← Chapters

(ကြောင်အမေကြီးရဲ့ သရုပ်မှန်)

Vol. 4 Ch. 44

(ကြောင်အမေကြီးရဲ့ သရုပ်မှန်)

Vol. 4 Ch. 44

( ပိုင်ရှင်ရေ ဆိုင်ထဲမှာအခု သင့်တော်တဲ့ အစောင့် ရှိနေတယ်)

ဟောင် ရဲ့ မျက်မှာရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင် ပေါ်လာ၏။

အမည်- ခူရိုမီ (ဟင်းလင်းပြင်ကြောင်မြှီးတို)

အသက်- ၂၂၂နှစ်

ကျင့်ကြံဆင့်- မဟာ အသူရာစိတ်ဝိညာဥ် သားရဲ

ခူရိုမီ?

ဟောင် မူလက ကြောင်မဲလေးကို တွေးမိသေးသည်။ ဒါပေမဲ့ ချက်ချင်းပဲ ငြင်းဆန်လိုက်၏။ ဒါ မဖြစ်နိုင်ဘူး။

ဒါပေမဲ့ သူ ဆိုင်ထဲကို လှည့်ပတ် ကြည့်လိုက်ချိန်မှာ တစ်ခြားဖြစ်နိုင်ချေရှိသူကို မတွေ့ပေ။

ဒါဆို ကြောင်အမေကြီးပေါ့!

ဒီဆိုင်ထဲကို ဝင်လာသမျှ ဈေးဝယ်တိုင်းက လူသားတွေပဲ။ အနည်းဆုံး လူသားပုံ ရှိသည်။ တစ်စုံတစ်ယောက်ကသာ သေချာ ဖုံးကွယ် ထားတာမဟုတ်ရင် ဒီထဲမှာ သားရဲတစ်ကောင်မှ မရှိသေးဘူး။

သူ မျက်နှာပြင်မှ နာမည်ကို ထပ်ဖတ်လိုက်သည်။

ခူရိုမီ… တစ်ကယ် ခူရိုမီလား?

ကောင်တာပေါ်မှာ မှောက်ရက်အိပ်နေတဲ့ ကြောင်အမေကြီးကို ဟောင် လှည့်ကြည့်လိုက်သည်။ သူမရဲ့ လက်သည်းလေးတွေက မေးအောက်မှ ထွက်နေ၏။

ငါ မွေးစားထားတဲ့ ကြောင်အမေကြီး ခူရိုမီကို ပြောနေတာလား..?

မဟုတ်ဘူး။ အဲ့လို မဟုတ်ဘူးလေ။ သူက ငါကောက်မွေးထားတဲ့ လမ်းဘေးကြောင် မဟုတ်ဘူးလား?

ဒါပေမဲ့ အဲ့လိုဆိုရင် သူမနာမည်က ဘာလို့ မျက်နှာပြင်မှာ ရှိနေမှာလဲ? ပြီးတော့ ဟင်းလင်းပြင် ကြောင်မြှီးတိုဆိုတာ ဘာကြီးတုန်းကွ?

ဒါပေမဲ့ ပြန်တွေးကြည့်ပြန်တော့ သူမက သာမာန်​ကြောင်ဆိုတာ တစ်ရာရာခိုင်နှုန်း သက်သေပြနိုင်တဲ့ အချက်လဲ မရှိနေပေ။ ဟောင်မှာ ဘယ်လို ဆန်းစစ်တဲ့ အာရုံခံသိုင်းမှ မရှိတာ။ သူက သေမျိုးပဲ။

သူ သိသလောက်ဆို ကြောင်မဲကို စရောက်လာတည်းက သာမာန် ကြောင်အနေနဲ့သာ။

( ဟုတ်တယ် ပိုင်ရှင်။ ကြောင်အမေကြီးက ဆိုင်အစောင့်ဖြစ်နိုင်တဲ့သူပဲ)

“....”

‘ ငါသူမကို ပွတ်ပေးနေတာလေ.. နားရွက်နောက်တွေလဲ ပွတ်ပေးတယ်လေ… ပြီး..ပြီး ငါသူ့ကို ပွေ့တောင်ပွေ့ထားသေးတယ် လေ သာမာန်ကြောင်လေးလို’

ခူရိုမီသာ လုပ်ချင်ရင် ငါ့ကို နောက်ဘဝ ရောက်တဲ့အထိ ရိုက်ပစ်လို့ရတယ်ပေါ့?

