← Chapters

(အကြီးအကဲများနှင့် အသင့်စားခေါက်ဆွဲ)

Vol. 4 Ch. 45

(အကြီးအကဲများနှင့် အသင့်စားခေါက်ဆွဲ)

Vol. 4 Ch. 45

“ ကောင်းပြီ။ တစ်ခြားဈေးဝယ်တွေလဲ မရှိဘူးဆိုတော့ ငါတို့စာချုပ်ကိစ္စ ပြောကြတာပေါ့ ခူရိုမီ”

“ သခင့်သဘောအတိုင်းပါ”

ကြောင်မဲက အေးဆေးစွာ စကားပြောနေပေမဲ့ ဟောင် တစ်ယောက် အခုထိ သူမရဲ့ သရုပ်မှန်ကနေ မရုန်းထွက်နိုင်သေးချေ။

ဒါကြောင့်မို့ အကြီးအကဲကြီးနှစ်ယောက်က သူမကို ဦးညွတ်နှုတ်ဆက်ခဲ့ကြတာပေါ့..

အခုမှ အားလုံးက အဓိပ္ပါယ်ရှိသွားတော့သည်။

သူတို့ အိုလာတာလဲ မဟုတ်ဘူး။ ရူးသွားတာလဲ မဟုတ်ဘူး။

သူတို့ရဲ့ အသိစိတ်အတိုင်း လုပ်ခဲ့ကြတာပဲ။ ခူရိုမီ ဘယ်လောက်သန်မာလဲ သူတို့ သိကြလို့ ဖြစ်မယ်!

ထို့နောက်မှာ သူ့ရဲ့မျက်လုံးတွေက ကြောင်မဲလေးနှစ်ကောင်ဆီကို ကျရောက်သွားသည်။

“ သူတို့တွေလဲ ကြီးပြင်းလာ.. အာ အဲ့လိုဆို သူတို့လဲ ခူရိုမီနဲ့ အဆင့်တူတူပဲပေါ့?”

ဟင်းလင်းပြင် ကြောင်မြှီးတိုတွေ..

သူသိသလောက် အဲ့ဒါက ခူရိုမီရဲ့ အမျိုးအစားပင်။ နာမည်တစ်ခုထဲနဲ့တင် ကျင့်ကြံသူများစွာကို မြိုချပစ်နိုင်သလိုမျိုး ကြောက်ဖို့ကောင်းသည်။

ဟောင် သူမရဲ့ ပုံစံအစစ်ကို တွေးကြည့်လိုက်သည်။ သူမရဲ့ ပုံစံအစစ်က ဒီလို သာမာန်ကြောင်အမဲပဲတော့ မဖြစ်လောက်ဘူး။

သူမရဲ့ ပုံစံအစစ်ကို ထုတ်ပြလာရင် ကျားလောက် ကြီးသွားမှာလား?

မဟုတ်ဘူး။ အဲ့ဒီထက် ကြီးရင်ကြီးနိုင်သည်။ မြို့ကြီးတစ်ခုလုံးကို လွှမ်းသွားအောင် ကြီးရင်ကြီးသွားလိမ့်မှာ!

ထိုအတွေးကြောင့် ဟောင် ရဲ့ အရိုးထဲထိ ချမ်းစိမ့်သွားသည်။ ခူရိုမီ သာမာန် ကြောင်တစ်ကောင်လို သူ့ရဲ့ကောင်တာပေါ်မှာ အိပ်နေတာပဲ။

ထိုအချိန်မှာ ဆိုင်ရဲ့ထိုင်ခုံတွင် အကြီးအကဲ ထျန်းရှန့်နဲ့ အကြီးအကဲ ဖုန်းယွီဟန်ကတော့ အရှေ့က ခေါက်ဆွဲဗူးနှစ်ခုကို မှင်သက်စွာ ကြည့်နေခဲ့ကြသည်။

သူတို့ တစ်ယောက်မှ စကားမပြောကြဘူး။ သူတို့တွေ မယုံနိုင်တော့ဘူး။ ခေါက်ဆွဲကနေ ချီစွမ်းအင် တစ်စက်တောင် အာရုံမခံနိုင်နေတဲ့အပြင် ခေါက်ဆွဲကို ချက်ပြုတ်တဲ့ လုပ်ငန်းစဥ်ကလဲ ရိုးရှင်းနေသေးသည်…အလွန့်အလွန့်ကို ရိုးရှင်းသည်!

