစ်လာတော့၏!
( ဂုဏ်ယူပါတယ်ပိုင်ရှင်။ ပထမဆုံးသော အစောင့်ကို ခန့်နိုင်သွားပါပြီ။ ခူရိုမီရဲ့ ဝတ်စုံနဲ့ နာမည်ကဒ်ကို ဂိုထောင်ထဲ ပို့ပေးထားမယ်။ ဆိိုင်ကို ကြိုးစားပြီးထိန်းသိမ်းပေးပါ)
ဟောင် သူ့ဘေးမှာ ထိုင်နေတဲ့ ကြောင်မဲလေးကို ကြည့်ကာ ပြုံးလိုက်သည်။
“ ထပ်ပြီးကြိုဆိုပါတယ် ခူရိုမီလေး”
သူ သာသာလေး ခေါင်းကို ပုတ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။
“ ငါအရင်ကလဲ ပြောဖူးပါတယ်။ ငါမင်းကို အလုပ်သမားဖြစ်ဖြစ် ငါ့ထက် နိမ့်ကျတဲ့သူ တစ်ယောက်အဖြစ် မတွေးစေချင်ဘူး။ မင်းက ငါ့မိတ်ဆွေပဲ”
ခူရိုမီက တုံ့ပြန်တဲ့အနေနဲ့ ခေါင်းအနည်းငယ် ငုံ့ပြလိုက်သည်။
‘ ဟုတ်ကဲ့သခင် နားလည်ပါပြီ’
ဟောင် ချက်ချင်း ပြန်မဖြေလိုက်ပေ။
သူ ရဲ့လက်က အရှေ့ထွက်သွားပြီး ခေါင်းကို ပွတ်ပေးမလို့ လုပ်လိုက်ပေမဲ့ လမ်းတစ်ဝက်တွင် ရပ်သွားခဲ့သည်။ ခူရိုမီရဲ့ သန်မာမှုကို သူရုတ်တရက် မှတ်မိသွားလို့ ဖြစ်သည်။
ခူရိုမီကလဲ ဟောင်ရဲ့ တွန့်ဆုတ်နေမှုကို သတိထားမိပုံပင်။ ရှေ့ကို တစ်လှမ်းတိုးလာပြီး သူမရဲ့ခေါင်းနဲ့ ဝင်တိုက်လိုက်သည်။
ဟောင် ရယ်လိုက်မိတော့၏။ နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့ ခူရိုမီရဲ့ခေါင်းကို ပွတ်ပေးလိုက်ကာ
“ ကောင်းပြီဒါဆို”
“ အခုကစပြီး အတူ အလုပ်လုပ်ကြတာပေါ့”
ဟောင် အကြောဆန့်လိုက်ပြီး အရှေ့ကို ပြန်လှည့်လိုက်တော့သည်။
“ ဂိုထောင်ကနေ မင်းရဲ့ ဝတ်စုံကို အရင် သွားယူကြမယ်”
‘ ဝတ်စုံ?’ ခူရိုမီရဲ့ အသံက ဟောင်ရဲ့ ခေါင်းထဲ ပဲ့တင်ထပ်လာ၏။
သူမရဲ့ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ ဒါက လူတွေ ဝတ်တာတွေ မလား? အဲ့ဒီထူးဆန်းတဲ့အဝတ်စတွေလား?
ထိုခေတ်က ကျင့်ကြံသူတွေက အစရှည်ကြီးတွေပါတဲ့ ဝတ်ရုံတွေနဲ့ တလက်လက် တောက်သော သံချပ်ကာများကို ဝတ်တတ်ကြသည်။
သူမလဲ အဲ့ဒီလို ဝတ်ရမှာများလား?
ဒါမှမဟုတ်… မိုရှီရှီလို ဝတ်စုံမျိုး ဝတ်ရမှာလား? မိုရှီရှိက ဆိုင်ရဲ့ တရားဝင် ဝန်ထမ်းပဲလေ။
သူမရဲ့ ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့သည်။
ငါ့ရဲ့ လူသားပုံစံ ပြောင်းဖို့ လိုတာလား?