အခု ပြန်စဥ်းစားကြည့်ချိန်မှ မိုရှီရှီ မနေ့က ကြောင်မဲကို အလွန်သတိထားပုံ ပေါက်တာကို သတိထားမိတော့သည်။ အဲ့ဒီအချိန်တုန်းက သူ အများကြီး မတွေးမိခဲ့ဘူး။ အခုတော့ အများကြီး အဓိပ္ပါယ်ရှိသွားပြီ။

ဟောင် အသက်ရှုသွင်းလိုက်ပြီး

‘ စနစ်.. မဟာအသူရာ စိတ်ဝိညာဥ်သားရဲ ဆိုတာဘာလဲ?’

( အဲ့ဒီသားရဲတွေက ကောင်းကင်အင်ပါယာ နယ်ပယ် အဆင့် ၄ ကနေ အဆင့် ၆ အတွင်း ရှိတဲ့ ကျင့်ကြံသူတွေလောက်နီးနီး သန်မာမှု ရှိတဲ့သူတွေပဲ)

ဟောင်ရဲ့ နှုတ်ခမ်းတွေ တွန့်သွားသည်။ သူ ကြောင်အမေကြီးကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။

‘...ငါဘယ်လို မွန်းစတားကို ဆိုင်ထဲ ခေါ်မိတာလဲဟ?’

သူ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး အရာအားလုံးကို သေချာတွေးတောလို​က်သည်။

‘ စနစ် ငါ စိတ်ဝိညာဥ်သားရဲကို ဆိုင်ထဲ ခေါ်လို့ရလို့လား?’

( ပိုင်ရှင် အဲ့ဒါကန့်သတ်ချက် မဟုတ်ဘူး။ ဘယ်လိုမျိုးစိတ်မဆို အဆင့်မှီတယ်။ သူတို့မှာ ဉာဏ်ရည်၊ လုပ်နိုင်စွမ်းနဲ့ လွတ်လပ်စွာ လှုပ်ရှားနိုင်သရွေ့ အဆင်ပြေတယ်)

ဟောင် ခေါင်းညိတ်လိုက်သည်။ ဒါပေမဲ့ သူ ခူရိုမီကို ဘယ်လို ချဥ်းကပ်ရမလဲ မသေချာ သေးဘူး။

သူ ဘယ်လို စည်းရုံးရမလဲ?

သုမကို အစားအသောက်နဲ့လာဘ်ထိုး ကြည့်ရမလား?

ဟောင် တွေးနေစဥ်မှာပဲ ခူရိုမီက နောက်ဆုံးတော့ အပြာရောင်မျက်လုံးများ ဖွင့်လာပြီး သူ့ကိုကြည့်လာခဲ့သည်။ ဟောင် စိုက်ကြည့်နေတာကို သူမ သေချာပေါက် သတိထားမိသွားပုံပင်။

ဟောင် တွန့်ဆုတ်သွားပြီး သူ့ရဲ့အတွေးတွေကို မောင်းထုတ်လိုက်သည်။ ဘာတွေဖြစ်ဖြစ် သူမက သူ ဒီကမ္ဘာကို စပြောင်းစဥ်က တွေ့ခဲ့တဲ့ ကြောင်ဝလေး ခူရိုမီ ဖြစ်နေဆဲပဲ။

သူ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပုံမှန်လို ဟန်ဆောင်ကာ

“ ခူရိုမီ ဒီကိုလာခဲ့အုံး”

ခူရိုမီ အကြောတစ်ချက် ဆန့်လိုက်ပြီး ဟောင် ဆီကို လျှောက်လာခဲ့သည်။

ဟောင် အောက်ထိုင်ချလိုက်သည်။

“ ငါမင်းရဲ့ သရုပ်မှန်နဲ့ အတိတ်ကိုဖြစ်ဖြစ် သိချင်တယ်။ ဒါပေမဲ့ ငါ့မှာမင်းအတွက် ကမ်းလှမ်းချက်ရှိတယ်”

ခူရိုမီ ခေါင်းစောင်းလိုက်သည်။ သူမရဲ့ အမြှီးက အနည်းငယ်.ယမ်းနေ၏။

“ မင်း ဒီဆိုင်ရဲ့အစောင့်ဖြစ်လာပြီး ဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာချင်လား?”