ရေနွေးလောင်းပြီး မိနစ်အနည်းငယ် စောင့်ရုံနဲ့ ချက်လို့ပြီးတယ်ပေါ့?

အလင်းပွင့်တာတွေ၊ လျှို့ဝှက်ဆေးလုံးတွေ အကုန်သာ မေ့လိုက်တော့။ အခုတော့ သူတို့ အရသာအတွက် စိတ်အပူဆုံးပဲ!

အဆင့်​မြင့် ကျင့်ကြံသူဖြစ်လာပြီးနောက်မှာ အစားအသောက်က သူတို့အတွက် မဖြစ်မနေ မလိုအပ်တော့ဘူး။ သူတို့ရဲ့ခန္ဓာကိုယ်ကို ချီစွမ်းအင်တစ်ခုထဲနဲ့ အားဖြည့်နိုင်သည်။

သူတို့တွေ စားသောက်ဖို့ ရွေးချယ်တဲ့အခါ တိုင်းမှာ မြို့တော်ရဲ့ အကောင်းဆုံး စားပွဲကြီးပဲ သုံးဆောင်တတ်၏။ ဟင်းပွဲတိုင်းကို စိတ်ဝိညာဥ်ဓာတ်ပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ကောင်းမွန်စွာ ချက်ပြုတ်ပြင်ဆင်ထားတာ တွေပဲ။

ဒါပေမဲ့အခုတော့ ဒီနေရာမှာ သာမာန် ချက်ပြုတ်နည်းကိုတောင် လျစ်လျူရှုနေတဲ့ ဖြစ်သလို လုပ်ထားတဲ့အစားအသောက်ကို စားဖို့ ရောက်နေရတယ်တဲ့လား?

ဒါကြီးက စားလို့ကော ရရဲ့လား?

သူတို့တွေ စကားမဟခင်မှာပဲ လင်ယွီကျွင်းက လှည့်ကြည့်လာပြီး ပြောလိုက်သည်။

“ ဆရာနဲ့ အကြီးအကဲဖုန်း စားလို့ရပြီ”

နောက်ထပ်တစ်ခွန်းတောင် ထပ်မပြောဘဲ လင်ယွီကျွင်း သူ့ရဲ့အာရုံကို သူ့ခေါက်ဆွဲဘက်ကို ပြန်ပို့လိုက်၏။ အဖုံးကို မလိုက်ချိန်မှာ ကျန်တဲ့သုံးယောက်လဲ အတူတူ လိုက်လုပ်ကြသည်။

အကြီးအကဲ နှစ်ယောက် တွန့်ဆုတ်နေပြီး အချင်းချင်း မရေမရာ ကြည့်လိုက်ကြ၏။

ဒါပေမဲ့ သူတို့တွေ လေထုထဲ ဝင်ရောက်လာတဲ့ အငွေ့စီးကြောင်းရနံ့ကို ခံမိချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားတော့သည်။

ဒီအနံ့က…

ဒီအနံ့က အရမ်းကိုမွှေးပြီး သူတို့အရင်က တွေးဖူးတာတွေထက် အများကြီး ပိုရှုတ်ထွေးသည်။ အနံ့တစ်ခုနဲ့တင် သူတို့ရဲ့ ဝမ်းဗိုက်ကို နှိုးဆွသွား၏။ သူတို့တွေ မနေနိုင်စွာ အပြည့်ရှုသွင်းလိုက်ကြသည်။

အထူးဆန်းဆုံးက သူတို့ ဗိုက်မဆာသင့်ဘူးလေ.. သူတို့လို ကျင့်ကြံသူတွေက သာမာန်အစားအသောက်တွေ စားသောက်ပြီး အားဖြည့်ဖို့ လိုမှမလိုတော့တာ..

ဆာလောင်မှုဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့အရာတွေထဲက တစ်ခုပဲ။ ဒါပေမဲ့ ဒီအနံ့က သူတို့ရဲ့ ကိုယ်တွင်းက စိတ်ဆန္ဒ တွေကို နှိုးဆွသွားသည်။ သူတို့ရဲ့ မြင့်မားတဲ့ ကျင့်ကြံဆင့်တောင် မထိန်းချုပ်နိုင်နေဘူး!

ဒါပေမဲ့ ပိုပြီး အံ့အားသင့်စရာ ရှိသေးသည်။

အစောက အရမ်းကို ရိုးရှင်းပြီး သာမာန်ကျတဲ့ ခေါက်ဆွဲက အခုတော့ ချီစွမ်းအင်တွေ ဖြာထွက်နေတာပင်!