ခူရိုမီ အလွယ်လေးလုပ်လို့ရသည်။ လူသားအဖြစ် ပြောင်းနိုင်တဲ့ စွမ်းရည်ကို သူမ မရဏ သားရဲအဆင့်တက်တည်းက လုပ်နိုင်ခဲ့တာပင်။ ဒါပေမဲ့ အဝတ်ဝတ်ရတာ နေထိုင်ရခက်လို့ သူမ သားရဲပုံအတိုင်းပဲ နေထိုင်ခဲ့သည်။
“အင်း” ဟောင် ခေါင်းညိတ်လိုက်ပြီး
“ မင်းရဲ့ ကိုယ်ပိုင်ဝတ်စုံပဲ”
သူတို့တွေ ဂိုထောင်ထဲ ဝင်လာတာနဲ့ ထောင့်မှာ ရှိသော ကတ်ထူဗူးတစ်ခုကို ဟောင်က လက်ညိုးထိုးပြလိုက်သည်။ သူဆွဲယူလိုက်ပြီး ဖွင့်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။
အထဲတွင် ပစ္စည်းအစုံအလင် ပါရှိသည်..
ကိုယ်နဲ့ ကွက်တိကျတဲ့ အမဲရောင် ရှပ်အခံ တစ်ထည်ပါပြီး အပေါ်တွင်ချောကလပ်ရောင် အပေါ်ထပ်စွတ်ကျယ် တစ်ထည်ပါရှိသည်။ အပေါ်ထပ်ရဲ့ ဘယ်ဘက်နားတွင် အမွှေးပွ စာလုံးဖြင့် ‘S G U D 1’ လို့ ရေးထားပြီး နောက်ထပ် ထိပ်မှာ ‘D C S’ ဆိုတဲ့ စာတန်းထိုး ပါတဲ့ ဦးထုပ်အမဲတစ်ထည်လဲ ပါသေးသည်။ ဒါ့အပြင် မာကြောတဲ့ ခါးပတ်အနက် တစ်ခုလဲ ပေးထားသည်။
အဝတ်ခေါက်တွေရဲ့ ထိပ်တွင် ငွေရောင် နာမည်ကဒ်ပြား ရှိသည်။ ကဒ်ပြားတွင် နာမည်ကို ကျော့ရှင်းစွာ အမဲဖြင့် ရေးသားထား၏။
“ခူရိုမီ”
ဟောင် အသက်တစ်ချက် ရှုသွင်းလိုက်သည်။
“ စောက်ကျိုးနည်း.. ဒါတွေအားလုံး သူမအတွက်ပေါ့”
စနစ်ရဲ့ အသေးစိတ်ကျမှုကို ဟောင် မနေနိုင်စွာ လေးစားမိသွားသည်။
ဟောင် မေးလိုက်သည်။
‘ စနစ် SGU D1 ဆိုတာ ဘာကို ပြောတာလဲ?’