ဟောင် ခဏရပ်လိုက်ပြီး

“ မင်း ငြင်းလို့လဲရတယ်။ ဘာမှမပြောင်းလဲ သွားဘူး။ မင်းနဲ့မင်းကလေးတွေက ဆိုင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးသားပဲ”

ဟောင်ရဲ့ စိတ်ထဲတွင် ခူရိုမီနဲ့ ကလေးတွေက သာမာန် ဆိုင်ရဲ့အဖွဲ့သားတွေ မဟုတ်ဘဲ သူ့ရဲ့ မိသားစုဝင်တွေ ဖြစ်သည်။

‘ ငါလက်ခံတယ်’

‘ မင်းကငါနဲ့ကလေးတွေကို ဘာမှမတွေးဘဲ လက်ခံခဲ့တယ်။ ဒီလောက်နဲ့တင် မင်းကို ခစားဖို့ လုံလောက်ပြီ သခင်’

ဟောင် အေးခဲသွား၏။

‘သခင်?’

ခူရိုမီက…အခု သူ့ကိုစကား ပြောလိုက်တာလား?

“မင်း.. စကားပြောနိုင်တယ်?” ဟောင် ရွတ်လိုက်သည်။

ခူရိုမီက ဟောင်ရဲ့ ရှုတ်ထွေးနေတဲ့ စကားကို နားထောင်ပြီးနောက်မှာ မျက်တောင်ခတ်ပြလာ၏။

သူ မသိတာလား? မဖြစ်နိုင်ပါဘူး။ သူ့လိုမျိုး အံ့သြဖို့ကောင်းတဲ့သူက သူမရဲ့သရုပ်မှန်ကို မြင်ပြီးသင့်တယ်။ ပြီးတော့ သူမလို အဆင့် ရှိတဲ့ကျင့်ကြံသူက စကားပြောနိုင်မှန်း သေချာပေါက် သိသင့်တာပေါ့။

ဒါ..ဒါက စမ်းသပ်ချက်များလား? ဒါမှမဟုတ် ဟန်ဆောင်နေတာလား? ဟုတ်တယ်။ အဲ့လို ဖြစ်ရမယ်။ ဟန်ဆောင်ရတာ သူ့အကျင့် ဖြစ်ရမယ်။

အထွတ်အထိပ်ကို ရောက်သွားတော့ သူ့အတွေးတွေက မတူတော့တာဖြစ်မယ်.. ဟုတ်တယ်။ သာမာန်သန်မာမှုနဲ့ အစွမ်းကို ကျော်သွားတဲ့ အတွေ့အကြုံတွေကြောင့် ကမ္ဘာကြီးအပေါ်မှာ မြင်တဲ့အမြင်လဲ ပြောင်းသွားမှာပဲ။

‘ အင်း သခင် ငါ စကားပြောနိုင်တယ်’

ဟောင် ကျင့်ကြံရေးဝတ္ထု အပုံလိုက်ကြီး ဖတ်ခဲ့တာမို့ အဆင့်မြင့်သားရဲတွေ စကားပြောနိုင်တာကို သိပါသည်။ ဒါပေမဲ့ တစ်ကယ်ကြုံလိုက်ရတော့ မတူဘူးပဲ။

ခူရိုမီ ဆက်ပြောလိုက်သည်။

‘ မင်း ငါ့ကိုဆိုင်မှာ နေခွင့်ပြုတုန်းက ငါ ဒဏ်ရာရနေခဲ့ပြီး ကလေးတွေရဲ့ အသက်ရှင်မှုက မသေချာခဲ့ဘူး’

‘ ဒါပေမဲ့ မင်းငါ့ကို အစာနည်းနည်းကျွေးခဲ့တယ်။ ငါ့ကို အပြည့်အဝ မကုသနိုင်ပေမဲ့ငါ တောင့်ခံနိုင်သွားတယ်။ အဲ့ဒီကျေးဇူးနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်က လုံလောက်အောင် သန်မာသွားပြီး ကလေးတွေကို လုံခြုံစွာ မွေးနိုင်ခဲ့တာပဲ’

‘ အဲ့ဒီအချိန်ထဲက ငါ ဆုံးဖြတ်ချက်ချပြီးသားပါ သခင်’

သူမကို ဆွဲထားဖို့ စာချုပ် မလိုအပ်ဘူး။ သာမာန် စာချုပ်လောက်က သူမရဲ့ သစ္စာကျိန်မှုနဲ့ယှဥ်ရင် ဘယ်ပြောပမှာလဲ?