ဒါဘယ်လို ဖြစ်နိုင်မှာလဲ? ဒါလုံးဝ အဓိပ္ပါယ် မရှိနေဘူး။

သူတို့ရဲ့ မျက်လုံးတွေက တပည့်တွေအပေါ် ကျရောက်သွားသည်။ ထိုလေးယောက်က စိတ်အားထက်သန်စွာ စားသောက်နေကြပြီပင်။ ထိုလေးယောက်ရဲ့ ပျော်မွေ့စွာ စားသောက်နေတဲ့ မြင်ကွင်းက အကြီးအကဲနှစ်ယောက်ရဲ့ ရင်ထဲကို မရိုးမယွ ဖြစ်လာစေတော့သည်။

အကြီးအကဲနှစ်ယောက်လုံး တူအမြန်ကောက်ကိုင်လိုက်ပြီး ပထမဆုံး စားကြည့်လိုက်သည်။

ခေါက်ဆွဲနဲ့ သူတို့ရဲ့ လျှာနဲ့ထိတွေ့ချိန်မှာပဲ..

ဒုန်း!

ကောင်းလွန်းတဲ့ အရသာက ဒီရေလှိုင်းတစ်ခုလို သူတို့ရဲ့ရင်ဝကို ဝင်ဆောင့်လေတော့၏။

ဟင်းရည်ရဲ့ အရသာက ပြည့်ဝသည်။ အမွှေးနံ့က နက်ရှိုင်းစွာ ပါဝင်နေတော့ ဟင်းရည်တစ်စက်တိုင်းက ရင်ထဲ ပေါက်ကွဲ ဝင်သွားသည်။

ခေါက်ဆွဲကိုက ပြည့်စုံနေပြီးသားပင်။ အရမ်းမပျော့၊ အရမ်းမမာပဲ ကောင်းမွန်​တဲ့အနေအထားမှာ ရှိသည်။

ထူးကဲတဲ့အရသာက သူတို့ရဲ့ ရင်ကို ရစ်နွယ်သွားသည်။ ဒီလိုရိုးရှင်းတဲ့ အရာက ဘာကြောင့် အရမ်းကောင်းနေရတာလဲ?

ဒါက သူတို့စားဖူးတဲ့ အရာအားလုံးထက် ကျော်လွန်သည်။ အကောင်းဆုံး စံအိမ်ရဲ့ နံပါတ်တစ် ဟင်းပွဲတော်တွေတောင် ဒါနဲ့ယှဥ်လိုက်ရင် အရသာမရှိတဲ့ အမှိုက်တစ်စ ဖြစ်သွားပြီပဲ။

နှစ်များစွာ သူတို့တွေ အချိန်တွေ ငွေတွေ ဖြုန်းခဲ့ရင်း ဈေးအကြီးဆုံးအသားတွေကို အကောင်းဆုံးအမှတ်နဲ့ စားသောက်ခဲ့ကြသည်..အခုတော့? ဒါက လုံးဝကို အပြတ်သတ် အနိုင်ရတာပဲ။

သဘောပေါက်သွားမှုကြောင့် သူတို့ရဲ့ ရင်ထဲ အောင့်မျက်သွားသည်။

သူတို့ ဝိညာဥ်ကျောက်တုံးဘယ်လောက်တောင် ဖြုန်းတီးခဲ့မိတာလဲ? ဒါလောက်ကောင်းဖို့ မပြောနဲ့ အနည်းငယ် နီးစပ်မှုတောင် မရှိခဲ့တဲ့ အသားတွေအပေါ်မှာ ငွေဘယ်လောက်တောင် ပေးခဲ့မိတာလဲ?

ထိုအတွေးက တောင့်ခံနိုင်ဖို့ ခဲယဥ်းလွန်းသည်။

အဲ့ဒီ ဈေးကြီးတဲ့ဟင်းပွဲတွေကိုလား? ဒီ အမဲသားခေါက်ဆွဲက လုံးဝ ထိပ်သီးပဲကွ!

ဒီအချိန်မှာ သူတို့ခေါင်းထဲမှာ ကျင့်ကြံဆင့်တွေကို မသိတော့ဘူး။ သူတို့ရဲ့ ဦးနှောက်ကော ဝမ်းဗိုက်ကော ပြိုင်တူ ငိုကြွေးနေကြတာက…

“ ငါတို့ထပ်လိုချင်တယ်!”