( ပိုင်ရှင် SGU D1ဆိုတာ ( store gardian unit division 1) ဆိုင်စောင့် ဋ္ဌာနရဲ့ အလုပ်သမားတစ်ကို ကိုယ်စားပြုပြီး DCS က (dimensional convenience store) အပြိုင်ကမ္ဘာကုန်စုံဆိုင်ကို ကိုယ်စားပြုတယ်)
ဟောင် အထင်ကြီးစွာ ခေါင်းတစ်ဆက်ဆက် ညိတ်ပြလိုက်သည်။
‘ အထာကျတယ်’
‘ ငါမလိမ်တော့ဘူး.. စနစ် မင်းရဲ့ ဒီတစ်ခုကတော့ ရေလည်လန်းတယ်’
ဒါပေမဲ့ သူ့ခေါင်းထဲ ရုတ်တရက် စိတ်ပူသွားခဲ့သည်။
‘ နေအုံး.. အကယ်လို့ ခူရိုမီက သူမရဲ့ ပုံစံအစစ်နဲ့ တိုက်ဖို့လိုလာရင်.ဘယ်လို လုပ်မလဲ? ဒါဆို ယူနီဖောင်းက ပြဲသွားမှာပေါ့’
( စိတ်မပူနဲ့ပိုင်ရှင်။ ဒီယူနီဖောင်းက အလိုအလျောက် လိုက်ညှိတဲ့ အခြေအနေ ပါပြီးသား။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အသုံးပြုသူနဲ့ ကွက်တိကျအောင် လိုက်ညှိပေးလိမ့်မယ်)
‘ အိုး’
ဟောင် မျက်တောင်ခတ်လိုက်သည်။
‘ ဒါဆို အားလုံးဖြေရှင်းပြီးသွားပြီ’
‘ ကောင်းတယ်’
စနစ်ရဲ့ ပြောကြားချက်ကြောင့် ခူရိုမီ အကယ်လို့ သားရဲအကြီးကြီးလို ပြောင်းသွားရင်တောင် အဝတ်အစား ပြဲသွားလိမ့်မလားကို ဟောင် မစိုးရိမ်တော့ချေ။
ခူရိုမီက သားရဲကြီးလို ပြောင်းသွားရင်တောင် ဒါရဲ့ ဆွဲဆန့်နိုင်စွမ်းက မဖြစ်နိုင်လောက်အောင် ကျယ်သွားပြီး သူမနဲ့ ရအောင် တော်သွားမှာပဲ။
ခူရိုမီ ဘေးကနေ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ သူမ ရှေ့ကို ဇွတ်မတိုးသွားခဲ့ဘူး။ မဖိတ်ခေါ်ဘဲ ခုန်ဝင်သွားလိုက်ရင် သခင်ကို မလေးစားရာ ကျလိမ့်မည်။
ထို့အစား သူမက အမြှီးတစ်ယမ်းယမ်းဖြင့် ဘေးမှာ ဖြောင့်မတ်စွာ ထိုင်စောင့်နေခဲ့သည်။
ဒါကိုမြင်တော့ ဟောင် ထိုင်ချလိုက်ပြီး လက်နှစ်ဖက်နဲ့ နူးညံ့စွာ မလိုက်၏။
သူမကလဲ မခုခံခဲ့ပေ။
ဟောင် ခူရိုမီကို ပုခုံးပေါ် တင်ပေးလိုက်ကာ အထဲမှ ဝတ်စုံကို မြင်ရအောင် ပြလိုက်သည်။
“ ဒီမှာကြည့်ကြည့်လိုက် ခူရိုမီ”
“ ဒါတွေအားလုံး မင်းအတွက်ပဲ”
သူမအရှေ့က ပစ္စည်းတွေကို ကြည့်နေရင်း ခူရိုမီရဲ့ မျက်လုံးတွေ ကျယ်လာသည်။ သူမ မဟာမြို့တော်ရဲ့ နေရာများစွာကို ရောက်ဖူးပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေနဲ့ ဆုံဖူးသည်။ သူတို့ရဲ့ ဝတ်စုံတွေ ပုံစံမျိုးစုံကို မြင်ဖူးခဲ့သည်။ဒါပေမဲ့ အခုလို ပုံစံမျိုး လုံးဝ မမြင်ဖူးခဲ့ဘူး။
အခုဝတ်စုံက ကြောင်ရဲ့ ကိုယ်ထည်နဲ့ ကိုက်ညီအောင် ချုပ်ထားတာဆိုပေမဲ့ ဒီဇိုင်းက လုံးဝကို တိုင်းတစ်ပါးကပုံပေါက်သည်။ ဒီမြို့ရဲ့ ဝတ်ဆင်ပုံနဲ့ လားလားမှ မဆိုင်ဘူး။
သူမဝတ်စုံရဲ့ အစိတ်အပိုင်း တစ်ခုဆီ တိုင်းကို သေချာချုပ်ပေးထားတာပဲ!