ဒီဆိုင်၊ ဒီနေရာလေးက သူမနဲ့ကလေးတွေကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့သည်။ ပြီးတော့ သူမအရှေ့က လူက ထပ်ရောက်လာတဲ့ သူမတို့ကို ချက်ချင်း နေစရာပေးခဲ့တာမို့ ဒီလူကို သူမ ခစားဖို့ ရွေးချယ်လိုက်ပြီ။

‘ သခင် မကမ်းလှမ်းခင်တည်းက ငါက ဒီနေရာကို ကာကွယ်ဖို့ ကျိန်ဆိုပြီးသားပါ’

ခူရိုမီ ခေါင်းမော့လိုက်သည်။

‘ ငါက သခင်လောက် မသန်မာတာ သိပေမဲ့.. အသုံးဝင်ကြောင်း သက်သေပြပါ့မယ်’

သူမက ဒီမြို့ရဲ့ များစွာတဲ့ ကျင့်ကြံသူတွေထက် ပိုသန်မာရင်တောင်မှ ဟောင်ကို မမှီဘူးဆိုတာ ကောင်းကောင်း သိပါသည်။

သူသာ လုပ်ချင်ရင် သူမရဲ့ တည်ရှိမှုကို အတွေး တစ်ချက်နဲ့ ပယ်ဖျက်ပစ်လိုက်လို့ ရသည်။

ဒါကြောင့် သူမ သက်သေပြဖို့လိုတာပဲ။ သူမက သာမာန် သားရဲတွေလို မဟုတ်ဘဲ သခင်ရဲ့ လက်အောက်မှာ ခစားဖို့ ထိုက်တန်တဲ့ သားရဲ တစ်ကောင်ဖြစ်ကြောင်း.သက်သေပြမည်။

ဟောင် အနည်းငယ် အနေခက်စွာ ကိုယ့်ပါးကိုယ်ပဲ ကုတ်လိုက်တော့သည်။

“ ငါ့အထင် မင်း ဒီဆိုင်နဲ့ ရေစက်ကိုပါတာပဲ ခူရိုမီ”

“ မင်းငါ့ကို အကြွေးတင်နေသလို ခံစားဖို့ မလိုပါဘူး”

ဟောင် လက်ယမ်းပြလိုက်ရင်း

“ ပြီးမင်းငါ့ကို သခင်လို့ ခေါ်ဖို့မလိုပါဘူး”

“ မင်း တစ်ကယ် သက်တောင့်သက်သာ ဖြစ်လို့ဆိုရင်တော့ ရပါတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ငါ့ထက် နိမ့်တယ်ဆိုပြီး တစ်ကယ် တွေးဖို့မလိုဘူး”

“ မင်းငါ့ကို သူငယ်ချင်းတစ်ယောက်လို တွေးလို့ရတယ်”

ခူရိုမီက အသက် ၂၂၂နှစ် ရှိသည်။ သူမနဲ့ ယှဥ်လိုက်ရင် ဟောင်က ကလေးသာသာပဲ။ ပြောရရင် ဟောင်ကသာ သူမဆီက ပြန်သင်ယူသင့်နေတာ။

‘ သူငယ်ချင်း..’ ခူရိုမီ တွေးလိုက်သည်။ ဒါက သူမတို့ စိတ်ဝိညာဥ်သားရဲတွေ တွေးနေကြ စကားလုံးမျိုးထဲ မပါဘူး။

သူမတို့လို သန်မာမှုပဲ အရေးပါတဲ့ ကမ္ဘာထဲမှာ သခင်နဲ့ အစေခံ၊ မုဆိုးနဲ့ သားကောင် ကြားက ဆက်ဆံရေးပဲ ရှိကြသည်။

သူမ ဘယ်တုန်းကမှ တစ်စုံတစ်ယောက်ရဲ့ ဘေးမှာ တူညီတဲ့အဆင့်အတန်းနဲ့ နေထိုင်ဖို့ မတွေးခဲ့ဖူးဘူး။

‘ ကောင်းပြီ သခင်’

All Chapters