သူတို့ရဲ့ ကောင်းမွန်စွာ ထိန်းကျောင်းထားတဲ့ စွမ်းအားကြီးကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်ဓာတ်က အခုချိန်မှာ အသားခေါက်ဆွဲ တစ်ပွဲကြောင့် ဘေးဖယ်ပေးလိုက်ရလေပြီ။

သူတို့ မသိလိုက်ခင်မှာပဲ မိနစ်ပိုင်းအတွင်း ခေါက်ဆွဲတစ်ဗူးလုံး ပြောင်သွားတော့၏။ ခေါက်ဆွဲဖတ်တွေ ကုန်တာနဲ့ အရည်တွေကိုပါ မော့ချခဲ့ကြသည်။ ဒါတောင်မှ ဆာလောင်မှုက မသက်သာသေးဘူး။

“....”

သူတို့ စားပြီးသွားချိန်မှာ သတိထားမိ၏။ သူတို့ရဲ့တပည့်လေးယောက်သည် မလှုပ်ကြတော့ဘဲ ထိုင်ရက်နဲ့မျက်လုံးများ မှိတ်နေကြသည်။

မသိလျှင် ခေါက်ဆွဲက သူတို့ရဲ့ ကိုယ်ထဲက တစ်စုံတစ်ခုက နှိုးဆွသွားသလိုပဲ။

“....”

အကြီးအကဲနှစ်ယောက်ရဲ့ မျက်လုံးက ထိတ်လန့်မှုကြောင့် ကျဥ်းမြောင်းသွား၏။ သူတို့ရဲ့ အာရုံခံမှုကို ချက်ချင်း ဖျန့်ကျပ်လိုက်ချိန်မှာ အနည်းငယ်သော ချီစွမ်းအင် ပြောင်းလဲလာမှုကို သတိထားမိကြသည်။

တပည့်လေးယောက်ရဲ့ ကိုယ်တွင်းက ချီစွမ်းအင် စီးဆင်းမှုက ပိုချောမွေ့ပြီး သဘာဝဆန်လာတာပင်။

သူတို့ မှားအာရုံခံမိစရာ အကြောင်းမရှိဘူး။

သူတို့တပည့်လေးယောက်လုံး အလင်းပွင့်နေကြတာပဲ!

ဒါပေမဲ့ ပိုထူးဆန်းတာက အကြီးအကဲ နှစ်ယောက် ကိုယ်တိုင်လဲ ခံစားမိလာကြသည်။

သူတို့ရဲ့ ကိုယ်တွင်းမှာလဲ ပြောင်းလဲမှုတွေကို ခံစားနိုင်လာသည်။

ချီစွမ်းအင် လည်ပတ်မှုက ပိုလွယ်ကူလာပြီး သူတို့ရဲ့ သိုင်းပညာကို နားလည်စွမ်းတွေ ပိုကြည်လင်လာသည်။

ဒါပေမဲ့ တပည့်တွေလို မဟုတ်ဘဲ သူတို့က အလင်းပွင့်တဲ့အခြေအနေကို မကြုံနိုင်ခဲ့ပေ။

ဒါက သူတို့အတွက် မလုံလောက်သေးဘူး။

‘ ငါတို့ အလင်းပွင့်ဖို့ ခေါက်ဆွဲ ဘယ်နှစ်ပွဲ စားဖို့လိုမယ်ထင်လဲ? အကြီးအကဲဖုန်း’

အကြီးအကဲထျန်းရှန့် မေးလိုက်သည်။

အနည်းငယ် တိတ်ဆိတ်ပြီးနောက်မှာ အကြီးအကဲဖုန်းက ဖြေလာသည်။

“ သုံးခွက်..အနည်းဆုံး သုံးခွက်ပဲ။ အဲ့ထက်တောင် လိုရင်လိုအုံးမယ်”

ထျန်းရှန့် ခဏတွေးပြီးနောက်မှာ ခေါင်းညိတ်လိုက်သည်။

သူတို့တွေ တိတ်သွားကြပြန်ပြီး နှစ်ယောက်လုံး အတွေးနစ်သွားကြသည်။

သူတို့တွေ စိတ်ပျက်သွားတာမဟုတ်ဘဲ စိတ်ထဲ ကျေနပ်မှု မရနေတာဖြစ်သည်။

မဟုတ်ဘူး။

သူတို့ မယုံလဲ မယုံကြည်နိုင်ဘူး!

သူတို့ ကြုံခဲ့ရတဲ့ကိစ္စက သူတို့တွေးနိုင်တာထက် အများကြီးကို ပိုသည်!

ရိုးရှင်းတဲ့ အစားအသောက်က အလင်းပွင့်မှုကို ဖြစ်စေတယ်ပေါ့?

သူတို့လို အဆင့်ရှိတဲ့ကျင့်ကြံသူတွေအတွက် အလင်းပွင့်မှုဆိုတာ သာမာန်စကား လုပ်ပြောနိုင်တဲ့ကိစ္စ မဟုတ်ချေ။

သူတို့ အဆင့်တက်နိုင်ဖို့အတွက် နှစ်များစွာ ကျင့်ကြံမှုတွေ၊ အရမ်းအရမ်းကို ရှားပါးတဲ့ အခွင့်အရေးတွေ ဆန်းကြယ်မှုတွေ အကုန်လိုအပ်သည်!

#ကျင့်ကြံဆင့်များအကြောင်း

(အနိမ့်နယ်ပယ်များ)

လူသားကျင့်ကြံသူများ- နတ်ဆိုးသားရဲ (လက်ဝဲ လူသားကျင့်စဉ်အဆင်၊ လက်ယာ နတ်ဆိုးသားရဲကျင့်စဉ်အဆင့်)

1.သေမျိုးနယ်ပယ်- သာမာန် သားရဲရိုင်း

2. စိတ်ဝိညာဥ်နိုးထနယ်ပယ်- စိတ်ဝိညာဥ်နိုးထသားရဲ

3. သိုင်းသူတော်စင်စဦးနယ်ပယ်- လက်ရွေးစင်သားရဲ

4. သိုင်းသူတော်စင်နယ်ပယ်- မဟာသားရဲ

5. ကောင်းကင်ဘုရင်နယ်ပယ်- မရဏသားရဲ

6. ကောင်းကင်ဧကရာဇ်နယ်ပယ်- အသူရာသားရဲ

7. နတ်တစ်ပိုင်းနယ်ပယ်- နတ်သားရဲ

……………….

(အမြင့်နယ်ပယ်များ)

1.နတ်တစ်ပိုင်းနယ်ပယ်- နတ်သားရဲ

?????

………………

#သိုင်းပညာအဆင့်ခွဲပုံ

(1. ​သေမျိုးအဆင့် အခြေခံ ကိုယ်ခံပညာ)

သေမျိုးနယ်ပယ်အတွက်…

-အနိမ့်အဆင့်သိုင်း

-အလယ်အဆင့်သိုင်း

-အမြင့်အဆင့်သိုင်း

-အမြင့်ဆုံးအဆင့်သိုင်း

(2. စိတ်ဝိညာဥ်အဆင့်ချီစွမ်းအင်သုံး သိုင်းပညာများ)

စိတ်ဝိညာဥ်နိုးထနယ်ပယ်အတွက်…

- အနိမ့်အဆင့်သိုင်း

-အလယ်အဆင့်သိုင်း

-အမြင့်အဆင့်သိုင်း

-အမြင့်ဆုံးအဆင့်သိုင်း

(3. သိုင်းသူတော်စင်အဆင့်- တစ်ဆင့်မြင့်သိုင်းပညာများ)

သိုင်းသူတော်စင်စဦးနယ်ပယ်အတွက်..

- အနိမ့်အဆင့်သိုင်း

-အလယ်အဆင့်သိုင်း

သိုင်းသူတော်စင်နယ်ပယ်အတွက်…

-အ​မြင့်အဆင့်သိုင်း

-အမြင့်ဆုံးအဆင့်သိုင်း

(4. ကောင်းကင်အဆင့် -သာလွန် သိုင်းပညာများ)

ကောင်းကင်ဘုရင်နယ်ပယ်အတွက်..

-အနိမ့်အဆင့်သိုင်း

-အလယ်အဆင့်သိုင်း

ကောင်းကင်ဧကရာဇ်နယ်ပယ်အတွက်…

-အမြင့်အဆင့်သိုင်း

-အမြင့်ဆုံးအဆင့်သိုင်း

(5.နတ်အဆင့်- ဒဏ္ဍာရီလာသိုင်းပညာများ)

နတ်တစ်ပိုင်းနယ်ပယ်အတွက်….

-အနိမ့်အဆင့်သိုင်း

-အလယ်အဆင့်သိုင်း

-အမြင့်အဆင့်သိုင်း

-အမြင့်ဆုံးအဆင့်သိုင်း

…………………………………….

All Chapters